သီခ်င္းေပါင္းမ်ားစြာကုိ ဖန္တီးေရးသားခဲ့ၿပီး ေရးသားဖန္တီးခဲ့တဲ့သီခ်င္းေတြကိုလည္း ပရိသတ္ေတြက လက္ခံအားေပး ၾကဳိက္ႏွစ္သက္ၾကသလုိ ပရိသတ္ေတြရဲ႕ ရင္ထဲေရာက္ေအာင္ သီခ်င္းေတြကုိ ေရးႏုိင္စြမ္း႐ွိတဲ့ ေတးေရးဆရာျမင့္မုိးေအာင္ကေတာ့ အခု၂၀၁၉မွာ သီခ်င္းေတြနဲ႔ ပတ္သက္ၿပီး မူပုိင္ခြင့္ဥပေဒေတြကုိ စတင္လုပ္ေဆာင္လ်က္႐ွိေနၿပီး ျမန္မာႏုိင္ငံ ဂီတအစည္းအ႐ုံးနဲ႔ ျမန္မာႏုိင္ငံ ေတးစီးရီးမူပုိင္႐ွင္မ်ားအသင္းတုိ႔ ပူးေပါင္းၿပီး ကာရာအုိေကဆုိင္မ်ားကုိလည္း သီခ်င္းေတြအတြက္ မူပူိင္ခြင့္ေတြ ေကာက္ခံေတာ့မယ္လုိ႔ Pan Pwint မီဒီယာ ရဲ႕အင္တာဗ်ဴးတစ္ခုမွာ ေျပာသြားခဲ့ပါတယ္။

ေတးေရးဆရာျမင့္မုိးေအာင္က “ဟုတ္ကဲ့ မဂၤလာပါ ၂၀၁၉ ကေနစၿပီးေတာ့ ျမန္မာႏုိင္ငံဂီတေလာကမွာ မူပုိင္ခြင့္နဲ႔ ပတ္သက္တဲ့ လႈပ္႐ွားမႈေလးေတြ ပုိၿပီးေတာ့ အ႐ွိန္အဟုန္ျမင့္လာတာ႐ွိပါတယ္။ အဲ့တာကလည္း ဒီ၂၀၁၉ ထဲမွာ ျမန္မာႏုိင္ငံမွာ ကြၽန္ေတာ္တုိ႔ စာေပနဲ႔ အႏုပညာမူပုိင္ခြင့္ဥပေဒေတြ ျပဌာန္းျဖစ္ေတာ့မွာလည္း ျဖစ္ပါတယ္။



ဒါ့အျပင္ကြၽန္ေတာ္တုိ႔က ဂီတေလာကသားေတြ အေနနဲ႔လည္း မူပုိင္ခြင့္နဲ႔ ပတ္သက္ၿပီးေတာ့ ရပုိင္ခြင့္ေလးေတြ ဆုံး႐ႈံးခဲ့တာေလးေတြ ၾကာျမင့္လာၿပီျဖစ္တဲ့အတြက္ အားလုံးကလည္း ဒီအခ်ိန္မွာ စနစ္တက်လုပ္ဖုိ႔အတြက္ ပုိၿပီးေတာ့ တုိးတက္ၿပီးေတာ့ ေဆာင္ရြက္လာၾကတာျဖစ္ပါတယ္။

ကြၽန္ေတာ္တုိ႔ ျမန္မာႏုိင္ငံ ဂီတအစည္းအ႐ုံးနဲ႔ ျမန္မာႏုိင္ငံေတးစီးရီးမူပုိင္႐ွင္မ်ားအသင္းတုိ႔ စုေပါင္းၿပီးေတာ့ ျ္မန္မာႏုိင္ငံေတးစီးရီးမူပုိင္႐ွင္မ်ားအသင္းကေတာ့ ေတးေရးဆရာေတြ အေယာက္၆၀ ေလာက္ပါဝင္ပါတယ္။

ျမန္မာႏုိင္ငံဂီတအစည္းအ႐ုံးမွာေတာ့ အဖြဲ႔ဝင္ေတြ အမ်ားႀကီးပါပဲ။ ကြၽန္ေတာ္တုိ႔ေတြ တုိင္ပင္ညႇိႏႈိင္းၿပီးေတာ့ မူပုိင္ခြင့္နဲ႔ ပတ္သက္တဲ့ လႈပ္႐ွားမႈေလးေတြကုိ စတင္ေဆာင္ရြက္ပါတယ္။ ပထမဦးဆုံး စင္ျမင့္ေဖ်ာ္ေျဖပြဲေတြ သၾကၤန္ေဖ်ာ္ေျဖပြဲေတြမွာ မူပုိင္ခြင့္နဲ႔ ပတ္သက္ၿပီး စနစ္တက်ေဆာင္ရြက္တာ ၿပီးခဲ့တဲ့ သၾကၤန္မွာ အားလုံး စနစ္တက်တုိးတက္လာတာကုိ အမ်ားႀကီးေတြ႔ရပါတယ္။



မူပုိင္ခြင့္နဲ႔ ပတ္သက္တဲ့ အေရးႀကီးတဲ့ အခ်က္ကေတာ့ စီးပြားျဖစ္မဟုတ္တဲ့ ခုနေျပာတဲ့ အေပ်ာ္တမ္းသီဆုိေဖ်ာ္ေျဖတာေတြနဲ႔ ပတ္သက္ၿပီး ကြၽန္ေတာ္တုိ႔က ေပးေခ်စရာမလုိဘူးဆုိတဲ့အခ်က္ေလးပါပဲ။

စီးပြားျဖစ္ေဆာင္ရြက္ၾကတဲ့သူေတြကပဲ ေပးေခ်ရမွာပါ။ ေပးေခ်တဲ့ေနရာမွာလည္း အဆုိေတာ္ေတြ တီးတဲ့ သူေတြက ေပးရမွာမဟုတ္ပါဘူး ဒီပြဲကုိ စီစဥ္က်င္းပတဲ့ သူေတြက ေပးရမွာ ျဖစ္ပါတယ္။

စီးပြားျဖစ္ ျပင္ပက လုပ္ေဆာင္ၾကတဲ့သူေတြအတြက္ ေကာက္ခံတာျဖစ္ပါတယ္။ အဲ့ေတာ့ ေနာက္တစ္ခုက မၾကာခင္မွာ ျမန္မာႏုိင္ငံဂီတအစည္းအ႐ုံး နဲ႔ျမန္မာႏုိင္ငံေတးစီးရီးမူပုိင္ ႐ွင္မ်ားအသင္းတုိ႔ ပူးေပါင္းၿပီး ေဆာင္ရြက္မယ့္ ေနာက္အစီအစဥ္တစ္ခုကေတာ့ ကာ႐ုိအုိေက လုပ္ငန္းေတြ ျဖစ္ပါတယ္။ ဒီလုပ္ငန္းေတြက တျခားႏုိင္ငံေတြမွာဆုိရင္ ဝင္ေငြေတြ အမ်ားႀကီး႐ွိပါတယ္။

ဂ်ပန္ႏုိင္ငံမွာဆုိရင္ ဂီတေလာကတစ္ခုလုံးရဲ႕ ဝင္ေငြ၆၀ရာခုိင္ႏႈန္းေက်ာ္က ကာရာအုိေက လုပ္ငန္းကေနရတာပါ။ အဲ့ေတာ့ ကာရာအုိေကလုပ္ငန္းမွာ မူပုိင္ခြင့္ေတြကုိ ရ႐ွိေအာင္ ေဆာင္ရြက္လုိက္မယ္ဆုိရင္ အရင္ထက္ ဂီတေလာက ဝင္ေငြေတြ ၂ဆ ၃ဆ တုိးျမင့္လာမွာျဖစ္ပါတယ္။ ဒီလုိလုပ္တဲ့အခါမွာေတာ့ နည္းပညာအခက္အခဲေတြလည္း ႐ွိပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:burmese.asia
# Unicode Version # ျဖင့္ ဖတ္ပါ #


သီချင်းပေါင်းများစွာကို ဖန်တီးရေးသားခဲ့ပြီး ရေးသားဖန်တီးခဲ့တဲ့သီချင်းတွေကိုလည်း ပရိသတ်တွေက လက်ခံအားပေး ကြိုက်နှစ်သက်ကြသလို ပရိသတ်တွေရဲ့ ရင်ထဲရောက်အောင် သီချင်းတွေကို ရေးနိုင်စွမ်းရှိတဲ့ တေးရေးဆရာမြင့်မိုးအောင်ကတော့ အခု၂၀၁၉မှာ သီချင်းတွေနဲ့ ပတ်သက်ပြီး မူပိုင်ခွင့်ဥပဒေတွေကို စတင်လုပ်ဆောင်လျက်ရှိနေပြီး မြန်မာနိုင်ငံ ဂီတအစည်းအရုံးနဲ့ မြန်မာနိုင်ငံ တေးစီးရီးမူပိုင်ရှင်များအသင်းတို့ ပူးပေါင်းပြီး ကာရာအိုကေဆိုင်များကိုလည်း သီချင်းတွေအတွက် မူပိူင်ခွင့်တွေ ကောက်ခံတော့မယ်လို့ Pan Pwint မီဒီယာ ရဲ့အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။

တေးရေးဆရာမြင့်မိုးအောင်က “ဟုတ်ကဲ့ မင်္ဂလာပါ ၂၀၁၉ ကနေစပြီးတော့ မြန်မာနိုင်ငံဂီတလောကမှာ မူပိုင်ခွင့်နဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုလေးတွေ ပိုပြီးတော့ အရှိန်အဟုန်မြင့်လာတာရှိပါတယ်။ အဲ့တာကလည်း ဒီ၂၀၁၉ ထဲမှာ မြန်မာနိုင်ငံမှာ ကျွန်တော်တို့ စာပေနဲ့ အနုပညာမူပိုင်ခွင့်ဥပဒေတွေ ပြဌာန်းဖြစ်တော့မှာလည်း ဖြစ်ပါတယ်။

ဒါ့အပြင်ကျွန်တော်တို့က ဂီတလောကသားတွေ အနေနဲ့လည်း မူပိုင်ခွင့်နဲ့ ပတ်သက်ပြီးတော့ ရပိုင်ခွင့်လေးတွေ ဆုံးရှုံးခဲ့တာလေးတွေ ကြာမြင့်လာပြီဖြစ်တဲ့အတွက် အားလုံးကလည်း ဒီအချိန်မှာ စနစ်တကျလုပ်ဖို့အတွက် ပိုပြီးတော့ တိုးတက်ပြီးတော့ ဆောင်ရွက်လာကြတာဖြစ်ပါတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံ ဂီတအစည်းအရုံးနဲ့ မြန်မာနိုင်ငံတေးစီးရီးမူပိုင်ရှင်များအသင်းတို့ စုပေါင်းပြီးတော့ ြ်မန်မာနိုင်ငံတေးစီးရီးမူပိုင်ရှင်များအသင်းကတော့ တေးရေးဆရာတွေ အယောက်၆၀ လောက်ပါဝင်ပါတယ်။

မြန်မာနိုင်ငံဂီတအစည်းအရုံးမှာတော့ အဖွဲ့ဝင်တွေ အများကြီးပါပဲ။ ကျွန်တော်တို့တွေ တိုင်ပင်ညှိနှိုင်းပြီးတော့ မူပိုင်ခွင့်နဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုလေးတွေကို စတင်ဆောင်ရွက်ပါတယ်။ ပထမဦးဆုံး စင်မြင့်ဖျော်ဖြေပွဲတွေ သြင်္ကန်ဖျော်ဖြေပွဲတွေမှာ မူပိုင်ခွင့်နဲ့ ပတ်သက်ပြီး စနစ်တကျဆောင်ရွက်တာ ပြီးခဲ့တဲ့ သြင်္ကန်မှာ အားလုံး စနစ်တကျတိုးတက်လာတာကို အများကြီးတွေ့ရပါတယ်။

မူပိုင်ခွင့်နဲ့ ပတ်သက်တဲ့ အရေးကြီးတဲ့ အချက်ကတော့ စီးပွားဖြစ်မဟုတ်တဲ့ ခုနပြောတဲ့ အပျော်တမ်းသီဆိုဖျော်ဖြေတာတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့က ပေးချေစရာမလိုဘူးဆိုတဲ့အချက်လေးပါပဲ။

စီးပွားဖြစ်ဆောင်ရွက်ကြတဲ့သူတွေကပဲ ပေးချေရမှာပါ။ ပေးချေတဲ့နေရာမှာလည်း အဆိုတော်တွေ တီးတဲ့ သူတွေက ပေးရမှာမဟုတ်ပါဘူး ဒီပွဲကို စီစဉ်ကျင်းပတဲ့ သူတွေက ပေးရမှာ ဖြစ်ပါတယ်။

စီးပွားဖြစ် ပြင်ပက လုပ်ဆောင်ကြတဲ့သူတွေအတွက် ကောက်ခံတာဖြစ်ပါတယ်။ အဲ့တော့ နောက်တစ်ခုက မကြာခင်မှာ မြန်မာနိုင်ငံဂီတအစည်းအရုံး နဲ့မြန်မာနိုင်ငံတေးစီးရီးမူပိုင် ရှင်များအသင်းတို့ ပူးပေါင်းပြီး ဆောင်ရွက်မယ့် နောက်အစီအစဉ်တစ်ခုကတော့ ကာရိုအိုကေ လုပ်ငန်းတွေ ဖြစ်ပါတယ်။ ဒီလုပ်ငန်းတွေက တခြားနိုင်ငံတွေမှာဆိုရင် ဝင်ငွေတွေ အများကြီးရှိပါတယ်။

ဂျပန်နိုင်ငံမှာဆိုရင် ဂီတလောကတစ်ခုလုံးရဲ့ ဝင်ငွေ၆၀ရာခိုင်နှုန်းကျော်က ကာရာအိုကေ လုပ်ငန်းကနေရတာပါ။ အဲ့တော့ ကာရာအိုကေလုပ်ငန်းမှာ မူပိုင်ခွင့်တွေကို ရရှိအောင် ဆောင်ရွက်လိုက်မယ်ဆိုရင် အရင်ထက် ဂီတလောက ဝင်ငွေတွေ ၂ဆ ၃ဆ တိုးမြင့်လာမှာဖြစ်ပါတယ်။ ဒီလိုလုပ်တဲ့အခါမှာတော့ နည်းပညာအခက်အခဲတွေလည်း ရှိပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:burmese.asia
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top