ထုိင္းေရာက္ျမန္မာမ်ား ျပည္တြင္းသို႔ မိုဘုိင္းဖုန္းမွ တစ္ ဆင့္ေငြလႊဲႏုိင္မည့္ စနစ္ကိုျမန္မာ ႏွင့္ ထုိင္းဗဟိုဘဏ္မ်ားက ဧၿပီ ၄ ရက္တြင္ ပထမဆံုးစတင္ခြင့္ ျပဳေၾကာင္း ထုိင္းဗဟိုဘဏ္က သတင္းထုတ္ျပန္သည္။

ျပည္တြင္းမွ ေရႊဘဏ္ႏွင့္ ထုိင္းႏုိင္ငံမွ Krungthai ဘဏ္ (KTB) တုိ႔ပူးေပါင္းေဆာင္ရြက္ သည့္ Everex အမည္ျဖင့္ခြင့္ျပဳ ျခင္းျဖစ္ၿပီး ထိုင္းမွ ျမန္မာႏုိင္ငံသို႔ KTB မိုဘိုင္းဘဏ္စနစ္ (Mobile Banking) ျဖင့္အခ်ိန္၊ ေနရာမ ေရြးေငြလႊဲေျပာင္းႏုိင္မည္ဟု ထိုင္းဗဟိုဘဏ္ ထုတ္ျပန္ခ်က္၌ေဖာ္ျပထားသည္။

ထုိသို႔လႊဲေျပာင္းရာတြင္ သတ္မွတ္ေငြလဲႏႈန္းအတုိင္း လႊဲ ေျပာင္းႏုိင္မည္ျဖစ္ၿပီး ျမန္မာႏုိင္ငံ ရွိေရႊဘဏ္ခြဲမ်ား၌ ျပန္လည္ထုတ္ ယူႏုိင္သလို ေရႊဘဏ္၏ ဘဏ္ စာရင္းထဲသို႔လည္း တုိက္႐ိုက္လႊဲ ေျပာင္းႏုိင္မည္ဟု ထုတ္ျပန္ထား သည္။
ထုိင္းႏုိင္ငံ ဆာမက္ဆာခြန္တြင္ အလုပ္သမားမွတ္ပုံတင္ရန္ ေစာင့္ဆုိင္းေနသည့္ ျမန္မာအပါအ၀င္ ေရႊ႕ေျပာင္းလုပ္သားမ်ား (ဓာတ္ပံု − အီးပီေအ)

ထုိင္းဗဟိုဘဏ္ ဥကၠ႒ Veerathai Santiprabhob က ‘‘ထိုင္းႏုိင္ငံမွာ အလုပ္လုပ္ေနတဲ့ မလံုၿခံဳတဲ့ ေငြျပန္ပို႔မႈလုပ္ငန္းေတြ ကို အသံုးျပဳေနရတဲ့ ျမန္မာႏုိင္ငံ သား သံုးသန္းအတြက္ အေရးႀကီး တဲ့ေျခလွမ္းတစ္ရပ္ျဖစ္တယ္’’ ဟု ဆိုသည္။

ျမန္မာႏုိင္ငံဗဟိုဘဏ္ဥကၠ႒ ဦးေက်ာ္ေက်ာ္ေမာင္က ျမန္မာ၊ ထိုင္းႏွစ္ႏုိင္ငံနယ္စပ္ျဖတ္ေက်ာ္ ေငြလႊဲမႈက ပိုမိုလံုၿခံဳၿပီး ျမန္ဆန္ လာမည္ဟု ေျပာၾကားေၾကာင္း ေၾကညာခ်က္တြင္ ေဖာ္ျပထား သည္။

မိုဘုိင္းဖုန္းသံုးဘဏ္စနစ္ကို အသံုးျပဳ၍ နယ္စပ္ျဖတ္ေက်ာ္ေငြ လႊဲႏုိင္ရန္ ထုိင္းအစိုးရပိုင္ KTB က မတ္လ ၂၈ ရက္တြင္အဆို ျပဳလႊာတင္ျပျခင္းျဖစ္သည္။ ဧၿပီ ၄ ရက္တြင္ က်င္းပသည့္အာ ဆီယံဗဟိုဘဏ္ႏွင့္ ဘ႑ာေရး ၀န္ႀကီးမ်ားအစည္းအေ၀းအၿပီး၌ ႏွစ္ဖက္ဗဟိုဘဏ္မ်ားက ခြင့္ျပဳခဲ့ သည္။

လက္ရွိတြင္ ထုိင္းႏုိင္ငံ၌ အလုပ္လုပ္သည့္ ျမန္မာမ်ား ျပည္တြင္းသို႔ ေငြျပန္ပို႔ရာတြင္ ဟြန္ဒီစနစ္သာအဓိက အသံုးျပဳေနသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit: 7daydaily

#Unicode Version#
ထိုင်းရောက်မြန်မာများ ပြည်တွင်းသို့ မိုဘိုင်းဖုန်းမှ တစ် ဆင့်ငွေလွှဲနိုင်မည့် စနစ်ကိုမြန်မာ နှင့် ထိုင်းဗဟိုဘဏ်များက ဧပြီ ၄ ရက်တွင် ပထမဆုံးစတင်ခွင့် ပြုကြောင်း ထိုင်းဗဟိုဘဏ်က သတင်းထုတ်ပြန်သည်။

ပြည်တွင်းမှ ရွှေဘဏ်နှင့် ထိုင်းနိုင်ငံမှ Krungthai ဘဏ် (KTB) တို့ပူးပေါင်းဆောင်ရွက် သည့် Everex အမည်ဖြင့်ခွင့်ပြု ခြင်းဖြစ်ပြီး ထိုင်းမှ မြန်မာနိုင်ငံသို့ KTB မိုဘိုင်းဘဏ်စနစ် (Mobile Banking) ဖြင့်အချိန်၊ နေရာမ ရွေးငွေလွှဲပြောင်းနိုင်မည်ဟု ထိုင်းဗဟိုဘဏ် ထုတ်ပြန်ချက်၌ဖော်ပြထားသည်။

ထိုသို့လွှဲပြောင်းရာတွင် သတ်မှတ်ငွေလဲနှုန်းအတိုင်း လွှဲ ပြောင်းနိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံ ရှိရွှေဘဏ်ခွဲများ၌ ပြန်လည်ထုတ် ယူနိုင်သလို ရွှေဘဏ်၏ ဘဏ် စာရင်းထဲသို့လည်း တိုက်ရိုက်လွှဲ ပြောင်းနိုင်မည်ဟု ထုတ်ပြန်ထား သည်။
ထိုင်းနိုင်ငံ ဆာမက်ဆာခွန်တွင် အလုပ်သမားမှတ်ပုံတင်ရန် စောင့်ဆိုင်းနေသည့် မြန်မာအပါအဝင် ရွှေ့ပြောင်းလုပ်သားများ (ဓာတ်ပုံ − အီးပီအေ)

ထိုင်းဗဟိုဘဏ် ဥက္ကဋ္ဌ Veerathai Santiprabhob က ‘‘ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့ မလုံခြုံတဲ့ ငွေပြန်ပို့မှုလုပ်ငန်းတွေ ကို အသုံးပြုနေရတဲ့ မြန်မာနိုင်ငံ သား သုံးသန်းအတွက် အရေးကြီး တဲ့ခြေလှမ်းတစ်ရပ်ဖြစ်တယ်’’ ဟု ဆိုသည်။

မြန်မာနိုင်ငံဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်က မြန်မာ၊ ထိုင်းနှစ်နိုင်ငံနယ်စပ်ဖြတ်ကျော် ငွေလွှဲမှုက ပိုမိုလုံခြုံပြီး မြန်ဆန် လာမည်ဟု ပြောကြားကြောင်း ကြေညာချက်တွင် ဖော်ပြထား သည်။

မိုဘိုင်းဖုန်းသုံးဘဏ်စနစ်ကို အသုံးပြု၍ နယ်စပ်ဖြတ်ကျော်ငွေ လွှဲနိုင်ရန် ထိုင်းအစိုးရပိုင် KTB က မတ်လ ၂၈ ရက်တွင်အဆို ပြုလွှာတင်ပြခြင်းဖြစ်သည်။ ဧပြီ ၄ ရက်တွင် ကျင်းပသည့်အာ ဆီယံဗဟိုဘဏ်နှင့် ဘဏ္ဍာရေး ဝန်ကြီးများအစည်းအဝေးအပြီး၌ နှစ်ဖက်ဗဟိုဘဏ်များက ခွင့်ပြုခဲ့ သည်။

လက်ရှိတွင် ထိုင်းနိုင်ငံ၌ အလုပ်လုပ်သည့် မြန်မာများ ပြည်တွင်းသို့ ငွေပြန်ပို့ရာတွင် ဟွန်ဒီစနစ်သာအဓိက အသုံးပြုနေသည်။


ဖိုးသူတော်(www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top