iMyanmarHouse.com - Best Property Website for Myanmar
×

မေကြးတိုင္းေဒသႀကီး၊ ပြင့္ျဖဴၿမိဳ႕နယ္ေန မ×××× (၂၀)ႏွစ္သည္ လြန္ခဲ့ေသာ(၁)လခန႔္က ရြာသစ္ေက်းရြာေန ေက်ာ္ဇင္ေဌး(၂၈)ႏွစ္က ဖုန္းျဖင့္ဆက္သြယ္၍ ခ်စ္ႀကိဳက္ေၾကာင္းေျပာဆိုသျဖင့္

လြန္ခဲ့ေသာ(၁၅)ရက္ခန႔္က ခ်စ္ႀကိဳက္ေၾကာင္းျပန္လည္ေျပာဆိုကာ သမီးရည္းစားျဖစ္ခဲ့ေၾကာင္း၊ ဧၿပီလ ၈ ရက္ေန႔ ညေန ၅ နာရီ ၃၀ မိနစ္အခ်ိန္တြင္ ေက်ာင္းေတာ္ရာေက်းရြာ ဘုန္းႀကီးေက်ာင္းေရွ႕၌ ေက်ာ္ဇင္ေဌးႏွင့္ ေတြ႕ဆုံစကားေျပာေနစဥ္ ၎မွ ဇနီးႏွင့္ကြာရွင္းၿပီးျဖစ္သျဖင့္ ခိုးရာလိုက္ခဲ့ရန္ ေခၚေသာေၾကာင့္ လိုက္သြားခဲ့သည္။

အမည္မသိအိမ္တစ္အိမ္၌ ညအိပ္ခဲ့ၾကၿပီး ေနာက္တစ္ေန႔ နံနက္တြင္ ကုန္းေဇာင္းေက်းရြာသို႔ ထြက္လာခဲ့ကာ ရြာခိုင္ေက်းရြာအေနာက္ဘက္ရွိ တံတားအေရာက္ ေက်ာ္ဇင္ေဌး၏ ေယာက္ဖျဖစ္သူ ခင္ေဇာ္ထြန္းႏွင့္ ေတြ႕ဆုံစဥ္ ေမးျမန္းၾကည့္ရာ

ေက်ာ္ဇင္ေဌးမွာ ယခင္ဇနီးျဖစ္သူႏွင့္ ကြာရွင္းျပတ္စဲ ျခင္း မရွိေသးေၾကာင္း သိရွိရ၍ ဧၿပီလ ၉ ရက္ေန႔တြင္ အေရးယူေပးရန္တိုင္တန္းခ်က္အရ လယ္ကိုင္း နယ္ေျမရဲစခန္း(ပ)၄၂/၂၀၁၉၊ တစ္လင္တစ္မယားစနစ္က်င့္သုံးျခင္းဆိုင္ရာဥပေဒပုဒ္မ ၁၃ ျဖင့္ အေရးယူထားေၾကာင္း သတင္းရရွိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: bamakhit

#Unicode Version# ျဖင့္ဖတ္ပါ ။

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်နေ မ×××× (၂၀)နှစ်သည် လွန်ခဲ့သော(၁)လခန့်က ရွာသစ်ကျေးရွာနေ ကျော်ဇင်ဌေး(၂၈)နှစ်က ဖုန်းဖြင့်ဆက်သွယ်၍ ချစ်ကြိုက်ကြောင်းပြောဆိုသဖြင့်

လွန်ခဲ့သော(၁၅)ရက်ခန့်က ချစ်ကြိုက်ကြောင်းပြန်လည်ပြောဆိုကာ သမီးရည်းစားဖြစ်ခဲ့ကြောင်း၊ ဧပြီလ ၈ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်အချိန်တွင် ကျောင်းတော်ရာကျေးရွာ ဘုန်းကြီးကျောင်းရှေ့၌ ကျော်ဇင်ဌေးနှင့် တွေ့ဆုံစကားပြောနေစဉ် ၎င်းမှ ဇနီးနှင့်ကွာရှင်းပြီးဖြစ်သဖြင့် ခိုးရာလိုက်ခဲ့ရန် ခေါ်သောကြောင့် လိုက်သွားခဲ့သည်။

အမည်မသိအိမ်တစ်အိမ်၌ ညအိပ်ခဲ့ကြပြီး နောက်တစ်နေ့ နံနက်တွင် ကုန်းဇောင်းကျေးရွာသို့ ထွက်လာခဲ့ကာ ရွာခိုင်ကျေးရွာအနောက်ဘက်ရှိ တံတားအရောက် ကျော်ဇင်ဌေး၏ ယောက်ဖဖြစ်သူ ခင်ဇော်ထွန်းနှင့် တွေ့ဆုံစဉ် မေးမြန်းကြည့်ရာ

ကျော်ဇင်ဌေးမှာ ယခင်ဇနီးဖြစ်သူနှင့် ကွာရှင်းပြတ်စဲ ခြင်း မရှိသေးကြောင်း သိရှိရ၍ ဧပြီလ ၉ ရက်နေ့တွင် အရေးယူပေးရန်တိုင်တန်းချက်အရ လယ်ကိုင်း နယ်မြေရဲစခန်း(ပ)၄၂/၂၀၁၉၊ တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာဥပဒေပုဒ်မ ၁၃ ဖြင့် အရေးယူထားကြောင်း သတင်းရရှိသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: bamakhit
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top