Credit:burmese.asia
#Unicode Version# ဖြင့်ဖတ်ပါ ။
ပရိသတ်တွေကြားမှာ ခေတ်တခေတ်လို ဖြစ်ခဲ့တဲ့ အဆိုတော် မနော ကိုတော့ မသိတဲ့သူမရှိလောက်ပါဘူး။ အချစ်သီချင်းတွေ အပြင်လူကြီးရော ကလေးရော နားထောင်လို့ရတဲ့ ခပ်မြူးမြူးမြန်မာ သံစဉ်လေးတွေနဲ့ ပရိသတ်တွေကြားမှာ နေရာရလာတာ ဖြစ်ပါတယ်။ မနောကတော့ သူ့အနေနဲ့ ယခုနောက်ပိုင်းမှာ ဘဝအကြောင်းတွေ အမေအကြောင်းတွေကို သီဆိုတာများပြီး အချစ်သီချင်းတွေက အသက်ကြီးလာလို့ ဆိုရမှာ ရှက်လာတယ်လို့ ပြောကြားသွား ခဲ့ပါတယ်။
Mc နဲ့ အင်တာဗျူးမှာတော့ မနောက သူများသီချင်းကို ဆိုတဲ့သူတွေ အပေါ်မှာတော့ “နာမည်ရ သူများသီချင်းဆိုတဲ့သူတွေ နဲ့ ပတ်သက်ပြီး မအောင်မြင်ခင် ပရိသတ်သိပြီးသားကို သူတို့ဆိုရတာဆိုတော့ အခက်ခဲတွေရှိတယ်။ ဒါကတော့ ကိုယ်ချင်းစာတယ်။ ကျနော်ဆိုလည်း ကျနော်ပေါက်ပြီးသား သီချင်းတွေကိုပဲ ပြန်ဆိုနေရတာ။ သူများသီချင်းတွေကလည်း မဆိုချင်ဘူးလေ။ တခြားသီချင်းဆိုပြန်တော့လည်း ပရိသတ်တွေက မသိဘူးလေ။ သူတို့သီချင်းမရှိတဲ့အခါ ပရိသတ်သိပြီးသား တခြားသီချင်းနဲ့ မျက်နှာပြရတာပေါ့။ ဒါတွေကတော့ ရှိမှာပဲ။ အမြဲတမ်းရှိနေမှာပဲ။ ဒါတွေကို အပြစ်အနေနဲ့ မြင်လို့မရဘူး။
အကောင်းဖက်ကကြည့်မယ်ဆိုရင်တော့ လောကသဘာဝတရားကို အကုန်လုံးက နားလည်ပေးတတ်ဖို့ပဲ လိုတယ်လို့ မြင်တယ်။ ဒီကောင်ကျတော့ စည်းမျဉ်းစည်းကမ်း သတ်မှတ်လို့ မသင့်တော်ဘူး။ သဘာဝလည်းဖြစ်တယ်။ အနုပညာလည်း ဖြစ်တဲ့အတွက် အနုပညာရှင်တွေကလည်း မိမိရဲ့ သီချင်းကို ငါသာလျှင်ဆိုတဲ့ အတ္တနဲ့ ထုတ်ထားတာ မဟုတ်ဘူး။ တေးရေးကလည်း ငါ့သီချင်းပဲသူမဆိုရဘူးဆိုပြီး ထုတ်ထားတာ မဟုတ်ဘူး။ အဓိကကတော့ လေးစားမှုလေး တခုပဲလိုတယ်။ အနုပညာရှင်တွေကို လေးစားဖို့ပဲလိုတယ်။ ငါကြောင့် ဒီသီချင်းက နာမည်ပိုကြီးသွားတယ်ဆိုပြီးတော့ ခံယူထားတဲ့သူနားမှာ ဆိုရင်တော့ မထိုက်တန်ဘူး။ သူ့ကြောင့်ငါတို့တွေ စင်ပေါ်ရောက်လာတယ်ဆိုရင် အဲ့အနုပညာရှင်ကို လေးစားမှုရှိရပါမယ်။ ဒီအချက်လေးပဲ လိုပါတယ်။ ကျနော်တို့က စီနီယာတွေကို လေးစားရမယ်။ ဦးစားပေးရမယ်လေနော့်”
“ကျနော့်အခွေထဲမှာ မထည့်ဖြစ်လိုက်တဲ့ အချစ်စစ်ရဲ့ တန်ဖိုးဆိုတဲ့ အချစ်သီချင်းပေါ့။ အချစ်သီချင်းတွေကျတော့လည်း ကျနော်က ဆိုရမှာ ရှက်တယ်လေ။ အဲ့ဒါနဲ့ တောင်းဆိုတဲ့သူတွေ ရှိတာကြောင့် ဆိုပေးလိုက်တာ။ ပြီးတော့ ဖုန်းဆိုင်တွေရောက်သွားပြီး အွန်လိုင်းကနေ ပြန့်သွားတာပါ။ အချစ်သီချင်းတွေဆိုရတာကလည်း အသက် ၃၀ ကျော်ပြီဆိုတော့ နည်းနည်းရှက်တယ်လေနော့်။ ငယ်ငယ်ကတော့ ချစ်တတ်တာပေါ့” ဟု ပြောကြားသွား ခဲ့ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:burmese.asia
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top