ေမေမညာတယ္ ေမေမ ေမေမေျပာေတာ့ အသက္ငယ္ငယ္ ေမေမ့သားေလး သနားစဖြယ္ ကိုရင္ေလးမို ့ဒကာဒကာမေတြ အေရးေပးႀကမွာပါဆို အခုေတာ့ ေမေမရယ္ သကၤန္းေခ်းလိတ္ မေျပာင္သပိတ္ႏွင့္ေခါင္းမွာဒက္ေဖြး ကိုရင္ေလးကိုသူတို ့ေတြအေရးမေပးႀကပါဘုူး ေမေမ

သား ဆြမ္းရပ္ရင္ ႏွာေခါင္းေတြ ရွံဳ့ႀကတယ္ ေမေမရဲ့ သားႀကီးခ်င္လွျပီ ေမေမ ေနာင္ေတာ္ႀကီးမ်ား ရဟန္းမ်ားလိုေသခ်ာသပ္ရပ္ သကၤန္းပတ္လ်က္သား ဆြမ္းရပ္ခ်င္လွျပီ တရိုတေသ အေလးထား ႀကည္ညိဳေလးစားတဲ့ဘဝကို သားလည္းေလ လိုခ်င္တာေပါ့ ေမေမညာတယ္…ေမေမေမေမေျပာေတာ့ အသက္ငယ္ငယ္ ေမေမ့သားေလးသနားစဖြယ္ ကိုရင္ေလးမို ့စာခ်ဘုန္းႀကီးေတြ အေရးေပးႀကမွာပါဆို အခုေတာ့…ေမေမရယ္ နံနက္(၄)နာရီ အရုဏ္တက္လို ့…တုံးေခါက္ဆြမ္းခံတန္းသို ့ေနာင္ေတာ္ေတြနဲ ့အတူေရာက္ရတာပါပဲ…ေမေမ။

ဘယ္သူကိုမွ အေရးမေပး ေနာက္က်ရင္ ႀကိမ္လံုးစာတန္းတူေကြ်းတာပါပဲ ေမေမရယ္။ ေနာင္ေတာ္ရဟန္းေတြက ေျခလွမ္းႀကဲနွင္ ့ပံုမွန္ေလ်ွာက္ေမေမ့သားက ေျပးလႊားကာေလ်ွာက္ရသူပါ ေမေမ သပိတ္မနိုင္ သကၤန္းမနိုင္နဲ ့ႏွလံုးသားက အေမာေဖာက္အားတင္းကာ ေလ်ွာက္ရတဲ့ သားဘဝကိုသူတို ့ေတြ မသိႀကဘူး မငဲ့ႀကဘူးေမေမေျပာသလို အေရးမေပးပါဘူး ေမေမရယ္ ။

သား…ႀကီးခ်င္လွျပီ ေမေမ ေနာင္ေတာ္ႀကီးမ်ား ရဟန္းမ်ားလိုေသခ်ာသပ္ရပ္ သပိတ္ပိုက္လ်ွက္ေျခလွမ္းႀကဲႏွင့္ ပံုမွန္ေလ်ွာက္အေမာ မေဖာက္တဲ့ဘဝကိုသားလည္းေလ လိုခ်င္တာေပါ႔

အသက္ငယ္ငယ္ ကိုရင္ေလးဘဝေျပာျပလ်ွင္ ႀသခ်ဆိုးလွပါတယ္ ေမေမရယ္ စာသင္တိုက္မထြက္ခင္ ဟိုးးးးးးးးးးးးး အရင္ကရြာမွာေန ကိုရင္ေလးဘဝ ေနမေကာင္း ျဖစ္တဲ့ညလိုမ်ိဳးသား ရခ်င္တယ္ ေမေမ ။ ေမေမ့ရင္ခြင္ ေျပးဝင္ျပီးေတာ့ ႏြဲ ့ဆိုး ဆိုးတဲ့ညအဲဒီညကို သား လြမ္းတယ္ ေမေမ။ အခုေတာ့ ေမေမရယ္ ဆယ့္တစ္ႏွစ္အရြယ္ ေနမေကာင္းျဖစ္တဲ့ ေမေမ့သားေမေမ ေပးလိုက္တဲ့ သိုးေမြးေစာင္ႀကားမွာေမေမ့ရင္ခြင္အမွတ္နဲ ့ အံကိုက်ိတ္ေမွးစက္စြာ အိပ္ေနရသူပါ ေမေမရယ္။

ဒါေပမဲ့ စိတ္ခ်ပါ ေမေမ ေမေမျဖစ္ခ်င္တဲ့ ရဟန္းဘဝသား ရကို ရရေစမယ္ ေမေမ ။ေမေမျဖစ္ခ်င္တဲ့ သာသနာျပဳရဟန္းတစ္ပါးသားျဖစ္ေအာင္ ႀကိဳးစားမယ္ ေမေမ ျမတ္ဗုဒၶသာသနာအရွည္ခန္ ့တည္တံ့ဖို ့နဲ ့ဒကာ ဒကာမေတြရဲ့ ႏွလံုးသားထဲအသိတရားေတြစြဲသတိတရားေတြ…ျမဲဂတိအလားေတြ မလြဲေစဖို ့စာ ဘယ္ေလာက္ ခက္ခက္ စိတ္မပ်က္ႀကိတ္လ်က္ေအာ္ကာ သား ေပ်ာ္ပါမည္

ေမေမ့သားဟာ သာသနာအတြက္ စာ ေပ်ာ္ငွက္ ေမေမ့သားဟာ သာသနာအတြက္ စာ ေပ်ာ္ဌက္ ေမေမ့သားဟာ သာသနာအတြက္ စာေပ်ာ္ဌက္သားဟာ စာေပ်ာ္ဌက္ေလးတစ္ေကာင္ျဖစ္ရပါေစ့မယ္ ေမေမရယ္

{စာသင္သားကိုရင္ငယ္ေလးမ်ား၏ဘဝ ႏွလံုးသားႏွင့္ရင္း၍ ေရးခ်သည္

ဖိုးသူေတာ္ (www.phothutaw.com)
Credit:တကၠသိုလ္ အရွင္ပညာ

#Unicode Version# ျဖင့္ဖတ္ပါ ။

မေမေညာတယ် မေမေ မေမေပြောတော့ အသက်ငယ်ငယ် မေမေ့သားလေး သနားစဖွယ် ကိုရင်လေးမို့ဒကာဒကာမတွေ အရေးပေးကြမှာပါဆို အခုတော့ မေမေရယ် သင်္ကန်းချေးလိတ် မပြောင်သပိတ်နှင့်ခေါင်းမှာဒက်ဖွေး ကိုရင်လေးကိုသူတို့တွေအရေးမပေးကြပါဘုူး မေမေ

သား ဆွမ်းရပ်ရင် နှာခေါင်းတွေ ရှုံ့ကြတယ် မေမေရဲ့ သားကြီးချင်လှပြီ မေမေ နောင်တော်ကြီးများ ရဟန်းများလိုသေချာသပ်ရပ် သင်္ကန်းပတ်လျက်သား ဆွမ်းရပ်ချင်လှပြီ တရိုတသေ အလေးထား ကြည်ညိုလေးစားတဲ့ဘဝကို သားလည်းလေ လိုချင်တာပေါ့ မေမေညာတယ်…မေမေမေမေပြောတော့ အသက်ငယ်ငယ် မေမေ့သားလေးသနားစဖွယ် ကိုရင်လေးမို့စာချဘုန်းကြီးတွေ အရေးပေးကြမှာပါဆို အခုတော့…မေမေရယ် နံနက်(၄)နာရီ အရုဏ်တက်လို့…တုံးခေါက်ဆွမ်းခံတန်းသို့နောင်တော်တွေနဲ့အတူရောက်ရတာပါပဲ…မေမေ။

ဘယ်သူကိုမှ အရေးမပေး နောက်ကျရင် ကြိမ်လုံးစာတန်းတူကျွေးတာပါပဲ မေမေရယ်။ နောင်တော်ရဟန်းတွေက ခြေလှမ်းကြဲနှင့်ပုံမှန်လျှောက်မေမေ့သားက ပြေးလွှားကာလျှောက်ရသူပါ မေမေ သပိတ်မနိုင် သင်္ကန်းမနိုင်နဲ့နှလုံးသားက အမောဖောက်အားတင်းကာ လျှောက်ရတဲ့ သားဘဝကိုသူတို့တွေ မသိကြဘူး မငဲ့ကြဘူးမေမေပြောသလို အရေးမပေးပါဘူး မေမေရယ် ။

သား…ကြီးချင်လှပြီ မေမေ နောင်တော်ကြီးများ ရဟန်းများလိုသေချာသပ်ရပ် သပိတ်ပိုက်လျှက်ခြေလှမ်းကြဲနှင့် ပုံမှန်လျှောက်အမော မဖောက်တဲ့ဘဝကိုသားလည်းလေ လိုချင်တာပေါ့

အသက်ငယ်ငယ် ကိုရင်လေးဘဝပြောပြလျှင် သြချဆိုးလှပါတယ် မေမေရယ် စာသင်တိုက်မထွက်ခင် ဟိုးးးးးးးးးးးးး အရင်ကရွာမှာနေ ကိုရင်လေးဘဝ နေမကောင်း ဖြစ်တဲ့ညလိုမျိုးသား ရချင်တယ် မေမေ ။ မေမေ့ရင်ခွင် ပြေးဝင်ပြီးတော့ နွဲ့ဆိုး ဆိုးတဲ့ညအဲဒီညကို သား လွမ်းတယ် မေမေ။ အခုတော့ မေမေရယ် ဆယ့်တစ်နှစ်အရွယ် နေမကောင်းဖြစ်တဲ့ မေမေ့သားမေမေ ပေးလိုက်တဲ့ သိုးမွေးစောင်ကြားမှာမေမေ့ရင်ခွင်အမှတ်နဲ့ အံကိုကျိတ်မှေးစက်စွာ အိပ်နေရသူပါ မေမေရယ်။

ဒါပေမဲ့ စိတ်ချပါ မေမေ မေမေဖြစ်ချင်တဲ့ ရဟန်းဘဝသား ရကို ရရစေမယ် မေမေ ။မေမေဖြစ်ချင်တဲ့ သာသနာပြုရဟန်းတစ်ပါးသားဖြစ်အောင် ကြိုးစားမယ် မေမေ မြတ်ဗုဒ္ဓသာသနာအရှည်ခန့်တည်တံ့ဖို့နဲ့ဒကာ ဒကာမတွေရဲ့ နှလုံးသားထဲအသိတရားတွေစွဲသတိတရားတွေ…မြဲဂတိအလားတွေ မလွဲစေဖို့စာ ဘယ်လောက် ခက်ခက် စိတ်မပျက်ကြိတ်လျက်အော်ကာ သား ပျော်ပါမည်

မေမေ့သားဟာ သာသနာအတွက် စာ ပျော်ငှက် မေမေ့သားဟာ သာသနာအတွက် စာ ပျော်ဌက် မေမေ့သားဟာ သာသနာအတွက် စာပျော်ဌက်သားဟာ စာပျော်ဌက်လေးတစ်ကောင်ဖြစ်ရပါစေ့မယ် မေမေရယ်

{စာသင်သားကိုရင်ငယ်လေးများ၏ဘဝ နှလုံးသားနှင့်ရင်း၍ ရေးချသည်

ဖိုးသူတော် (www.phothutaw.com)
Credit:တက္ကသိုလ် အရှင်ပညာ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top