အိမ္ေထာင္ေရးဆုိတာကခက္ခဲပါတယ္။ ရုပ္ရွင္ေတြထဲကလို ေမတၱာမွ်လို႔ လက္ထပ္တယ္။ ကေလးေမြးတယ္၊ ခ်မ္းသာေအာင္ ႀကိဳးစားတာကုိၾကည့္ၿပီး လြယ္ကူတယ္လို႔ မထင္ပါနဲ႔။ လက္ေတြ႔မွာကေတာ့ အိမ္ေထာင္ေရး စံခ်ိန္ေတြသတ္မွတ္ခ်က္ေတြလဲ ရွိေနပါတယ္။ အိမ္ေထာင္ေရးဆုိတာ အခ်ိန္ေတြၾကာလာေလ ဆက္ဆံေရးနဲ႔ ေျပာင္းလဲမႈေတြ စိန္ေခၚမႈေတြ ပုိမ်ားလာေလျဖစ္ပါတယ္။ ဒါေၾကာင့္ အိမ္ေထာင္ေရးတည္ၿမဲေအာင္ ဘယ္လို ထိန္္းသိမ္းၾကမလဲဆုိတာကုိ ေျပာျပလိုက္ပါတယ္ေနာ္။

၁။ တစ္ေယာက္စကားကုိတစ္ေယာက္ နားေထာင္ျခင္း

အိမ္ေထာင္က်ၿပီဆုိတာနဲ႔ အဓိက နားလည္ေပးရမယ့္အခ်က္ေတြထဲက တစ္ခုျဖစ္ပါတယ္။ အိမ္ေထာင္က်ၿပီး စိတ္ခ်မ္းသာကုိယ္ခ်မ္းသာနဲ႔ ေနထိုင္ႏိုင္ဖို႔အတြက္ တစ္ေယာက္စကားကုိ တစ္ေယာက္က နားေထာင္ေပးမယ္ဆုိရင္ ဘဝလမ္းခရီးမွာ ႀကံဳလာတဲ့ ျပႆနာနဲ႔ အခက္အခဲေတြကုိ ရင္ဆုိင္ႏိုင္မွာ ျဖစ္ပါတယ္။


၂။ စိတ္ခံစားခ်က္ေတြနဲ႔ ပတ္သက္ၿပီး တိုင္ပင္ျခင္း

အိမ္ေထာင္ေရးတစ္ခုမွာ စိတ္ခံစားခ်က္နဲ႔ ပတ္သက္တဲ့ အရာေတြကုိ မေျပာဘဲ စိတ္ထဲမွာ ေအာင္းထားမယ္ဆုိရင္ အခ်ိန္ၾကာလာတာနဲ႔ အမွ် ရႈပ္ေထြးလာေစႏုိင္ပါတယ္။ စိတ္ထဲမွာ ခ်ဳပ္တည္းထားတာမ်ားလာၿပီဆုိရင္ ေလးစားဖို႔ ခက္ခဲလာေလ ျဖစ္ႏိုင္ပါတယ္။ ဒါေၾကာင့္ စိတ္ခံစားခ်က္နဲ႔ ပတ္သက္တဲ့ ေပ်ာ္ရႊင္စရာေကာင္းတဲ့ အရာျဖစ္ျဖစ္ ဝမ္းနည္းစရာေကာင္းတဲ့ အရာျဖစ္ျဖစ္ လင္မယားခ်င္း ပြင့္လင္းစြာ တုိင္ပင္သင့္ပါတယ္။ ဒီလိုတုိင္ပင္ခ်င္းက စိတ္စြမ္းအားကုိလည္း တုိးျမႇင့္ေပးႏုိင္တာကုိ ေတြ႔ျမင္ႏုိင္ပါတယ္။

၃။ အိမ္ေထာင္ဖက္ေတြရဲ့ ဘာသာစကားကုိ ေလ့လာျခင္း

အိမ္ေထာင္က်ၿပီဆုိေပမယ့္ အိမ္ေထာင္ေရးဘာသာစကားဆုိတာလည္း ရွိပါတယ္။ ဒါကုိလည္း နားလည္ထားဖို႔လိုအပ္ပါတယ္။ မိန္းမစိတ္ဆုိးေနရင္ေခ်ာ့တာ၊ စိတ္ေကာက္တာေခ်ာ့တာ ေတြကလည္း အိမ္ေထာင္ေရး ဘာသာစကားတစ္ခုျဖစ္ပါတယ္။ မိန္းကေလးဆုိတာက ကုိယ့္ကုိ တန္းဖိုးထားၿပီး ခ်စ္တာ၊ ကတိေပးၿပီး ကတိတည္တာ၊ ေတြက အစေလ့လာထားဖုိ႔လည္း လိုအပ္ပါတယ္။


၄။ No ဆုိတဲ့ စကားထက္ Yes ဆုိတာကုိေျပာျခင္း

အိမ္ေထာင္ေရးမွာ တစ္ေယာက္လိုအပ္ခ်က္ကုို တစ္ေယာက္က မျဖည့္ဆည္းေပးႏုိင္ဘူးဆုိရင္ စိတ္ခုလာတတ္ပါတယ္။ လိုအပ္ခ်က္တုိင္းကို မျဖည့္ဆည္းေပးႏုိင္ရင္ေတာင္ သံုးခါမွာ တစ္ခါေတာ့ လုပ္ေပးသင့္ပါတယ္။ အျခားေသာ မိတ္ေဆြေတြနဲ႔ ေတြ႔ဆံုမယ့္အခ်ိန္မွာ မိသားစုကုိ ဖဲဲ့ေပးသင့္ပါတယ္။

၅။ နားလည္မႈေပးႏိုင္ျခင္း

အိမ္ေထာင္ေရးတစ္ခုမွာ တစ္ေယာက္နဲ႔တစ္ေယာက္နားလည္မႈ အျပည့္ေပးႏုိင္မွသာလွ်င္ သာယာတဲ့ အိမ္ေထာာင္ေရးျဖစ္မွာ ျဖစ္ပါတယ္။ သဝန္တုိတာ၊ နားလည္မႈလဲြတာ၊ သည္းမခံႏုိင္တာေတြလည္း ျဖစ္ႏုိင္ပါတယ္။ ဒါေၾကာင့္ကုိယ့္အိမ္ေထာင္ဖက္ကို သည္းခံနားလည္ေပးႏုိင္မယ္ဆုိရင္ အိမ္ေထာင္ေရးက ပုိၿပီး တည္ၿမဲလာေစႏုိင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: myanmaplatform

#Unicode Version# ျဖင့္ဖတ္ပါ ။

အိမ်ထောင်ရေးဆိုတာကခက်ခဲပါတယ်။ ရုပ်ရှင်တွေထဲကလို မေတ္တာမျှလို့ လက်ထပ်တယ်။ ကလေးမွေးတယ်၊ ချမ်းသာအောင် ကြိုးစားတာကိုကြည့်ပြီး လွယ်ကူတယ်လို့ မထင်ပါနဲ့။ လက်တွေ့မှာကတော့ အိမ်ထောင်ရေး စံချိန်တွေသတ်မှတ်ချက်တွေလဲ ရှိနေပါတယ်။ အိမ်ထောင်ရေးဆိုတာ အချိန်တွေကြာလာလေ ဆက်ဆံရေးနဲ့ ပြောင်းလဲမှုတွေ စိန်ခေါ်မှုတွေ ပိုများလာလေဖြစ်ပါတယ်။ ဒါကြောင့် အိမ်ထောင်ရေးတည်မြဲအောင် ဘယ်လို ထိန်းသိမ်းကြမလဲဆိုတာကို ပြောပြလိုက်ပါတယ်နော်။

၁။ တစ်ယောက်စကားကိုတစ်ယောက် နားထောင်ခြင်း

အိမ်ထောင်ကျပြီဆိုတာနဲ့ အဓိက နားလည်ပေးရမယ့်အချက်တွေထဲက တစ်ခုဖြစ်ပါတယ်။ အိမ်ထောင်ကျပြီး စိတ်ချမ်းသာကိုယ်ချမ်းသာနဲ့ နေထိုင်နိုင်ဖို့အတွက် တစ်ယောက်စကားကို တစ်ယောက်က နားထောင်ပေးမယ်ဆိုရင် ဘဝလမ်းခရီးမှာ ကြုံလာတဲ့ ပြဿနာနဲ့ အခက်အခဲတွေကို ရင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။


၂။ စိတ်ခံစားချက်တွေနဲ့ ပတ်သက်ပြီး တိုင်ပင်ခြင်း

အိမ်ထောင်ရေးတစ်ခုမှာ စိတ်ခံစားချက်နဲ့ ပတ်သက်တဲ့ အရာတွေကို မပြောဘဲ စိတ်ထဲမှာ အောင်းထားမယ်ဆိုရင် အချိန်ကြာလာတာနဲ့ အမျှ ရှုပ်ထွေးလာစေနိုင်ပါတယ်။ စိတ်ထဲမှာ ချုပ်တည်းထားတာများလာပြီဆိုရင် လေးစားဖို့ ခက်ခဲလာလေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် စိတ်ခံစားချက်နဲ့ ပတ်သက်တဲ့ ပျော်ရွှင်စရာကောင်းတဲ့ အရာဖြစ်ဖြစ် ဝမ်းနည်းစရာကောင်းတဲ့ အရာဖြစ်ဖြစ် လင်မယားချင်း ပွင့်လင်းစွာ တိုင်ပင်သင့်ပါတယ်။ ဒီလိုတိုင်ပင်ချင်းက စိတ်စွမ်းအားကိုလည်း တိုးမြှင့်ပေးနိုင်တာကို တွေ့မြင်နိုင်ပါတယ်။

၃။ အိမ်ထောင်ဖက်တွေရဲ့ ဘာသာစကားကို လေ့လာခြင်း

အိမ်ထောင်ကျပြီဆိုပေမယ့် အိမ်ထောင်ရေးဘာသာစကားဆိုတာလည်း ရှိပါတယ်။ ဒါကိုလည်း နားလည်ထားဖို့လိုအပ်ပါတယ်။ မိန်းမစိတ်ဆိုးနေရင်ချော့တာ၊ စိတ်ကောက်တာချော့တာ တွေကလည်း အိမ်ထောင်ရေး ဘာသာစကားတစ်ခုဖြစ်ပါတယ်။ မိန်းကလေးဆိုတာက ကိုယ့်ကို တန်းဖိုးထားပြီး ချစ်တာ၊ ကတိပေးပြီး ကတိတည်တာ၊ တွေက အစလေ့လာထားဖို့လည်း လိုအပ်ပါတယ်။


၄။ No ဆိုတဲ့ စကားထက် Yes ဆိုတာကိုပြောခြင်း

အိမ်ထောင်ရေးမှာ တစ်ယောက်လိုအပ်ချက်ကို တစ်ယောက်က မဖြည့်ဆည်းပေးနိုင်ဘူးဆိုရင် စိတ်ခုလာတတ်ပါတယ်။ လိုအပ်ချက်တိုင်းကို မဖြည့်ဆည်းပေးနိုင်ရင်တောင် သုံးခါမှာ တစ်ခါတော့ လုပ်ပေးသင့်ပါတယ်။ အခြားသော မိတ်ဆွေတွေနဲ့ တွေ့ဆုံမယ့်အချိန်မှာ မိသားစုကို ဖဲ့ပေးသင့်ပါတယ်။

၅။ နားလည်မှုပေးနိုင်ခြင်း

အိမ်ထောင်ရေးတစ်ခုမှာ တစ်ယောက်နဲ့တစ်ယောက်နားလည်မှု အပြည့်ပေးနိုင်မှသာလျှင် သာယာတဲ့ အိမ်ထောာင်ရေးဖြစ်မှာ ဖြစ်ပါတယ်။ သဝန်တိုတာ၊ နားလည်မှုလွဲတာ၊ သည်းမခံနိုင်တာတွေလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့်ကိုယ့်အိမ်ထောင်ဖက်ကို သည်းခံနားလည်ပေးနိုင်မယ်ဆိုရင် အိမ်ထောင်ရေးက ပိုပြီး တည်မြဲလာစေနိုင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: myanmaplatform
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top