ရခိုင္ျပည္နယ္အတြင္း အရက္ဘီယာ ေရာင္းခ်ျခင္း ေသာက္သံုးျခင္းကို တားျမစ္ပိတ္ပင္မႈမွွာ တစ္ေန႕ထက္ တစ္ေန႕ တိုးပြားလာေနသည္ဟု သတင္းရရွိသည္။

အရက္ေရာင္းခ်ျခင္း၊ ေသာက္သံုးခြင့္ကုိ ပိတ္ပင္လ္ိိုက္သည့္ ေက်းရြာမ်ားထဲတြင္ ေျမာက္ဦးၿမိဳ႕နယ္တြင္ ကင္းဆိပ္ေက်းရြာ၊ ေအာက္ယြန္းေခ်ာင္း၊ ေတာင္ဦး၊ က်ီရာျပင္၊ ထိပ္၀ျပင္၊ ေပါက္ပင္ကြင္း၊ ေစတီေတာင္၊ ေက်ာက္က်ပ္ ေက်းရြာမ်ား၊ မင္းျပားျမိဳ႕နယ္ စကၠေရ ေက်းရြာ၊ ေပါက္ေတာျမိဳ႕နယ္ သဲခံုရြာႏွင့္ ေခ်ာင္းေစာက္ေက်းရြာ၊ ရေသ့ေတာင္ျမိဳ႕နယ္ ကံျပင္ (အလယ္ရြာ)ႏွင့္ ဒံုးပိုက္၊ ကိုးတန္ေကာက္၊ ခ်ိန္ခါလီ၊ ေမာင္ေတာျမိဳ႕နယ္ အင္းဒင္၊ ေက်ာက္ေတာ္ျမိဳ႕နယ္တြင္ ဆင္အိုးခ်ိဳင္၊ ရြာမျပင္၊ ေက်ာက္တလံုး၊ သာဒါၾကီး၊ ဗ်ာလာရြာ၊ ဒုကၠံေခ်ာင္း၊ ဗိုလ္မင္းရြာ၊ ဘရ၀ါ၊ သံျပင္၊ ေအာင္ေဇယ်၊ ၀က္မင္းရြာ၊ ေၾကာင္ျဖဳႏွင့္ ေက်ာက္က်ိတ္ စသည့္ ေက်းရြာမ်ား ပါ၀င္သည္ဟု ေဒသခံမ်ားမွ သိရသည္။

ေျမာက္ဦးၿမိဳ႕နယ္ ကင္းဆိပ္ေက်းရြာတြြင္ အိမ္ေျခ ၂၁၄ ေဆာင္ရွိၿပီး အရက္ေရာင္းခ်/ေသာက္သံုးခြင့္ကို ဧၿပီလ ၁၉ ရက္ေန႔မွ စတင္ျပီး ေဒသခံမ်ား ဦးေဆာင္တားျမစ္လိုက္ျခင္းျဖစ္သည္။

“ရခိုင္အမ်ိဳးသားေတြအရက္ေၾကာင့္္ ပ်က္စီးေနလုိ႔ပါ။ က်ေနာ္တုိ႔ရြာမွာသာမက ရခိုင္တစ္မ်ိဳးသားလုံး အရက္ကို မေသာက္ဖုိ႔ ရြယ္ရည္ခ်က္နဲ႔ ပိတ္လိုက္တာျဖစ္ပါတယ္”ဟု ကင္းဆိပ္ေက်းရြာသား ကိုေခ်ာႀကီးက နိရဥၥရာသို႔ေျပာသည္။

ရခိုင္ျပည္နယ္ ေပါက္ေတာျမိဳ႕နယ္ ေခ်ာင္းေစာက္ ေက်းရြာအုပ္စုတြင္ အမ်ိဳးသားေရး တက္ၾကြသူ ၅၁ ဦးတို႕မွ ကာလတန္ဖိုး က်ပ္ ၉ သိန္းခန္႕ရွိ အရက္၊ ဘီယာႏွင့္ အရက္ခ်က္သည့္ ကေဇာ္အိုးတို႕ကို ေလ်ာ္ေၾကးေပးျပီး ဧျပီ ၁၂ ရက္ေန႕က ဖ်က္ဆီးခဲ့သည္ဟု သိရသည္။

မင္းျပားျမိဳ႕နယ္ စကၠေရ ေက်းရြာတြင္လည္း အရက္ေသစာေသာက္စားျခင္္းနွင္႔ ေရာင္းခ်ျခင္းမ်ားကို ေက်းရြာ၏ဂါမစည္းကမ္းျဖင္႔ ဧျပီလ ၂၀ ရက္ေန႔ကေန အားလံုးသေဘာတူပိတ္သိမ္းလိုက္ျပီးျဖစ္ေၾကာင္း ေက်ာင္းထိုင္ဆရာေတာ္ဦးသူရိယဝံသက နိရဥၥရာသတင္းဌာနသို႔မိန္႕ၾကားသည္။

“ဦးဇင္းတို႔ ရြာမွာ ဒီအရက္ေသစာ ေရာင္းခ်ျခင္း ေသာက္သံုးျခင္းကိုေတြကို တားဆီးပိတ္ပင္ထားတာ ေတာ႔ နည္းနည္းၾကာျပီး။ မေန႔က ဦးဇင္းတို႔က ေက်းရြာကိုပထမဆံုးအေနနဲ႔ ကြင္းဆင္းစစ္ေဆးခဲ႔တာပါ။ ကြင္းဆင္းစစ္ေဆးျပီး ေတြ႔လာတဲ႔အရက္ေတြကို ဦးဇင္းတို႔ သိမ္းျပီး ရြာ၏ဂါမစည္းကမ္းခ်က္နဲ႔အညီ အကုန္သြန္ခ်ပစ္တာျဖစ္ပါတယ္” ဟု မိန္႕ ၾကားသည္။

အရက္ေၾကာင္း ေက်းရြာသူ ေက်းရြာသားမ်ား ပ်က္စီးဆံုးရွံဴးမႈမ်ား ရွိေနေၾကာင္း၊အရက္ေရာင္းခ်ျခင္းနွင္႔ ေသာက္သံုးျခင္းမ်ားကို တားဆီးပိတ္ပင္လိုက္မွသာလွ်င္ ရပ္ရြာသာယာ ေအးခ်မ္းမည္ ျဖစ္ေၾကာင္း စကၠေရေက်းရြာ ေက်ာင္းထိုင္ဆရာေတာ္ဘုရားက ဆက္လက္မိန္႕ၾကားသည္။

“ဒီအရက္က တရြာလံုးကို ပ်က္စီးေနတဲ႔သေဘာပါ။ရပ္ရြာမွာေနျပီးေတာ႔ အရက္ေၾကာင့္ ဆံုးရွံဳး နစ္နာမႈေတြ မ်ားေနတယ္။ အရက္ေၾကာင့္ လူငယ္ပိုင္းေတြ ပ်က္စီးျခင္းေတြ ပါတာေပါ႔။ လူငယ္ဆိုတာက အနာဂတ္ သားေကာင္းရတနာေတြျဖစ္တယ္။ ဒီအရက္ေၾကာင္ံ တိုးတက္ဖို႔ လူငယ္ေတြရဲ႕ ဘဝေတြ မတိုးတက္နိုင္၊ အဲ႔ဒီအရက္မွာဘဲ နစ္ျမဳပ္ ေနၾကတယ္။

အဲ႔ဒါေၾကာင့္ ဦးဇင္းတို႔က ဒီအရက္ ေရာင္းခ်ျခင္းနဲ႔ ေသာက္သံုး သူေတြကို ျပစ္ဒဏ္တခုအေနနဲ႔ ရြာ၏ဂါမ စည္းကမ္းခ်က္ တစ္ခု သတ္မွတ္ျပီး အရက္ေသစာ ေရာင္းခ်သူ ဒဏ္ေၾကး ဘယ္ေလာက္၊ ေသာက္သံုးသူ ဒဏ္ေၾကး ဘယ္ေလာက္ဆိုျပီး အားလံုးသေဘာတူ သတ္မွတ္ခဲ႔တာပါ”ဟု ဆရာေတာ္ ဦးသူရိယဝံသက မိန္႕ၾကားသည္။

အရက္ေသစာေရာင္းခ်လွ်င္ ေရာင္းခ်သူအား ေငြဒဏ္အျဖစ္ ၁သိန္း သတ္မွတ္ထားျပီး ေသာက္သံုးသူအား ၅ေသာင္းအျဖစ္ အားလံုးသေဘာတူ ရြာ၏ဂါမစည္းကမ္းခ်က္ထုတ္ျပန္ထားေၾကာင္းသိရသည္။

ဆက္လက္ျပီးေမာင္ေတာျမိဳ႕နယ္္ ေတာင္ပိုင္း အင္းဒင္အုပ္စုတြင္လည္း အရက္၊ ဘီယာ၊ ခ်ဲ၊ ဖဲ မ်ားအား ပိတ္သိမ္းသြားရန္ျပင္ဆင္ထားျပီး လာမည္ေမလ ၁ ရက္ေန႔တြင္စ တင္အေကာင္အထည္ေဖာ္ ေဆာင္ရြက္သြားမည္ဟု အင္းဒင္အုပ္ခ်ဳပ္ေရးမွဴး ဦးေက်ာ္စိုးမိုးက ဆိုသည္။

( အရက္ပိတ္ပင္သည့္ ေက်းရြာမ်ားစာရင္းကို နိရဥၥရာ သတင္းဌာနသို႕ပို႕ေပးျပီး ဆက္လက္ ကူညီၾကပါ။)

ဖိုးသူေတာ္ (www.phothutaw.com)
Credit:နိရဥၥရာ

#Unicode Version# ျဖင့္ဖတ္ပါ ။

ရခိုင်ပြည်နယ်အတွင်း အရက်ဘီယာ ရောင်းချခြင်း သောက်သုံးခြင်းကို တားမြစ်ပိတ်ပင်မှုမှာ တစ်နေ့ထက် တစ်နေ့ တိုးပွားလာနေသည်ဟု သတင်းရရှိသည်။

အရက်ရောင်းချခြင်း၊ သောက်သုံးခွင့်ကို ပိတ်ပင်လိုက်သည့် ကျေးရွာများထဲတွင် မြောက်ဦးမြို့နယ်တွင် ကင်းဆိပ်ကျေးရွာ၊ အောက်ယွန်းချောင်း၊ တောင်ဦး၊ ကျီရာပြင်၊ ထိပ်ဝပြင်၊ ပေါက်ပင်ကွင်း၊ စေတီတောင်၊ ကျောက်ကျပ် ကျေးရွာများ၊ မင်းပြားမြို့နယ် စက္ကရေ ကျေးရွာ၊ ပေါက်တောမြို့နယ် သဲခုံရွာနှင့် ချောင်းစောက်ကျေးရွာ၊ ရသေ့တောင်မြို့နယ် ကံပြင် (အလယ်ရွာ)နှင့် ဒုံးပိုက်၊ ကိုးတန်ကောက်၊ ချိန်ခါလီ၊ မောင်တောမြို့နယ် အင်းဒင်၊ ကျောက်တော်မြို့နယ်တွင် ဆင်အိုးချိုင်၊ ရွာမပြင်၊ ကျောက်တလုံး၊ သာဒါကြီး၊ ဗျာလာရွာ၊ ဒုက္ကံချောင်း၊ ဗိုလ်မင်းရွာ၊ ဘရဝါ၊ သံပြင်၊ အောင်ဇေယျ၊ ဝက်မင်းရွာ၊ ကြောင်ဖြုနှင့် ကျောက်ကျိတ် စသည့် ကျေးရွာများ ပါဝင်သည်ဟု ဒေသခံများမှ သိရသည်။

မြောက်ဦးမြို့နယ် ကင်းဆိပ်ကျေးရွာတွင် အိမ်ခြေ ၂၁၄ ဆောင်ရှိပြီး အရက်ရောင်းချ/သောက်သုံးခွင့်ကို ဧပြီလ ၁၉ ရက်နေ့မှ စတင်ပြီး ဒေသခံများ ဦးဆောင်တားမြစ်လိုက်ခြင်းဖြစ်သည်။

“ရခိုင်အမျိုးသားတွေအရက်ကြောင့်် ပျက်စီးနေလို့ပါ။ ကျနော်တို့ရွာမှာသာမက ရခိုင်တစ်မျိုးသားလုံး အရက်ကို မသောက်ဖို့ ရွယ်ရည်ချက်နဲ့ ပိတ်လိုက်တာဖြစ်ပါတယ်”ဟု ကင်းဆိပ်ကျေးရွာသား ကိုချောကြီးက နိရဉ္စရာသို့ပြောသည်။

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ချောင်းစောက် ကျေးရွာအုပ်စုတွင် အမျိုးသားရေး တက်ကြွသူ ၅၁ ဦးတို့မှ ကာလတန်ဖိုး ကျပ် ၉ သိန်းခန့်ရှိ အရက်၊ ဘီယာနှင့် အရက်ချက်သည့် ကဇော်အိုးတို့ကို လျော်ကြေးပေးပြီး ဧပြီ ၁၂ ရက်နေ့က ဖျက်ဆီးခဲ့သည်ဟု သိရသည်။

မင်းပြားမြို့နယ် စက္ကရေ ကျေးရွာတွင်လည်း အရက်သေစာသောက်စားခြင်းနှင့် ရောင်းချခြင်းများကို ကျေးရွာ၏ဂါမစည်းကမ်းဖြင့် ဧပြီလ ၂၀ ရက်နေ့ကနေ အားလုံးသဘောတူပိတ်သိမ်းလိုက်ပြီးဖြစ်ကြောင်း ကျောင်းထိုင်ဆရာတော်ဦးသူရိယဝံသက နိရဉ္စရာသတင်းဌာနသို့မိန့်ကြားသည်။

“ဦးဇင်းတို့ ရွာမှာ ဒီအရက်သေစာ ရောင်းချခြင်း သောက်သုံးခြင်းကိုတွေကို တားဆီးပိတ်ပင်ထားတာ တော့ နည်းနည်းကြာပြီး။ မနေ့က ဦးဇင်းတို့က ကျေးရွာကိုပထမဆုံးအနေနဲ့ ကွင်းဆင်းစစ်ဆေးခဲ့တာပါ။ ကွင်းဆင်းစစ်ဆေးပြီး တွေ့လာတဲ့အရက်တွေကို ဦးဇင်းတို့ သိမ်းပြီး ရွာ၏ဂါမစည်းကမ်းချက်နဲ့အညီ အကုန်သွန်ချပစ်တာဖြစ်ပါတယ်” ဟု မိန့် ကြားသည်။

အရက်ကြောင်း ကျေးရွာသူ ကျေးရွာသားများ ပျက်စီးဆုံးရှူံးမှုများ ရှိနေကြောင်း၊အရက်ရောင်းချခြင်းနှင့် သောက်သုံးခြင်းများကို တားဆီးပိတ်ပင်လိုက်မှသာလျှင် ရပ်ရွာသာယာ အေးချမ်းမည် ဖြစ်ကြောင်း စက္ကရေကျေးရွာ ကျောင်းထိုင်ဆရာတော်ဘုရားက ဆက်လက်မိန့်ကြားသည်။

“ဒီအရက်က တရွာလုံးကို ပျက်စီးနေတဲ့သဘောပါ။ရပ်ရွာမှာနေပြီးတော့ အရက်ကြောင့် ဆုံးရှုံး နစ်နာမှုတွေ များနေတယ်။ အရက်ကြောင့် လူငယ်ပိုင်းတွေ ပျက်စီးခြင်းတွေ ပါတာပေါ့။ လူငယ်ဆိုတာက အနာဂတ် သားကောင်းရတနာတွေဖြစ်တယ်။ ဒီအရက်ကြောင်ံ တိုးတက်ဖို့ လူငယ်တွေရဲ့ ဘဝတွေ မတိုးတက်နိုင်၊ အဲ့ဒီအရက်မှာဘဲ နစ်မြုပ် နေကြတယ်။

အဲ့ဒါကြောင့် ဦးဇင်းတို့က ဒီအရက် ရောင်းချခြင်းနဲ့ သောက်သုံး သူတွေကို ပြစ်ဒဏ်တခုအနေနဲ့ ရွာ၏ဂါမ စည်းကမ်းချက် တစ်ခု သတ်မှတ်ပြီး အရက်သေစာ ရောင်းချသူ ဒဏ်ကြေး ဘယ်လောက်၊ သောက်သုံးသူ ဒဏ်ကြေး ဘယ်လောက်ဆိုပြီး အားလုံးသဘောတူ သတ်မှတ်ခဲ့တာပါ”ဟု ဆရာတော် ဦးသူရိယဝံသက မိန့်ကြားသည်။

အရက်သေစာရောင်းချလျှင် ရောင်းချသူအား ငွေဒဏ်အဖြစ် ၁သိန်း သတ်မှတ်ထားပြီး သောက်သုံးသူအား ၅သောင်းအဖြစ် အားလုံးသဘောတူ ရွာ၏ဂါမစည်းကမ်းချက်ထုတ်ပြန်ထားကြောင်းသိရသည်။

ဆက်လက်ပြီးမောင်တောမြို့နယ် တောင်ပိုင်း အင်းဒင်အုပ်စုတွင်လည်း အရက်၊ ဘီယာ၊ ချဲ၊ ဖဲ များအား ပိတ်သိမ်းသွားရန်ပြင်ဆင်ထားပြီး လာမည်မေလ ၁ ရက်နေ့တွင်စ တင်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု အင်းဒင်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးမိုးက ဆိုသည်။

( အရက်ပိတ်ပင်သည့် ကျေးရွာများစာရင်းကို နိရဉ္စရာ သတင်းဌာနသို့ပို့ပေးပြီး ဆက်လက် ကူညီကြပါ။)

ဖိုးသူတော် (www.phothutaw.com)
Credit:နိရဉ္စရာ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top