ဆီးချိုရောဂါ
အဝလွန်ခြင်း
လေသင်တုန်းဖြတ်ခြင်း
Credit:nanmalgyi
#Unicode Version# ဖြင့်ဖတ်ပါ ။
ပူပြင်းနွေရာသီရက်တွေမှာတော့ လက်ဖက်ရည်အေးအေးချိုချိုလေးသောက်လိုက်ရတာ ဘယ်လိုမှမလဲနိုင်တဲ့စည်းစိမ်ပါ။ ဒီနောက်မှာတော့ သတိပေးသံတွေလည်းကပ်ပါလာနေတတ်ပါတယ်။ လွန်လွန်ကဲကဲသောက်တတ်ရင်တော့ သကြားဓာတ်ပါဝင်မှုများတဲ့ အချိုဖျော်ရည်တိုင်းက လူကိုဒုက္ခပေးလာတတ်ပါတယ်။ ဘယ်လောက်ထိ သတိထားစရာကောင်းလဲဆိုတာ အခုတင်ဆက်ပေးပါရစေ။
ဆီးချိုရောဂါ
ဟုတ်တာပေါ့။ ဆိုဒါပါတဲ့အရည်တွေထက်စာရင် လက်ဖက်ရည်ကတော့ ပိုကောင်းတယ်လို့ထင်ကြမှာပါ။ အချိုကဲစေတဲ့အရာတွေ၊ သကြားတွေ၊ ဆေးသကြားတွေ ကို များများထည့်သောက်ရင်တော့ ဆီးချိုသွေးချို ရောဂါကဖြစ်လာနိုင်ပါတယ်။ သဘာဝပျားရည်ကိုထည့်သောက်ပေးတာသာလျှင် သင့်လျော်ပါတယ်။
ကျောက်ကပ်ကျောက်တည်ခြင်း
လက်ဖက်ရည်အေးကို များများစားစား သောက်သုံးတဲ့အခါ ထိခိုက်ခံစားရတဲ့အထဲကျောက်ကပ်လဲထိပ်ဆုံးကပါဝင်ပါတယ်။ မနှစ်က CBS ရဲ့သတင်းမှာ လက်ဖက်ရည်အေးကို အလွန်အကျွံ သောက်ဖြစ်ရင်း ရုတ်တရက် ကျောက်ကပ်အလုပ်မလုပ်တော့တဲ့လူတစ်ယောက် ကို ကြုံခဲ့ရဖူးပါတယ်။
နှလုံးသွေးကြောကျဉ်းရောဂါ
ကဖင်းဓာတ်များတဲ့ လက်ဖက်ရည် ဆိုရင်လည်း နှလုံးသွေးကြောရောဂါတွေ ကို ဖြစ်စေတတ်ပါတယ်တဲ့။ သွေးတိုးတတ်သူတွေ၊ နှလုံးခုန်မြန်ရင်တုန်တတ်သူတွေကတော့ ပိုလို့တောင်ရှောင်ကြဉ်သင့်ပါတယ်။
အဝလွန်ခြင်း
အချိုဖျော်ရည်တံဆိပ်တိုင်းမှာ ကယ်လိုရီဓာတ်က အနည်းဆုံးအနေနဲ့ ၂၅၀ အထိပါဝင်နေကျပါ။ ဆိုဒါတွေထက်တောင်ပိုပါသေးတယ်။ ဒီထဲကို သကြားဓာတ်နဲ့ အချိုထပ်ရောပြီးသောက်ဖြစ်ရင်တော့ ဝိတ်တက်လာမှာကပြေးမလွတ်ပါဘူး
လေသင်တုန်းဖြတ်ခြင်း
လေပါဖြတ်တဲ့အထိ အန္တရာယ်များလားလို့ မေးစရာရှိပါတယ်။ အဓိကကတော့သကြားဓာတ်ပါဝင်နှုန်းပါ။ ဒါကနေတစ်ဆင့် ဆိုးရွားလာရင် လေသင်တုန်းလည်းဖြတ်နိုင်ချေရှိပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
Home
»
ကျန်းမာရေး
»
စားသောက်ဖွယ်
»
ဗဟုသုတ
» လီမွန်တီး အမြဲသောက်သူ တွေ အတွက် ကျန်းမာရေး ဆိုးကျိုးများ
လီမွန်တီး အမြဲသောက်သူ တွေ အတွက် ကျန်းမာရေး ဆိုးကျိုးများ
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။