








Credit:marry
# Unicode Version # ဖြင့် ဖတ်ပါ #


အချစ်တွေမရှိတော့ရင် ဘာဖြစ်သွားမလဲ . . .။ ကမ္ဘာလောကကြီး တစ်ခုလုံး အကျဉ်းတန်သွားမှာပေါ့။ အချစ်ဆိုတာ လူသားတွေနဲ့ ကင်းကွာနေလို့ ဖြစ်တဲ့ အရာမှ မဟုတ်တာပဲနော်။ Marry ရဲ့ ပရိသတ်သတ်တွေမှာရော အချစ်တွေ ရှိတယ် မဟုတ်လား။

အချစ်တွေ အကြောင်းရော ဘယ်လောက်သိသလဲဟင် ။ ချစ်တော့ချစ်တယ် အချစ်ဆိုတာ ဘာလဲလို့ သေချာ မသိသေးဘူးဆိုရင်တော့ Marry က ချစ်တယ်ဆိုတဲ့ ခံစားချက်ကို အဓိပ္ပါယ် ဖွင့်ပေးမယ်လေ။ Marry ပြောတာ မှန်မမှန် စစ်ကြည့်ပေးပေါ့။

ချစ်တယ်ဆိုတာ ဘယ်လိုမျိုးလဲ

အချစ်တွေ အကြောင်းရော ဘယ်လောက်သိသလဲ

    အချစ်ဆိုတာ သူ့ရဲ့ စိတ်နှလုံး ဝိညာဉ်ထိ ကိုယ်ကထိတွေ့ ခံစားနိုင်ခြင်းပါပဲ။
    အချစ်ဆိုတာ အဆုံးစွန်ထိ ရိုးသားခြင်း ဖြစ်ပါတယ်။
    အချစ်ဆိုတာ သစ္စာတရားရဲ့ ကိုယ်ပွါး ဖြစ်တယ်တဲ့။
    အချစ်ဆိုတာ အခြားလူသား တစ်ဦးအပေါ် ကူညီပေးလိုက်တာပါ။

မတူညီ ကွဲပြားမှုတွေကို အတူတကွ ပေါင်းစည်းထားနိုင်တာပါ

    အချစ်ဆိုတာ တစ်ဦးအပေါ် တစ်ဦး အပြန်ပြန် အလှန်လှန် လေးစားမှုပါ။
    အချစ်ဆိုတာ မတူညီ ကွဲပြားမှုတွေကို အတူတကွ ပေါင်းစည်းထားနိုင်တာပါ။
    အချစ်ဆိုတာ စိတ်ကူးယဉ် အိပ်မက်ပန်းတိုင်ဆီ နှစ်ယောက်အတူ ရောက်အောင် သွားခြင်းပါ။

သူ့ရဲ့ အားနည်းချက်၊ အပြစ်တွေကို သိနေရက်နဲ့တောင် သူ့ကို ကိုယ့်ဘေးနားမှာ ရှိနေစေချင်တာပါ

    အချစ်ဆိုတာ သူ့နှလုံးသားနဲ့ ကိုယ့်နှလုံးသား ဆက်သွယ်မိသွားတဲ့ နေရာပါ။
    အချစ်ဆိုတာ သူ့ရဲ့ အားနည်းချက်၊ အပြစ်တွေကို သိနေရက်နဲ့တောင် သူ့ကို ကိုယ့်ဘေးနားမှာ ရှိနေစေချင်တာပါ။

ဖိုးသူတော် (www.phothutaw.com)
Credit:marry
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top