၂၀၁၈ ခုနွစ္အတြင္း ေက်ာက္ဆည္ၿမိဳ႕ေပၚတြင္ တရားမဝင္သယ္ေဆာင္လာေသာ ပိေတာက္သစ္တင္ကားတစ္စီးကို တာဝန္သိ ရဲတပ္သား၅ဦးမွ ဖမ္းဆီးေပးခဲ့သျဖင့္ ျပည္သူမ်ားက ဆုမ်ားခ်ီးျမႇင့္ေပးခဲ့ၿပီး သစ္ကားနွင့္အတူပါလာေသာ ယာဥ္ေမာင္းနွင့္ ယာဥ္ေနာက္လိုက္ျဖစ္သူအား လႊတ္ေပးကာ ပိုင္ရွင္မဲ့ျပဳလုပ္ခဲ့ေသာ ရဲအရာရွိ ၄ဦးနွင့္ ရဲဒုတပ္ၾကပ္တစ္ဦးအား ရဲစည္းကမ္းဥပေဒျဖင့္ အေရးယူေထာင္ခ်ခဲ့ၿပီး ၎ျဖစ္စဥ္ကို ေက်ာက္ဆည္ၿမိဳ႕ရွိ အရပ္ဖက္အဖြဲ႕အစည္းျဖစ္ေသာ ၈၈မ်ိဳးဆက္သစ္အဖြဲ႕မွ ဦးကိုကိုလြင္ ဦးစိုးသီဟ တို႔နွင့္ပူးေပါင္းကာ တာဝန္သိရဲဝန္ထမ္း၅ဦးက ျပည္ထဲေရးဝန္ႀကီးထံ လက္မွတ္ထိုးတိုင္ၾကားေစခဲ့ေသာေၾကာင့္ ယခုကဲ့သို႔ မသမာမႈကိုေဖာ္ထုတ္နိုင္ခဲ့ျခင္းျဖစ္ပါတယ္။
သစ္ကားဖမ္းဆီးစဥ္မွာလဲ အသက္အႏၲရာယ္ျဖစ္ေစနိုင္ေလာက္သည္အထိ ႀကံဳေတြ႕ခဲ့ရေသာ္လည္း အနည္းငယ္မွေၾကာက္႐ြံ႕မႈမျဖစ္ေစဘဲ သတၲိရွိရွိ တာဝန္သိသိျဖင့္ လုပ္ေဆာင္ခဲ့တယ္လို႔ ရဲတပ္သား၅ဦးမွ ေျပာျပခဲ့ပါတယ္။ ၎သစ္တင္ကားအားဖမ္းဆီးၿပီးေနာက္ တစ္ပတ္အတြင္းမွာပဲ ေက်ာက္ဆည္ၿမိဳ႕ေပၚရွိ ပိြဳင့္သစ္ စားေသာက္ဆိုင္၌ မူးယစ္ေဆးဝါး အေရာင္းအဝယ္လုပ္ ကိုင္ေနေသာ လူနွစ္ဦးအား ေဆးျပားတစ္ေထာင္ေက်ာ္ခန္႔နွင့္အတူ အသြင္ယူကာ ဦးစိုးသီဟ ကိုမ်ိဳးမင္းဝင္းတို႔ႏွင့္ ပူေပါင္းကာဖမ္းဆီး၌ ေက်ာက္ဆည္ၿမိဳ႕မရဲစခန္းသို႔အပ္နွံခဲ့ၾကပါတယ္။
ေနာက္ရက္မ်ားတြင္လည္း တာဝန္သိရဲဝန္ထမ္းမ်ားဟာ ေက်ာက္ဆည္ၿမိဳ႕ေပၚရွိ တရားမဝင္လုပ္ကိုင္ေနေသာလုပ္ငန္းမ်ားကို ဖမ္းဆီးရွင္းလင္းရန္ ၈၈မ်ိဳးဆက္သစ္အဖြဲ႕မွ ကိုစိုးသီဟတို႔နွင့္ မၾကာခဏတိုင္ပင္ျဖစ္ၿပီး ေနာက္လပိုင္းအတြင္းမွာပဲ ရဲတပ္သားနွစ္ဦးျဖစ္တဲ့ ရဲတပ္သားေက်ာ္စိုးဝင္းနွင့္ ရဲတပ္သားရဲလင္းစိုးတို႔ဟာအထက္လူႀကီးမ်ားရဲ႕ မလိုမုန္းထားခံရျခင္းေၾကာင့္ ရဲစည္းကမ္းဥပေဒမ်ားျဖင့္ ေထာင္ ၁နွစ္စီက်ခဲ့ရပါတယ္။
က်န္ရွိေသာ ရဲတပ္သား၃ဦးျဖစ္ၾကတဲ့ ကိုထြန္းထြန္းဝင္း ကိုခ်စ္ကို ကိုေဇယ်ာေမာင္တို႔ဟာ ဘာဘဲျဖစ္ျဖစ္ မေၾကာက္မ႐ြံ႕ဘဲ တာဝန္သိသိသစၥာရွိရွိနဲ႔ ျပည္သူ႔ဝန္ထမ္းေကာင္းျဖစ္ေအာင္ဆက္ႀကိဳးစားမယ္လို႔ဆံုးျဖတ္ၿပီး ေက်ာက္ဆည္ၿမိဳ႕ေပၚရွိ တရားမဝင္လုပ္ငန္းမ်ားကို စံုစမ္းၿပီး မၾကာခင္မွာဘဲ ရဲတပ္သားမ်ားဟာ ေက်ာက္ဆည္စက္မႈဇံုသြား ကားလမ္းေဘးရွိ တရားမဝင္သတၱဳမ်ားလုပ္ကိုင္ေနၿပီး တရုတ္ျပည္သို႔ ထုခြဲကာေရာင္းစားေနေသာ ကာလတန္ေၾကးသိန္းေပါင္းမ်ားစြာတန္ဖိုးရွိေသာ
သတၱဳမ်ား တြဲကားနွစ္စီးနွင့္ တရားခံမ်ားကိုဖမ္းဆီးကာစခန္းသို႔အပ္နွံၿပီး တန္ဖိုးမ်ားစြာရွိသတၲဳမ်ား ထုတ္လုပ္ေနေသာစက္ပစၥည္းမ်ား သံုးစြဲေနေသာလိုင္စင္မဲ့ ေမာ္ေတာ္ယာဥ္မ်ား သာမန္ေက်ာက္ခြဲစက္ဟန္ျပ ထားၿပီး ထုတ္လုပ္ေနေသာ ၎စက္ရံုေနရာအား ဖမ္းဆီးေစရန္ အထက္လူႀကီးမ်ားအား ေျပာျပသတင္းပို႔ေသာ္လည္း ၎ပစၥည္းမ်ားအား ျပည္သူပိုင္အျဖစ္ဖမ္းဆီး ထိမ္းသိမ္းျခင္းမျပဳဘဲ စစ္ေဆးဟန္ျပဳကာ လိုင္စင္မဲ့ေမာ္ေတာ္ယာဥ္မ်ားကိုလဲ လြတ္ေပးခဲ့ပါသည္။

ထို႔ေနာက္တြင္လဲ 7Day New ဂ်ာနယ္မွ 7Day Hero ဆုမ်ားနွင့္ ဆုေငြမ်ားခ်ီးျမႇင့္ခဲ့ၿပီး ရဲတပ္သားထြန္းထြန္းဝင္းနွင့္ ရဲတပ္သားခ်စ္ကို တို႔ဟာ ရရွိေသာဆုမ်ားကို ကိုယ္က်ိဳးအတြက္သံုးစြဲျခင္းမျပဳဘဲ တခ်ိဳ႕ကိုလွဴဒါန္းၿပီး က်န္ရွိေသာဆုေငြမ်ားကို ေက်ာက္ဆည္ၿမိဳ႕ေပၚရွိတရားမဝင္လုပ္ကိုင္ေနေသာ လုပ္ငန္းမ်ားကို စံုစမ္းရန္သံုးစြဲခဲ့ၾကၿပီး။ ယခု ၂၀၁၉.၄.၆ ရက္ေန႔တြင္ ေက်ာက္ဆည္ခရိုင္ ရဲရမန္းေဒသမွ ျပည္သူပိုင္သစ္မ်ား တရားမဝင္ခိုးထုတ္ေနေသာ သစ္တင္ကား ၄စီး ဆိုင္ကယ္ ၁စီး တရားခံ ၁၀ဦးကို ဖမ္းဆီးကာ ေက်ာက္ဆည္ၿမိဳ႕မရဲစခန္းသို႔ ကိုယ္တိုင္ေမာင္းနွင္အပ္နွံခဲ့ၾကပါတယ္။
ဖမ္းဆီးစဥ္အခ်ိန္ကလဲ အရပ္ဖက္အဖြဲ႕အစည္းျဖစ္တဲ့ ၈၈မ်ိဳးဆက္သစ္အဖြဲ႕မွ ကိုစိုးသီဟ ဖမ္းဆီးသည့္သမန္းသာေက်း႐ြာမွ အုပ္ခ်ဳပ္ေရးမွဴးနွင႔္အဖြဲ႕မ်ား တာဝန္သိျပည္သူ၅ဦးနွင့္ဖမ္းဆီးခဲ့ၿပီး ရဲစခန္း ၿမိဳ႕နယ္မွဴး ခရိုင္အထိ ဖုန္းဆက္အကူအညီေတာင္းပါေသာ္လည္း တစ္ဦးတစ္ေယာက္မွလာေရာက္ အကူအညီေပးျခင္းမရိသည့္အျပင္ ၃ရက္ခန္႔မအိပ္မေန ေစာင့္ဆိုင္းဖမ္းဆီးခဲ့သည္။ တာဝန္သိျပည္သူမ်ားနွင့္ဝန္ထမ္းမ်ားကို ပါဝင္ဖမ္းဆီးသည္ဟုသတင္းမထုတ္ျပန္ဘဲ ေက်ာက္ဆည္ခရိုင္ရဲတပ္ဖြဲ႕ ေက်ာက္ဆည္ၿမိဳ႕မရဲစခန္းမွတပ္ဖြဲ႕ဝင္မ်ား ရဲ႐ြာရဲစခန္းမွ တပ္ဖြဲ႕ဝင္မ်ား ၿမိဳ႕နယ္ခရိုင္မွ သစ္ေတာဝန္ထမ္းမ်ားက ပူးေပါင္းဖမ္းဆီးသည္ဟု သတင္းအမွားမ်ားထုတ္ျပန္ခဲ့ပါသည္။
ယခင္ကဖမ္းဆီးခဲ့ေသာ သစ္ေမွာင္ခိုကား မူးယစ္ေဆးဝါးအမႈမ်ား သိန္းေပါင္းမ်ားစြာတန္ဖိုးရွိတရားမ ဝင္သတၱဳကားမ်ား ယခုသစ္ေမွာင္ခိုကားမ်ား တရားခံမ်ား တာဝန္သိျပည္သူမ်ားနွင့္ဝန္ထမ္းေကာင္းမ်ားက ဖမ္းဆီးထားသည္ကို သတင္းအမွန္မထုတ္ျပန္ဘဲ တာဝန္မသိ ဝန္ထမ္းက သူတို႔ကိုယ္တိုင္ပူးေပါင္းဖမ္းဆီးထားပါတယ္လို႔ သတင္းထုတ္ျပန္တာဟာ ျပည္သူကို ဒီေကာင္ေတြ ငါတို႔လုပ္ခ်င္သလိုလုပ္ေနတာ ဘာမွမသိပါဘူးကြာ ဆိုတဲ့ပံုစံလုပ္ေနတာပါပဲ။
တကယ့္ဖမ္းဆီးခဲ့ၿပီး တကယ္အလုပ္လုပ္ခဲ့ၾကတဲ့ တာဝန္သိဝန္ထမ္းမ်ားျဖစ္ၾကတဲ့ ကိုထြန္းထြန္းဝင္း နွင့္ ကိုခ်စ္ကို တို႔အား လုပ္ပိုင္ခြင့္နွင့္မညီဘဲ ေက်ာက္ဆည္ၿမိဳ႕နွင့္ေဝးရာအား ေျပာင္းေ႐ႊ့ေစရန္ ယခုအမိန္႔ထုတ္လိုက္ၿပီျဖစ္ၿပီး တဝန္သိဝန္ထမ္းမ်ားက မဲဇာအပို႔ခံရၿပီျဖစ္ရာ ထိုလုပ္ရပ္သည္ ေက်ာက္ဆည္ၿမိဳ႕သူ/သား မ်ားနွင့္ ျပည္သူလူထုအား စိန္ေခၚလိုက္ၿပီျဖစ္ရာ ဒီလိုတာဝန္သိဝန္ထမ္းေကာင္းမ်ားအား ေျပာင္းေ႐ႊ့လိုက္တာဟာ ေက်ာက္ဆည္ၿမိဳ႕နယ္အတြက္ နွေျမာဖြယ္ရာေကာင္းလွၿပီး ၁၀၀ မွာ ၁ေယာက္ရွားပါးလွတဲ့ ရဲဝန္ထမ္းေလးမ်ားကို ျပည္သူကဝန္းရံေပးၾကပါလို႔တိုက္တြန္းခ်င္ပါတယ္ခင္ဗ်ာ။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: thutasone
#Unicode Version# ျဖင့္ဖတ္ပါ ။
“ပြည်သူချစ်သော တာဝန်သိ ပြည်သူ့ရဲဝန်ထမ်းကောင်းများကို ကူညီကြပါစို့”
၂၀၁၈ ခုနှစ်အတွင်း ကျောက်ဆည်မြို့ပေါ်တွင် တရားမဝင်သယ်ဆောင်လာသော ပိတောက်သစ်တင်ကားတစ်စီးကို တာဝန်သိ ရဲတပ်သား၅ဦးမှ ဖမ်းဆီးပေးခဲ့သဖြင့် ပြည်သူများက ဆုများချီးမြှင့်ပေးခဲ့ပြီး သစ်ကားနှင့်အတူပါလာသော ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်ဖြစ်သူအား လွှတ်ပေးကာ ပိုင်ရှင်မဲ့ပြုလုပ်ခဲ့သော ရဲအရာရှိ ၄ဦးနှင့် ရဲဒုတပ်ကြပ်တစ်ဦးအား ရဲစည်းကမ်းဥပဒေဖြင့် အရေးယူထောင်ချခဲ့ပြီး ၎င်းဖြစ်စဉ်ကို ကျောက်ဆည်မြို့ရှိ အရပ်ဖက်အဖွဲ့အစည်းဖြစ်သော ၈၈မျိုးဆက်သစ်အဖွဲ့မှ ဦးကိုကိုလွင် ဦးစိုးသီဟ တို့နှင့်ပူးပေါင်းကာ တာဝန်သိရဲဝန်ထမ်း၅ဦးက ပြည်ထဲရေးဝန်ကြီးထံ လက်မှတ်ထိုးတိုင်ကြားစေခဲ့သောကြောင့် ယခုကဲ့သို့ မသမာမှုကိုဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။
သစ်ကားဖမ်းဆီးစဉ်မှာလဲ အသက်အန္တရာယ်ဖြစ်စေနိုင်လောက်သည်အထိ ကြုံတွေ့ခဲ့ရသော်လည်း အနည်းငယ်မှကြောက်ရွံ့မှုမဖြစ်စေဘဲ သတ္တိရှိရှိ တာဝန်သိသိဖြင့် လုပ်ဆောင်ခဲ့တယ်လို့ ရဲတပ်သား၅ဦးမှ ပြောပြခဲ့ပါတယ်။ ၎င်းသစ်တင်ကားအားဖမ်းဆီးပြီးနောက် တစ်ပတ်အတွင်းမှာပဲ ကျောက်ဆည်မြို့ပေါ်ရှိ ပွိုင့်သစ် စားသောက်ဆိုင်၌ မူးယစ်ဆေးဝါး အရောင်းအဝယ်လုပ် ကိုင်နေသော လူနှစ်ဦးအား ဆေးပြားတစ်ထောင်ကျော်ခန့်နှင့်အတူ အသွင်ယူကာ ဦးစိုးသီဟ ကိုမျိုးမင်းဝင်းတို့နှင့် ပူပေါင်းကာဖမ်းဆီး၌ ကျောက်ဆည်မြို့မရဲစခန်းသို့အပ်နှံခဲ့ကြပါတယ်။
နောက်ရက်များတွင်လည်း တာဝန်သိရဲဝန်ထမ်းများဟာ ကျောက်ဆည်မြို့ပေါ်ရှိ တရားမဝင်လုပ်ကိုင်နေသောလုပ်ငန်းများကို ဖမ်းဆီးရှင်းလင်းရန် ၈၈မျိုးဆက်သစ်အဖွဲ့မှ ကိုစိုးသီဟတို့နှင့် မကြာခဏတိုင်ပင်ဖြစ်ပြီး နောက်လပိုင်းအတွင်းမှာပဲ ရဲတပ်သားနှစ်ဦးဖြစ်တဲ့ ရဲတပ်သားကျော်စိုးဝင်းနှင့် ရဲတပ်သားရဲလင်းစိုးတို့ဟာအထက်လူကြီးများရဲ့ မလိုမုန်းထားခံရခြင်းကြောင့် ရဲစည်းကမ်းဥပဒေများဖြင့် ထောင် ၁နှစ်စီကျခဲ့ရပါတယ်။
ကျန်ရှိသော ရဲတပ်သား၃ဦးဖြစ်ကြတဲ့ ကိုထွန်းထွန်းဝင်း ကိုချစ်ကို ကိုဇေယျာမောင်တို့ဟာ ဘာဘဲဖြစ်ဖြစ် မကြောက်မရွံ့ဘဲ တာဝန်သိသိသစ္စာရှိရှိနဲ့ ပြည်သူ့ဝန်ထမ်းကောင်းဖြစ်အောင်ဆက်ကြိုးစားမယ်လို့ဆုံးဖြတ်ပြီး ကျောက်ဆည်မြို့ပေါ်ရှိ တရားမဝင်လုပ်ငန်းများကို စုံစမ်းပြီး မကြာခင်မှာဘဲ ရဲတပ်သားများဟာ ကျောက်ဆည်စက်မှုဇုံသွား ကားလမ်းဘေးရှိ တရားမဝင်သတ္တုများလုပ်ကိုင်နေပြီး တရုတ်ပြည်သို့ ထုခွဲကာရောင်းစားနေသော ကာလတန်ကြေးသိန်းပေါင်းများစွာတန်ဖိုးရှိသော
သတ္တုများ တွဲကားနှစ်စီးနှင့် တရားခံများကိုဖမ်းဆီးကာစခန်းသို့အပ်နှံပြီး တန်ဖိုးများစွာရှိသတ္တုများ ထုတ်လုပ်နေသောစက်ပစ္စည်းများ သုံးစွဲနေသောလိုင်စင်မဲ့ မော်တော်ယာဉ်များ သာမန်ကျောက်ခွဲစက်ဟန်ပြ ထားပြီး ထုတ်လုပ်နေသော ၎င်းစက်ရုံနေရာအား ဖမ်းဆီးစေရန် အထက်လူကြီးများအား ပြောပြသတင်းပို့သော်လည်း ၎င်းပစ္စည်းများအား ပြည်သူပိုင်အဖြစ်ဖမ်းဆီး ထိမ်းသိမ်းခြင်းမပြုဘဲ စစ်ဆေးဟန်ပြုကာ လိုင်စင်မဲ့မော်တော်ယာဉ်များကိုလဲ လွတ်ပေးခဲ့ပါသည်။
ထို့နောက်တွင်လဲ 7Day New ဂျာနယ်မှ 7Day Hero ဆုများနှင့် ဆုငွေများချီးမြှင့်ခဲ့ပြီး ရဲတပ်သားထွန်းထွန်းဝင်းနှင့် ရဲတပ်သားချစ်ကို တို့ဟာ ရရှိသောဆုများကို ကိုယ်ကျိုးအတွက်သုံးစွဲခြင်းမပြုဘဲ တချို့ကိုလှူဒါန်းပြီး ကျန်ရှိသောဆုငွေများကို ကျောက်ဆည်မြို့ပေါ်ရှိတရားမဝင်လုပ်ကိုင်နေသော လုပ်ငန်းများကို စုံစမ်းရန်သုံးစွဲခဲ့ကြပြီး။ ယခု ၂၀၁၉.၄.၆ ရက်နေ့တွင် ကျောက်ဆည်ခရိုင် ရဲရမန်းဒေသမှ ပြည်သူပိုင်သစ်များ တရားမဝင်ခိုးထုတ်နေသော သစ်တင်ကား ၄စီး ဆိုင်ကယ် ၁စီး တရားခံ ၁၀ဦးကို ဖမ်းဆီးကာ ကျောက်ဆည်မြို့မရဲစခန်းသို့ ကိုယ်တိုင်မောင်းနှင်အပ်နှံခဲ့ကြပါတယ်။
ဖမ်းဆီးစဉ်အချိန်ကလဲ အရပ်ဖက်အဖွဲ့အစည်းဖြစ်တဲ့ ၈၈မျိုးဆက်သစ်အဖွဲ့မှ ကိုစိုးသီဟ ဖမ်းဆီးသည့်သမန်းသာကျေးရွာမှ အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့များ တာဝန်သိပြည်သူ၅ဦးနှင့်ဖမ်းဆီးခဲ့ပြီး ရဲစခန်း မြို့နယ်မှူး ခရိုင်အထိ ဖုန်းဆက်အကူအညီတောင်းပါသော်လည်း တစ်ဦးတစ်ယောက်မှလာရောက် အကူအညီပေးခြင်းမရိသည့်အပြင် ၃ရက်ခန့်မအိပ်မနေ စောင့်ဆိုင်းဖမ်းဆီးခဲ့သည်။ တာဝန်သိပြည်သူများနှင့်ဝန်ထမ်းများကို ပါဝင်ဖမ်းဆီးသည်ဟုသတင်းမထုတ်ပြန်ဘဲ ကျောက်ဆည်ခရိုင်ရဲတပ်ဖွဲ့ ကျောက်ဆည်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ ရဲရွာရဲစခန်းမှ တပ်ဖွဲ့ဝင်များ မြို့နယ်ခရိုင်မှ သစ်တောဝန်ထမ်းများက ပူးပေါင်းဖမ်းဆီးသည်ဟု သတင်းအမှားများထုတ်ပြန်ခဲ့ပါသည်။
ယခင်ကဖမ်းဆီးခဲ့သော သစ်မှောင်ခိုကား မူးယစ်ဆေးဝါးအမှုများ သိန်းပေါင်းများစွာတန်ဖိုးရှိတရားမ ဝင်သတ္တုကားများ ယခုသစ်မှောင်ခိုကားများ တရားခံများ တာဝန်သိပြည်သူများနှင့်ဝန်ထမ်းကောင်းများက ဖမ်းဆီးထားသည်ကို သတင်းအမှန်မထုတ်ပြန်ဘဲ တာဝန်မသိ ဝန်ထမ်းက သူတို့ကိုယ်တိုင်ပူးပေါင်းဖမ်းဆီးထားပါတယ်လို့ သတင်းထုတ်ပြန်တာဟာ ပြည်သူကို ဒီကောင်တွေ ငါတို့လုပ်ချင်သလိုလုပ်နေတာ ဘာမှမသိပါဘူးကွာ ဆိုတဲ့ပုံစံလုပ်နေတာပါပဲ။
တကယ့်ဖမ်းဆီးခဲ့ပြီး တကယ်အလုပ်လုပ်ခဲ့ကြတဲ့ တာဝန်သိဝန်ထမ်းများဖြစ်ကြတဲ့ ကိုထွန်းထွန်းဝင်း နှင့် ကိုချစ်ကို တို့အား လုပ်ပိုင်ခွင့်နှင့်မညီဘဲ ကျောက်ဆည်မြို့နှင့်ဝေးရာအား ပြောင်းရွှေ့စေရန် ယခုအမိန့်ထုတ်လိုက်ပြီဖြစ်ပြီး တဝန်သိဝန်ထမ်းများက မဲဇာအပို့ခံရပြီဖြစ်ရာ ထိုလုပ်ရပ်သည် ကျောက်ဆည်မြို့သူ/သား များနှင့် ပြည်သူလူထုအား စိန်ခေါ်လိုက်ပြီဖြစ်ရာ ဒီလိုတာဝန်သိဝန်ထမ်းကောင်းများအား ပြောင်းရွှေ့လိုက်တာဟာ ကျောက်ဆည်မြို့နယ်အတွက် နှမြောဖွယ်ရာကောင်းလှပြီး ၁၀၀ မှာ ၁ယောက်ရှားပါးလှတဲ့ ရဲဝန်ထမ်းလေးများကို ပြည်သူကဝန်းရံပေးကြပါလို့တိုက်တွန်းချင်ပါတယ်ခင်ဗျာ။
ဖိုးသူတော် (www.phothutaw.com)
Credit: thutasone