သီရိလကၤာႏိုင္ငံမွာ ယမန္ေန႔ ဧၿပီ ၂၁ ရက္က ခရစ္ယာန္ဘုရားေက်ာင္းေတြ၊ ဟိုတယ္ေတြကို ပစ္မွတ္ထားတဲ့ ဗုံးေဖာက္ခြဲတိုက္ခိုက္မႈေတြ ေပၚေပါက္ခဲ့ၿပီးေနာက္  ယခုအခါ ေသဆုံးသူဦးေရဟာ ၂၉၀ အထိ ျမင့္တက္လာခဲ့ၿပီျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕ ေျပာခြင့္ရပုဂၢိဳလ္ ႐ူဝန္ ဂူနာဆီကီရာက ေျပာပါတယ္။

ယင္း ဗုံးေပါက္ကြဲမႈျဖစ္စဥ္ေတြေၾကာင့္ ဒဏ္ရာရရွိသူ ၅၀၀ ေက်ာ္အထိ ရွိေနေၾကာင္းလည္း ၎က ေျပာပါတယ္။ ေသဆုံးသြားသူေတြထဲမွာ ႏိုင္ငံျခားသားေတြလည္း ပါဝင္ေနခဲ့ပါတယ္။

တစ္ခ်ိန္တည္းမွာလည္းပဲ အဆိုပါ ဗုံးခြဲတိုက္ခိုက္မႈျဖစ္စဥ္ေတြနဲ႔ စပ္လ်င္းၿပီးေတာ့ လူ ၂၄ ဦးကို ရဲက ဖမ္းဆီးထိန္းသိမ္းထားတယ္လို႔ သိရပါတယ္။ ယင္း ဖမ္းဆီးထိန္းသိမ္းထားသူေတြနဲ႔ပတ္သက္လို႔ အေသးစိတ္အခ်က္အလက္ေတြကိုေတာ့ ထုတ္ျပန္ျခင္းမရွိေသးပါဘူး။

ဒါ့အျပင္ ဘယ္အဖြဲ႕အစည္း၊ ဘယ္သူေတြက ဒီတိုက္ခိုက္မႈေတြကို က်ဴးလြန္ခဲ့တာလဲ ဆိုတာကိုလည္း အစိုးရက ယခုထက္ထိ အတည္ျပဳထုတ္ျပန္ျခင္းမရွိေသးပါဘူး။

ဧၿပီ ၂၁ ရက္က ျဖစ္ခဲ့တဲ့ အဆိုပါ ဗုံးေပါက္ကြဲမႈေတြကေတာ့ ႏိုင္ငံကို အႀကီးအက်ယ္ တုန္လႈပ္ေစခဲ့ပါတယ္။ ယင္းကေတာ့ ၂၀၀၉ ခုႏွစ္ ျပည္တြင္းစစ္ၿပီးေနာက္ပိုင္း ႏိုင္ငံမွာ ေပၚေပါက္လာခဲ့တဲ့ လူအေသအေပ်ာက္အမ်ားဆုံးေသာ အၾကမ္းဖက္မႈလည္း ျဖစ္လာခဲ့ပါတယ္။

အဆိုပါ သီရိလကၤာ ဗုံးေပါက္ကြဲမႈေတြနဲ႔ပတ္သက္လို႔ ကမာၻ႔ေခါင္းေဆာင္ေတြကလည္း ရႈတ္ခ်ျပစ္တင္ထားခဲ့ၾကပါတယ္။

ယမန္ေန႔က ယင္းႏိုင္ငံမွာခရစ္ယာန္ ဘာသာဝင္ေတြရဲ႕ ေယရႈခရစ္ေတာ္ ျပန္လည္ထေျမာက္ျခင္း အီစတာပြဲေတာ္ ဝတ္ျပဳဆုေတာင္းပြဲေတြက်င္းပေနခဲ့စဥ္မွာ ခုလိုမ်ိဳး ဘုရားေက်ာင္းေတြနဲ႔ ဟိုတယ္ေတြ တိုက္ခိုက္ခံခဲ့ရတာျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:mizzimaburmese
# Unicode Version # ျဖင့္ ဖတ္ပါ #


သီရိလင်္ကာနိုင်ငံမှာ ယမန်နေ့ ဧပြီ ၂၁ ရက်က ခရစ်ယာန်ဘုရားကျောင်းတွေ၊ ဟိုတယ်တွေကို ပစ်မှတ်ထားတဲ့ ဗုံးဖောက်ခွဲတိုက်ခိုက်မှုတွေ ပေါ်ပေါက်ခဲ့ပြီးနောက်  ယခုအခါ သေဆုံးသူဦးရေဟာ ၂၉၀ အထိ မြင့်တက်လာခဲ့ပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ရူဝန် ဂူနာဆီကီရာက ပြောပါတယ်။

ယင်း ဗုံးပေါက်ကွဲမှုဖြစ်စဉ်တွေကြောင့် ဒဏ်ရာရရှိသူ ၅၀၀ ကျော်အထိ ရှိနေကြောင်းလည်း ၎င်းက ပြောပါတယ်။ သေဆုံးသွားသူတွေထဲမှာ နိုင်ငံခြားသားတွေလည်း ပါဝင်နေခဲ့ပါတယ်။

တစ်ချိန်တည်းမှာလည်းပဲ အဆိုပါ ဗုံးခွဲတိုက်ခိုက်မှုဖြစ်စဉ်တွေနဲ့ စပ်လျင်းပြီးတော့ လူ ၂၄ ဦးကို ရဲက ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။ ယင်း ဖမ်းဆီးထိန်းသိမ်းထားသူတွေနဲ့ပတ်သက်လို့ အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ပြန်ခြင်းမရှိသေးပါဘူး။

ဒါ့အပြင် ဘယ်အဖွဲ့အစည်း၊ ဘယ်သူတွေက ဒီတိုက်ခိုက်မှုတွေကို ကျူးလွန်ခဲ့တာလဲ ဆိုတာကိုလည်း အစိုးရက ယခုထက်ထိ အတည်ပြုထုတ်ပြန်ခြင်းမရှိသေးပါဘူး။

ဧပြီ ၂၁ ရက်က ဖြစ်ခဲ့တဲ့ အဆိုပါ ဗုံးပေါက်ကွဲမှုတွေကတော့ နိုင်ငံကို အကြီးအကျယ် တုန်လှုပ်စေခဲ့ပါတယ်။ ယင်းကတော့ ၂၀၀၉ ခုနှစ် ပြည်တွင်းစစ်ပြီးနောက်ပိုင်း နိုင်ငံမှာ ပေါ်ပေါက်လာခဲ့တဲ့ လူအသေအပျောက်အများဆုံးသော အကြမ်းဖက်မှုလည်း ဖြစ်လာခဲ့ပါတယ်။

အဆိုပါ သီရိလင်္ကာ ဗုံးပေါက်ကွဲမှုတွေနဲ့ပတ်သက်လို့ ကမ္ဘာ့ခေါင်းဆောင်တွေကလည်း ရှုတ်ချပြစ်တင်ထားခဲ့ကြပါတယ်။

ယမန်နေ့က ယင်းနိုင်ငံမှာခရစ်ယာန် ဘာသာဝင်တွေရဲ့ ယေရှုခရစ်တော် ပြန်လည်ထမြောက်ခြင်း အီစတာပွဲတော် ဝတ်ပြုဆုတောင်းပွဲတွေကျင်းပနေခဲ့စဉ်မှာ ခုလိုမျိုး ဘုရားကျောင်းတွေနဲ့ ဟိုတယ်တွေ တိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:mizzimaburmese
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top