စစ္ကိုင္းတိုင္းေဒသႀကီး မုံ႐ြာၿမိဳ႕၊ ျပည္သူ႔အားကစားေဘာလုံးကြင္းအေရွ႕ရွိ ဟိုတယ္ တစ္ခုတြင္ ဧၿပီလ ၆ရက္၌ တစ္ရက္အတြင္း မီးေလာင္ကြၽမ္းမႈ ႏွစ္ႀကိမ္ျဖစ္ပြားခဲ့ေၾကာင္း မုံ႐ြာခ႐ိုင္ မီးသတ္ဦးစီးဌာန မွ သိရသည္။

 ဧၿပီ ၆ရက္ မနက္ ၃နာရီေက်ာ္တြင္အဆိုပါ ဟိုတယ္ရွိ ေရခ်ိဳးခန္းအတြင္းမွ Exault Fan အပူလြန္ကဲ ေရွာ့ျဖစ္ကာ မီးေလာင္မႈ စတင္ျဖစ္ပြားခဲ့ၿပီး ညေန ၃နာရီေက်ာ္တြင္ ေနာက္ထပ္တစ္ႀကိမ္ မီးေလာင္မႈ ထပ္မံျဖစ္ပြားခဲ့သည္ဟု မုံ႐ြာခ႐ိုင္ မီးသတ္ဦးစီးဌာန လက္ေထာက္ၫႊန္ၾကားေရးမႈး ဦးညီညီေဇာ္ ကေျပာျပသည္။

“ မနက္ကတစ္ႀကိမ္ျဖစ္တာက ဝါေရွာ့ျဖစ္ၿပီး မီးေလာင္တာပါ။ အခုတစ္ခါကေတာ့ ဘာေၾကာင့္ မီးေလာင္ ရတယ္ ဆိုတာကို စစ္ေဆးေနဆဲပဲ ျဖစ္ပါတယ္” ဟု ခ႐ိုင္မီးသတ္ လက္ေထာက္ၫႊန္ၾကားေရးမႉး ဦးညီညီေဇာ္မွ မဇၩိမသို႔ ေျပာသည္။

 အဆိုပါ ဟိုတယ္တြင္ နံနက္ခင္း မီးေလာင္မႈေၾကာင့္ ကုတင္ႏွစ္လုံး၊ စပရိန္ေမြ႕ယာ ႏွစ္ခု၊ အဲယားကြန္းတစ္လုံး၊ ေရခဲေသတၱာတစ္လုံး၊ ၂၄ လက္မ တီဗီတစ္လုံး၊ Exault Fan တစ္ခု၊ (၁၄x၁၂) သြပ္မိုးအုပ္ကာ ကြန္ကရစ္ခင္း တစ္ခန္းႏွင့္ အခန္းအတြင္း ပစၥည္းမ်ားဆုံးရႈံးခဲ့ၿပီး ေငြက်ပ္ ၁၀ သိန္းနီးပါး ဆုံးရႈံးခဲ့ေၾကာင္း သိရသည္။

 ညေနခင္း မီးေလာင္မႈတြင္ အခန္းအတြင္းရွိ အဲယားကြန္းတစ္လုံးႏွင့္ ကုတင္တစ္လုံး မီးေလာင္ခဲ့ၿပီး မီးေလာင္ ရသည့္ အေၾကာင္းအရင္းကို သက္ဆိုင္ရာတာဝန္ရွိသူမ်ားက စစ္ေဆးမႈမ်ား ျပဳလုပ္ေနေၾကာင္း သိရသည္။

 ယခုႏွစ္ ဇန္နဝါရီလမွ မတ္လကုန္အထိ မုံ႐ြာခ႐ိုင္အတြင္း မီးေလာင္မႈ စုစုေပါင္း ၂၂ ႀကိမ္ျဖစ္ပြားခဲ့ေၾကာင္း မုံ႐ြာခ႐ိုင္မီးသတ္ဦးစီးဌာန၏ စာရင္းမ်ားအရ သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:mizzimaburmese
# Unicode Version # ျဖင့္ ဖတ္ပါ #

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၊ ပြည်သူ့အားကစားဘောလုံးကွင်းအရှေ့ရှိ ဟိုတယ် တစ်ခုတွင် ဧပြီလ ၆ရက်၌ တစ်ရက်အတွင်း မီးလောင်ကျွမ်းမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း မုံရွာခရိုင် မီးသတ်ဦးစီးဌာန မှ သိရသည်။

 ဧပြီ ၆ရက် မနက် ၃နာရီကျော်တွင်အဆိုပါ ဟိုတယ်ရှိ ရေချိုးခန်းအတွင်းမှ Exault Fan အပူလွန်ကဲ ရှော့ဖြစ်ကာ မီးလောင်မှု စတင်ဖြစ်ပွားခဲ့ပြီး ညနေ ၃နာရီကျော်တွင် နောက်ထပ်တစ်ကြိမ် မီးလောင်မှု ထပ်မံဖြစ်ပွားခဲ့သည်ဟု မုံရွာခရိုင် မီးသတ်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှုး ဦးညီညီဇော် ကပြောပြသည်။

“ မနက်ကတစ်ကြိမ်ဖြစ်တာက ဝါရှော့ဖြစ်ပြီး မီးလောင်တာပါ။ အခုတစ်ခါကတော့ ဘာကြောင့် မီးလောင် ရတယ် ဆိုတာကို စစ်ဆေးနေဆဲပဲ ဖြစ်ပါတယ်” ဟု ခရိုင်မီးသတ် လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီဇော်မှ မဇ္ဈိမသို့ ပြောသည်။

 အဆိုပါ ဟိုတယ်တွင် နံနက်ခင်း မီးလောင်မှုကြောင့် ကုတင်နှစ်လုံး၊ စပရိန်မွေ့ယာ နှစ်ခု၊ အဲယားကွန်းတစ်လုံး၊ ရေခဲသေတ္တာတစ်လုံး၊ ၂၄ လက်မ တီဗီတစ်လုံး၊ Exault Fan တစ်ခု၊ (၁၄x၁၂) သွပ်မိုးအုပ်ကာ ကွန်ကရစ်ခင်း တစ်ခန်းနှင့် အခန်းအတွင်း ပစ္စည်းများဆုံးရှုံးခဲ့ပြီး ငွေကျပ် ၁၀ သိန်းနီးပါး ဆုံးရှုံးခဲ့ကြောင်း သိရသည်။

 ညနေခင်း မီးလောင်မှုတွင် အခန်းအတွင်းရှိ အဲယားကွန်းတစ်လုံးနှင့် ကုတင်တစ်လုံး မီးလောင်ခဲ့ပြီး မီးလောင် ရသည့် အကြောင်းအရင်းကို သက်ဆိုင်ရာတာဝန်ရှိသူများက စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

 ယခုနှစ် ဇန်နဝါရီလမှ မတ်လကုန်အထိ မုံရွာခရိုင်အတွင်း မီးလောင်မှု စုစုပေါင်း ၂၂ ကြိမ်ဖြစ်ပွားခဲ့ကြောင်း မုံရွာခရိုင်မီးသတ်ဦးစီးဌာန၏ စာရင်းများအရ သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:mizzimaburmese
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top