ဇက္ေၾကာတက္၊ လည္ပင္းေၾကာနာတာက အရင္ လူၾကီးေတြမွာသာ အျဖစ္မ်ားရာကေန၊ အခု လူငယ္ေတြမွာပါ အျဖစ္မ်ားလာတယ္လို႔ က်န္းမာေရးပညာရွင္ေတြက ေထာက္ျပေနပါတယ္။ လူငယ္ေတြမွာ အျဖစ္မ်ားလာတဲ့ ဒီ ဇက္ေၾကာတက္၊ လည္ပင္းေၾကာနာတာက၊ တကယ္ေတာ့ အသက္ ၄၀-၅၀ အရြယ္ လည္ပင္းအသံုးမ်ားတဲ့လူႀကီးေတြမွာ ျဖစ္တတ္တဲ့ လည္ပင္းႀကီးေပါင္းတက္တဲ့ အဆင့္မဟုတ္ပါဘူး။ လူႀကီးေတြ လည္ပင္းႀကီးေပါင္းတက္လာခ်ိန္မွာ အမ်ားအားျဖင့္ လည္ရိုးအဆစ္ၾကားေတြက်ဥ္းတာနဲ႔ အရိုးအတက္ထြက္တာေတြ ေတြ႔ရေပမဲ့၊ အခု အသက္ ၁၈ ႏွစ္ကေန ၂၅-၃၀ အရြယ္ လူငယ္ေတြမွာ အလားတူ ဇက္ေၾကာတက္၊ လည္ပင္းေၾကာနာတာေတြမွာေတာ့ ႀကီးေပါင္းလိုမ်ိဳး လည္ပင္းအဆစ္က်ဥ္းတာ၊ အရိုးအတက္ထြက္တာေတြ မေတြ႔ရပါဘူး။

လူငယ္ေတြမွာ အခုလို ဇက္ေၾကာတက္၊ လည္ပင္းေၾကာနာ ျဖစ္ရျခင္း အဓိကအေၾကာင္းရင္းက၊ အၾကာႀကီး ေခါင္းငံု႔ အာရံုစိုက္ တစ္ခုခုလုပ္တာေၾကာင့္ အမ်ားႀကီးပိုေလးလာတဲ့ ေခါင္းကို လိုက္ထိန္းေပးရတဲ့ လည္ပင္းၾကြက္သားေတြ အမ်ားႀကီး တင္းလာကာ၊ ဒဏ္ပိသြားတာေၾကာင္ပါ။ ေခါင္းက ေရွ ႔ကိုတည့္တည့္ထားလွ်င္ (၁၂) ေပါင္ခန္႔သာေလးၿပီး၊ (၁၅) ဒီဂရီ ငံု႔လိုက္ခ်ိန္မွာ (၂၇) ေပါင္ေလးလာကာ၊ (၃၀) ဒီဂရီထိ ငံု႔လိုက္လွ်င္ေတာ့ ေပါင္ (၄၀) အထိကို ေလးသြားတာပါ။ အခုေခတ္မွာ အထူးသျဖင့္ လူငယ္ေတြအေနနဲ႔ လွ်ပ္စစ္ပစၥည္းေတြျဖစ္တဲ့ မိုဘိုင္း လက္ကိုင္ဖုန္း၊ စမတ္ဖုန္းေတြ၊ ကြန္ျပဴတာ Game ကစားတာေတြ၊ Tablet ေတြ၊ ကြန္ျပဴတာသံုးတာ စတာေတြကို၊ နာရီေတြနဲ႔ခ်ီ အခ်ိန္ၾကာၾကာ ဆက္တိုက္ ေခါင္းငံုၿပီး သံုးစြဲတာ ပိုမ်ားလာတာေၾကာင့္ အခုလို ပိုအျဖစ္မ်ားလာတာပါ။

ဇက္ေၾကာတက္၊ လည္ပင္းေၾကာနာတာနဲ႔တြဲၿပီး ေခါင္းကိုက္တာ၊ ေခါင္းအံုတာနဲ႔ တခ်ိဳ. မ်က္ရိုးကိုက္တာေတြလည္း ျဖစ္လာႏိုင္ပါတယ္။ ဒီလကၡဏာေတြ စျပလာခ်ိန္မွာ ခ်က္ခ်င္း ဆရာဝန္ျပသင့္ပါတယ္။ ဆရာဝန္မျပဘဲ၊ အခုလို ျဖစ္ေနတာကို ေရရွည္ ဆက္လုပ္မိပါက၊ လည္ပင္းအရိုးကိုပါထိခိုက္ကာ လည္ပင္းႀကီးေပါင္းတက္တာအျပင္၊ ေနာက္ဆံုး လည္ပင္းက အာရံုေၾကာႀကီးေတြကိုပါ ထိခိုက္ၿပီး ထံုက်င္လာတာ၊ လႈပ္ရွားမႈေတြ အားနည္း၊ ပ်က္စီးသြားတာအထိ ျပင္းျပင္းထန္ထန္္ ျဖစ္လာႏိုင္ပါတယ္။

ဒါေၾကာင့္ စစခ်င္း အဆင့္ျဖစ္တဲ့ ဒီ ဇက္ေၾကာတက္၊ လည္ပင္းနာတာကို မျဖစ္ေအာင္ အထူး ကာကြယ္သင့္ပါတယ္။ အဓိက အားျဖင့္ေတာ့ ျဖစ္ေစတဲ့ အေၾကာင္းရင္းျဖစ္တဲ့ ေခါင္းအၾကာႀကီးငံု႔ တစ္ခုခုလုပ္တာကို ေရွာင္က်ဥ္ဖို႔ပါ။ အေၾကာင္းက နာရီဝက္ေက်ာ္ အခုလို ငံု႔ၿပီးတစ္ခုခုလုပ္တာေၾကာင့္ လည္ပင္းၾကြက္သားေတြ စတင္းလာၿပီး (၁) နာရီေက်ာ္အၾကာမွာ စနာလာႏိုင္လို႔ပါ။ ဒါေၾကာင့္ စာဖတ္တာအပါအဝင္၊ မိုဘိုင္းလက္ကိုင္ဖုန္းေတြ၊ ကြန္ျပဴတာ စတာေတြသံုးရာမွာ လည္ပင္းၾကြက္သားေတြ ဒဏ္မပိေအာင္၊ ေခါင္းကို မငံုဘဲ မ်က္ႏွာနဲ႔ အတည့္အေနအထားမ်ိဳးမွာ လည္ပင္းမတ္မတ္ထားၿပီး မ်က္လံုးနဲ႔ တတန္းတည္းမ်ိဳး ထားသင့္ပါတယ္။ ဒါ့အျပင္ ထိုင္ခံုမွာ ထိုင္သံုးလွ်င္ ခါးကို မတ္ထားဖို႔ အေရးႀကီးပါတယ္။ အၾကာႀကီးဆက္တိုက္သံုးတာ မျဖစ္ရေအာင္လည္း၊ အမ်ားဆံုး တစ္နာရီ သံုးၿပီးတိုင္းမွာ ခဏနားကာ၊ လမ္းေလွ်ာက္ေပးတာ၊ အျပင္ကိုၾကည့္တာ၊ လည္ပင္းေလ့က်င့္ခန္းလုပ္ ေျဖေလ်ာ့ေပးတာေတြ လုပ္ေပးသင့္ပါတယ္။ ဒီဇက္ေၾကာတက္ လည္ပင္းနာျဖစ္သူေတြ အမ်ားစုက ဒီ လွ်ပ္စစ္ပစၥည္းေတြကို (၂) နာရီေက်ာ္ၾကာ ဆက္တိုက္ၾကည့္ၾကသူေတြျဖစ္တာကို သုေတသနမွာ ေတြ႔ရွိထားလို႔ပါ။

ဒါ့အျပင္ အခုလို လည္ပင္းၾကြက္သားတင္းတာ (Stress) မ်ားလာသူေတြအေနနဲ႔၊ ညအိပ္ခ်ိန္မွာလည္း၊ လည္ပင္းၾကြက္သား လံုးဝျပန္ေျပေလ်ာ့သြားေအာင္ မ်က္ႏွာအေပၚ မ်က္ႏွာက်က္ကို တည့္တည့္ၾကည့္ေနတဲ့ အေနအထားျဖစ္ေစမယ့္ မျမင့္လြန္း၊ မနိမ့္လြန္းတဲ့ ေခါင္းအံုးမ်ိဳးကိုသာ သံုးသင့္ပါတယ္။ ေခါင္းအံုးျမင့္လြန္းလွ်င္ တစ္ညလံုး ေခါင္းငံံု႔ထားသလိုျဖစ္ေစၿပီး၊ နိမ္႔လြန္းလွ်င္လည္း တစ္ညလံုး ေခါင္းေမာ့ထားတဲ့ အေနအထားမ်ိဳး ျဖစ္ေစႏိုင္လို႔ပါ။

ကုသမႈအေနနဲ႔လည္း လည္ပင္းၾကြက္သားကို ဒဏ္ပိေစတဲ့ ဒီလွ်ပ္စစ္ပစၥည္းေတြသံုးတာ၊ စာဖတ္တာ၊ အၾကာႀကီး ေခါင္းငံု အလုပ္လုပ္တာေတြကို ခ်က္ခ်င္းရပ္လိုက္ၿပီး၊ စစခ်င္းမွာ ဇက္ကို ေရခဲကပ္ေပးကာ၊ ေနာက္ပိုင္း မသက္သာေသးလွ်င္ ေရေႏြးကပ္ေပးတာနဲ႔ မျပင္းတဲ့ သာမန္ အကိုက္အခဲေပ်ာက္ေဆးေတြ (ဥပမာ ပါရာစီတေမာ၊ အိုင္ဗ်ဴပရိုဖဲန္) စတာေတြနဲ႔ ကုသေပးႏိုင္ပါတယ္။ အလုပ္တာဝန္အရ ဒီ လည္ပင္းၾကြက္သားေတြ ဒဏ္ပိေစတဲ့ လွ်ပ္စစ္ပစၥည္းေတြ ၾကည့္တာအပါအဝင္ အခုလိုမ်ိဳး အလုပ္လုပ္ရသူေတြအေနနဲ႔လည္း တစ္နာရီထိုင္လုပ္ၿပီးလွ်င္၊ မတ္တပ္ရပ္ လမ္းေလွ်က္ နားေပးတာအျပင္၊ လုပ္ငန္းခြင္မဝင္ခင္မွာလည္ လည္ပင္းၾကြက္သားေတြ ေျပေလွ်ာ့ေအာင္ လည္ပင္း အေပၚေအာက္၊ ေဘးလွည့္ေစာင္းတဲ့ ေလ့က်င့္ခန္း (၆) မ်ိဳးကို အသာအယာ ပံုမွန္လုပ္ေပးသင့္ပါတယ္။

လည္ပင္းလႈပ္ရွားမူ အေသးစိတ္ကေတာ့ ေခါင္းကိုေရွ ႔ျဖည္းျဖည္းခ်င္းငံုၿပီး ရင္ဘတ္နဲ႔ ေမးစိထိကာ (၁) ကေန (၁၀) ထိေရတြက္ထိန္းထားတာ၊ ေနာက္ ေခါင္းကို တည့္တည္ျပန္ထားၿပီး၊ ေနာက္တခါ ေနာက္ဖက္ကို ေမာ့ထားကာ မ်က္ႏွာက်က္ကို ၾကည့္တဲ့အေနအထားနဲ႔ အလားတူ (၁) ကေန (၁၀) ထိ ေရတြက္တာ၊ တခါ ေနာက္ကိုျပန္မတ္ၿပီး ေနာက္ထပ္ အလားတူ (၁) ေန (၁၀) ေရတြက္ကာ၊ ေခါင္းကို တစ္ႀကိမ္စီ ဘယ္ဖက္လွည့္၊ ညာဖက္လွည္.၊ ဘယ္ဖက္ပခံုးထိေအာင္ေစာင္း၊ ညာဖက္ပခံုးထိေအာင္ ေစာင္းထားတာေတြပါ။ ဒါေပမဲ့ ဇက္ကို အသံျမည္ေအာင္ ဇက္ခ်ိဳးတာမ်ိဳးေတာ့ မလုပ္သင့္ပါဘူး၊ လည္ပင္းႀကီးေပါင္းရွိေနလွ်င္ အမ်ားႀကီး ပိုဆိုးသြားေစႏိုင္လို႔ပါ။ အထက္ပါ နည္းေတြနဲ႔ မသက္သာဘဲ ပိုဆိုးလာလွ်င္ အထူးသျဖင့္ လက္က်င္တာနဲ႔ ဆုပ္ကိုင္ရခက္တာ ျဖစ္လာလွ်င္၊ မျဖစ္မေန နီးစပ္ရာ ဆရာဝန္နဲ႔ အျမန္ဆံုး ျပသင့္ပါတယ္။ မခံမရပ္ႏိုင္ေအာင္ နာက်င္မႈျပင္းထန္လြန္းလွ်င္ေတာ့ နာတဲ့ေနရာကို ေဆးထိုးေပးႏိုင္ေပမယ့္ အဲ့ဒီအဆင့္ေရာက္လွ်င္ နာတာရွည္ျပင္းထန္သြားႏိုင္တာမို႔၊ ေစာေစာကတည္းက ကာကြယ္သင့္ပါတယ္။

ဒီေရာဂါအေၾကာင္း ပိုမိုသိရိွႏိုင္ဖို႔ ကိုဝင္းမင္း က အရိုးအထူးကုနဲ႔ ရန္ကုန္ျပည္သူ႔ေဆးရံုႀကီး အေရးေပၚကုသမႈဌာနက ပါေမာကၡ ဌာနမွဴး ေဒါက္တာေမာ္ေမာ္ဦး ကို ဆက္သြယ္ေမးျမန္းထားပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:burmese.voanews

#Unicode Version#
ဇက်ကြောတက်၊ လည်ပင်းကြောနာတာက အရင် လူကြီးတွေမှာသာ အဖြစ်များရာကနေ၊ အခု လူငယ်တွေမှာပါ အဖြစ်များလာတယ်လို့ ကျန်းမာရေးပညာရှင်တွေက ထောက်ပြနေပါတယ်။ လူငယ်တွေမှာ အဖြစ်များလာတဲ့ ဒီ ဇက်ကြောတက်၊ လည်ပင်းကြောနာတာက၊ တကယ်တော့ အသက် ၄၀-၅၀ အရွယ် လည်ပင်းအသုံးများတဲ့လူကြီးတွေမှာ ဖြစ်တတ်တဲ့ လည်ပင်းကြီးပေါင်းတက်တဲ့ အဆင့်မဟုတ်ပါဘူး။ လူကြီးတွေ လည်ပင်းကြီးပေါင်းတက်လာချိန်မှာ အများအားဖြင့် လည်ရိုးအဆစ်ကြားတွေကျဉ်းတာနဲ့ အရိုးအတက်ထွက်တာတွေ တွေ့ရပေမဲ့၊ အခု အသက် ၁၈ နှစ်ကနေ ၂၅-၃၀ အရွယ် လူငယ်တွေမှာ အလားတူ ဇက်ကြောတက်၊ လည်ပင်းကြောနာတာတွေမှာတော့ ကြီးပေါင်းလိုမျိုး လည်ပင်းအဆစ်ကျဉ်းတာ၊ အရိုးအတက်ထွက်တာတွေ မတွေ့ရပါဘူး။

လူငယ်တွေမှာ အခုလို ဇက်ကြောတက်၊ လည်ပင်းကြောနာ ဖြစ်ရခြင်း အဓိကအကြောင်းရင်းက၊ အကြာကြီး ခေါင်းငုံ့ အာရုံစိုက် တစ်ခုခုလုပ်တာကြောင့် အများကြီးပိုလေးလာတဲ့ ခေါင်းကို လိုက်ထိန်းပေးရတဲ့ လည်ပင်းကြွက်သားတွေ အများကြီး တင်းလာကာ၊ ဒဏ်ပိသွားတာကြောင်ပါ။ ခေါင်းက ရှေ့ကိုတည့်တည့်ထားလျှင် (၁၂) ပေါင်ခန့်သာလေးပြီး၊ (၁၅) ဒီဂရီ ငုံ့လိုက်ချိန်မှာ (၂၇) ပေါင်လေးလာကာ၊ (၃၀) ဒီဂရီထိ ငုံ့လိုက်လျှင်တော့ ပေါင် (၄၀) အထိကို လေးသွားတာပါ။ အခုခေတ်မှာ အထူးသဖြင့် လူငယ်တွေအနေနဲ့ လျှပ်စစ်ပစ္စည်းတွေဖြစ်တဲ့ မိုဘိုင်း လက်ကိုင်ဖုန်း၊ စမတ်ဖုန်းတွေ၊ ကွန်ပြူတာ Game ကစားတာတွေ၊ Tablet တွေ၊ ကွန်ပြူတာသုံးတာ စတာတွေကို၊ နာရီတွေနဲ့ချီ အချိန်ကြာကြာ ဆက်တိုက် ခေါင်းငုံပြီး သုံးစွဲတာ ပိုများလာတာကြောင့် အခုလို ပိုအဖြစ်များလာတာပါ။

ဇက်ကြောတက်၊ လည်ပင်းကြောနာတာနဲ့တွဲပြီး ခေါင်းကိုက်တာ၊ ခေါင်းအုံတာနဲ့ တချို. မျက်ရိုးကိုက်တာတွေလည်း ဖြစ်လာနိုင်ပါတယ်။ ဒီလက္ခဏာတွေ စပြလာချိန်မှာ ချက်ချင်း ဆရာဝန်ပြသင့်ပါတယ်။ ဆရာဝန်မပြဘဲ၊ အခုလို ဖြစ်နေတာကို ရေရှည် ဆက်လုပ်မိပါက၊ လည်ပင်းအရိုးကိုပါထိခိုက်ကာ လည်ပင်းကြီးပေါင်းတက်တာအပြင်၊ နောက်ဆုံး လည်ပင်းက အာရုံကြောကြီးတွေကိုပါ ထိခိုက်ပြီး ထုံကျင်လာတာ၊ လှုပ်ရှားမှုတွေ အားနည်း၊ ပျက်စီးသွားတာအထိ ပြင်းပြင်းထန်ထန် ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် စစချင်း အဆင့်ဖြစ်တဲ့ ဒီ ဇက်ကြောတက်၊ လည်ပင်းနာတာကို မဖြစ်အောင် အထူး ကာကွယ်သင့်ပါတယ်။ အဓိက အားဖြင့်တော့ ဖြစ်စေတဲ့ အကြောင်းရင်းဖြစ်တဲ့ ခေါင်းအကြာကြီးငုံ့ တစ်ခုခုလုပ်တာကို ရှောင်ကျဉ်ဖို့ပါ။ အကြောင်းက နာရီဝက်ကျော် အခုလို ငုံ့ပြီးတစ်ခုခုလုပ်တာကြောင့် လည်ပင်းကြွက်သားတွေ စတင်းလာပြီး (၁) နာရီကျော်အကြာမှာ စနာလာနိုင်လို့ပါ။ ဒါကြောင့် စာဖတ်တာအပါအဝင်၊ မိုဘိုင်းလက်ကိုင်ဖုန်းတွေ၊ ကွန်ပြူတာ စတာတွေသုံးရာမှာ လည်ပင်းကြွက်သားတွေ ဒဏ်မပိအောင်၊ ခေါင်းကို မငုံဘဲ မျက်နှာနဲ့ အတည့်အနေအထားမျိုးမှာ လည်ပင်းမတ်မတ်ထားပြီး မျက်လုံးနဲ့ တတန်းတည်းမျိုး ထားသင့်ပါတယ်။ ဒါ့အပြင် ထိုင်ခုံမှာ ထိုင်သုံးလျှင် ခါးကို မတ်ထားဖို့ အရေးကြီးပါတယ်။ အကြာကြီးဆက်တိုက်သုံးတာ မဖြစ်ရအောင်လည်း၊ အများဆုံး တစ်နာရီ သုံးပြီးတိုင်းမှာ ခဏနားကာ၊ လမ်းလျှောက်ပေးတာ၊ အပြင်ကိုကြည့်တာ၊ လည်ပင်းလေ့ကျင့်ခန်းလုပ် ဖြေလျော့ပေးတာတွေ လုပ်ပေးသင့်ပါတယ်။ ဒီဇက်ကြောတက် လည်ပင်းနာဖြစ်သူတွေ အများစုက ဒီ လျှပ်စစ်ပစ္စည်းတွေကို (၂) နာရီကျော်ကြာ ဆက်တိုက်ကြည့်ကြသူတွေဖြစ်တာကို သုတေသနမှာ တွေ့ရှိထားလို့ပါ။

ဒါ့အပြင် အခုလို လည်ပင်းကြွက်သားတင်းတာ (Stress) များလာသူတွေအနေနဲ့၊ ညအိပ်ချိန်မှာလည်း၊ လည်ပင်းကြွက်သား လုံးဝပြန်ပြေလျော့သွားအောင် မျက်နှာအပေါ် မျက်နှာကျက်ကို တည့်တည့်ကြည့်နေတဲ့ အနေအထားဖြစ်စေမယ့် မမြင့်လွန်း၊ မနိမ့်လွန်းတဲ့ ခေါင်းအုံးမျိုးကိုသာ သုံးသင့်ပါတယ်။ ခေါင်းအုံးမြင့်လွန်းလျှင် တစ်ညလုံး ခေါင်းငံုံ့ထားသလိုဖြစ်စေပြီး၊ နိမ့်လွန်းလျှင်လည်း တစ်ညလုံး ခေါင်းမော့ထားတဲ့ အနေအထားမျိုး ဖြစ်စေနိုင်လို့ပါ။

ကုသမှုအနေနဲ့လည်း လည်ပင်းကြွက်သားကို ဒဏ်ပိစေတဲ့ ဒီလျှပ်စစ်ပစ္စည်းတွေသုံးတာ၊ စာဖတ်တာ၊ အကြာကြီး ခေါင်းငုံ အလုပ်လုပ်တာတွေကို ချက်ချင်းရပ်လိုက်ပြီး၊ စစချင်းမှာ ဇက်ကို ရေခဲကပ်ပေးကာ၊ နောက်ပိုင်း မသက်သာသေးလျှင် ရေနွေးကပ်ပေးတာနဲ့ မပြင်းတဲ့ သာမန် အကိုက်အခဲပျောက်ဆေးတွေ (ဥပမာ ပါရာစီတမော၊ အိုင်ဗျူပရိုဖဲန်) စတာတွေနဲ့ ကုသပေးနိုင်ပါတယ်။ အလုပ်တာဝန်အရ ဒီ လည်ပင်းကြွက်သားတွေ ဒဏ်ပိစေတဲ့ လျှပ်စစ်ပစ္စည်းတွေ ကြည့်တာအပါအဝင် အခုလိုမျိုး အလုပ်လုပ်ရသူတွေအနေနဲ့လည်း တစ်နာရီထိုင်လုပ်ပြီးလျှင်၊ မတ်တပ်ရပ် လမ်းလျှေက် နားပေးတာအပြင်၊ လုပ်ငန်းခွင်မဝင်ခင်မှာလည် လည်ပင်းကြွက်သားတွေ ပြေလျှော့အောင် လည်ပင်း အပေါ်အောက်၊ ဘေးလှည့်စောင်းတဲ့ လေ့ကျင့်ခန်း (၆) မျိုးကို အသာအယာ ပုံမှန်လုပ်ပေးသင့်ပါတယ်။

လည်ပင်းလှုပ်ရှားမူ အသေးစိတ်ကတော့ ခေါင်းကိုရှေ့ဖြည်းဖြည်းချင်းငုံပြီး ရင်ဘတ်နဲ့ မေးစိထိကာ (၁) ကနေ (၁၀) ထိရေတွက်ထိန်းထားတာ၊ နောက် ခေါင်းကို တည့်တည်ပြန်ထားပြီး၊ နောက်တခါ နောက်ဖက်ကို မော့ထားကာ မျက်နှာကျက်ကို ကြည့်တဲ့အနေအထားနဲ့ အလားတူ (၁) ကနေ (၁၀) ထိ ရေတွက်တာ၊ တခါ နောက်ကိုပြန်မတ်ပြီး နောက်ထပ် အလားတူ (၁) နေ (၁၀) ရေတွက်ကာ၊ ခေါင်းကို တစ်ကြိမ်စီ ဘယ်ဖက်လှည့်၊ ညာဖက်လှည်.၊ ဘယ်ဖက်ပခုံးထိအောင်စောင်း၊ ညာဖက်ပခုံးထိအောင် စောင်းထားတာတွေပါ။ ဒါပေမဲ့ ဇက်ကို အသံမြည်အောင် ဇက်ချိုးတာမျိုးတော့ မလုပ်သင့်ပါဘူး၊ လည်ပင်းကြီးပေါင်းရှိနေလျှင် အများကြီး ပိုဆိုးသွားစေနိုင်လို့ပါ။ အထက်ပါ နည်းတွေနဲ့ မသက်သာဘဲ ပိုဆိုးလာလျှင် အထူးသဖြင့် လက်ကျင်တာနဲ့ ဆုပ်ကိုင်ရခက်တာ ဖြစ်လာလျှင်၊ မဖြစ်မနေ နီးစပ်ရာ ဆရာဝန်နဲ့ အမြန်ဆုံး ပြသင့်ပါတယ်။ မခံမရပ်နိုင်အောင် နာကျင်မှုပြင်းထန်လွန်းလျှင်တော့ နာတဲ့နေရာကို ဆေးထိုးပေးနိုင်ပေမယ့် အဲ့ဒီအဆင့်ရောက်လျှင် နာတာရှည်ပြင်းထန်သွားနိုင်တာမို့၊ စောစောကတည်းက ကာကွယ်သင့်ပါတယ်။

ဒီရောဂါအကြောင်း ပိုမိုသိရှိနိုင်ဖို့ ကိုဝင်းမင်း က အရိုးအထူးကုနဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ကုသမှုဌာနက ပါမောက္ခ ဌာနမှူး ဒေါက်တာမော်မော်ဦး ကို ဆက်သွယ်မေးမြန်းထားပါတယ်။


ဖိုးသူတော်(www.phothutaw.com)
Credit:burmese.voanews
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top