ေလ့က်င့္ခန္းကို လူေတာ္ေတာ္မ်ားမ်ားက လုပ္ရမွာ ပ်င္းၾကပါတယ္။ အခ်ိန္မရွိတာထက္ လုပ္ခ်င္စိတ္မရွိတာက ပိုမ်ားေနတတ္ၾကတာကိုး။ တကယ္ေတာ့ ေလ့က်င့္ခန္းဆိုတာ ကိုယ္ခႏၶာၾကံ့ခိုင္ေရးနဲ႔ အလွအပအတြက္သာမက က်န္းမာေရးအတြက္ပါ ေကာင္းက်ိဳးမ်ားစြာ ရွိေစႏိုင္ပါတယ္။

အထူးသျဖင့္ အမ်ိဳးသားေတြလို တစ္ေန႔လံုး အလုပ္ခြင္မွာ ပင္ပင္ပန္းပန္း လုပ္ရတာ၊ စိတ္ဖိစီးမႈျပႆနာေတြ အျမဲၾကံဳေနရတဲ့သူေတြအတြက္ ကိုယ္ခႏၶာက လန္းဆန္းေပါ့ပါးျပီး စိတ္အာရံုတက္ၾကြေနဖို႔ အေရးၾကီးပါတယ္။

ဒါေၾကာင့္ ဒီေန႔ေဆာင္းပါးေလးမွာေတာ့ အမ်ိဳးသားတိုင္း မနက္ႏိုးလာျပီဆိုတာနဲ႔ မျဖစ္မေန လုပ္ေပးသင့္တဲ့ ေလ့က်င့္ခန္းေတြအေၾကာင္းကို ေျပာျပေပးသြားမွာ ျဖစ္ပါတယ္။

၁။ ဒိုက္ထိုးပါ။

က်န္းမာတက္ၾကြျပီး ေယာက္်ားပီသတဲ့ ခႏၶာကုိယ္ကို ပိုင္ဆိုင္ခ်င္တဲ့ အမ်ိဳးသားတိုင္း မျဖစ္မေနလုပ္ေပးသင့္တဲ့ ေလ့က်င့္ခန္းတစ္ခုပါပဲ။ ဒိုက္ထိုးတ့ဲအခါ ခႏၶာကိုယ္အေပၚပိုင္း၊ ရင္အုပ္၊ လက္ေမာင္း၊ ပုခံုးေတြကို အားသံုးျပီး လုပ္ရတာျဖစ္တယ္။ တျခားဘာပစၥည္းကိရိယာမွ မလိုဘဲ လုပ္ခ်င္စိတ္ရွိရံုနဲ႔ လုပ္လို႔ရတဲ့ ေလ့က်င့္ခန္း ျဖစ္ပါတယ္။

ဒိုက္ထိုးျခင္းျဖင့္ ရင္အုပ္ကို က်ယ္ေစတယ္။ ခါးကို မတ္ေစတယ္။ လက္ေမာင္းၾကြက္သား ေတာင့္တင္းသန္မာေစတယ္။ အားအင္ပိုမို စိုက္ထုတ္ႏိုင္ေစတယ္။ အေလးအပင္ေတြကိုလည္း ေကာင္းေကာင္း မ ႏိုင္လာမယ္။ ဒါေၾကာင့္ အမ်ိဳးသားတိုင္း မနက္ႏိုးလာျပီဆိုရင္ ကိုယ္တတ္ႏိုင္သေလာက္ အၾကိမ္ေရအလိုက္ ေန႔စဥ္ ဒိုက္ထိုးေပးသင့္ပါတယ္။

၂။ လမ္းေလွ်ာက္ပါ။

လမ္းေလွ်ာက္မယ္လို႔ ေျပာလိုက္တိုင္း ပ်င္းတယ္၊ မေလွ်ာက္ခ်င္ဘူး၊ ေညာင္းတယ္ဆိုတဲ့ ဆင္ျခင္ေတြနဲ႔ ျငင္းေနတာေတြ ရပ္လိုက္ပါေတာ့။ မနက္ပိုင္း ေလေကာင္းေလသန္႔ကို ရွဴရႈိက္ရင္း ၁၀ မိနစ္ေလာက္ လမ္းေလွ်ာက္ေပးရံုနဲ႔ ေခါင္းမၾကည္၊ စိတ္ညစ္ေနတာေတြကို ေပ်ာက္ကင္းေစျပီး စိတ္ကို ၾကည္လင္လန္းဆန္းေစတယ္။

 ေပါင္နဲ႔ ေျခသလံုး ၾကြက္သားေတြ၊ အေၾကာေတြ တင္းေနတာကို ေျပေလ်ာ့ေစတယ္။ လမ္းေလွ်ာက္ရင္း အသက္ကို ပံုမွန္ရွဴရႈိက္တဲ့ ေလ့က်င့္ခန္းပါ တြဲလုပ္ေပးမယ္ဆိုရင္ ကို္ယ္ခႏၶာက ေအာက္စီဂ်င္လံုေလာက္စြာ ရရွိျပီး ေသြးလည္ပတ္မႈ ျမန္ေစဖို႔ ကူညီေပးႏိုင္ပါတယ္။ လမ္းေလွ်ာက္တဲ့အခါမွာ ခါးကို မတ္မတ္ထားျပီး အသက္ပံုမွန္ရွဴရင္း ေလွ်ာက္ေပးမယ္ဆိုရင္ ခါးကိုင္းေနတဲ့ ျပႆနာကိုလည္း ေျဖရွင္းေပးႏိုင္မွာပါ။

၃။ အေျပးေလ့့က်င့္ပါ။

သင္က အဝလြန္ေနလား၊ ဗိုက္မွာ အဆီေတြ ဖံုးေနျပီး ဘီယာဗိုက္ျဖစ္ေနျပီလား၊ ဒါမွမဟုတ္ ကိုယ္ခႏၶာက အဆီပိုေတြကို ျမန္ျမန္ခ်ဖို႔ ၾကိဳးစားေနတာလား။ ဒါဆိုရင္ေတာ့ မနက္တိုင္း ပံုမွန္ အေျပးေလ့က်င့္ဖို႔ အၾကံေပးလိုက္ပါတယ္။ ေျပးလိုက္တဲ့အခါ ကိုယ္ခႏၶာတြင္းမွာ ရွိတဲ့ မေကာင္းတဲ့ ကယ္လိုရီေတြ၊ ကိုလက္စထေရာေတြကို ေလာင္ကၽြမ္းေစျပီး ကိုယ္အေလးခ်ိန္ကို က်ေစႏိုင္တယ္။ ေသြးလည္ပတ္မႈႏႈန္းနဲ႔ ႏွလံုးခုန္ႏႈန္းျမန္ေစတယ္။

အေမာခံႏိုင္ကာ သက္လံုေကာင္းေစတယ္။ ဒါ့အျပင္ ေပါင္နဲ႔ ေျခသလံုးၾကြက္သားေတြကိုပါ ေတာင့္တင္းသန္မာေစတယ္။ ကိုယ္တြင္းက ထြက္လာတဲ့ ေခၽြးေတြနဲ႔အတူ အဆိပ္အေတာက္ေတြ၊ အညစ္အေၾကးေတြ ပါသြားတဲ့အတြက္ ကိုယ္ခႏၶာက လန္းဆန္းေပါ့ပါးသြားပါလိမ့္မယ္။

၄။ ထိုင္ထလုပ္ပါ။

ထိုင္ထပံုမွန္ လုပ္ေပးတဲ့ အမ်ိဳးသားေတြဟာ ေပါင္နဲ႔ ေျခသလံုးေတြ ပိုသန္မာလာမယ္။ အေလးအပင္ေတြ မတဲ့ေနရာမွာလည္း ခါးကို သက္ေတာင့္သက္သာျဖစ္ေစျပီး အားအင္ပိုစိုက္ထုတ္လာႏိုင္မယ္။ ဒါ့အျပင္ အဓိကအားသာခ်က္ကေတာ့ တင္ပါးၾကြက္သားေတြကိုလည္း သန္လာေစတာပါပဲ။

တင္ပါးၾကီးဖို႔ဆိုတာ အမ်ိဳးသမီးေတြအတြက္ပဲ လိုအပ္တယ္လို႔ ထင္ရင္ေတာ့ အမွားၾကီး မွားသြားပါလိမ့္မယ္။ လိင္မႈကိစၥ ထမ္းေဆာင္ရာမွာ အမ်ိဳးသားေတြအတြက္ သက္လံုေကာင္းဖို႔ လိုအပ္တဲ့အျပင္ ကိုယ့္ရဲ႕ အေဖာ္ကိုပါ လိင္မႈဆိုင္ရာ စိတ္တိုင္းက်ေစဖို႔၊ အားသြန္ခြန္စိုက္ စြမ္းေဆာင္ေပးဖို႔အတြက္ တင္ပဆံုရိုးၾကြက္သားက ကူညီေပးႏိုင္ပါတယ္။

၅။ အိပ္ထ မ တင္ ေလ့က်င့္ခန္းျပဳလုပ္ပါ။

အမ်ိဳးသားေတြရဲ႕ ဝမ္းဗုိက္က မလိုအပ္တဲ့ အဆီပိုေတြကို က်ေစတယ္။ ကယ္လိုရီေတြကို ေလာင္ကၽြမ္းေစတယ္။ ဝမ္းဗိုက္ၾကြက္သားကိုလည္း ၾကံ့ခိုင္ေစပါတယ္။ အေမာခံႏိုင္ျပီး သက္လံုေကာင္းေစႏိုင္တယ္ေနာ္။

Gym ကို တကူးတက သြားျပီး အခ်ိန္ကုန္မခံခ်င္တဲ့ အမ်ိဳးသားေတြအတြက္ တျခားပစၥည္းကိရိယာေတြလည္း မလိုအပ္ဘဲ လုပ္ခ်င္စိတ္တစ္ခုတည္းရွိရံုနဲ႔ ကိုယ္တိုင္လုပ္လို႔ရတဲ့ ေလ့က်င့္ခန္း ၅ မ်ိဳးကို ေျပာျပေပးလိုက္တယ္ေနာ္။

မနက္ပိုင္း ႏိုးလာတဲ့အခ်ိန္ ေလ့က်င့္ခန္းလုပ္ျပီး ေခၽြးနည္းနည္းတိတ္ေအာင္ ေစာင့္ျပီးမွ မ်က္ႏွာသစ္၊ သြားတိုက္၊ ေရခ်ိဳးျပီး မနက္စာစားလိုက္ရံုပဲဆိုေတာ့ အခ်ိန္လည္း သိပ္ေပးစရာမလိုေတာ့ပါဘူး။

 ေလ့က်င့္ခန္း စတင္လုပ္ဖို႔ ေနာက္က်သြားတဲ့အခ်ိန္ဆိုတာ မရွိပါဘူး။ ဒါေၾကာင့္ က်န္းမာၾက့ံခိုင္ျပီး သာယာလွပတဲ့ ဘဝေလးပိုင္ဆိုင္ရဖို႔ ေလ့က်င့္ခန္း မွန္မွန္လုပ္ၾကစို႔။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:hellosayarwon
# Unicode Version # ျဖင့္ ဖတ္ပါ #


လေ့ကျင့်ခန်းကို လူတော်တော်များများက လုပ်ရမှာ ပျင်းကြပါတယ်။ အချိန်မရှိတာထက် လုပ်ချင်စိတ်မရှိတာက ပိုများနေတတ်ကြတာကိုး။ တကယ်တော့ လေ့ကျင့်ခန်းဆိုတာ ကိုယ်ခန္ဓာကြံ့ခိုင်ရေးနဲ့ အလှအပအတွက်သာမက ကျန်းမာရေးအတွက်ပါ ကောင်းကျိုးများစွာ ရှိစေနိုင်ပါတယ်။

အထူးသဖြင့် အမျိုးသားတွေလို တစ်နေ့လုံး အလုပ်ခွင်မှာ ပင်ပင်ပန်းပန်း လုပ်ရတာ၊ စိတ်ဖိစီးမှုပြဿနာတွေ အမြဲကြုံနေရတဲ့သူတွေအတွက် ကိုယ်ခန္ဓာက လန်းဆန်းပေါ့ပါးပြီး စိတ်အာရုံတက်ကြွနေဖို့ အရေးကြီးပါတယ်။

ဒါကြောင့် ဒီနေ့ဆောင်းပါးလေးမှာတော့ အမျိုးသားတိုင်း မနက်နိုးလာပြီဆိုတာနဲ့ မဖြစ်မနေ လုပ်ပေးသင့်တဲ့ လေ့ကျင့်ခန်းတွေအကြောင်းကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

၁။ ဒိုက်ထိုးပါ။

ကျန်းမာတက်ကြွပြီး ယောက်ျားပီသတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ချင်တဲ့ အမျိုးသားတိုင်း မဖြစ်မနေလုပ်ပေးသင့်တဲ့ လေ့ကျင့်ခန်းတစ်ခုပါပဲ။ ဒိုက်ထိုးတဲ့အခါ ခန္ဓာကိုယ်အပေါ်ပိုင်း၊ ရင်အုပ်၊ လက်မောင်း၊ ပုခုံးတွေကို အားသုံးပြီး လုပ်ရတာဖြစ်တယ်။ တခြားဘာပစ္စည်းကိရိယာမှ မလိုဘဲ လုပ်ချင်စိတ်ရှိရုံနဲ့ လုပ်လို့ရတဲ့ လေ့ကျင့်ခန်း ဖြစ်ပါတယ်။

ဒိုက်ထိုးခြင်းဖြင့် ရင်အုပ်ကို ကျယ်စေတယ်။ ခါးကို မတ်စေတယ်။ လက်မောင်းကြွက်သား တောင့်တင်းသန်မာစေတယ်။ အားအင်ပိုမို စိုက်ထုတ်နိုင်စေတယ်။ အလေးအပင်တွေကိုလည်း ကောင်းကောင်း မ နိုင်လာမယ်။ ဒါကြောင့် အမျိုးသားတိုင်း မနက်နိုးလာပြီဆိုရင် ကိုယ်တတ်နိုင်သလောက် အကြိမ်ရေအလိုက် နေ့စဉ် ဒိုက်ထိုးပေးသင့်ပါတယ်။

၂။ လမ်းလျှောက်ပါ။

လမ်းလျှောက်မယ်လို့ ပြောလိုက်တိုင်း ပျင်းတယ်၊ မလျှောက်ချင်ဘူး၊ ညောင်းတယ်ဆိုတဲ့ ဆင်ခြင်တွေနဲ့ ငြင်းနေတာတွေ ရပ်လိုက်ပါတော့။ မနက်ပိုင်း လေကောင်းလေသန့်ကို ရှူရှိုက်ရင်း ၁၀ မိနစ်လောက် လမ်းလျှောက်ပေးရုံနဲ့ ခေါင်းမကြည်၊ စိတ်ညစ်နေတာတွေကို ပျောက်ကင်းစေပြီး စိတ်ကို ကြည်လင်လန်းဆန်းစေတယ်။

 ပေါင်နဲ့ ခြေသလုံး ကြွက်သားတွေ၊ အကြောတွေ တင်းနေတာကို ပြေလျော့စေတယ်။ လမ်းလျှောက်ရင်း အသက်ကို ပုံမှန်ရှူရှိုက်တဲ့ လေ့ကျင့်ခန်းပါ တွဲလုပ်ပေးမယ်ဆိုရင် ကိုယ်ခန္ဓာက အောက်စီဂျင်လုံလောက်စွာ ရရှိပြီး သွေးလည်ပတ်မှု မြန်စေဖို့ ကူညီပေးနိုင်ပါတယ်။ လမ်းလျှောက်တဲ့အခါမှာ ခါးကို မတ်မတ်ထားပြီး အသက်ပုံမှန်ရှူရင်း လျှောက်ပေးမယ်ဆိုရင် ခါးကိုင်းနေတဲ့ ပြဿနာကိုလည်း ဖြေရှင်းပေးနိုင်မှာပါ။

၃။ အပြေးလေ့ကျင့်ပါ။

သင်က အဝလွန်နေလား၊ ဗိုက်မှာ အဆီတွေ ဖုံးနေပြီး ဘီယာဗိုက်ဖြစ်နေပြီလား၊ ဒါမှမဟုတ် ကိုယ်ခန္ဓာက အဆီပိုတွေကို မြန်မြန်ချဖို့ ကြိုးစားနေတာလား။ ဒါဆိုရင်တော့ မနက်တိုင်း ပုံမှန် အပြေးလေ့ကျင့်ဖို့ အကြံပေးလိုက်ပါတယ်။ ပြေးလိုက်တဲ့အခါ ကိုယ်ခန္ဓာတွင်းမှာ ရှိတဲ့ မကောင်းတဲ့ ကယ်လိုရီတွေ၊ ကိုလက်စထရောတွေကို လောင်ကျွမ်းစေပြီး ကိုယ်အလေးချိန်ကို ကျစေနိုင်တယ်။ သွေးလည်ပတ်မှုနှုန်းနဲ့ နှလုံးခုန်နှုန်းမြန်စေတယ်။

အမောခံနိုင်ကာ သက်လုံကောင်းစေတယ်။ ဒါ့အပြင် ပေါင်နဲ့ ခြေသလုံးကြွက်သားတွေကိုပါ တောင့်တင်းသန်မာစေတယ်။ ကိုယ်တွင်းက ထွက်လာတဲ့ ချွေးတွေနဲ့အတူ အဆိပ်အတောက်တွေ၊ အညစ်အကြေးတွေ ပါသွားတဲ့အတွက် ကိုယ်ခန္ဓာက လန်းဆန်းပေါ့ပါးသွားပါလိမ့်မယ်။

၄။ ထိုင်ထလုပ်ပါ။

ထိုင်ထပုံမှန် လုပ်ပေးတဲ့ အမျိုးသားတွေဟာ ပေါင်နဲ့ ခြေသလုံးတွေ ပိုသန်မာလာမယ်။ အလေးအပင်တွေ မတဲ့နေရာမှာလည်း ခါးကို သက်တောင့်သက်သာဖြစ်စေပြီး အားအင်ပိုစိုက်ထုတ်လာနိုင်မယ်။ ဒါ့အပြင် အဓိကအားသာချက်ကတော့ တင်ပါးကြွက်သားတွေကိုလည်း သန်လာစေတာပါပဲ။

တင်ပါးကြီးဖို့ဆိုတာ အမျိုးသမီးတွေအတွက်ပဲ လိုအပ်တယ်လို့ ထင်ရင်တော့ အမှားကြီး မှားသွားပါလိမ့်မယ်။ လိင်မှုကိစ္စ ထမ်းဆောင်ရာမှာ အမျိုးသားတွေအတွက် သက်လုံကောင်းဖို့ လိုအပ်တဲ့အပြင် ကိုယ့်ရဲ့ အဖော်ကိုပါ လိင်မှုဆိုင်ရာ စိတ်တိုင်းကျစေဖို့၊ အားသွန်ခွန်စိုက် စွမ်းဆောင်ပေးဖို့အတွက် တင်ပဆုံရိုးကြွက်သားက ကူညီပေးနိုင်ပါတယ်။

၅။ အိပ်ထ မ တင် လေ့ကျင့်ခန်းပြုလုပ်ပါ။

အမျိုးသားတွေရဲ့ ဝမ်းဗိုက်က မလိုအပ်တဲ့ အဆီပိုတွေကို ကျစေတယ်။ ကယ်လိုရီတွေကို လောင်ကျွမ်းစေတယ်။ ဝမ်းဗိုက်ကြွက်သားကိုလည်း ကြံ့ခိုင်စေပါတယ်။ အမောခံနိုင်ပြီး သက်လုံကောင်းစေနိုင်တယ်နော်။

Gym ကို တကူးတက သွားပြီး အချိန်ကုန်မခံချင်တဲ့ အမျိုးသားတွေအတွက် တခြားပစ္စည်းကိရိယာတွေလည်း မလိုအပ်ဘဲ လုပ်ချင်စိတ်တစ်ခုတည်းရှိရုံနဲ့ ကိုယ်တိုင်လုပ်လို့ရတဲ့ လေ့ကျင့်ခန်း ၅ မျိုးကို ပြောပြပေးလိုက်တယ်နော်။

မနက်ပိုင်း နိုးလာတဲ့အချိန် လေ့ကျင့်ခန်းလုပ်ပြီး ချွေးနည်းနည်းတိတ်အောင် စောင့်ပြီးမှ မျက်နှာသစ်၊ သွားတိုက်၊ ရေချိုးပြီး မနက်စာစားလိုက်ရုံပဲဆိုတော့ အချိန်လည်း သိပ်ပေးစရာမလိုတော့ပါဘူး။

 လေ့ကျင့်ခန်း စတင်လုပ်ဖို့ နောက်ကျသွားတဲ့အချိန်ဆိုတာ မရှိပါဘူး။ ဒါကြောင့် ကျန်းမာကြံ့ခိုင်ပြီး သာယာလှပတဲ့ ဘဝလေးပိုင်ဆိုင်ရဖို့ လေ့ကျင့်ခန်း မှန်မှန်လုပ်ကြစို့။

ဖိုးသူတော် (www.phothutaw.com)
Credit:hellosayarwon
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top