# Unicode Version #  ဖြင့် ဖတ်ပါ #
မျိုးရိုးအမွေထိန်းသိမ်း နေတဲ့အစဉ်အလာအကြီးမားဆုံးနယ်ပယ်တစ်ခုဖြစ်တဲ့ရုပ်ရှင်နယ်ပယ်ကတော့ ပြီးခဲ့တဲ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအပြီးမှာ နှစ်တိုင်းရဲ့အစဉ်အလာနဲ့မတူဘဲ ဒီနှစ်မှာ ရုပ်ရှင်အနုပညာ ရှင်တွေရဲ့မျိုးဆက်သစ်တွေကို အကယ်ဒမီရွှေကြို အဖြစ်ပွဲထုတ်ခဲ့ပါတယ်။ ရွှေကြိုထဲကတစ်ယောက် အပါအဝင်ဖြစ်တဲ့ ထက်လင်းအောင် ကတော့ တချိန်က အက်ရှင်မင်းသားချော နေထက်လင်းရဲ့ သားဖြစ်ပါတယ်။
 နေထက်လင်းက တော့ သူ့သားအပေါ်ဖြစ်စေချင်တဲ့စိတ်နဲ့ ဆန္ဒတွေကိုWe Entertaiment နဲ့အင်တာဗျူးတစ်ခုမှာ ပြောပြသွားပါတယ်။ သူပြောသွားတဲ့အကြောင်းတွေကိုပြောချင်လွန်းလို့ မိတ်ဆွေတွေသိအောင်ပြန်ပြောပြပေးလိုက်ပါတယ်။
ထက်လင်းအောင် ရဲ့နောက်ထပ်အနုပညာလှုပ်ရှားမှုတွေကိုတော့ “လောလောဆယ်တော့ မရှိသေးပါဘူး ။ဒါရိုက်တာတွေနဲ့ပေးတွေ့ရဦးမယ်။ကိုစတီးကိုလည်းကျွန်တော်ကပြောပြတယ်။ ကိုစတီးစိတ်မဆိုးနဲ့ကိုစတီးကို ဟိုဟာဖြစ်လို့မအပ်တာမဟုတ်ဘူး ။ကလေးကအခုမှလုပ်ချင်တယ် လို့ပြောပြီးရွှေကြိုကိုထည့်လိုက်လို့ အဲ့ဒီအတွက်ကျွန်တော့်ကို စိတ်မဆိုးနဲ့ သူတို့ကို မအပ်ရကောင်း လားဆိုပြီးဒါရိုက်တာတွေလည်းစိတ်ဆိုးရင် စိတ်ဆိုးမယ်လေ။
အဲ့ဒီအတွက်ဒီနေရာကနေတောင်းပန်ပါတယ်။ ကြိုမပြောဖြစ်တာ ကလေးကအနုပညာလုပ်ဖြစ်မယ် မလုပ်ဖြစ်ဘူးအဲ့ဒီလိုတွေဖြစ်နေတာ။ သူစာသင်မလားမသိဘူး ၊ကျောင်းတက်မလားမသိဘူး ၊ ဒီပြင့်မေဂျာတွေယူမလားမသိဘူး ။ အနုပညာ မေဂျာမဟုတ်ပဲ ဒီပြင့်မေဂျာတွေဒီမှာရှိတယ်။ စီးပွားရေးဘက်တွေ၊Travel & Tour အဲ့ဒီမေဂျာတွေယူမလားမသိဘူးဆိုတော့ ။
သင်တန်းတွေတက်ခိုင်းဖို့ရှိလား ဆိုတဲ့မေးခွန်းကိုတော့ “ကိုရီးယားကနေလာဖွင့် မယ့်သင်တန်းရှိတယ်။ သြင်္ကန်ပြီးလို့ရှိရင် ဘယ်နှလသင်တန်းလဲမသိဘူး အသက်၁၂နှစ်ကနေ ၁၄နှစ်အထိ အဲ့ဒါ ကသြင်္ကန်ပြီးရင် ၅လပိုင်းမှာဖွင့်မယ့်ဟာ ပြီးရင်နောက်တစ်ခုက ပြင်သစ်ကလာဖွင့်မယ့်ဟာရှိတယ်။
ဒါတွေလည်း အကုန်သင်ခိုင်းမှာပါ။ ပြင်သစ်ကလာဖွင့်တဲ့ဒီပြင့်ဘာသာရပ်တွေပါတာပေါ့နော်။ ကင်မရာ တို့ Lighting တို့အကုန်လုံးပါတယ်။ အဲ့ဒါကတော့နည်းနည်းကြီးတာပေါ့နော် ။”ဆိုပြီးပြောပြသွားခဲ့ပါတယ်။ နောက်ပြီး သားလေးကို အက်ရှင်ပိုင်းတွေသင်ပေးဖြစ်လားဆိုတဲ့ မေးခွန်းကိုလည်း “ ကျွန်တော်တို့ဘက်က ပင်ပန်းလို့ဖိုက်တင်တွေ အက်ရှင်တွေကို တစ်ခုမှသင်မပေးဘူး ။ပြီးတော့နောက် အကြမ်းအက်တင်တွေပါသွား မှာစိုးလို့။
သူ့အမေက အကြမ်းသင်ပေးပါ အကြမ်းသင်ပေးပါဆိုပေမယ့် တစ်ကွက်မှကျွန်တော်သင်မပေးဘူး ။ကျွန်တော်ထိုးရင်တော့ သူကြည့်ရင်ကြည့် မျက်စိနဲ့ကြည့်ပြီးတက်ရင်တက်မှာပေါ့ ။ ကျန်တာတော့ကျွန်တော် သင်မပေးဘူး ။
ဘာဖြစ်လို့လဲဆိုရင်အခုနောက်ပိုင်း ဒီအနုအရွလေးတွေလက်ဟန်ခြေဟန်လှုပ်တာတွေကအစ အားမထည့်ရဘူုး ။အဲ့ဒါတွေကအစ နွဲ့မှပျော့မှရတာ။ တချို့ကကျွန်တော့်ကိုလာပြောတယ် နင့်သားကို ဘာလို့အကြမ်းသင်မပေးတာလဲဆိုပြီးတော့ ပြောကြတယ် မင်းသမီးကြီးတွေပေါ့ နင့်သားအရမ်းပျော့တာပဲဆိုပြီးတော့ ကျွန်တော့်ကိုအစည်းအရုံးမှာတွေ့တော့ပြောတာပေါ့။ ကျွန်တော်က အပျော့ကသင်ရခက်တယ်။
အကြမ်းကအခုကျွန်တော်သင်ပေးလည်းမနက်ဖြန်တက်တယ်။ကျွန်တော်တို့လိုကြမ်းပြီးသွားတဲ့လူတွေက နုသွားဖို့ခက်သွားပြီ။ အနုအက်တင်ကတော့ကျွန်တော်သင်ပေးဖို့ခက်ပါတယ်။ အဲ့တာကြောင့်ပါ။”ဆိုပြီးပြောပြသွားခဲ့ပါတယ်။
နောက်ထပ်ပြီးတော့လည်း သူ့သားကို လွတ်လပ်မှုပေးထားတယ်ဆိုတဲ့အကြောင်းကို လည်း “ကျွန်တော်က အဲ့ဒီလိုမျိုးFree Style နဲ့လွှတ်ပေးထားတာ ပြီးတော့မှကလေးကလူတွေ နဲ့ပေါင်းတက်မှာလေ ။
လူနဲ့သူနဲ့မပေါင်းတက်ရင်လည်း အလုပ်လုပ်လို့မရဘူး လူပေါင်းတက်မှလည်း အနုပညာအလုပ် လုပ်ရတာ Team workကစားရတာ ၊စိတ်နေစိတ်သဘောထားလေးတွေ အဲ့တာလေးတွေက တတ်စေချင်တယ် ကလေးကို ။အဲ့ဒါမှလည်းကလေးက လူရာဝင်ပြီးတော့ လူရာဆံ့ပြီးတော့မှ လူတောထဲမှအပြောမခံရတာ ။ နည်းနည်းတော့သူကိုလွှတ်ပေးထားပါတယ်။ ဆိုပြီးပြောပြသွား ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:-ပြောချင်လွန်းလို့
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top