iMyanmarHouse.com - Best Property Website for Myanmar
×

တ႐ုတ္နိုင္ငံက မဂၤလာေဆာင္ပြဲ တစ္ခုမွာ သတို႔သမီးနဲ႔ သတို႔သားတို႔ မဂၤလာယူေနခ်ိန္၊ အခမ္းအနားမွူးကလည္း ၾသဘာစာဖတ္ၿပီး သူတို႔ႏွစ္ဦး မင္းပရိသတ္အေပါင္းတို႔ရဲ့ ေရွ႕မွာ အၾကင္လင္မယားေျမာက္ေၾကာင္း အနမ္းေႁခြရေတာ့မယ့္ အခ်ိန္မွာ သတို႔သမီးလို ဝတ္ဆင္ထားတဲ့ အမ်ိဳးသမီးတစ္ဦး စင္ေပၚကို တက္လာတာေၾကာင့္ အားလုံး အံ့အားသင့္ခဲ့ၾကရပါတယ္။
 
အဆိုပါအျဖစ္ပ်က္ ႐ုပ္သံဟာ တ႐ုပ္လူမွုကြန္ယက္ မီဒီယာေပၚမွာ လၽွပ္စီးလက္သလို ခ်က္ျခင္းပ်ံ႕ႏွံ့သြားခဲ့ပါတယ္။

႐ုပ္သံမွာေတာ့ အမ်ိဳးသမီးဟာ စင္ေပၚတက္လာၿပီး သတို႔သားရဲ့လက္ကို အတင္းဆြဲကာ ေတာင္းပန္ေနပါတယ္။ သတို႔သားက ျပန္႐ုန္းၿပီး သူ႔ရဲ့မဂၤလာသတို႔သမီးနားမွာ သြားျပန္ရပ္ေနပါတယ္။ မဂၤလာသတို႔သမီးကေတာ့ မ်က္ႏွာပ်က္ေနပါၿပီ။

ေနာက္ဆုံးမွာ ရွက္စိတ္နဲ႔ သတို႔သမီးဟာ စင္ေပၚကေန ထြက္သြားပါတယ္။ သတို႔သားကို အမ်ိဳးသမီးက ဆြဲထားေပမယ့္ တြန္းဖယ္ၿပီး မဂၤလာသတို႔သမီးေနာက္ လိုက္သြားတာကို ေတြ႕ရပါတယ္။ သတို႔သမီးဝတ္စုံနဲ႔ အမ်ိဳးသမီးကေတာ့ စင္ေပၚမွာ ထိုင္လ်က္ငိုယိုၿပီးက်န္ေနခဲ့ပါတယ္။

တ႐ုပ္သတင္းမီဒီယာေတြရဲ့ ေဖာ္ျပခ်က္အရ သတိုးသားဟာ သူ႔ရဲ့ခ်စ္သူေဟာင္းနဲ႔ စိတ္သေဘာထားျခင္း မတိုက္ဆိုင္လို႔ လမ္းခြဲခဲ့ၾကပါတယ္။ အဲဒီေနာက္ သူမဂၤလာေဆာင္ခ်ိန္မွာ ခ်စ္သူေဟာင္းက မဖိတ္ထားပဲ သတို႔သမီးလို ဝတ္လာၿပီး အခုလိုပြဲပ်က္ေအာင္ လုပ္ခဲ့တာျဖစ္ပါတယ္။

႐ုပ္သံမွာေတာ့ ရည္းစားေဟာင္း အမ်ိဳးသမီးက ဒူးေထာက္ၿပီး “ကၽြန္မရဲ့အမွားေတြပါ” လို႔ ေတာင္းပန္ေနတာကို ေတြ႕ရပါတယ္။ အခ်စ္နဲ႔ပက္သက္တဲ့ ဆိုရိုးစကားတစ္ခုမွာေတာ့ “အခ်စ္ဆိုတာ ကိုယ္ခ်စ္တဲ့သူ စိတ္ခ်မ္းသာဖို႔ အရာရာေပးဆပ္ဖို႔ အသင့္ျဖစ္ေနတာပါ” တဲ့..
မိတ္ေဆြကေရာ အခ်စ္ကို ဘယ္လိုမ်ား အဓိပၸါယ္ဖြင့္ဆိုခ်င္ပါလိမ့္..။


ဖိုးသူေတာ္(www.phothutaw.com)
Credit:Popolay
#Unicode Version#

  တရုတ်နိုင်ငံက မင်္ဂလာဆောင်ပွဲ တစ်ခုမှာ သတို့သမီးနဲ့ သတို့သားတို့ မင်္ဂလာယူနေချိန်၊ အခမ်းအနားမှူးကလည်း သြဘာစာဖတ်ပြီး သူတို့နှစ်ဦး မင်းပရိသတ်အပေါင်းတို့ရဲ့ ရှေ့မှာ အကြင်လင်မယားမြောက်ကြောင်း အနမ်းခြွေရတော့မယ့် အချိန်မှာ သတို့သမီးလို ဝတ်ဆင်ထားတဲ့ အမျိုးသမီးတစ်ဦး စင်ပေါ်ကို တက်လာတာကြောင့် အားလုံး အံ့အားသင့်ခဲ့ကြရပါတယ်။

အဆိုပါအဖြစ်ပျက် ရုပ်သံဟာ တရုပ်လူမှုကွန်ယက် မီဒီယာပေါ်မှာ လျှပ်စီးလက်သလို ချက်ခြင်းပျံ့နှံ့သွားခဲ့ပါတယ်။

ရုပ်သံမှာတော့ အမျိုးသမီးဟာ စင်ပေါ်တက်လာပြီး သတို့သားရဲ့လက်ကို အတင်းဆွဲကာ တောင်းပန်နေပါတယ်။ သတို့သားက ပြန်ရုန်းပြီး သူ့ရဲ့မင်္ဂလာသတို့သမီးနားမှာ သွားပြန်ရပ်နေပါတယ်။ မင်္ဂလာသတို့သမီးကတော့ မျက်နှာပျက်နေပါပြီ။

နောက်ဆုံးမှာ ရှက်စိတ်နဲ့ သတို့သမီးဟာ စင်ပေါ်ကနေ ထွက်သွားပါတယ်။ သတို့သားကို အမျိုးသမီးက ဆွဲထားပေမယ့် တွန်းဖယ်ပြီး မင်္ဂလာသတို့သမီးနောက် လိုက်သွားတာကို တွေ့ရပါတယ်။ သတို့သမီးဝတ်စုံနဲ့ အမျိုးသမီးကတော့ စင်ပေါ်မှာ ထိုင်လျက်ငိုယိုပြီးကျန်နေခဲ့ပါတယ်။

တရုပ်သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ သတိုးသားဟာ သူ့ရဲ့ချစ်သူဟောင်းနဲ့ စိတ်သဘောထားခြင်း မတိုက်ဆိုင်လို့ လမ်းခွဲခဲ့ကြပါတယ်။ အဲဒီနောက် သူမင်္ဂလာဆောင်ချိန်မှာ ချစ်သူဟောင်းက မဖိတ်ထားပဲ သတို့သမီးလို ဝတ်လာပြီး အခုလိုပွဲပျက်အောင် လုပ်ခဲ့တာဖြစ်ပါတယ်။

ရုပ်သံမှာတော့ ရည်းစားဟောင်း အမျိုးသမီးက ဒူးထောက်ပြီး “ကျွန်မရဲ့အမှားတွေပါ” လို့ တောင်းပန်နေတာကို တွေ့ရပါတယ်။ အချစ်နဲ့ပက်သက်တဲ့ ဆိုရိုးစကားတစ်ခုမှာတော့ “အချစ်ဆိုတာ ကိုယ်ချစ်တဲ့သူ စိတ်ချမ်းသာဖို့ အရာရာပေးဆပ်ဖို့ အသင့်ဖြစ်နေတာပါ” တဲ့..
မိတ်ဆွေကရော အချစ်ကို ဘယ်လိုများ အဓိပ္ပါယ်ဖွင့်ဆိုချင်ပါလိမ့်..။

ဖိုးသူတော်(www.phothutaw.com)
Credit:Popolay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top