ျမန္မာလက္ေ႐ြးစင္ယူ- ၁၈ အသင္းသည္ ေဟာင္ေကာင္ေဘာလုံးအဖြဲ႕ခ်ဳပ္မွ ႀကီးမႉးက်င္းပေနသည့္ ေဟာင္ေကာင္ ယူ-၁၈ ဖိတ္ေခၚၿပိဳင္ပြဲ Jockey Club International Youth Invitational Football Tournament 2019, Hong Kong ၿပိဳင္ပြဲ၏ ေနာက္ဆုံးပြဲစဥ္ကို ဧၿပီ ၂၂ ရက္ေန႔တြင္ စင္ကာပူအသင္း ႏွင့္ ယွဥ္ၿပိဳင္ကစားရမည္ ျဖစ္ၿပီး ဂိုးျပတ္ အႏိုင္ရရွိပါကာ ခ်န္ပီယံဆုဖလား ရရွိမည္ ျဖစ္သည္။

အုပ္စု ဒုတိယပြဲစဥ္အၿပီးတြင္ ျမန္မာအသင္းအေနျဖင့္ တစ္ပြဲႏိုင္ ၊ တစ္ပြဲသေရ၊ ရဂိုး ႏွစ္ဂိုး ၊ ရမွတ္ ၄ မွတ္ ရရွိထားၿပီး ဗီယက္နမ္အသင္း ႏွင့္ ရမွတ္ ၄ မွတ္စီ ရရွိေနတာျဖစ္ၿပီး အိမ္ရွင္ေပာာင္ေကာင္အသင္း က ၃ မွတ္ ၊ စင္ကာပူအသင္းမွ ပြဲစဥ္ ၂ ပြဲ လုံးကို ရႈံးနိမ့္ထားသည္။

ျမန္မာအသင္းအေနျဖင့္ ဂိုးကြာျခားခ်က္အသာျဖင့္ အုပ္စုဗိုလ္အျဖစ္ ဦးေဆာင္ေနၿပီး လာမည့္ ဧၿပီ ၂၂ ရက္ေန႔ တြင္ စင္ကာပူအသင္းကို အႏိုင္ရရွိပါကာ အုပ္စုဗိုလ္အျဖစ္ ဗိုလ္ဆြဲၿပီး ခ်န္ပီယံဆုဖလားကို ကိုင္ေျမႇာက္ႏိုင္မည္ ျဖစ္သည္။

ျမန္မာယူ-၁၈ အသင္းအေနျဖင့္ ဧၿပီ ၂၂ ရက္  တြင္ ခ်န္ပီယံအဆုံးအျဖတ္အျဖင့္ စင္ကာပူအသင္း ႏွင့္ ျမန္မာစံေတာ္ခ်ိန္ နံနက္ ၈ နာရီ ၃၀ မိနစ္တြင္ ယွဥ္ၿပိဳင္ကစားရမည္ ျဖစ္ၿပီး ဗီယက္နမ္က အိမ္ရွင္ ေဟာင္ေကာင္ႏွင့္ ကစားရမည္ ျဖစ္သည္။

လက္ရွိတြင္ အိမ္ရွင္ေဟာင္ေကာင္အသင္းက တစ္ပြဲႏိုင္၊ တစ္ပြဲရႈံး၊ ရမွတ္ ၃ မွတ္ျဖင့္ တတိယေနရာတြင္ ရွိေနကာ စင္ကာပူမွာ ႏွစ္ပြဲကစား၊ ႏွစ္ပြဲရႈံးျဖင့္ ေအာက္ဆုံး၌ ရွိေနသည္။

ျမန္မာ ယူ ၁၈ အျပင္ ျမန္မာယူ-၁၅ အသင္းကလည္း ေပာာင္ေကာင္တြင္ က်င္းပေနသည့္ Jockey Club International Youth Invitational Football Tournament 2019 မွ  ေပာာင္ေကာင္ယူ-၁၅ ၿပိဳင္ပြဲ ဝင္ေရာက္ယွဥ္ၿပိဳင္လ်က္ရွိၿပီး ဧၿပီ ၁၉ ရက္ေန႔က မိုးသည္းထန္စြာ ႐ြာသြန္းမႈႏွင့္ ရာသီဥတုဆိုး႐ြားမႈတို႔ေၾကာင့္ ဒိုင္လူႀကီး၏ ဆုံးျဖတ္ခ်က္အရ ေဟာင္ေကာင္-ျမန္မာ၊ စင္ကာပူ-မေလးရွား ပြဲစဥ္မ်ားကို ဖ်က္သိမ္းခဲ့ရသည္။



မိုးသည္းထန္စြာ ႐ြာသြန္းသျဖင့္ ေ႐ႊ႕ဆိုင္းခဲ့ရေသာ ယူ-၁၅ ပြဲစဥ္မ်ားျဖစ္သည့္ ေဟာင္ေကာင္-ျမန္မာ၊ စင္ကာပူ-မေလးရွား ပြဲစဥ္ႏွစ္ပြဲကို ဖ်က္သိမ္း သြားမည္ျဖစ္ၿပီး က်န္ပြဲစဥ္မ်ားကို ဧၿပီ ၂၁  ႏွင့္ ဧၿပီ ၂၂ ေန႔၊ ျမန္မာစံေတာ္ခ်ိန္ ေန႔လယ္ ၁ နာရီတြင္ ဆက္လက္ယွဥ္ၿပိဳင္ကစားသြားမည္ဟု သိရသည္။

ေပာာင္ေကာင္ေဘာလုံးအဖြဲ႕ခ်ဳပ္အေနျဖင့္ ဖ်က္သိမ္းခဲ့သည့္ပြဲစဥ္မ်ားကို ျပန္လည္ယွဥ္ၿပိဳင္ေစျခင္း မရွိေတာ့ ေသာေၾကာင့္ အဆင့္သတ္မွတ္ခ်က္ႏွင့္ အမွတ္ သတ္မွတ္ခ်က္ရလဒ္မ်ား ထြက္ေပၚေတာ့မည္ မပာုတ္ဘဲ ၿပိဳင္ပြဲဝင္ အသင္းအားလုံးအေနျဖင့္ အမွတ္တရ ဆုတံဆိပ္သာ ရရွိေတာ့မည္ ျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:mizzimaburmese
# Unicode Version # ျဖင့္ ဖတ္ပါ #


မြန်မာလက်ရွေးစင်ယူ- ၁၈ အသင်းသည် ဟောင်ကောင်ဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပနေသည့် ဟောင်ကောင် ယူ-၁၈ ဖိတ်ခေါ်ပြိုင်ပွဲ Jockey Club International Youth Invitational Football Tournament 2019, Hong Kong ပြိုင်ပွဲ၏ နောက်ဆုံးပွဲစဉ်ကို ဧပြီ ၂၂ ရက်နေ့တွင် စင်ကာပူအသင်း နှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်ပြီး ဂိုးပြတ် အနိုင်ရရှိပါကာ ချန်ပီယံဆုဖလား ရရှိမည် ဖြစ်သည်။

အုပ်စု ဒုတိယပွဲစဉ်အပြီးတွင် မြန်မာအသင်းအနေဖြင့် တစ်ပွဲနိုင် ၊ တစ်ပွဲသရေ၊ ရဂိုး နှစ်ဂိုး ၊ ရမှတ် ၄ မှတ် ရရှိထားပြီး ဗီယက်နမ်အသင်း နှင့် ရမှတ် ၄ မှတ်စီ ရရှိနေတာဖြစ်ပြီး အိမ်ရှင်ပောာင်ကောင်အသင်း က ၃ မှတ် ၊ စင်ကာပူအသင်းမှ ပွဲစဉ် ၂ ပွဲ လုံးကို ရှုံးနိမ့်ထားသည်။

မြန်မာအသင်းအနေဖြင့် ဂိုးကွာခြားချက်အသာဖြင့် အုပ်စုဗိုလ်အဖြစ် ဦးဆောင်နေပြီး လာမည့် ဧပြီ ၂၂ ရက်နေ့ တွင် စင်ကာပူအသင်းကို အနိုင်ရရှိပါကာ အုပ်စုဗိုလ်အဖြစ် ဗိုလ်ဆွဲပြီး ချန်ပီယံဆုဖလားကို ကိုင်မြှောက်နိုင်မည် ဖြစ်သည်။

မြန်မာယူ-၁၈ အသင်းအနေဖြင့် ဧပြီ ၂၂ ရက်  တွင် ချန်ပီယံအဆုံးအဖြတ်အဖြင့် စင်ကာပူအသင်း နှင့် မြန်မာစံတော်ချိန် နံနက် ၈ နာရီ ၃၀ မိနစ်တွင် ယှဉ်ပြိုင်ကစားရမည် ဖြစ်ပြီး ဗီယက်နမ်က အိမ်ရှင် ဟောင်ကောင်နှင့် ကစားရမည် ဖြစ်သည်။

လက်ရှိတွင် အိမ်ရှင်ဟောင်ကောင်အသင်းက တစ်ပွဲနိုင်၊ တစ်ပွဲရှုံး၊ ရမှတ် ၃ မှတ်ဖြင့် တတိယနေရာတွင် ရှိနေကာ စင်ကာပူမှာ နှစ်ပွဲကစား၊ နှစ်ပွဲရှုံးဖြင့် အောက်ဆုံး၌ ရှိနေသည်။

မြန်မာ ယူ ၁၈ အပြင် မြန်မာယူ-၁၅ အသင်းကလည်း ပောာင်ကောင်တွင် ကျင်းပနေသည့် Jockey Club International Youth Invitational Football Tournament 2019 မှ  ပောာင်ကောင်ယူ-၁၅ ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး ဧပြီ ၁၉ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် ရာသီဥတုဆိုးရွားမှုတို့ကြောင့် ဒိုင်လူကြီး၏ ဆုံးဖြတ်ချက်အရ ဟောင်ကောင်-မြန်မာ၊ စင်ကာပူ-မလေးရှား ပွဲစဉ်များကို ဖျက်သိမ်းခဲ့ရသည်။

မိုးသည်းထန်စွာ ရွာသွန်းသဖြင့် ရွှေ့ဆိုင်းခဲ့ရသော ယူ-၁၅ ပွဲစဉ်များဖြစ်သည့် ဟောင်ကောင်-မြန်မာ၊ စင်ကာပူ-မလေးရှား ပွဲစဉ်နှစ်ပွဲကို ဖျက်သိမ်း သွားမည်ဖြစ်ပြီး ကျန်ပွဲစဉ်များကို ဧပြီ ၂၁  နှင့် ဧပြီ ၂၂ နေ့၊ မြန်မာစံတော်ချိန် နေ့လယ် ၁ နာရီတွင် ဆက်လက်ယှဉ်ပြိုင်ကစားသွားမည်ဟု သိရသည်။

ပောာင်ကောင်ဘောလုံးအဖွဲ့ချုပ်အနေဖြင့် ဖျက်သိမ်းခဲ့သည့်ပွဲစဉ်များကို ပြန်လည်ယှဉ်ပြိုင်စေခြင်း မရှိတော့ သောကြောင့် အဆင့်သတ်မှတ်ချက်နှင့် အမှတ် သတ်မှတ်ချက်ရလဒ်များ ထွက်ပေါ်တော့မည် မပာုတ်ဘဲ ပြိုင်ပွဲဝင် အသင်းအားလုံးအနေဖြင့် အမှတ်တရ ဆုတံဆိပ်သာ ရရှိတော့မည် ဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit:mizzimaburmese
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top