စိတ္ပ်႕ံလြင့္တယ္ဆိုတာ တကယ္ေတာ့ ပူေလာင္တ့ဲသေဘာပါပဲ။ ဟိုအေၾကာင္းေတြးလိုက္ ဒီအေၾကာင္းေတြးလိုက္ ေတြးေနရတာ တကယ္ေတာ့ ပင္ပန္းပါတယ္။ ပူေလာင္ပါတယ္။

လူေတြဟာ အမ်ားအားျဖင့္ အေတြးန႔ဲ အေဖာ္လုပ္ျပီးေနတတ္ၾကတယ္။ မအားပါဘူး မအားပါဘူးလို႔ ေျပာေနေပမယ့္ အေတြးေတြကေတာ့ တစ္ခုျပီးတစ္ခု တစ္မ်ဳိးျပီးတစ္မ်ဳိး ဝင္ေနၾကတာပဲ။ မအားတ့ဲၾကားက အလုပ္လုပ္ေနတ့ဲၾကားက ေတြးျဖစ္ေအာင္ေတာ့ ေတြးေနၾကတာပဲ။

အခုတရားနာေနရင္းန႔ဲေတာင္ သာမန္ၾကည့္လိုက္ရင္ တရားနာတ့ဲအလုပ္ကို လုပ္ေနတယ္ဆိုေပမယ့္ တခ်ဳိ႕ပုဂၢိဳလ္မ်ား တရားထဲမွာ စိတ္မေရာက္ပဲ အိမ္ အေၾကာင္း အလုပ္အေၾကာင္း တစ္ခုခုကို ေတြးမိေကာင္း ေတြးမိေနမယ္။ သမာဓိ မရွိဘူးဆိုရင္ေပါ့။

လူအမ်ားစုဟာ ဘယ္အလုပ္ကို လုပ္ေနပါတယ္လို႔ လက္ဆုပ္လက္ကိုင္ ျပစရာအလုပ္တစ္ခုခု ရွိေပမယ့္ စိတ္ကေတာ့ ဒီအလုပ္ထဲမွာ အျပည့္အဝၾကီး မေရာက္ပဲ အေတြးတစ္ခုခု သို႔မဟုတ္ အေတြးမ်ားစြာဆီမွာ ေရာက္ေနတတ္ၾကပါတယ္။

ထမင္းစားေနသူတစ္ေယာက္ဟာ စားတ့ဲထဲမွာခ်ည္းပဲ စိတ္အျပည့္အဝ ေရာက္ေနတယ္ရယ္လို႔ မရွိပါဘူး။ သတိပ႒ာန္အမွတ္န႔ဲစားေနတ့ဲ ပုဂၢိဳလ္ကေတာ့ စားတ့ဲအထဲမွာ စိတ္အျပည့္အဝ ေရာက္ေနမယ္။ အမွတ္သတိမပါပဲ စားေနတ့ဲသူကေတာ့ ထမင္းစားတ့ဲအလုပ္ကို လုပ္ေနရင္းန႔ဲလည္း အေၾကာင္းအရာတစ္ခုခု အျဖစ္အပ်က္တစ္ခုခုကို ေတြးေနမွာပါပဲ။

ဒါေၾကာင့္ အေတြးေတြမ်ားျပီး စိတ္ပ်႕ံလြင့္ျခင္း မျဖစ္ေအာင္ စိတ္ကို ဘာဝနာတစ္ခုခုန႔ဲ ထုံမႊမ္းျပီး ထားရမယ္။ သတိပ႒ာန္တရားန႔ဲမွ မဟုတ္ပါဘူး။ ဘုရားဂုဏ္ေတာ္ပြားျခင္း ေမတၱာပြားျခင္းတို႔န႔ဲလည္း ထုံမႊမ္းထားလို႔ ရပါတယ္။

ဘုရားဂုဏ္ေတာ္ရယ္ ေမတၱာရယ္ သတိပ႒ာန္ရယ္ ဒီသုံးမ်ဳိးကို အလ်ဥ္းသင့္သလို လွည့္ပတ္ျပီးေတာ့ ပြားမ်ားေနရင္ မိမိရ႕ဲစိတ္ဟာ ပ်႕ံလြင့္ျခင္း နည္းသြားမွာပါ။ မလိုအပ္တ့ဲအေတြးေတြ ဝင္လာမွာမဟုတ္ေတာ့ပါဘူး။

တစ္ခါတစ္ရံမွာ ဘုရားဂုဏ္ေတာ္ေလးပြားလို႔။ ပြားတ့ဲအခါမွာလည္း အရဟံ သမၼာသမၺဳေဒၶါစတ့ဲ ပါဠိေတြခ်ည္း ရြတ္ေနတာမ်ဳိးမဟုတ္ဘဲ ျမန္မာလိုအဓိပၸာယ္ေလးကို ဆင္ျခင္ျပီး ပါးစပ္က ရြတ္ဖို႔မလိုပါဘူး။ စိတ္ထဲကေန အရဟံ= ကိေလသာကင္းစင္ေတာ္မူေသာ ျမတ္စြာဘုရား ျမတ္စြာဘုရားမွာ ေလာဘလည္း မရွိဘူး။ ေဒါသလည္း မရွိဘူး။ ကိေလသာေတြ ကင္းစင္ေနလိုက္တာ စသည္အားျဖင့္ေပါ့။ အလုပ္တစ္ခုခု လုပ္ေနရင္းန႔ဲ မလိုအပ္တ့ဲ အေတြးေတြေတာင္မွ ေတြးလို႔ရေသးတာပဲ။ ဘုရားဂုဏ္ေတာ္ကိုလည္း ေတြးလို႔ရပါတယ္။

တစ္ခါတစ္ရံမွာ ေမတၱာဘာဝနာေလးပြားလို႔ သတၱဝါအားလုံး ခ်မ္းသာၾကပါေစ။ စိတ္ထဲကေန ေမတၱာပို႔ရုံပါ။

တစ္ခါတစ္ရံ ႏွာသီးဝမွာ သတိေလးကပ္ျပီးေတာ့ တျခားအလုပ္တစ္ခုခုကို လုပ္ေနရင္းန႔ဲပဲ ႏွာသီးဝေလထိတ့ဲေနရာမွာ သတိေလးကပ္ျပီးေတာ့ ေလဝင္ ေလထြက္ ရွုမွတ္လို႔ရပါတယ္။

မိမိရ႕ဲစိတ္ကို ဘာဝနာတစ္ခုခုန႔ဲ ထုံမႊမ္းမထားသမွ်ေတာ့ စိတ္ပ်႕ံလြင့္ျခင္းကင္းတ့ဲ အေျခအေနမ်ဳိးကို ဘယ္လိုနည္းန႔ဲမွ မရႏုိင္ပါဘူး။ တရားဘာဝနာ ကင္းမ့ဲတ့ဲစိတ္ဟာ အေတြးေတြရ႕ဲ လႊမ္းမိုးႏွိပ္စက္မွုကို အျမဲတေစ ခံေနရမွာပါပဲ။

ဘာဝနာတစ္ခုခုန႔ဲ စိတ္ကို ထုံမႊမ္းမထားတ့ဲ လူတစ္ေယာက္က စိတ္မပ်႕ံလြင့္ပါဘူး။ အေတြးမမ်ားပါဘူး လို႔ေျပာလာခ့ဲရင္ အဲဒီစကားဟာ မေသမခ်င္း ရယ္ေနရမယ့္ ထာဝရျပက္လုံးပဲ ျဖစ္မွာပါ။

ကိုယ့္စိတ္ကို္ယ္ ဘာဝနာတစ္ခုခုန႔ဲ ထုံမႊမ္းထားႏုိင္တ့ဲအတြက္ေၾကာင့္ စိတ္ပ်႕ံလြင့္ျခင္း ကင္းသြားျပီ အေတြးေတြ ရွင္းသြားျပီဆိုရင္ ျငိမ္းေအးေသာ ဘဝပိုင္ရွင္ ျဖစ္ပါျပီ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:အရွင္ဆႏၵာဓိက(ေရႊပါရမီေတာရ)
# Unicode Version # ျဖင့္ ဖတ္ပါ #


 စိတ်ပျံ့လွင့်တယ်ဆိုတာ တကယ်တော့ ပူလောင်တဲ့သဘောပါပဲ။ ဟိုအကြောင်းတွေးလိုက် ဒီအကြောင်းတွေးလိုက် တွေးနေရတာ တကယ်တော့ ပင်ပန်းပါတယ်။ ပူလောင်ပါတယ်။

လူတွေဟာ အများအားဖြင့် အတွေးနဲ့ အဖော်လုပ်ပြီးနေတတ်ကြတယ်။ မအားပါဘူး မအားပါဘူးလို့ ပြောနေပေမယ့် အတွေးတွေကတော့ တစ်ခုပြီးတစ်ခု တစ်မျိုးပြီးတစ်မျိုး ဝင်နေကြတာပဲ။ မအားတဲ့ကြားက အလုပ်လုပ်နေတဲ့ကြားက တွေးဖြစ်အောင်တော့ တွေးနေကြတာပဲ။

အခုတရားနာနေရင်းနဲ့တောင် သာမန်ကြည့်လိုက်ရင် တရားနာတဲ့အလုပ်ကို လုပ်နေတယ်ဆိုပေမယ့် တချို့ပုဂ္ဂိုလ်များ တရားထဲမှာ စိတ်မရောက်ပဲ အိမ်အကြောင်း အလုပ်အကြောင်း တစ်ခုခုကို တွေးမိကောင်း တွေးမိနေမယ်။ သမာဓိ မရှိဘူးဆိုရင်ပေါ့။

လူအများစုဟာ ဘယ်အလုပ်ကို လုပ်နေပါတယ်လို့ လက်ဆုပ်လက်ကိုင် ပြစရာအလုပ်တစ်ခုခု ရှိပေမယ့် စိတ်ကတော့ ဒီအလုပ်ထဲမှာ အပြည့်အဝကြီး မရောက်ပဲ အတွေးတစ်ခုခု သို့မဟုတ် အတွေးများစွာဆီမှာ ရောက်နေတတ်ကြပါတယ်။

ထမင်းစားနေသူတစ်ယောက်ဟာ စားတဲ့ထဲမှာချည်းပဲ စိတ်အပြည့်အဝ ရောက်နေတယ်ရယ်လို့ မရှိပါဘူး။ သတိပဋ္ဌာန်အမှတ်နဲ့စားနေတဲ့ ပုဂ္ဂိုလ်ကတော့ စားတဲ့အထဲမှာ စိတ်အပြည့်အဝ ရောက်နေမယ်။ အမှတ်သတိမပါပဲ စားနေတဲ့သူကတော့ ထမင်းစားတဲ့အလုပ်ကို လုပ်နေရင်းနဲ့လည်း အကြောင်းအရာတစ်ခုခု အဖြစ်အပျက်တစ်ခုခုကို တွေးနေမှာပါပဲ။

ဒါကြောင့် အတွေးတွေများပြီး စိတ်ပျံ့လွင့်ခြင်း မဖြစ်အောင် စိတ်ကို ဘာဝနာတစ်ခုခုနဲ့ ထုံမွှမ်းပြီး ထားရမယ်။ သတိပဋ္ဌာန်တရားနဲ့မှ မဟုတ်ပါဘူး။ ဘုရားဂုဏ်တော်ပွားခြင်း မေတ္တာပွားခြင်းတို့နဲ့လည်း ထုံမွှမ်းထားလို့ ရပါတယ်။

ဘုရားဂုဏ်တော်ရယ် မေတ္တာရယ် သတိပဋ္ဌာန်ရယ် ဒီသုံးမျိုးကို အလျဉ်းသင့်သလို လှည့်ပတ်ပြီးတော့ ပွားများနေရင် မိမိရဲ့စိတ်ဟာ ပျံ့လွင့်ခြင်း နည်းသွားမှာပါ။ မလိုအပ်တဲ့အတွေးတွေ ဝင်လာမှာမဟုတ်တော့ပါဘူး။

တစ်ခါတစ်ရံမှာ ဘုရားဂုဏ်တော်လေးပွားလို့။ ပွားတဲ့အခါမှာလည်း အရဟံ သမ္မာသမ္ဗုဒ္ဓေါစတဲ့ ပါဠိတွေချည်း ရွတ်နေတာမျိုးမဟုတ်ဘဲ မြန်မာလိုအဓိပ္ပာယ်လေးကို ဆင်ခြင်ပြီး ပါးစပ်က ရွတ်ဖို့မလိုပါဘူး။ စိတ်ထဲကနေ အရဟံ= ကိလေသာကင်းစင်တော်မူသော မြတ်စွာဘုရား မြတ်စွာဘုရားမှာ လောဘလည်း မရှိဘူး။ ဒေါသလည်း မရှိဘူး။ ကိလေသာတွေ ကင်းစင်နေလိုက်တာ စသည်အားဖြင့်ပေါ့။ အလုပ်တစ်ခုခု လုပ်နေရင်းနဲ့ မလိုအပ်တဲ့ အတွေးတွေတောင်မှ တွေးလို့ရသေးတာပဲ။ ဘုရားဂုဏ်တော်ကိုလည်း တွေးလို့ရပါတယ်။

တစ်ခါတစ်ရံမှာ မေတ္တာဘာဝနာလေးပွားလို့ သတ္တဝါအားလုံး ချမ်းသာကြပါစေ။ စိတ်ထဲကနေ မေတ္တာပို့ရုံပါ။

တစ်ခါတစ်ရံ နှာသီးဝမှာ သတိလေးကပ်ပြီးတော့ တခြားအလုပ်တစ်ခုခုကို လုပ်နေရင်းနဲ့ပဲ နှာသီးဝလေထိတဲ့နေရာမှာ သတိလေးကပ်ပြီးတော့ လေဝင် လေထွက် ရှုမှတ်လို့ရပါတယ်။

မိမိရဲ့စိတ်ကို ဘာဝနာတစ်ခုခုနဲ့ ထုံမွှမ်းမထားသမျှတော့ စိတ်ပျံ့လွင့်ခြင်းကင်းတဲ့ အခြေအနေမျိုးကို ဘယ်လိုနည်းနဲ့မှ မရနိုင်ပါဘူး။ တရားဘာဝနာ ကင်းမဲ့တဲ့စိတ်ဟာ အတွေးတွေရဲ့ လွှမ်းမိုးနှိပ်စက်မှုကို အမြဲတစေ ခံနေရမှာပါပဲ။

ဘာဝနာတစ်ခုခုနဲ့ စိတ်ကို ထုံမွှမ်းမထားတဲ့ လူတစ်ယောက်က စိတ်မပျံ့လွင့်ပါဘူး။ အတွေးမများပါဘူး လို့ပြောလာခဲ့ရင် အဲဒီစကားဟာ မသေမချင်း ရယ်နေရမယ့် ထာဝရပြက်လုံးပဲ ဖြစ်မှာပါ။

ကိုယ့်စိတ်ကိုယ် ဘာဝနာတစ်ခုခုနဲ့ ထုံမွှမ်းထားနိုင်တဲ့အတွက်ကြောင့် စိတ်ပျံ့လွင့်ခြင်း ကင်းသွားပြီ အတွေးတွေ ရှင်းသွားပြီဆိုရင် ငြိမ်းအေးသော ဘဝပိုင်ရှင် ဖြစ်ပါပြီ။

ဖိုးသူတော် (www.phothutaw.com)
Credit:အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top