စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်ကျင်းပသော မုံရွာမြို့ချင်းတွင်းမြစ်သဲသောင်ပြင်တွင် ပြုလုပ်မည့် ချင်းတွင်း သင်္ကြန် ဈေးဆိုင်ခန်း ၄၀ကျော် မှာ ဧပြီ ၈ ရက်နေ့ ညနေ ပိုင်းက တိုတ်ခတ်ခဲ့သော မိုးသက်လေပြင်းကြောင့် လဲပြို ပျက်စီးခဲ့သည်။
“ဆိုင်ကယ် စီးလာတဲ့ လူကြီးတစ်ယောက်ကို သံဖရိန်တိုင်က ၀င်မှန်ပြီး ဆိုင်ကယ်လဲသွားတာ၊ သွေးတွေတော့ ရဲနေတာ တွေ့တယ်၊ ကျွန်မတို့လည်း တဲထဲ ၀ပ်နေတုန်း သံဆိုင်ခန်းက လာရိုတ်လို့ ပြိုကျတာနဲ့ ထွက်ပြေးရတာ၊ဘေးကို ဘာမှ မမြင်ရဘူး ၊ပစ္စည်းတွေလည်း အကုန် မိုးစိုကုန်တယ် “ဟု မန္တလေးမြို့မှ ဈေးဆိုင်လာဖွင့်သူ အမျိုးသမီးတစ်ဦးကပြောသည်။
Credit:မုံရွာဂေဇက်
#Unicode Version# ဖြင့်ဖတ်ပါ ။
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်ကျင်းပသော မုံရွာမြို့ချင်းတွင်းမြစ်သဲသောင်ပြင်တွင် ပြုလုပ်မည့် ချင်းတွင်း သြင်္ကန် ဈေးဆိုင်ခန်း ၄၀ကျော် မှာ ဧပြီ ၈ ရက်နေ့ ညနေ ပိုင်းက တိုတ်ခတ်ခဲ့သော မိုးသက်လေပြင်းကြောင့် လဲပြို ပျက်စီးခဲ့သည်။
ဗဟိုမဏ္ဍပ်အား ပတ်လည် ဝိုင်းရံထားသော သုးံသောင်းတန်ဆိုင်ခန်း ၂၅ ခန်းနှင့် နှစ်သိန်းတန်ဆိုင်ခန်း ၂၀ခန်းခန့် ပျက်စီးခဲ့ခြင်းဖြစ်သည်။
ဒေသထွက်ကုန်ပစ္စည်းများပြသမည့် သံဖရိန်ဖြင့်တည်ဆောက်ထားသော ဆိုင်ခန်းလေးခန်းတွဲမှာလေနှင့်အတူ လွှင့်ပါပြီး သုးံသောင်းတန် ဆိုင်ခန်း ၅ ခန်းအပေါ် ပိခဲ့သဖြင့် လမ်းပိတ်ဆို့မှုဖြစ်ပေါ်ခဲ့သည်။
“ဆိုင်ကယ် စီးလာတဲ့ လူကြီးတစ်ယောက်ကို သံဖရိန်တိုင်က ဝင်မှန်ပြီး ဆိုင်ကယ်လဲသွားတာ၊ သွေးတွေတော့ ရဲနေတာ တွေ့တယ်၊ ကျွန်မတို့လည်း တဲထဲ ဝပ်နေတုန်း သံဆိုင်ခန်းက လာရိုတ်လို့ ပြိုကျတာနဲ့ ထွက်ပြေးရတာ၊ဘေးကို ဘာမှ မမြင်ရဘူး ၊ပစ္စည်းတွေလည်း အကုန် မိုးစိုကုန်တယ် “ဟု မန္တလေးမြို့မှ ဈေးဆိုင်လာဖွင့်သူ အမျုးိသမီးတစ်ဦးကပြောသည်။
လမ်းပိတ်ဆို့မှုများကို မြို့နယ် စည်ပင်မှ ယခုအခါ ရှင်းလင်းမှုများပြုလုပ်နေသည်။ချင်းတွင်းသြင်္ကန်တွင် အနယ်နယ် အရပ်ရပ်မှ ဆိုင်လာဖွင့်သော ၂သိန်းတန်ဆိုင်ခန်း ၁၉၇ ခန်းနှင့် သုးံသောင်းတန်ဆိုင်ခန်း ၂၄၁ ခန်း ရှိသည်။
အနောက်ဘက်မှ လာသော လေအေးများနှင့် ဘင်္ဂလားပင်လယ်အော် မှလာသော လေနွေးများ စုဆုံမှုကြောင့် ဧပြီ ၆ ရက်မှ ၁၀ ရက်နေ့အထိ စစ်ကိုင်းတိုင်းဒေသကြီးအပါအဝင် ကျန်တိုင်းနှင့်ပြည်နယ် များတွင် လေပြင်းတိုက်ခြင်း၊ မိုးကြိုး ပစ်ခြင်း၊မိုးရွာသွန်းခြင်းများဖြစ်နိုင်သဖြင့် ကြိုတင် သတိပြုရန် မိုးလေဝသဌာနမှ ကြေညာထားသည်။
ဖိုးသူတော် (www.phothutaw.com)
Credit:မုံရွာဂေဇက်
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top