အသက္ ၂၀ေက်ာ္အ႐ြယ္အမ်ိဳးသားတစ္ဦး ေမာင္းႏွင္၍ အေနာက္မွ ဆယ္ေက်ာ္သက္အ႐ြယ္ ေယာက်္ားေလးတစ္ဦး လိုက္ပါလာသည့္ ဆိုင္ကယ္မွ ဝင္ေရာက္တိုက္မိသျဖင့္

ဆိုင္ကယ္ေနာက္မွ လိုက္ပါလာေသာ အသက္ ၁၂ႏွစ္ဝန္းက်င္ရွိ ကေလးသည္ ဦးေခါင္းႏွင့္ ေျခတဖက္တို႔ ျပင္းထန္စြာရရွိသည့္ ထိခိုက္ဒဏ္ရာျဖင့္ အခင္းျဖစ္ရာတြင္ ေသဆံုးသြားရေၾကာင္း ၊ ဆိုင္ကယ္ယာဥ္ေမာင္းျဖစ္သူသည္ သတိမရဘဲ ပြန္းပဲ့ေပါက္ၿပဲ ထိခိုက္ဒဏ္ရာတခ်ိဳ႕ ရရွိေၾကာင္း ၊ ၎တို႔သည္ မင္းေဘာေက်း႐ြာတြြင္ ေနထိုင္သူမ်ား ျဖစ္ၾကေၾကာင္း ကနဦး သတင္းအရ သိရပါသည္ ။
ဖိုးသူေတာ္(www.phothutaw.com)
Credit:မအူပင္ေက်ာ္လႊား – 09977555111 – Zin Moe
#Unicode Version#
ဧပြီ ၇ရက်နေ့ နေ့လယ် ၁၂နာရီ မိနစ် ၂၀အချိန်ခန့်မှာ ဧရာဝတီတိုင်းဒေသကြီး ၊ မအူပင်မြို့နယ် ၊ ညောင်ဝိုင်းကျေးရွာ ၊ စက်မှုဇုံစီမံကိန်းအရှေ့ လေးလမ်းသွား ကျိုက်လတ်-ညောင်ဝိုင်းကားလမ်းဘေး၌ စုံအချက်ပြမီး ဖွင့်၍ ခေတ္တရပ်တန့်ထားရှိသော ကုန်တင်ယာဉ်အား မင်းဘောကျေးရွာဘက်မှ
အသက် ၂၀ကျော်အရွယ်အမျိုးသားတစ်ဦး မောင်းနှင်၍ အနောက်မှ ဆယ်ကျော်သက်အရွယ် ယောကျ်ားလေးတစ်ဦး လိုက်ပါလာသည့် ဆိုင်ကယ်မှ ဝင်ရောက်တိုက်မိသဖြင့်
ဆိုင်ကယ်နောက်မှ လိုက်ပါလာသော အသက် ၁၂နှစ်ဝန်းကျင်ရှိ ကလေးသည် ဦးခေါင်းနှင့် ခြေတဖက်တို့ ပြင်းထန်စွာရရှိသည့် ထိခိုက်ဒဏ်ရာဖြင့် အခင်းဖြစ်ရာတွင် သေဆုံးသွားရကြောင်း ၊ ဆိုင်ကယ်ယာဉ်မောင်းဖြစ်သူသည် သတိမရဘဲ ပွန်းပဲ့ပေါက်ပြဲ ထိခိုက်ဒဏ်ရာတချို့ ရရှိကြောင်း ၊ ၎င်းတို့သည် မင်းဘောကျေးရွာတွင် နေထိုင်သူများ ဖြစ်ကြကြောင်း ကနဦး သတင်းအရ သိရပါသည် ။
ဖိုးသူတော်(www.phothutaw.com)
Credit:မအူပင်ကျော်လွှား – 09977555111 – Zin Moe