ပဲခူးတိုင္းေဒသႀကီး သာယာဝတီခ႐ိုင္ ႀကိဳ႕ပင္ေကာက္ၿမိဳ႕နယ္ ေအာင္ပင္သာအုပ္စုသခြပ္ကုန္းရြာအနီး ရန္ကုန္ -ျပည္ ကားလမ္းတြင္ ဧၿပီ ၂ ရက္ ည ၇ နာရီ ခန္႔၌ ႀကိဳ႕ပင္ေကာက္ ၿမိဳ႕သို႔ ေမာင္းႏွင္လာေသာ ခဲေရာင္CALDINA /YGN GG -9899 ကားမွ
ယာဥ္ေမာင္း အသက္ ၃၀ ႏွစ္႐ွိ ကိုေက်ာ္စည္သူေအာင္အား ႐ိုက္ႏွက္၍ ကားေပၚပါ ေငြက်ပ္ သိန္းေလးရာေက်ာ္(၄၀၄သိန္း)အား လုယက္သြားေၾကာင္းႀကိဳ႕ပင္ ေကာက္ၿမိဳ႕မရဲစခန္းမွ ရဲမွတ္တမ္းအရသိရသည္။
ျပည္ၿမိဳ႕ ထမေကာက္အုပ္စု တီတြတ္စံျပရြာတြင္ေနထိုင္သည့္ ေငြလႊဲ လုပ္ငန္းလုပ္ကိုင္သူ ကိုေက်ာ္စည္သူေအာင္သည္ ျပည္ၿမိဳမွ တစ္ဦးတည္း ကားျဖင့္နတၱလင္းၿမိဳ႕၊ ႀကိဳ႕ပင္ ေကာက္ၿမိဳ႕ သို႔ထြက္လာခဲ့ၿပီး နတၱလင္း ၿမိဳ႕ CBဘဏ္ ၌ေငြ က်ပ္(၂၀၂)သိန္းက်ပ္အား သြင္းခဲ့သည္။
ယင္းေနာက္ ႀကိဳ႕ပင္ ေကာက္ၿမိဳ႕သို႔ဆက္လက္ေမာင္း ႏွင္ခဲ့ရာ သခြပ္ကုန္းရြာအနီးတြင္ ကားဘီးေပါက္သံ ၾကားသျဖင့္ ဆင္းၾကည့္ခဲ့ေၾကာင္း ကားေ႐ွ႕ဘီးတြင္သံႏွစ္ေခ်ာင္း စူးဝင္ေနသည္ကို ေတြ႔ရၿပီး၎ေနာက္မွ ေျခသံၾကားသျဖင့္ လွည့္ၾကည့္ရာ အမည္မသိ အမ်ိဳးသား ႏွစ္ဦးအားေတြ႔ရၿပီး
၎၏ဦးေခါင့္းအား ႐ိုက္လိုက္ရာ မူးေဝ လဲက်သြားစဥ္ ကားမွန္အား႐ိုက္ခြဲ၍ ကားထဲမွ ကေမၻာဇဘဏ္ တံဆိပ္ပါ လက္စြဲအိတ္မ်ားျဖင့္ထည့္ထားေသာ ေငြ (၄၀၄)သိန္းက်ပ္အား ယူေဆာင္ကာ Smash အမ်ိဳးအစားနက္ျပာေရာင္ ဆိုင္ကယ္ ျဖင့္ ႀကိဳ႕ပင္ေကာက္ ၿမိဳ႕ ဘက္သို႔ေမာင္းႏွင္းသြား သည္ကိုျမင္ရေကာင္း ႐ိုက္ႏွက္ေငြလုခံရသူ ကိုေက်ာ္စည္သူေအာင္ မွ ႐ွင္းျပသည္။
လုယက္ခံရမႈႏွင့္ ပတ္သက္၍ ႀကိဳ႕ပင္ ေကာက္ၿမိဳ႕ မရဲစခန္း၌လုယူသြားသူ (၂)ဦးအား စံုစမ္းေဖာ္ထုတ္ အေရးယူ ေပးပါရန္ တိုင္ၾကားသျဖင့္ (ပ)၁၇၃/၁၉ရာဇသတ္ႀကီးပုဒ္မ -၃၉၄ ျဖင့္ အမႈဖြင့္ထားျပီး ကိုေက်ာ္စည္သူေအာင္အား ႀကိဳ႕ပင္ ေကာက္ ၿမိဳ႕နယ္ ျပည္သူ႔ေဆးရံု သို႔ပို႔ေဆာင္ထားေၾကာင္း ႏွင့္
ရဲလုပ္ထံုးလုပ္နည္းမ်ားႏွင့္အညီ ေဆာင္ရြက္ေနေၾကာင္း ႀကိဳ႕ပင္ ေကာက္ၿမိဳ႕မရဲစခန္းမွ ဒုရဲမႉးခင္ေမာင္ၾကည္ထံမွ သိ႐ွိရသည္။
ဖိုးသူေတာ္(www.phothutaw.com)
Credit: သက္ခိုင္ ဇီးကုန္းBagoWeeklyJournal
#Unicode Version#
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် အောင်ပင်သာအုပ်စုသခွပ်ကုန်းရွာအနီး ရန်ကုန် -ပြည် ကားလမ်းတွင် ဧပြီ ၂ ရက် ည ၇ နာရီ ခန့်၌ ကြို့ပင်ကောက် မြို့သို့ မောင်းနှင်လာသော ခဲရောင်CALDINA /YGN GG -9899 ကားမှ
ယာဉ်မောင်း အသက် ၃၀ နှစ်ရှိ ကိုကျော်စည်သူအောင်အား ရိုက်နှက်၍ ကားပေါ်ပါ ငွေကျပ် သိန်းလေးရာကျော်(၄၀၄သိန်း)အား လုယက်သွားကြောင်းကြို့ပင် ကောက်မြို့မရဲစခန်းမှ ရဲမှတ်တမ်းအရသိရသည်။
ပြည်မြို့ ထမကောက်အုပ်စု တီတွတ်စံပြရွာတွင်နေထိုင်သည့် ငွေလွှဲ လုပ်ငန်းလုပ်ကိုင်သူ ကိုကျော်စည်သူအောင်သည် ပြည်မြိုမှ တစ်ဦးတည်း ကားဖြင့်နတ္တလင်းမြို့၊ ကြို့ပင် ကောက်မြို့ သို့ထွက်လာခဲ့ပြီး နတ္တလင်း မြို့ CBဘဏ် ၌ငွေ ကျပ်(၂၀၂)သိန်းကျပ်အား သွင်းခဲ့သည်။
ယင်းနောက် ကြို့ပင် ကောက်မြို့သို့ဆက်လက်မောင်း နှင်ခဲ့ရာ သခွပ်ကုန်းရွာအနီးတွင် ကားဘီးပေါက်သံ ကြားသဖြင့် ဆင်းကြည့်ခဲ့ကြောင်း ကားရှေ့ဘီးတွင်သံနှစ်ချောင်း စူးဝင်နေသည်ကို တွေ့ရပြီး၎င်းနောက်မှ ခြေသံကြားသဖြင့် လှည့်ကြည့်ရာ အမည်မသိ အမျိုးသား နှစ်ဦးအားတွေ့ရပြီး
၎င်း၏ဦးခေါင့်းအား ရိုက်လိုက်ရာ မူးဝေ လဲကျသွားစဉ် ကားမှန်အားရိုက်ခွဲ၍ ကားထဲမှ ကမ္ဘောဇဘဏ် တံဆိပ်ပါ လက်စွဲအိတ်များဖြင့်ထည့်ထားသော ငွေ (၄၀၄)သိန်းကျပ်အား ယူဆောင်ကာ Smash အမျိုးအစားနက်ပြာရောင် ဆိုင်ကယ် ဖြင့် ကြို့ပင်ကောက် မြို့ ဘက်သို့မောင်းနှင်းသွား သည်ကိုမြင်ရကောင်း ရိုက်နှက်ငွေလုခံရသူ ကိုကျော်စည်သူအောင် မှ ရှင်းပြသည်။
လုယက်ခံရမှုနှင့် ပတ်သက်၍ ကြို့ပင် ကောက်မြို့ မရဲစခန်း၌လုယူသွားသူ (၂)ဦးအား စုံစမ်းဖော်ထုတ် အရေးယူ ပေးပါရန် တိုင်ကြားသဖြင့် (ပ)၁၇၃/၁၉ရာဇသတ်ကြီးပုဒ်မ -၃၉၄ ဖြင့် အမှုဖွင့်ထားပြီး ကိုကျော်စည်သူအောင်အား ကြို့ပင် ကောက် မြို့နယ် ပြည်သူ့ဆေးရုံ သို့ပို့ဆောင်ထားကြောင်း နှင့်
ရဲလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်နေကြောင်း ကြို့ပင် ကောက်မြို့မရဲစခန်းမှ ဒုရဲမှူးခင်မောင်ကြည်ထံမှ သိရှိရသည်။
ဖိုးသူတော်(www.phothutaw.com)
Credit: သက်ခိုင် ဇီးကုန်းBagoWeeklyJournal