မေတ္တာရပ်ခံချက်
Credit:Aung Ko Ko
#Unicode Version# ဖြင့်ဖတ်ပါ ။
ဒီဗီဒီယိုဖိုင် မြမြဝင်ပူးပြီး နောက်ပိုင်း သူ့အိမ်နီးချင်း လူတွေစုပြီး သူပြောတဲ့ အလောင်းမြှပ်ထားနေရာ သွားကြည့်ကြတာပါ။ အဲချိန် သူ့သတ်တယ်ဆိုတဲ့သူတွေ ပူးပြီးပြောပြပေမဲ့ ရဲတွေ သက်သေမခိုင်လုံတဲ့အတွက် ဖမ်းမရပါဘူး။
ခုရိုက်ကူးထား ဗီဒီယိုဖိုင်ဟာ အိမ်နီးချင်းတွေ ရိုက်ထားပြီး ဒီသတင်းဌာန တင်ပေးထားတာ ဖြစ်ပါတယ်။
မြမြ ဝိညာဉ်၏ ပြသနာကိစ္စရပ်များ မနက်ဖြန်တွင် ရှင်းလင်းကြမည်
မေတ္တာရပ်ခံချက်
မြမြ၏ ပြသနာကိစ္စရပ်များ မနက်ဖြန်တွင် ရှင်းလင်းကြမည် ဖြစ်သည့်အတွက် အကျိုးအကြောင်း အဆိုးအကောင်းတွေ သိမြင်လာရမှာ ဖြစ်ပါတယ်။
မြမြမှန်သည်ဖြစ်ဖြစ် မှားသည် ဖြစ်ဖြစ် အဓိက မိန်းခလေး မဇာခြည်ကို ကိုယ့်နှမသားချင်းများလို သမီးလေးလို ကိုယ်ချင်းစာစိတ်နဲ့ ဆဲဆို ရိုင်းစိုင်းသော အပြောများကို ဆင်ခြင်ပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။
ဒီခလေးမလေး အနေနဲ့လည်း ဘာမှန်းမသိ ပုစ္ဆာတပုဒ် အဖြေထုတ်ရခက်နေချိန် စိတ်ဓာတ်ကျဆင်းစေသော အပြောဆိုများ ဆဲဆိုသော ကိစ္စများ မိန်းခလေး အရှက်ရစေမဲ့ အကြောင်းတရားများ မလုပ်ဆောင်ကြဖို့ ဒီကနေ မေတ္တာရပ်ခံပါတယ်။
မြမြဟာ ဘယ်မှာမှန်း မသိရသေးပေမဲ့ လက်ရှိ မဇာခြည် သက်ရှိထင်ရှားနဲ့ ရှိနေပါတယ်။ သူမ အသက်၂၁နှစ် မိဘကို လုပ်ကျွေး တဦးတည်းသော သမီးလေး ဖြစ်ပါတယ်။
အသက်ငယ်သေး မိန်းခလေး သာမာန်လူတန်းစား မိန်းခလေးတယောက် ဖြစ်နေတဲ့အတွက် တနိုင်ငံလုံးလူတွေ ပြင်းထန်ဝေဖန်ချက် ထိုးနှက်ချက်တွေ မခံစားနိုင်ဘဲ မလိုလားအပ် ဘေးထွက်ဆိုးကျိုး မဖြစ်စေချင်လို့ သားသမီးချင်း ကိုယ်ချင်းစာစိတ် ထားပေးစေချင်ပါတယ်။
အဆိုးထဲက အကောင်းကို ယူလို့ မြမြ၏ ဖြစ်စဉ်များကို မိန်းခလေးများ သင်ခန်းစာယူဖို့ သဘောထားကြပါဗျာ။
ဖိုးသူတော် (www.phothutaw.com)
Credit:Aung Ko Ko