ေပၚတူဂီႏိုင္ငံက မက္ဒဲရားအပန္းေျဖကြၽန္းမွာ ကမာၻ႔လွည့္ခရီးသည္ ဘတ္စ္ကားတစ္စီး လမ္းေခ်ာ္တိမ္းေမွာက္ၿပီး ေတာင္ေစာင္းအတိုင္း ထိုးစိုက္က်ကာ အိမ္တစ္အိမ္ကို ဝင္တိုက္မိတာေၾကာင့္ ဂ်ာမနီခရီးသြားဧည့္သည္ ၂၉ ဦး ေသဆုံးမႈ ျဖစ္ခဲ့ပါတယ္။

ဧၿပီ ၁၇ ရက္မွာ ျဖစ္ပြားတဲ့ ဒီ ယာဥ္မေတာ္တဆမႈေၾကာင့္ ဂ်ာမနီႏိုင္ငံျခားေရးဝန္ႀကီးဟာ တူရကီႏိုင္ငံဆီ ဧၿပီ ၁၈ ရက္မွာ သြားေရာက္ၿပီျဖစ္သလို ေပၚတူဂီႏိုင္ငံမွာလည္း သုံးရက္တာ ဝမ္းနည္းဖြယ္ေန႔အျဖစ္ စတင္လုပ္ေဆာင္ပါတယ္။

ကာနီကိုၿမိဳ႕နားမွာ ျဖစ္ပြားတဲ့ ဒီဘတ္စ္ကားတိမ္းေမွာက္မႈကို ဒ႐ုန္းဓာတ္ပုံေတြအရ ေတြ႕ျမင္ရတာမွာ ေတာင္ေစာင္းက အိမ္တစ္လုံးကို ဝင္တိုက္ၿပီး ဆိုးဆိုးဝါးဝါး ပ်က္စီးေနတာကို ျမင္ေတြ႕ရပါတယ္။
ကယ္ဆယ္ေရးသမားေတြက ကားထဲမွာ ဒဏ္ရာရွိသူေတြကို ဆြဲထုတ္ကယ္တင္ၾကပါတယ္။ ေသဆုံးသူအမ်ားစုက အသက္ ၄၀ နဲ႔ ၅၀ ၾကားေတြက မ်ားေၾကာင္း ဌာေနအာဏာပိုင္ေတြက ေျပာပါတယ္။ ေသဆုံးသူအားလုံးဟာ ဂ်ာမနီကျဖစ္ၾကၿပီး အမ်ိဳးသား ၁၁ ဦးနဲ႔ အမ်ိဳးသမီး ၁၈ ဦး ေသဆုံးခဲ့တာ ျဖစ္ပါတယ္။

ႏွစ္စဥ္ လာေရာက္လည္ပတ္သူ တစ္သန္းေက်ာ္ရွိရာမွာ ေမာ္႐ိုကို ကမ္းလြန္က အတၱလႏၲိတ္ကြၽန္းစုေတြဆီ အခု ေသဆုံးသူေတြဟာ လာေရာက္အလည္အပတ္ ေရာက္ရွိတဲ့ ခရီးသြားဧည့္သည္ေတြပဲ ျဖစ္ပါတယ္။ ဒီနယ္ေျမေဒသဟာ အပူေလ်ာ့ပိုင္းရာသီဥတုနဲ႔ မီိးေတာင္ေျမအမ်ိဳးအစားေတြေၾကာင့္ ခရီးသြားဧည့္သည္ေတြကို ဆြဲေဆာင္ရာ ေဒသလည္း ျဖစ္ပါတယ္။

“မက္ဒဲရားကြၽန္းမွာ ျဖစ္ပြားတဲ့ ဆိုးဝါးတဲ့သတင္းကို ကြၽန္ေတာ္တို႔ ၾကားသိရတယ္။ အဲဒီ ယာဥ္မေတာ္တဆမႈမွာ ေသဆုံးသူေတြအတြက္ ကြၽန္ေတာ္တို႔ အလြန္စိတ္မေကာင္းျဖစ္ရတယ္။”လို႔ ဂ်ာမနီအစိုးရ ေျပာခြင့္ရသူတစ္ဦးက တြစ္တာကတစ္ဆင့္ ေရးသားခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:mizzimaburmese
# Unicode Version # ျဖင့္ ဖတ္ပါ #


ပေါ်တူဂီနိုင်ငံက မက်ဒဲရားအပန်းဖြေကျွန်းမှာ ကမ္ဘာ့လှည့်ခရီးသည် ဘတ်စ်ကားတစ်စီး လမ်းချော်တိမ်းမှောက်ပြီး တောင်စောင်းအတိုင်း ထိုးစိုက်ကျကာ အိမ်တစ်အိမ်ကို ဝင်တိုက်မိတာကြောင့် ဂျာမနီခရီးသွားဧည့်သည် ၂၉ ဦး သေဆုံးမှု ဖြစ်ခဲ့ပါတယ်။

ဧပြီ ၁၇ ရက်မှာ ဖြစ်ပွားတဲ့ ဒီ ယာဉ်မတော်တဆမှုကြောင့် ဂျာမနီနိုင်ငံခြားရေးဝန်ကြီးဟာ တူရကီနိုင်ငံဆီ ဧပြီ ၁၈ ရက်မှာ သွားရောက်ပြီဖြစ်သလို ပေါ်တူဂီနိုင်ငံမှာလည်း သုံးရက်တာ ဝမ်းနည်းဖွယ်နေ့အဖြစ် စတင်လုပ်ဆောင်ပါတယ်။

ကာနီကိုမြို့နားမှာ ဖြစ်ပွားတဲ့ ဒီဘတ်စ်ကားတိမ်းမှောက်မှုကို ဒရုန်းဓာတ်ပုံတွေအရ တွေ့မြင်ရတာမှာ တောင်စောင်းက အိမ်တစ်လုံးကို ဝင်တိုက်ပြီး ဆိုးဆိုးဝါးဝါး ပျက်စီးနေတာကို မြင်တွေ့ရပါတယ်။
ကယ်ဆယ်ရေးသမားတွေက ကားထဲမှာ ဒဏ်ရာရှိသူတွေကို ဆွဲထုတ်ကယ်တင်ကြပါတယ်။ သေဆုံးသူအများစုက အသက် ၄၀ နဲ့ ၅၀ ကြားတွေက များကြောင်း ဌာနေအာဏာပိုင်တွေက ပြောပါတယ်။ သေဆုံးသူအားလုံးဟာ ဂျာမနီကဖြစ်ကြပြီး အမျိုးသား ၁၁ ဦးနဲ့ အမျိုးသမီး ၁၈ ဦး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

နှစ်စဉ် လာရောက်လည်ပတ်သူ တစ်သန်းကျော်ရှိရာမှာ မော်ရိုကို ကမ်းလွန်က အတ္တလန္တိတ်ကျွန်းစုတွေဆီ အခု သေဆုံးသူတွေဟာ လာရောက်အလည်အပတ် ရောက်ရှိတဲ့ ခရီးသွားဧည့်သည်တွေပဲ ဖြစ်ပါတယ်။ ဒီနယ်မြေဒေသဟာ အပူလျော့ပိုင်းရာသီဥတုနဲ့ မီးတောင်မြေအမျိုးအစားတွေကြောင့် ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်ရာ ဒေသလည်း ဖြစ်ပါတယ်။

“မက်ဒဲရားကျွန်းမှာ ဖြစ်ပွားတဲ့ ဆိုးဝါးတဲ့သတင်းကို ကျွန်တော်တို့ ကြားသိရတယ်။ အဲဒီ ယာဉ်မတော်တဆမှုမှာ သေဆုံးသူတွေအတွက် ကျွန်တော်တို့ အလွန်စိတ်မကောင်းဖြစ်ရတယ်။”လို့ ဂျာမနီအစိုးရ ပြောခွင့်ရသူတစ်ဦးက တွစ်တာကတစ်ဆင့် ရေးသားခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:mizzimaburmese
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top