“ကြ်န္ေတာ္က စာရင္းကိုင္တစ္ေယာက္ျဖစ္ခ်င္ခ႔ဲေပမယ့္ အေျခအေနအရ ကြ်န္ေတာ္ဝါသနာပါတာကို လုပ္ခြင့္မရခဲ႔ပါဘူး။”

ဒီလိုေျပာလာသူကေတာ႔ ကိုညီညီျဖစ္ပါတယ္။သူကအသက္ ၁၁ ႏွစ္အရြယ္ကတည္းကစၿပီး ကားမေတာ္တဆမႈေၾကာင့္ ေျခေထာက္တစ္ဖက္ မသန္စြမ္းျဖစ္ခ႔ဲရတဲ႔ သူတစ္ဦးလည္းျဖစ္ပါတယ္။ သူကေတာ႔ အခုလက္ရွိ Association for Aid Relief,Japan မွ ဆံသဆရာအျဖစ္ အလုပ္လုပ္ကိုင္ေနတာ ခုႏွစ္ႏွစ္ရွိေနပါၿပီ။

ျမန္မာႏိုင္ငံက မသန္စြမ္းသူေတြမွာ ပင္ကိုယ္အရည္အခ်င္း ကိုယ္စီ၊ တခ်ိဳ႕လည္း အတတ္ပညာကိုယ္စီ သင္ယူတတ္ေျမာက္ထားၾကေပမယ့္ သူ႔တို႔အေပၚထားၾကတဲ့ လူေတြရဲ႕ လြဲမွားတဲ့ ေရွးရိုးစြဲ အျမင္သေဘာထားေတြ၊ ပတ္ဝန္းက်င္မွ ရုပ္ပိုင္းဆိုင္ရာ အတားအဆီးေတြေၾကာင့္ မသန္စြမ္းသူေတြ အလုပ္ခြင္ ဝင္ေရာက္ႏိုင္ဖို႔ ခက္ခဲေနဆဲ ျဖစ္တယ္လို႔ မသန္စြမ္းသူေတြရဲ႕ အခြင့္အေရး လႈပ္ရွားေတာင္းဆိုသူေတြက ဆိုၾကပါတယ္။

ဒါေၾကာင့္ ျမန္မာႏိုင္ငံမွာ မသန္စြမ္းေတြ ရဲ႕ အလုပ္အကိုင္ ရရွိမႈက ယခုအခ်ိန္ထိ အလွမ္းေဝးေနဆဲဲ ျဖစ္ပါတယ္။

မသန္စြမ္းမႈဆိုင္ရာ ကမာၻ ့အစီရင္ခံစာအရ မသန္စြမ္းအမ်ိဳးသားနဲ႔ အမ်ိဳးသမီးေတြရဲ႕အလုပ္အကိုင္ အခြင့္အလမ္းရရွိႏႈန္းက နိမ့္က်ေနပါတယ္။ ၂၀၁၄ ခုႏွစ္ ျမန္မာႏိုင္ငံလူဦးေရနဲ႔ အိမ္အေၾကာင္းအရာ သန္းေခါင္စာရင္း အစီရင္ခံစာအရ အသက္ (၁၅)ႏွစ္ နဲ႔ (၆၄)ႏွစ္အတြင္းရွိ မသန္စြမ္းသူေတြ လုပ္သားေစ်းကြက္အတြင္းမွာ ဝင္ေရာက္လုပ္ကိုင္ေနမႈႏႈန္းကလည္း ေလ်ာ့နည္းေနဆဲ ျဖစ္ပါတယ္။

မသန္စြမ္းသူေတြ အျခားသူေတြနည္းတူ အလုပ္အကိုင္ အခြင့္အလမ္း တိုးျမွင့္ရရွိေစဖို ့လုပ္ေဆာင္တဲ႔ ေနရာမွာ ျမန္မာႏိုင္ငံမွာရွိတဲ႔ အလုပ္ရွင္ေတြနဲ႔ အျခားသက္ဆိုင္သူေတြ အေထာက္အပံံ့ေပးဖို႔ မသန္စြမ္းသူမ်ား၏ အခြင့္အေရးမ်ားဆိုင္ရာ အမ်ိဳးသားေကာ္မတီဥကၠဌ၊ဒုတိယသမၼတ ဦးဟင္နရီဗန္ထီးယူက ေျပာၾကားခဲ႔ဖူးပါတယ္။

မသန္စြမ္းသူေတြ အလုပ္အကိုင္ရရွိပါက ဆင္းရဲႏြမ္းပါးမႈကို ေလ်ာ့ခ်ႏိုင္မွာ ျဖစ္သကဲ့သို ့မသန္စြမ္းသူေတြ လူမႈအသိုင္းအဝန္းအတြင္း ပိုမိုဝင္ဆ႔ံလာႏိုင္မွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ မသန္စြမ္းသူေတြ အလုပ္အကိုင္ ရရွိေရးအတြက္ အေျခခံက်တဲ႔ လူတိုင္းအက်ံဳးဝင္ပညာေရးအပါအဝင္ လိုအပ္ခ်က္အားလုံးကို လုပ္ေဆာင္သြားရမယ္လို ့ဆိုပါတယ္။

မသန္စြမ္းသူေတြ အလုပ္အကိုင္ ရရွိေရးမွာလည္း မသန္စြမ္းမႈ အမ်ိဳးအစားအလိုက္ အတားအဆီး အကန္႔အသတ္ေတြ ရွိေနတာ ျဖစ္ပါတယ္။

မသန္စြမ္းသူေတြ အတားအဆီးမရွိဘဲ လြတ္လပ္စြာ သြားလာႏိုင္ဖို႔ လက္ရန္းေတြ လက္ကိုင္တန္းေတြ တပ္ဆင္ျခင္း သို ့မဟုတ္ အေဆာက္အဦေတြမွာ မသန္စြမ္းသူေတြပါ အသုံးျပဳႏိုင္ဖို႔ ဓါတ္ေလွကားေတြ တပ္ဆင္တာေတြ လိုအပ္ပါတယ္။

မသန္စြမ္းသူေတြ အဓိက ရင္ဆိုင္ေနရတဲဲ႔ စိန္ေခၚမႈေတြကေတာ့ ပညာေရးသင္ယူခြင့္မရွိျခင္း နဲ႔ ပညာေရး အရည္အေသြးနိမ့္က်ျခင္း၊ အလုပ္အကိုင္ ရွာေဖြတဲ႔အခါမွာ မိမိကိုယ္ကို ယုံၾကည္ခ်က္မရွိတာေတြ သတင္းအခ်က္အလက္ေတြ နည္းပညာအကူအညီေတြနဲ႔ သယ္ယူပို ့ေဆာင္ေရး မရွိျခင္း၊ လုပ္ငန္းခြင္ အခင္းအက်င္းေတြကို လက္လွမ္းမမီတာေတြ ျဖစ္ပါတယ္။

ဥပမာ – ကိုယ္အဂၤါ မသန္စြမ္းသူေတြ၊ အျမင္အာရံု အားနည္းသူေတြဆိုရင္ သူတို႔အိမ္ကေန အလုပ္ခြင္ကို သြားေရာက္ တဲ့အခါ သန္စြမ္းသူေတြထက္ သြားေရးလာေရး အခက္အခဲေတြ ႀကံဳၾကရပါတယ္။ အၾကားအာရံု မသန္စြမ္းသူေတြဟာ လည္း လက္ျပသေကၤတေတြနဲ႔ လူေတြကို ဆက္သြယ္ရတာျဖစ္လို႔ အလုပ္ခြင္မွာ ေျပာဆို ဆက္ဆံဖို႔ အခက္အခဲေတြ ရွိေနဆဲျဖစ္ပါတယ္။ ကုလသမဂၢရဲ႕မသန္စြမ္းသူေတြရဲ႕အခြင့္အေရးဆိုင္ရာကြန္ဗင္းရွင္းမွာေတာ႔ မသန္စြမ္းသူဆိုတာ ရုပ္ပိုင္း၊စိတ္ပိုင္း၊အသိဥာဏ္ပိုင္း သို ့မဟုတ္ ခံစားမႈ အာရုံပိုင္းဆိုင္ရာ ခ်ိဳ႔ယြင္းအားနည္းခ်က္ေတြကို ေရရွည္ခံစားေနရပါတယ္။ ယင္း ခ်ိဳ႔ယြင္းအားနည္းခ်က္ေတြေၾကာင့္ အျခားသူေတြနည္းတူ လူ႔အသိုက္အဝန္းမွာ အျပည့္အဝ ထိေရာက္စြာ ပါဝင္ေဆာင္ရြက္ႏိုင္ေရးအတြက္ အမ်ိဳးမ်ိဳးေသာ အဟန္ ့အတားေတြကို ေတြ႔ၾကံဳခံစားေနၾကသူေတြ ျဖစ္ပါတယ္လို ့ဆိုထားပါတယ္။

ေမြးရာပါမသန္စြမ္းသူ ဟုတ္သည္ျဖစ္ေစ မဟုတ္သည္ျဖစ္ေစ ကိုယ္ကာယ၊အျမင္၊အေျပာ၊ အၾကား၊အသိဥာဏ္၊ စိတ္ပိုင္း၊ဥာဏ္ရည္ဥာဏ္ေသြးပိုင္း၊ အာရုံခံစားမႈပိုင္းဆိုင္ရာတစ္ခု (သို ့မဟုတ္) တစ္ခုထက္ပို၍ ခ်ိဳ႔ယြင္းအားနည္းခ်က္ေတြကို ေရရွည္ခံစားေနသူေတြကို ဆိိုလိုပါတယ္လို႔ ၂၀၁၅ ခုႏွစ္ ျမန္မာႏိုင္ငံ မသန္စြမ္းသူေတြရဲ႕အခြင္႔အေရး ဥပေဒမွာ ေဖာ္ျပထားပါတယ္။

မသန္စြမ္းသူမ်ားအလုပ္ခန္႔ထားျခင္းဆိုင္ရာလက္စြဲစာအုပ္မွာေတာ႔ မသန္စြမ္းဝန္ထမ္းေတြဟာ သူတို႔ရဲ႕လုပ္ေဖာ္ကိုင္ဖက္ဝန္ထမ္းေတြနည္းတူ အလုပ္လုပ္ႏိုင္ၾကတယ္လို႔ ဆိုထားပါတယ္။ မသန္စြမ္းဝန္ထမ္းေတြက အျခားဝန္ထမ္းေတြနဲဲ႔ ႏႈိင္းယွဥ္ရင္ အလုပ္ပိုျမဲၾကၿပီး ပ်က္ကြက္မႈႏႈန္းလည္း နည္းတယ္လို႔ ဆိုပါတယ္။

ကမာၻ႕က်န္းမာေရးအဖြဲ႔အစည္းရဲ႕ အစီရင္ခံစာအရ ကမာၻ႕လူဦးေရရဲ႕၁၅ ရာခိုင္ႏႈန္းက မသန္စြမ္းသူေတြ ျဖစ္ၾကပါတယ္။ ျမန္မာႏိုင္ငံမွာလည္း မသန္စြမ္းသူဦးေရ ၂ဒႆမ၃သန္းရွိၿပီး ရာခိုင္ႏႈန္းအားျဖင္႔ ၄ဒႆမ၆ ရာႏႈန္းရွိပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Myanma Platform

#Unicode Version# ျဖင့္ဖတ္ပါ ။

“ကျွန်တော်က စာရင်းကိုင်တစ်ယောက်ဖြစ်ချင်ခဲ့ပေမယ့် အခြေအနေအရ ကျွန်တော်ဝါသနာပါတာကို လုပ်ခွင့်မရခဲ့ပါဘူး။”

ဒီလိုပြောလာသူကတော့ ကိုညီညီဖြစ်ပါတယ်။သူကအသက် ၁၁ နှစ်အရွယ်ကတည်းကစပြီး ကားမတော်တဆမှုကြောင့် ခြေထောက်တစ်ဖက် မသန်စွမ်းဖြစ်ခဲ့ရတဲ့ သူတစ်ဦးလည်းဖြစ်ပါတယ်။ သူကတော့ အခုလက်ရှိ Association for Aid Relief,Japan မှ ဆံသဆရာအဖြစ် အလုပ်လုပ်ကိုင်နေတာ ခုနှစ်နှစ်ရှိနေပါပြီ။

မြန်မာနိုင်ငံက မသန်စွမ်းသူတွေမှာ ပင်ကိုယ်အရည်အချင်း ကိုယ်စီ၊ တချို့လည်း အတတ်ပညာကိုယ်စီ သင်ယူတတ်မြောက်ထားကြပေမယ့် သူ့တို့အပေါ်ထားကြတဲ့ လူတွေရဲ့ လွဲမှားတဲ့ ရှေးရိုးစွဲ အမြင်သဘောထားတွေ၊ ပတ်ဝန်းကျင်မှ ရုပ်ပိုင်းဆိုင်ရာ အတားအဆီးတွေကြောင့် မသန်စွမ်းသူတွေ အလုပ်ခွင် ဝင်ရောက်နိုင်ဖို့ ခက်ခဲနေဆဲ ဖြစ်တယ်လို့ မသန်စွမ်းသူတွေရဲ့ အခွင့်အရေး လှုပ်ရှားတောင်းဆိုသူတွေက ဆိုကြပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံမှာ မသန်စွမ်းတွေ ရဲ့ အလုပ်အကိုင် ရရှိမှုက ယခုအချိန်ထိ အလှမ်းဝေးနေဆဲ ဖြစ်ပါတယ်။

မသန်စွမ်းမှုဆိုင်ရာ ကမ္ဘာ့အစီရင်ခံစာအရ မသန်စွမ်းအမျိုးသားနဲ့ အမျိုးသမီးတွေရဲ့အလုပ်အကိုင် အခွင့်အလမ်းရရှိနှုန်းက နိမ့်ကျနေပါတယ်။ ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံလူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အစီရင်ခံစာအရ အသက် (၁၅)နှစ် နဲ့ (၆၄)နှစ်အတွင်းရှိ မသန်စွမ်းသူတွေ လုပ်သားဈေးကွက်အတွင်းမှာ ဝင်ရောက်လုပ်ကိုင်နေမှုနှုန်းကလည်း လျော့နည်းနေဆဲ ဖြစ်ပါတယ်။

မသန်စွမ်းသူတွေ အခြားသူတွေနည်းတူ အလုပ်အကိုင် အခွင့်အလမ်း တိုးမြှင့်ရရှိစေဖို့လုပ်ဆောင်တဲ့ နေရာမှာ မြန်မာနိုင်ငံမှာရှိတဲ့ အလုပ်ရှင်တွေနဲ့ အခြားသက်ဆိုင်သူတွေ အထောက်အပံံ့ပေးဖို့ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဥက္ကဌ၊ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားခဲ့ဖူးပါတယ်။

မသန်စွမ်းသူတွေ အလုပ်အကိုင်ရရှိပါက ဆင်းရဲနွမ်းပါးမှုကို လျော့ချနိုင်မှာ ဖြစ်သကဲ့သို့မသန်စွမ်းသူတွေ လူမှုအသိုင်းအဝန်းအတွင်း ပိုမိုဝင်ဆံ့လာနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် မသန်စွမ်းသူတွေ အလုပ်အကိုင် ရရှိရေးအတွက် အခြေခံကျတဲ့ လူတိုင်းအကျုံးဝင်ပညာရေးအပါအဝင် လိုအပ်ချက်အားလုံးကို လုပ်ဆောင်သွားရမယ်လို့ဆိုပါတယ်။

မသန်စွမ်းသူတွေ အလုပ်အကိုင် ရရှိရေးမှာလည်း မသန်စွမ်းမှု အမျိုးအစားအလိုက် အတားအဆီး အကန့်အသတ်တွေ ရှိနေတာ ဖြစ်ပါတယ်။

မသန်စွမ်းသူတွေ အတားအဆီးမရှိဘဲ လွတ်လပ်စွာ သွားလာနိုင်ဖို့ လက်ရန်းတွေ လက်ကိုင်တန်းတွေ တပ်ဆင်ခြင်း သို့မဟုတ် အဆောက်အဦတွေမှာ မသန်စွမ်းသူတွေပါ အသုံးပြုနိုင်ဖို့ ဓါတ်လှေကားတွေ တပ်ဆင်တာတွေ လိုအပ်ပါတယ်။

မသန်စွမ်းသူတွေ အဓိက ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကတော့ ပညာရေးသင်ယူခွင့်မရှိခြင်း နဲ့ ပညာရေး အရည်အသွေးနိမ့်ကျခြင်း၊ အလုပ်အကိုင် ရှာဖွေတဲ့အခါမှာ မိမိကိုယ်ကို ယုံကြည်ချက်မရှိတာတွေ သတင်းအချက်အလက်တွေ နည်းပညာအကူအညီတွေနဲ့ သယ်ယူပို့ဆောင်ရေး မရှိခြင်း၊ လုပ်ငန်းခွင် အခင်းအကျင်းတွေကို လက်လှမ်းမမီတာတွေ ဖြစ်ပါတယ်။

ဥပမာ – ကိုယ်အင်္ဂါ မသန်စွမ်းသူတွေ၊ အမြင်အာရုံ အားနည်းသူတွေဆိုရင် သူတို့အိမ်ကနေ အလုပ်ခွင်ကို သွားရောက် တဲ့အခါ သန်စွမ်းသူတွေထက် သွားရေးလာရေး အခက်အခဲတွေ ကြုံကြရပါတယ်။ အကြားအာရုံ မသန်စွမ်းသူတွေဟာ လည်း လက်ပြသင်္ကေတတွေနဲ့ လူတွေကို ဆက်သွယ်ရတာဖြစ်လို့ အလုပ်ခွင်မှာ ပြောဆို ဆက်ဆံဖို့ အခက်အခဲတွေ ရှိနေဆဲဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့မသန်စွမ်းသူတွေရဲ့အခွင့်အရေးဆိုင်ရာကွန်ဗင်းရှင်းမှာတော့ မသန်စွမ်းသူဆိုတာ ရုပ်ပိုင်း၊စိတ်ပိုင်း၊အသိဉာဏ်ပိုင်း သို့မဟုတ် ခံစားမှု အာရုံပိုင်းဆိုင်ရာ ချို့ယွင်းအားနည်းချက်တွေကို ရေရှည်ခံစားနေရပါတယ်။ ယင်း ချို့ယွင်းအားနည်းချက်တွေကြောင့် အခြားသူတွေနည်းတူ လူ့အသိုက်အဝန်းမှာ အပြည့်အဝ ထိရောက်စွာ ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် အမျိုးမျိုးသော အဟန့်အတားတွေကို တွေ့ကြုံခံစားနေကြသူတွေ ဖြစ်ပါတယ်လို့ဆိုထားပါတယ်။

မွေးရာပါမသန်စွမ်းသူ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ကိုယ်ကာယ၊အမြင်၊အပြော၊ အကြား၊အသိဉာဏ်၊ စိတ်ပိုင်း၊ဉာဏ်ရည်ဉာဏ်သွေးပိုင်း၊ အာရုံခံစားမှုပိုင်းဆိုင်ရာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ ချို့ယွင်းအားနည်းချက်တွေကို ရေရှည်ခံစားနေသူတွေကို ဆိုလိုပါတယ်လို့ ၂၀၁၅ ခုနှစ် မြန်မာနိုင်ငံ မသန်စွမ်းသူတွေရဲ့အခွင့်အရေး ဥပဒေမှာ ဖော်ပြထားပါတယ်။

မသန်စွမ်းသူများအလုပ်ခန့်ထားခြင်းဆိုင်ရာလက်စွဲစာအုပ်မှာတော့ မသန်စွမ်းဝန်ထမ်းတွေဟာ သူတို့ရဲ့လုပ်ဖော်ကိုင်ဖက်ဝန်ထမ်းတွေနည်းတူ အလုပ်လုပ်နိုင်ကြတယ်လို့ ဆိုထားပါတယ်။ မသန်စွမ်းဝန်ထမ်းတွေက အခြားဝန်ထမ်းတွေနဲ့ နှိုင်းယှဉ်ရင် အလုပ်ပိုမြဲကြပြီး ပျက်ကွက်မှုနှုန်းလည်း နည်းတယ်လို့ ဆိုပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းရဲ့ အစီရင်ခံစာအရ ကမ္ဘာ့လူဦးရေရဲ့၁၅ ရာခိုင်နှုန်းက မသန်စွမ်းသူတွေ ဖြစ်ကြပါတယ်။ မြန်မာနိုင်ငံမှာလည်း မသန်စွမ်းသူဦးရေ ၂ဒဿမ၃သန်းရှိပြီး ရာခိုင်နှုန်းအားဖြင့် ၄ဒဿမ၆ ရာနှုန်းရှိပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Myanma Platform
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top