ဟိုးေရွးေရွးတုန္းကေပါ့အိႏၵိယ ႏိုင္ငံရဲ႕ နယ္ေလးတစ္နယ္မွာလယ္နီးနားခ်င္း လယ္သမား ငါးေယာက္ ရွိတယ္။တေန႔ေတာ့ သူတို႔ငါးေယာက္ လယ္ထြန္ေနၾကတုန္းရုတ္တရက္ မိုးေတြအံု႔လာၿပီးေတာ့
ေလေရာမိုးပါ ခပ္ၾကမ္းၾကမ္း ရြာခ်ပါေလေရာ။

မိုးကလည္း သည္းႀကီးမဲႀကီးရြာ ေလျပင္းေတြကလည္းတိုက္လၽွပ္စီးေတြလည္း တအုံးအုံး တဂ်ိန္းဂ်ိန္းနဲ႔ဆိုေတာ့လယ္သမား ငါးေယာက္စလုံးဟာ အနီးအနားက သစ္ပင္ႀကီးတစ္ပင္ ရဲ႕ေအာက္ထဲ ေျပးသြားၿပီး မိုးခိုၾကတယ္။

အဲဒီလို မိုးခိုေနၾကတုန္း ထူးဆန္းတဲ့ျဖစ္ရပ္တစ္ခု ျဖစ္ေနတာကိုလယ္သမား ငါးေယာက္စလံုးက
သတိထားမိလိုက္ၾကတယ္။အဲဒါက ဘာလဲဆိုေတာ့ လွ်ပ္စီးေတြဟာသစ္ပင္ႀကီးကိုမိုးႀကိဳး ပစ္ေတာ့မယ့္ ပုံစံနဲ႔ခဏတိုင္း အနီးကပ္ လၽွပ္စီးလွ်က္ေနတာပါ။

ဒီလိုျဖစ္ေနတာဟာ သစ္ပင္ႀကီးရဲ႕ေအာက္မွာရွိေနတဲ့ လူေတြကို မိုးႀကိဳးပစ္ေတာ့မယ္ဆိုတာ
လယ္သမားေတြက အလိုလို သေဘာေပါက္လိုက္ၾကတယ္။ဒါေၾကာင့္ စိုးရိမ္စိတ္ေတြနဲ႔ ေၾကာက္လန္႔ေအာ္ဟစ္ၿပီးေတာ့ ငိုတဲ့သူငို ဘုရားစာ႐ြတ္တဲ့လူက ဘုရားစာ႐ြတ္နဲ႔ ဆူညံေနၾကတာေပါ့ ။

အဲဒီအခ်ိန္သူတို႔ ငါးေယာက္ထဲမွာအသက္လည္းႀကီးၿပီး ဝါအရေရာသမ႓ာအရေရာ အေတြ႕အၾကံဳအရပါ အားလုံးထက္ျမင့္တဲ့ လယ္သမားတစ္ေယာက္က
ဒီအျဖစ္အပ်က္ကို ေသခ်ာစဥ္းစားၾကည့္လိုက္တယ္။

ဒီမိုးႀကိဳးဟာ သစ္ပင္ႀကီးကို ပစ္ခ်င္ေနရင္လည္းပစ္ၿပီးေလာက္ၿပီ။ လူေတြကို ပစ္ခ်င္ရင္လည္း
ပစ္ၿပီးေလာက္ၿပီ။ ဘာျဖစ္လို႔ အခုထိမပစ္ႏိုင္ဘဲ ခဏတိုင္း ဒီသစ္ပင္နားကို
လၽွပ္စီးလက္ေနရတာလဲ။

ငါတို႔ ငါးေယာက္ထဲက တစ္ေယာက္ေယာက္ကိုမ်ားေရြးၿပီး ပစ္ခ်င္ေနတာမ်ားလား။
အကုသိုလ္ေကာင္ တစ္ေကာင္ေကာင္ေတာ့ငါတို႔ထဲမွာပါေနၿပီ။ ေတာ္ၾကာ အဲဒီေကာင္ကို
ပစ္ခ်လိုက္ရင္ မဆိုင္တဲ့ ေလးေယာက္ပါေရာၿပီး ေသရလိမ့္မယ္။

မျဖစ္ဘူး မျဖစ္ဘူး ဒီအတိုင္းေနေနလို႔ေတာ့မျဖစ္ဘူး ။အကုသိုလ္ေကာင္ကိုအျမန္ရွင္းထုတ္မွ ရေတာ့မယ္ဆိုၿပီးလယ္သမားႀကီးက က်န္တဲ့ေလးေယာက္ကိုအခုလို ေျပာပါတယ္။

ကဲ မိတ္ေဆြတို႔ ငါတို႔ ငါးေယာက္ထဲမွာတစ္ေယာက္ေယာက္ကိုေတာ့ မိုးႀကိဳးပစ္ေတာ့မယ္ဆိုတာ ေသခ်ာေနၿပီ။ငါတို႔ ငါးေယာက္လံုး ဒီလိုအတူတူရွိေနမယ္ဆိုရင္ ငါးေယာက္လံုး ေသသြားႏိုင္တယ္။
အဲဒီေတာ့ အလွည့္က် အေနနဲ႔ တစ္ေယာက္ခ်င္းဒီသစ္ပင္ကေန ဟိုး အေရွ႕မွာ ျမင္ေနရတဲ့
သစ္ပင္ငယ္ေလး ရွိတဲ့အထိ ေျပးသြားရမယ္။မိုးႀကိဳး ပစ္ခံရမယ့္လူ ျဖစ္ေနခဲ့ရင္ေတာ့ေျပးေနရင္း လမ္းခုလပ္မွာပဲ မိုးႀကိဳးထိမွန္မယ္။

ေအး မိုးႀကိဳး အပစ္မခံရဘူးဆိုရင္ေတာ့ငါတို႔ရွိတဲ့ ဒီသစ္ပင္ႀကီးရဲ႕ေအာက္ကို ျပန္လာေပါ့။
ကဲ ဘယ့္နဲ႔လဲေဟ့ အားလံုး သေဘာတူၾကရဲ႕လားဆိုေတာ့ ငါးေယာက္လံုးက သေဘာတူၾကတယ္။

ပထမဆံုးအေနနဲ႔ အသက္အႀကီးဆံုးျဖစ္တဲ့လယ္သမားႀကီးက စၿပီးေတာ့ ထြက္ေျပးတယ္။
သစ္ပင္ငယ္နားေရာက္ၿပီး မိုးႀကိဳး အပစ္မခံရေတာ့အရမ္းဝမ္းသာသြားတာေပါ့။ေဟး မိုးႀကိဳးက ငါ့ကို ပစ္ခ်င္တာ မဟုတ္ဘူး။ ငါ သူတို႔ဆီကို ျပန္သြားလို႔ရၿပီ ဆိုၿပီးေတာ့သစ္ပင္ႀကီးရွိတဲ့ဆီကို ျပန္ေျပးလာတယ္။

ေနာက္တစ္ေယာက္ အလွည့္အေနနဲ႔ဒုတိယလူက ထြက္ေျပးတယ္။ဒုတိယလူလည္း ပထမလူလိုပဲ မိုးႀကိဳးအပစ္မခံရဘဲ ျပန္လွည့္လာႏိုင္ခဲ့တယ္။ဒီလိုနဲ႔ တတိယလူလည္း ထိုနည္း၄င္းဘာမွ မျဖစ္သြားဘူး။ စတုတၳလူလည္းသူတို႔လိုပဲ ဘာမွမျဖစ္ဘဲ ျပန္လာႏိုင္ခဲ့ေတာ့ေနာက္ဆံုးက်န္တဲ့ လူတစ္ေယာက္ပဲမိုးႀကိဳး အပစ္ခံရမယ့္လူဆိုတာ ေသခ်ာၿပီေပါ့။

အဲဒီေတာ့ ေနာက္ဆံုးလူက အင္မတန္အေၾကာက္လြန္ၿပီး သစ္ပင္ႀကီးကေန
ထြက္ေျပးဖို႔ မလုပ္ရဲေတာ့ဘူး။ငိုယိုၿပီး အားလံုးကို ေတာင္းပန္ပါတယ္။ကၽြန္ေတာ္ မသြားရဲဘူး
ကၽြန္ေတာ့္ကို မိုးႀကိဳးပစ္ေတာ့မယ္ကၽြန္ေတာ့္ကို ကယ္ၾကပါဆိုၿပီး ငိုငိုယိုယိုနဲ႔
သစ္ပင္ႀကီးကို ဖက္တြယ္ၿပီး ထြက္ေျပးဖို႔ ျငင္းဆန္ေနတယ္။

လၽွပ္စီးလွ်က္တာကလည္း သစ္ပင္ႀကီးရဲ႕အနားနား ဆက္တိုက္ဆက္တိုက္ နီးနီးကပ္ကပ္နဲ
႔ ပိုပိုၿပီးေတာ့ ျမန္သထက္ျမန္လာေတာ့ အားလံုးရဲ႕စိုးရိမ္စိတ္ေတြက ျမင့္တက္လာၾကပါတယ္။
ဒါေၾကာင့္ငါတို႔ေတြ ဒီအတိုင္း အခ်ိန္ဆြဲေနလို႔မရေတာ့ဘူး အားလံုး ေသကုန္လိမ့္မယ္
ဒီအကုသိုလ္ေကာင္ႀကီးကိုျမန္ျမန္ထုတ္မွရေတာ့မယ္ မဟုတ္ရင္အားလုံးေသရလိမ့္မယ္။

ဒီေကာင့္ကို ဆြဲထုတ္ၾကရေအာင္ဆိုၿပီးဆြဲထုတ္ဖို႔ ဆုံးျဖတ္လိုက္ၾကတယ္။လူေလးေယာက္အားနဲ႔ ဆြဲထုတ္ဖို႔ႀကိဳးစားလာၾကေတာ့ တစ္ေယာက္ထဲအားကဘယ္ခံႏိုင္ပါ့မလဲ။ေနာက္ဆုံးေတာ့ ကဲ မတတ္ႏိုင္ေတာ့ဘူးေသရင္လည္း ေသပါေစေတာ့ငါ ထြက္ေျပးပါေတာ့မယ္ဆိုၿပီး ေျပးပါေတာ့တယ္။

သူလည္းထြက္ေျပးၿပီး လမ္းတစ္ဝက္ေလာက္လည္းေရာက္ေရာ အံုးခနဲ ဂ်ိန္းခနဲ မိုးႀကိဳးပစ္ခ်ပါေတာ့တယ္။ထူးဆန္းတာက မိုးႀကိဳးဟာ ေနာက္ဆုံးထြက္ေျပးေနတဲ့လူကို ပစ္တာမဟုတ္ဘဲသစ္ပင္ႀကီးရဲ႕ေအာက္မွာ က်န္ခဲ့တဲ့လူေလးေယာက္လုံးကို ပစ္ခ်လိုက္တာျဖစ္တယ္။

ဒါေၾကာင့္ ေလးေယာက္လံုး တစ္ၿပိဳင္တည္းေသကုန္ၾကတယ္။ ေသရမယ့္ကံက
ေနာက္ဆုံးလူမွာ မပါဘူး။စဥ္းစားၾကည့္ရင္ အားလုံးက ေနာက္ဆုံးလူပဲေသရမယ္ ထင္ေနၾကတာ။
တကယ္ေတာ့ ေနာက္ဆုံးလူက သူတို႔ကိုကယ္ေနတာ ျဖစ္ေနတယ္။

ေနာက္ဆံုးလူက သူတို႔နဲ႔ အတူတကြရွိေနလို႔သာသူတို႔ေတြကို မိုးႀကိဳးက မပစ္ခဲ့တာ။
ေနာက္ဆုံးလူကသာ ကံအထူးဆုံးလူျဖစ္ေနခဲ့တာ။ သူ႔ကံအရွိန္နဲ႔ က်န္တဲ့ေလးေယာက္က ေသေဘးကေန လြတ္ေနခဲ့တာ။

ပုံျပင္ေလးကေတာ့ ဒါပါပဲ။

တခါတေလက်ရင္ ငါရွိေနလို႔သာသူတို႔ေတြ အဆင္ေျပေနၾကတာ ဆိုတာထက္
သူတို႔ေတြ ရွိေနလို႔သာ ငါအဆင္ေျပေနတာဆိုတာကိုလည္း မေမ့ေစခ်င္ပါဘူး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ဗုဒၶေရအိုးစင္
# Unicode Version # ျဖင့္ ဖတ္ပါ #


ဟိုးရှေးရှေးတုန်းကပေါ့အိန္ဒိယ နိုင်ငံရဲ့ နယ်လေးတစ်နယ်မှာလယ်နီးနားချင်း လယ်သမား ငါးယောက် ရှိတယ်။တနေ့တော့ သူတို့ငါးယောက် လယ်ထွန်နေကြတုန်းရုတ်တရက် မိုးတွေအုံ့လာပြီးတော့
လေရောမိုးပါ ခပ်ကြမ်းကြမ်း ရွာချပါလေရော။

မိုးကလည်း သည်းကြီးမဲကြီးရွာ လေပြင်းတွေကလည်းတိုက်လျှပ်စီးတွေလည်း တအုံးအုံး တဂျိန်းဂျိန်းနဲ့ဆိုတော့လယ်သမား ငါးယောက်စလုံးဟာ အနီးအနားက သစ်ပင်ကြီးတစ်ပင် ရဲ့အောက်ထဲ ပြေးသွားပြီး မိုးခိုကြတယ်။

အဲဒီလို မိုးခိုနေကြတုန်း ထူးဆန်းတဲ့ဖြစ်ရပ်တစ်ခု ဖြစ်နေတာကိုလယ်သမား ငါးယောက်စလုံးက
သတိထားမိလိုက်ကြတယ်။အဲဒါက ဘာလဲဆိုတော့ လျှပ်စီးတွေဟာသစ်ပင်ကြီးကိုမိုးကြိုး ပစ်တော့မယ့် ပုံစံနဲ့ခဏတိုင်း အနီးကပ် လျှပ်စီးလျှက်နေတာပါ။

ဒီလိုဖြစ်နေတာဟာ သစ်ပင်ကြီးရဲ့အောက်မှာရှိနေတဲ့ လူတွေကို မိုးကြိုးပစ်တော့မယ်ဆိုတာ
လယ်သမားတွေက အလိုလို သဘောပေါက်လိုက်ကြတယ်။ဒါကြောင့် စိုးရိမ်စိတ်တွေနဲ့ ကြောက်လန့်အော်ဟစ်ပြီးတော့ ငိုတဲ့သူငို ဘုရားစာရွတ်တဲ့လူက ဘုရားစာရွတ်နဲ့ ဆူညံနေကြတာပေါ့ ။

အဲဒီအချိန်သူတို့ ငါးယောက်ထဲမှာအသက်လည်းကြီးပြီး ဝါအရရောသမ္ဘာအရရော အတွေ့အကြုံအရပါ အားလုံးထက်မြင့်တဲ့ လယ်သမားတစ်ယောက်က
ဒီအဖြစ်အပျက်ကို သေချာစဉ်းစားကြည့်လိုက်တယ်။

ဒီမိုးကြိုးဟာ သစ်ပင်ကြီးကို ပစ်ချင်နေရင်လည်းပစ်ပြီးလောက်ပြီ။ လူတွေကို ပစ်ချင်ရင်လည်း
ပစ်ပြီးလောက်ပြီ။ ဘာဖြစ်လို့ အခုထိမပစ်နိုင်ဘဲ ခဏတိုင်း ဒီသစ်ပင်နားကို
လျှပ်စီးလက်နေရတာလဲ။

ငါတို့ ငါးယောက်ထဲက တစ်ယောက်ယောက်ကိုများရွေးပြီး ပစ်ချင်နေတာများလား။
အကုသိုလ်ကောင် တစ်ကောင်ကောင်တော့ငါတို့ထဲမှာပါနေပြီ။ တော်ကြာ အဲဒီကောင်ကို
ပစ်ချလိုက်ရင် မဆိုင်တဲ့ လေးယောက်ပါရောပြီး သေရလိမ့်မယ်။

မဖြစ်ဘူး မဖြစ်ဘူး ဒီအတိုင်းနေနေလို့တော့မဖြစ်ဘူး ။အကုသိုလ်ကောင်ကိုအမြန်ရှင်းထုတ်မှ ရတော့မယ်ဆိုပြီးလယ်သမားကြီးက ကျန်တဲ့လေးယောက်ကိုအခုလို ပြောပါတယ်။

ကဲ မိတ်ဆွေတို့ ငါတို့ ငါးယောက်ထဲမှာတစ်ယောက်ယောက်ကိုတော့ မိုးကြိုးပစ်တော့မယ်ဆိုတာ သေချာနေပြီ။ငါတို့ ငါးယောက်လုံး ဒီလိုအတူတူရှိနေမယ်ဆိုရင် ငါးယောက်လုံး သေသွားနိုင်တယ်။
အဲဒီတော့ အလှည့်ကျ အနေနဲ့ တစ်ယောက်ချင်းဒီသစ်ပင်ကနေ ဟိုး အရှေ့မှာ မြင်နေရတဲ့
သစ်ပင်ငယ်လေး ရှိတဲ့အထိ ပြေးသွားရမယ်။မိုးကြိုး ပစ်ခံရမယ့်လူ ဖြစ်နေခဲ့ရင်တော့ပြေးနေရင်း လမ်းခုလပ်မှာပဲ မိုးကြိုးထိမှန်မယ်။

အေး မိုးကြိုး အပစ်မခံရဘူးဆိုရင်တော့ငါတို့ရှိတဲ့ ဒီသစ်ပင်ကြီးရဲ့အောက်ကို ပြန်လာပေါ့။
ကဲ ဘယ့်နဲ့လဲဟေ့ အားလုံး သဘောတူကြရဲ့လားဆိုတော့ ငါးယောက်လုံးက သဘောတူကြတယ်။

ပထမဆုံးအနေနဲ့ အသက်အကြီးဆုံးဖြစ်တဲ့လယ်သမားကြီးက စပြီးတော့ ထွက်ပြေးတယ်။
သစ်ပင်ငယ်နားရောက်ပြီး မိုးကြိုး အပစ်မခံရတော့အရမ်းဝမ်းသာသွားတာပေါ့။ဟေး မိုးကြိုးက ငါ့ကို ပစ်ချင်တာ မဟုတ်ဘူး။ ငါ သူတို့ဆီကို ပြန်သွားလို့ရပြီ ဆိုပြီးတော့သစ်ပင်ကြီးရှိတဲ့ဆီကို ပြန်ပြေးလာတယ်။

နောက်တစ်ယောက် အလှည့်အနေနဲ့ဒုတိယလူက ထွက်ပြေးတယ်။ဒုတိယလူလည်း ပထမလူလိုပဲ မိုးကြိုးအပစ်မခံရဘဲ ပြန်လှည့်လာနိုင်ခဲ့တယ်။ဒီလိုနဲ့ တတိယလူလည်း ထိုနည်း၎င်းဘာမှ မဖြစ်သွားဘူး။ စတုတ္ထလူလည်းသူတို့လိုပဲ ဘာမှမဖြစ်ဘဲ ပြန်လာနိုင်ခဲ့တော့နောက်ဆုံးကျန်တဲ့ လူတစ်ယောက်ပဲမိုးကြိုး အပစ်ခံရမယ့်လူဆိုတာ သေချာပြီပေါ့။

အဲဒီတော့ နောက်ဆုံးလူက အင်မတန်အကြောက်လွန်ပြီး သစ်ပင်ကြီးကနေ
ထွက်ပြေးဖို့ မလုပ်ရဲတော့ဘူး။ငိုယိုပြီး အားလုံးကို တောင်းပန်ပါတယ်။ကျွန်တော် မသွားရဲဘူး
ကျွန်တော့်ကို မိုးကြိုးပစ်တော့မယ်ကျွန်တော့်ကို ကယ်ကြပါဆိုပြီး ငိုငိုယိုယိုနဲ့
သစ်ပင်ကြီးကို ဖက်တွယ်ပြီး ထွက်ပြေးဖို့ ငြင်းဆန်နေတယ်။

လျှပ်စီးလျှက်တာကလည်း သစ်ပင်ကြီးရဲ့အနားနား ဆက်တိုက်ဆက်တိုက် နီးနီးကပ်ကပ်နဲ
့ ပိုပိုပြီးတော့ မြန်သထက်မြန်လာတော့ အားလုံးရဲ့စိုးရိမ်စိတ်တွေက မြင့်တက်လာကြပါတယ်။
ဒါကြောင့်ငါတို့တွေ ဒီအတိုင်း အချိန်ဆွဲနေလို့မရတော့ဘူး အားလုံး သေကုန်လိမ့်မယ်
ဒီအကုသိုလ်ကောင်ကြီးကိုမြန်မြန်ထုတ်မှရတော့မယ် မဟုတ်ရင်အားလုံးသေရလိမ့်မယ်။

ဒီကောင့်ကို ဆွဲထုတ်ကြရအောင်ဆိုပြီးဆွဲထုတ်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။လူလေးယောက်အားနဲ့ ဆွဲထုတ်ဖို့ကြိုးစားလာကြတော့ တစ်ယောက်ထဲအားကဘယ်ခံနိုင်ပါ့မလဲ။နောက်ဆုံးတော့ ကဲ မတတ်နိုင်တော့ဘူးသေရင်လည်း သေပါစေတော့ငါ ထွက်ပြေးပါတော့မယ်ဆိုပြီး ပြေးပါတော့တယ်။

သူလည်းထွက်ပြေးပြီး လမ်းတစ်ဝက်လောက်လည်းရောက်ရော အုံးခနဲ ဂျိန်းခနဲ မိုးကြိုးပစ်ချပါတော့တယ်။ထူးဆန်းတာက မိုးကြိုးဟာ နောက်ဆုံးထွက်ပြေးနေတဲ့လူကို ပစ်တာမဟုတ်ဘဲသစ်ပင်ကြီးရဲ့အောက်မှာ ကျန်ခဲ့တဲ့လူလေးယောက်လုံးကို ပစ်ချလိုက်တာဖြစ်တယ်။

ဒါကြောင့် လေးယောက်လုံး တစ်ပြိုင်တည်းသေကုန်ကြတယ်။ သေရမယ့်ကံက
နောက်ဆုံးလူမှာ မပါဘူး။စဉ်းစားကြည့်ရင် အားလုံးက နောက်ဆုံးလူပဲသေရမယ် ထင်နေကြတာ။
တကယ်တော့ နောက်ဆုံးလူက သူတို့ကိုကယ်နေတာ ဖြစ်နေတယ်။

နောက်ဆုံးလူက သူတို့နဲ့ အတူတကွရှိနေလို့သာသူတို့တွေကို မိုးကြိုးက မပစ်ခဲ့တာ။
နောက်ဆုံးလူကသာ ကံအထူးဆုံးလူဖြစ်နေခဲ့တာ။ သူ့ကံအရှိန်နဲ့ ကျန်တဲ့လေးယောက်က သေဘေးကနေ လွတ်နေခဲ့တာ။

ပုံပြင်လေးကတော့ ဒါပါပဲ။

တခါတလေကျရင် ငါရှိနေလို့သာသူတို့တွေ အဆင်ပြေနေကြတာ ဆိုတာထက်
သူတို့တွေ ရှိနေလို့သာ ငါအဆင်ပြေနေတာဆိုတာကိုလည်း မမေ့စေချင်ပါဘူး။

ဖိုးသူတော် (www.phothutaw.com)
Credit:ဗုဒ္ဓရေအိုးစင်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top