တာခ်ီလိတ္ၿမိဳ႕၊ မကာအိုခမ္းရပ္ကြက္က ျမလင္းပြင့္ဟိုတယ္မွာ ဟုိတယ္အခန္းမွားဖြင့္မိသူကို ထုိင္းႏိုင္ငံသား တစ္ဦးက ေသနတ္နဲ႔ (၂)ခ်က္ ပစ္ခတ္မႈ ဧၿပီလ (၃)ရက္ မနက္ (၂)နာရီခန္႔က ျဖစ္ပြားခဲ့ပါတယ္။

ဧၿပီလ (၃)ရက္ မနက္အေစာ (၂)နာရီခန္႔က က်ရွီးဘုိဆုိသူဟာ ျမလင္းပြင့္ဟုိတယ္မွာေနထုိင္တဲ့ သူငယ္ခ်င္းျဖစ္သူရဲ႕ အခန္းဟုထင္မွတ္ၿပီး အခန္းတံခါးဖြင့္ခဲ့ရာ ၎သူငယ္ခ်င္းအခန္းမဟုတ္ အျခား အခန္းတစ္ခန္းကို မွားဖြင့္မိခဲ့ပါတယ္။

အခန္းမွားဖြင့္မိစဥ္ အခန္းထဲမွာ အမ်ိဳးသား (၅)ဦးခန္႔ စုေဝးထုိင္ေနၿပီး ၎တုိ႔ထဲက ထုိင္းႏိုင္ငံသားတစ္ဦးက အခန္းမွားဖြင့္မိတဲ့ က်ရွီးဘုိကို ေသနတ္နဲ႔ (၂)ခ်က္ပစ္ခဲ့တာျဖစ္ပါတယ္။ ေသနတ္ဒဏ္ရာေၾကာင့္ က်ရွီးဘုိဟာ ေဆးရံုးမွာ စိုးရိမ္ရလူနာအျဖစ္ တက္ေရာက္ကုခံမႈ ခံယူခဲ့ရပါတယ္။

ေသနတ္နဲ႔ ပစ္ခဲ့တဲ့ ထုိင္းႏိုင္ငံသား ကီရာဒက္ဟာ ထြက္ေျပးလြတ္ေျမာက္ေနၿပီး ၎ကို တာခ်ီလိတ္ၿမိဳ႕မရဲ႕စခန္းမွာ ရာဇသတ္ႀကီး ဥပေဒပုဒ္မ (၃၀၇)နဲ႔ အမႈဖြင့္ ေဆာင္ရြက္ထားပါတယ္။

ဒါ့အျပင္ ထုိင္းႏိုင္ငံသားရဲ႕ အခန္းထဲမွာ စိတ္ၾကြေဆးျပား (၇)ျပားနဲ႔ အုိက္စ္အနည္းငယ္ကို စစ္ေဆးေတြ႔ရွိတာေၾကာင့္ မူးယစ္ေဆးဝါးမႈနဲ႔ပါ ထပ္မံအေရးယူထားတယ္လုိ႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေရႊႀတိဂံေဒသသတင္း

#Unicode Version# ျဖင့္ဖတ္ပါ ။

တာချီလိတ်မြို့၊ မကာအိုခမ်းရပ်ကွက်က မြလင်းပွင့်ဟိုတယ်မှာ ဟိုတယ်အခန်းမှားဖွင့်မိသူကို ထိုင်းနိုင်ငံသား တစ်ဦးက သေနတ်နဲ့ (၂)ချက် ပစ်ခတ်မှု ဧပြီလ (၃)ရက် မနက် (၂)နာရီခန့်က ဖြစ်ပွားခဲ့ပါတယ်။

ဧပြီလ (၃)ရက် မနက်အစော (၂)နာရီခန့်က ကျရှီးဘိုဆိုသူဟာ မြလင်းပွင့်ဟိုတယ်မှာနေထိုင်တဲ့ သူငယ်ချင်းဖြစ်သူရဲ့ အခန်းဟုထင်မှတ်ပြီး အခန်းတံခါးဖွင့်ခဲ့ရာ ၎င်းသူငယ်ချင်းအခန်းမဟုတ် အခြား အခန်းတစ်ခန်းကို မှားဖွင့်မိခဲ့ပါတယ်။

အခန်းမှားဖွင့်မိစဉ် အခန်းထဲမှာ အမျိုးသား (၅)ဦးခန့် စုဝေးထိုင်နေပြီး ၎င်းတို့ထဲက ထိုင်းနိုင်ငံသားတစ်ဦးက အခန်းမှားဖွင့်မိတဲ့ ကျရှီးဘိုကို သေနတ်နဲ့ (၂)ချက်ပစ်ခဲ့တာဖြစ်ပါတယ်။ သေနတ်ဒဏ်ရာကြောင့် ကျရှီးဘိုဟာ ဆေးရုံးမှာ စိုးရိမ်ရလူနာအဖြစ် တက်ရောက်ကုခံမှု ခံယူခဲ့ရပါတယ်။

သေနတ်နဲ့ ပစ်ခဲ့တဲ့ ထိုင်းနိုင်ငံသား ကီရာဒက်ဟာ ထွက်ပြေးလွတ်မြောက်နေပြီး ၎င်းကို တာချီလိတ်မြို့မရဲ့စခန်းမှာ ရာဇသတ်ကြီး ဥပဒေပုဒ်မ (၃၀၇)နဲ့ အမှုဖွင့် ဆောင်ရွက်ထားပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံသားရဲ့ အခန်းထဲမှာ စိတ်ကြွဆေးပြား (၇)ပြားနဲ့ အိုက်စ်အနည်းငယ်ကို စစ်ဆေးတွေ့ရှိတာကြောင့် မူးယစ်ဆေးဝါးမှုနဲ့ပါ ထပ်မံအရေးယူထားတယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: ရွှေတြိဂံဒေသသတင်း
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top