ရယ္စရာေကာင္းတဲ့ ကမာၻလွည့္ ခရီးသည္တစ္ေယာက္ရဲ႕ အျဖစ္ပါ။ ေမ့တတ္လြန္းတဲ့ ကမာၻလွည့္ ခရီးသည္တစ္ေယာက္ဟာ ဇနီးျဖစ္သူ ဓာတ္ဆီဆိုင္မွာ က်န္ေနခဲ့တာကို အခ်ိန္အတန္ၾကာ သတိမျပဳမိခဲ့ဘဲ ေမ့ေနခဲလို႔ ဆူပူႀကိမ္းေမာင္းခံရၿပီး အသည္းအသန္ ရွင္းလင္းခ်က္ ေပးခဲ့ရပါတယ္။ဇနီးျဖစ္သူကို ေမ့က်န္ထားရစ္ခဲ့ေၾကာင္ သတိျပဳမိတဲ့အခါ အခုလို ျဖစ္သြားႏိုင္တယ္။

ေဝၚလ္တာလို႔ အမည္ရတဲ့ အမ်ိဳးသားက သူ႔ရဲ႕ ဇနီးနဲ႔ သားျဖစ္သူတို႔နဲ႔အတူ ဘရာဇီးလ္ကို အားလပ္ရက္ အလည္အပတ္ ခရီးထြက္ခဲ့ပါတယ္။ ဘရာဇီးလ္မွာ လည္ပတ္ၿပီးတဲ့ေနာက္ အာဂ်င္တီးနားကို ျပန္လာတဲ့ လမ္းမွာ ဓာတ္ဆီဆိုင္ဝင္ၿပီး ေမာ္ေတာ္ကား ဆီျဖည့္ခဲ့တယ္လို႔ ဆိုပါတယ္။

ဒီမွာတင္ပဲ ေဝၚတာတစ္ေယာက္ ကံမေကာင္းစြာနဲ႔ သူ႔ဇနီးကို ေမ့ထားခဲ့မိပါေတာ့တယ္။ ျဖစ္ပုံကေတာ့ ဒီလိုပါ။ ေဝၚလ္တာက ကားဆီျဖည့္ၿပီးတဲ့ေနာက္ သန႔္စင္ခန္းကို သြားခဲ့ပါတယ္။ သန႔္စင္ခန္းက ျပန္လာၿပီးတဲ့ေနာက္ ဓာတ္ဆီဆိုင္ကေန ကားေမာင္းထြက္ခဲ့ပါေတာ့တယ္။

ကံဆိုးတာက ဓာတ္ဆီဆိုင္ကေန ကားေမာင္းထြက္ခဲ့စဥ္မွာ ဇနီးျဖစ္သူ ကေလာ္ဒီယာ ကားေပၚမွာ မရွိေတာ့တာကို ေဝၚတာတစ္ေယာက္ သတိမျပဳခဲ့မိတာပါပဲ။ ေဝၚတာက ကားေနာက္ခန္းမွ ဇနီးျဖစ္သူ ပါမလာတာကို သတိမထားမိသလို ေရွ႕ခန္းမွာ ထိုင္လိုက္လာတဲ့ အသက္ ၁၄ ႏွစ္အ႐ြယ္ သားျဖစ္သူကလည္း စမတ္ဖုန္းသုံးေနတာေၾကာင့္ မိခင္ မရွိေတာ့တာကို မသိလိုက္ပါဘူး။

ဒီလိုနဲ႔ သားအဖႏွစ္ေယာက္တည္း ကားေမာင္းထြက္လာခဲ့တာ ဓာတ္ဆီဆိုင္ကေန မိုင္ ၆၀ ခန႔္အကြာ ေရာက္မွသာ ကေလာ္ဒီယာ ပါမလာမွန္း သိခဲ့ၾကပါတယ္။ ေဝၚလ္တာရဲ႕ ဇနီးျဖစ္သူက သူမ ဓာတ္ဆီဆိုင္မွာ က်န္ေနခဲ့ေၾကာင္း ဖုန္းဆက္ေျပာေပမယ့္ ဖုန္းလိုင္း မမိတာေၾကာင့္ ေခၚဆိုလို႔ မရႏိုင္ခဲ့ပါဘူး။

ေဝၚတာတို႔ သားအဖ ဓာတ္ဆီဆိုင္က ထြက္သြားခ်ိန္မွာ ကေလာ္ဒီယာက ဓာတ္ဆီဆိုင္နဲ႔ တြဲလ်က္ ဖြင့္ထားတဲ့ စတိုးဆိုင္ထဲေရာက္ေနၿပီး မုန႔္ဝယ္ေနခဲ့တာ ျဖစ္ပါတယ္။ ေဝၚလ္တာက ကေလာဒီယာကို ျပန္လာေခၚတဲ့အခါ အခ်ိန္ ၂ နာရီေလာက္ ၾကာျမင့္ခဲ့ပါတယ္။

ဓာတ္ဆီဆိုင္မ်ာ သူမ က်န္ရစ္ခဲ့တာကို အခ်ိန္ၾကာျမင့္မွသာ သတိျပဳမိတဲ့ ခင္ပြန္းျဖစ္သူကို ကေလာ္ဒီယာက ေဒါသတႀကီး ေအာ္ဟစ္ေျပာဆိုခဲ့တယ္လို႔ ယာဥ္လမ္းေၾကာင္း ထိန္းသိမ္းေရး ရဲအရာရွိက ေျပာပါတယ္။ ေဝၚတာခမ်ာ ဇနီးသည္ကို အေတာ္ေလး ရွင္းျပေခ်ာ့ေမာ့ခဲ့ရမယ့္ပုံပါပဲ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:myanmardailytime

#Unicode Version# ျဖင့္ဖတ္ပါ ။

ရယ်စရာကောင်းတဲ့ ကမ္ဘာလှည့် ခရီးသည်တစ်ယောက်ရဲ့ အဖြစ်ပါ။ မေ့တတ်လွန်းတဲ့ ကမ္ဘာလှည့် ခရီးသည်တစ်ယောက်ဟာ ဇနီးဖြစ်သူ ဓာတ်ဆီဆိုင်မှာ ကျန်နေခဲ့တာကို အချိန်အတန်ကြာ သတိမပြုမိခဲ့ဘဲ မေ့နေခဲလို့ ဆူပူကြိမ်းမောင်းခံရပြီး အသည်းအသန် ရှင်းလင်းချက် ပေးခဲ့ရပါတယ်။ဇနီးဖြစ်သူကို မေ့ကျန်ထားရစ်ခဲ့ကြောင် သတိပြုမိတဲ့အခါ အခုလို ဖြစ်သွားနိုင်တယ်။

ဝေါ်လ်တာလို့ အမည်ရတဲ့ အမျိုးသားက သူ့ရဲ့ ဇနီးနဲ့ သားဖြစ်သူတို့နဲ့အတူ ဘရာဇီးလ်ကို အားလပ်ရက် အလည်အပတ် ခရီးထွက်ခဲ့ပါတယ်။ ဘရာဇီးလ်မှာ လည်ပတ်ပြီးတဲ့နောက် အာဂျင်တီးနားကို ပြန်လာတဲ့ လမ်းမှာ ဓာတ်ဆီဆိုင်ဝင်ပြီး မော်တော်ကား ဆီဖြည့်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီမှာတင်ပဲ ဝေါ်တာတစ်ယောက် ကံမကောင်းစွာနဲ့ သူ့ဇနီးကို မေ့ထားခဲ့မိပါတော့တယ်။ ဖြစ်ပုံကတော့ ဒီလိုပါ။ ဝေါ်လ်တာက ကားဆီဖြည့်ပြီးတဲ့နောက် သန့်စင်ခန်းကို သွားခဲ့ပါတယ်။ သန့်စင်ခန်းက ပြန်လာပြီးတဲ့နောက် ဓာတ်ဆီဆိုင်ကနေ ကားမောင်းထွက်ခဲ့ပါတော့တယ်။

ကံဆိုးတာက ဓာတ်ဆီဆိုင်ကနေ ကားမောင်းထွက်ခဲ့စဉ်မှာ ဇနီးဖြစ်သူ ကလော်ဒီယာ ကားပေါ်မှာ မရှိတော့တာကို ဝေါ်တာတစ်ယောက် သတိမပြုခဲ့မိတာပါပဲ။ ဝေါ်တာက ကားနောက်ခန်းမှ ဇနီးဖြစ်သူ ပါမလာတာကို သတိမထားမိသလို ရှေ့ခန်းမှာ ထိုင်လိုက်လာတဲ့ အသက် ၁၄ နှစ်အရွယ် သားဖြစ်သူကလည်း စမတ်ဖုန်းသုံးနေတာကြောင့် မိခင် မရှိတော့တာကို မသိလိုက်ပါဘူး။

ဒီလိုနဲ့ သားအဖနှစ်ယောက်တည်း ကားမောင်းထွက်လာခဲ့တာ ဓာတ်ဆီဆိုင်ကနေ မိုင် ၆၀ ခန့်အကွာ ရောက်မှသာ ကလော်ဒီယာ ပါမလာမှန်း သိခဲ့ကြပါတယ်။ ဝေါ်လ်တာရဲ့ ဇနီးဖြစ်သူက သူမ ဓာတ်ဆီဆိုင်မှာ ကျန်နေခဲ့ကြောင်း ဖုန်းဆက်ပြောပေမယ့် ဖုန်းလိုင်း မမိတာကြောင့် ခေါ်ဆိုလို့ မရနိုင်ခဲ့ပါဘူး။

ဝေါ်တာတို့ သားအဖ ဓာတ်ဆီဆိုင်က ထွက်သွားချိန်မှာ ကလော်ဒီယာက ဓာတ်ဆီဆိုင်နဲ့ တွဲလျက် ဖွင့်ထားတဲ့ စတိုးဆိုင်ထဲရောက်နေပြီး မုန့်ဝယ်နေခဲ့တာ ဖြစ်ပါတယ်။ ဝေါ်လ်တာက ကလောဒီယာကို ပြန်လာခေါ်တဲ့အခါ အချိန် ၂ နာရီလောက် ကြာမြင့်ခဲ့ပါတယ်။

ဓာတ်ဆီဆိုင်မျာ သူမ ကျန်ရစ်ခဲ့တာကို အချိန်ကြာမြင့်မှသာ သတိပြုမိတဲ့ ခင်ပွန်းဖြစ်သူကို ကလော်ဒီယာက ဒေါသတကြီး အော်ဟစ်ပြောဆိုခဲ့တယ်လို့ ယာဉ်လမ်းကြောင်း ထိန်းသိမ်းရေး ရဲအရာရှိက ပြောပါတယ်။ ဝေါ်တာခမျာ ဇနီးသည်ကို အတော်လေး ရှင်းပြချော့မော့ခဲ့ရမယ့်ပုံပါပဲ။

ဖိုးသူတော် (www.phothutaw.com)
Credit:myanmardailytime
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top