အခန္္းအက်ယ္အေပၚမူတည္ျပီး အဲကြန္္းဘယ္ႏွစ္ေကာင္တတ္ရမလဲ တြက္နည္္း

အခန္းတခန္းကို အဲကြန္းစက္္ဘယ္ေလာက္စက္ကို တပ္ရမလဲသိပ္မ႐ွင္းဘူးဆိုလို႔ ေရးၿပီးတင္ေပးလိုက္ပါတယ္ဗ်။

အင္ဂ်င္နီယာနည္းပညာအရ တြက္နည္းကအေသးစိတ္တြက္ရေပမယ့္္သာမာန္လူတိုင္းနားလည္ဖို႔ တြက္နည္းအၾကမ္းတင္ေပးလိုက္ပါတယ္ဗ်။

ေန႔တေန႔ရဲ႕ပ်မ္း မ်ွအပူခ်ိန္ 70’F နဲ႔ 90’F ၾကား႐ွိတဲ့နွစ္ထပ္ သံုးထပ္ ေလးထပ္တိုက္တခုလံုးမွာရွိတဲ့သာမာန္ေနအိမ္ ၊ရံုးခန္းေတြအတြက္ဆိုရင္ ဒီအတိုင္းစိတ္ခ်လက္ခ်တြက္လို႔ရပါတယ္။

ပထမဆံုးအခန္းရဲ႕ထုထည္ကိို ကုိုကုဗေပနဲ႔႐ွာပါ။

ဥပမာ အလ်ား=15ft အနံ=10ft

အျမင့္=10 ft ႐ွိတဲ့ အုတ္နံရံကါ၊ျပူတင္းေပါက္ဧရိယာက 25 Sqft ေအာက္႐ွိတဲ့၊လူ ၄ ေယာက္ေအာက္ေနတဲ့ဲအခန္းဆိုပါေတာ့

အခန္းရဲ႕..အလ်ားxအနံxအျမင့္ ေျမႇာက္ရင္ ထုထည္္ရမယ္..1510ftx10ft=1500 ft3 ဆိုပါေတာ့

အဲဒါကို….ေအာက္က ေဖာ္ျပထားတဲ့အခန္းအေနအထားေပၚမူတည္လို႔္ေပးထားတဲ့ ကိန္ဂဏန္းနဲ႔ေျမႇာက္ရင္အခန္းရဲ႕ စြန္႔ထုတ္ရမည့္ စက္ရဲ႕ BTU ကိုရပါတယ္။

အဲဒီ BTU စုစုေပါင္းကို..8000 နဲ႔စားရင္ျမင္းေကာင္းေရ..ဘယ္ႏွစ္ေကာင္ဆိုတာရပါတယ္။

အခန္းအမ်ိဳးအစား(၁)

လူနည္းနည္းေနတဲ႔၊အုတ္နံရံကာ၊မ်က္နွာျကက္လံုံအခန္းဆိုတဲ့အတြက္6 နဲ႔ထပ္ေျမႇာက္ရပါမယ္။ဒီအခန္းအတြက္ဆိုရင္္1500 ft3 x 6=9000 Btu8000 နဲ႔ စာေတာ့ (1.1 Hp)ေက်ာ္ေက်ာ္ရပါတယ္။အရပ္ေျပာေျပာရရင္ 1 Hp တေကာင္ စက္တပ္ရမယ္လို႔ဆိုတာပါ။

အခန္းအမ်ိဳးအစား(၂)လူေတာ့နည္းတယ္ အထပ္သား၊သစ္သားကာထားတယ္၊မ်က္နွါျကက္လံုတယ္ဆိုရင္..9 နဲ႔ထပ္ေျမႇာက္ရပါမယ္။

ဒီအခန္းအတြက္ဆိုရင္ 1500 ft3x 9=13500 Btu8000 နဲ႔စားရင္္(1.5 Hpတေကာင္ခြဲ ေက်ာ္ေက်ာ္ရပါတယ္)

က်န္တဲ့အခန္းပံုစံေတြလည္း ဒီအတိုင္းနမူနာယူတြက္သြားႏိုင္ပါတယ္။

အခန္းအမ်ိဳးအစား(၃)

အုတ္နံရံကာအခန္း၊လူေတာ့နည္းတယ္၊မွန္ေတြက အခန္းနံရံရဲ႕ ဧရိယာရဲ့ သံုးပံုတပံုေက်ာ္ကာထားတယ္၊မ်က္ ႏွာျကက္ကအပူလံုတယ္ဆိုရင္လည္း 9 နဲ႔ေျမႇာက္ရပါမယ္။

အခန္းအမ်ိဳးအစား(၄)

အုတ္နံရံကာထားတယ္ ျပဴတင္းနည္းတယ္၊ ဒါေပမယ့္လူအသင့္အတင့္နဲ့အစည္းအေဝးခန္း၊အားကစားခန္းမျဖစ္ေနတယ္၊မ်က္ ႏွာျကက္အပူလံုဆိုရင္လည္း ၉နဲ႔ေျမႇာက္ရပါမယ္။

အခန္းအမ်ိဳးအစား(၅)

အုတ္နံရံကာထားတယ္ ျပဴတင္းနည္းတယ္၊ ဒါေပမယ့္လူအမ်ားနဲ႔ အစည္းအေဝးခန္းဆိုရင္ 12 နဲ႔ေျမႇာက္ရပါမယ္။

အခန္းအမ်ိဳးအစား(၆)

အုတ္နံရံကာထားတယ္ ျပဴတင္းနည္းတယ္၊ ဒါေပမယ့္လူနည္းတယ္၊မ်က္ႏွာၾကက္လံုတယ္ ျပဴတင္းေပါက္အမ်ားႀကီးက်ယ္တဲ့နံရံေတြ႐ွိတဲ့အစည္းအေဝးခန္းဆိုရင္လည္း 12 နဲ႔ေျမႇာက္ရပါမယ္။

အခန္းအမ်ိဳးအစား(၇)

အိပ္ခန္း၊ဧည့္ခန္းပဲ အုတ္နံရံကာ၊ျပဴတင္းေပါက္နည္း၊ မ်က္နွာျကက္လံုတဲ့ လူအေတာ္အသင့္မ်ားရင္ 7.5 နဲ႔ေျမႇာက္ရပါမယ္

ေနာက္ထပ္ ဥပမာတခုထပ္တြက္ျပရရင္အစည္းအေဝးခန္းတခုလူမ်ားတယ္ျပဴတင္းေပါက္နည္းတယ္ပံုမွန္ပဲအုတ္နံရံကာ..မ်က္ႏွာၾကက္လံုတယ္

အလ်ား။ 40 ft

အနံ။20 ft

အျမင့္။12 ft ႐ွိတဲ့အခန္းဆိုပါေတာ့

အခန္းထဳထည္=40x 20 x 12=9600 ft3သူကို႔ အေပၚကေဖာ္ျပထားတဲ့အခန္အမ်ိဳးအစားအရ12 နဲ႔ေျမႇာက္ရပါမယ္။အဲဒါဆိုရင္9600x 12 =115200 Btu ရပါမယ္

အဲဒါဆိုရင္

115200 ကို 8000 နဲ႔ စားရင္ 14.4 Hp ရပါမယ္။

1 Hp ၁၄ လံုးတပ္ရင္တပ္(တေကာင္ 14 လံုး)

1.5 Hp ၁၀ လံုးတပ္ရင္တပ္

3 Hp ၅ လံုးတပ္ရင္တပ္ တခုခုကိုတပ္ေပးလို႔ရပါၿပီ။

စက္ေတြကိုေနရာခ်ရင္သာလူတိုင္းစီကို ေလျဖန္႔ျဖဴးႏိုင္တဲ့ ေနရာနဲ႔ခ်ိန္ၿပီးတပ္ရံုပါ။

အဓိကမွတ္ရမွာကေတာ့ပ်ဥ္ေထာင္အိမ္၊ထရံကာမ်က္ႏွာက်က္မ႐ွိတဲ့မလံုတဲ့ဲအေဆာက္အဦးအဦးေတြအတြက္ကေတာ့..

အဲကြန္းတပ္ဖို႔အဆင္မေျပသလို၊သင့္လည္းမသင့္ေတာ္ပါဘူး။သာမာန္လူသက္သာယံုပဲရပါမယ္။ေသခ်ာတြက္လို႔လည္းမရပါဘူးဗ်။

1 Ton အိမ္သံုးအဲကြန္းအေသးဟာ

လ်ွပ္စစ္ Power Input1119 Watts(1.119 Kw)

1.5 Hp (1 HP=746 Watts)(တေကာင္ခြဲ)နဲ႔ညီပါတယ္။

Cooling Capacity အေနနဲ႔12000 Btu

3500Watt(3.5 KW)3024 Kilo Calories(Kcal)နဲ႔ညီပါတယ္။

အဲဒါေတြက..စက္ရဲ႕ေဘးName plate မွာ ဘယ္ေလာက္ Cooling capacity ႐ွိတယ္္ဘယ္ေလာက္ power input ႐ွိတယ္ေရးထားပါ

တယ္။Cooling capacity တူၿပီးPower input နည္းတဲ့ တနည္းအားျဖင့္္လ်ွပ္စစ္ဝပ္ နည္းတဲ့စက္ကိုေရြးခ်ယ္တပ္ဆင္သင့္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ကိုနႏၵမိုး

#Unicode Version# ျဖင့္ဖတ္ပါ ။

အခန်းအကျယ်အပေါ်မူတည်ပြီး အဲကွန်းဘယ်နှစ်ကောင်တတ်ရမလဲ တွက်နည်း

အခန်းတခန်းကို အဲကွန်းစက်ဘယ်လောက်စက်ကို တပ်ရမလဲသိပ်မရှင်းဘူးဆိုလို့ ရေးပြီးတင်ပေးလိုက်ပါတယ်ဗျ။

အင်ဂျင်နီယာနည်းပညာအရ တွက်နည်းကအသေးစိတ်တွက်ရပေမယ့်သာမာန်လူတိုင်းနားလည်ဖို့ တွက်နည်းအကြမ်းတင်ပေးလိုက်ပါတယ်ဗျ။

နေ့တနေ့ရဲ့ပျမ်း မျှအပူချိန် 70’F နဲ့ 90’F ကြားရှိတဲ့နှစ်ထပ် သုံးထပ် လေးထပ်တိုက်တခုလုံးမှာရှိတဲ့သာမာန်နေအိမ် ၊ရုံးခန်းတွေအတွက်ဆိုရင် ဒီအတိုင်းစိတ်ချလက်ချတွက်လို့ရပါတယ်။

ပထမဆုံးအခန်းရဲ့ထုထည်ကို ကိုကုဗပေနဲ့ရှာပါ။

ဥပမာ အလျား=15ft အနံ=10ft

အမြင့်=10 ft ရှိတဲ့ အုတ်နံရံကါ၊ပြူတင်းပေါက်ဧရိယာက 25 Sqft အောက်ရှိတဲ့၊လူ ၄ ယောက်အောက်နေတဲ့ဲအခန်းဆိုပါတော့

အခန်းရဲ့..အလျားxအနံxအမြင့် မြှောက်ရင် ထုထည်ရမယ်..1510ftx10ft=1500 ft3 ဆိုပါတော့

အဲဒါကို….အောက်က ဖော်ပြထားတဲ့အခန်းအနေအထားပေါ်မူတည်လို့်ပေးထားတဲ့ ကိန်ဂဏန်းနဲ့မြှောက်ရင်အခန်းရဲ့ စွန့်ထုတ်ရမည့် စက်ရဲ့ BTU ကိုရပါတယ်။

အဲဒီ BTU စုစုပေါင်းကို..8000 နဲ့စားရင်မြင်းကောင်းရေ..ဘယ်နှစ်ကောင်ဆိုတာရပါတယ်။

အခန်းအမျိုးအစား(၁)

လူနည်းနည်းနေတဲ့၊အုတ်နံရံကာ၊မျက်နှာကြက်လုံံအခန်းဆိုတဲ့အတွက်6 နဲ့ထပ်မြှောက်ရပါမယ်။ဒီအခန်းအတွက်ဆိုရင်1500 ft3 x 6=9000 Btu8000 နဲ့ စာတော့ (1.1 Hp)ကျော်ကျော်ရပါတယ်။အရပ်ပြောပြောရရင် 1 Hp တကောင် စက်တပ်ရမယ်လို့ဆိုတာပါ။

အခန်းအမျိုးအစား(၂)လူတော့နည်းတယ် အထပ်သား၊သစ်သားကာထားတယ်၊မျက်နှါကြက်လုံတယ်ဆိုရင်..9 နဲ့ထပ်မြှောက်ရပါမယ်။

ဒီအခန်းအတွက်ဆိုရင် 1500 ft3x 9=13500 Btu8000 နဲ့စားရင်(1.5 Hpတကောင်ခွဲ ကျော်ကျော်ရပါတယ်)

ကျန်တဲ့အခန်းပုံစံတွေလည်း ဒီအတိုင်းနမူနာယူတွက်သွားနိုင်ပါတယ်။

အခန်းအမျိုးအစား(၃)

အုတ်နံရံကာအခန်း၊လူတော့နည်းတယ်၊မှန်တွေက အခန်းနံရံရဲ့ ဧရိယာရဲ့ သုံးပုံတပုံကျော်ကာထားတယ်၊မျက် နှာကြက်ကအပူလုံတယ်ဆိုရင်လည်း 9 နဲ့မြှောက်ရပါမယ်။

အခန်းအမျိုးအစား(၄)

အုတ်နံရံကာထားတယ် ပြူတင်းနည်းတယ်၊ ဒါပေမယ့်လူအသင့်အတင့်နဲ့အစည်းအဝေးခန်း၊အားကစားခန်းမဖြစ်နေတယ်၊မျက် နှာကြက်အပူလုံဆိုရင်လည်း ၉နဲ့မြှောက်ရပါမယ်။

အခန်းအမျိုးအစား(၅)

အုတ်နံရံကာထားတယ် ပြူတင်းနည်းတယ်၊ ဒါပေမယ့်လူအများနဲ့ အစည်းအဝေးခန်းဆိုရင် 12 နဲ့မြှောက်ရပါမယ်။

အခန်းအမျိုးအစား(၆)

အုတ်နံရံကာထားတယ် ပြူတင်းနည်းတယ်၊ ဒါပေမယ့်လူနည်းတယ်၊မျက်နှာကြက်လုံတယ် ပြူတင်းပေါက်အများကြီးကျယ်တဲ့နံရံတွေရှိတဲ့အစည်းအဝေးခန်းဆိုရင်လည်း 12 နဲ့မြှောက်ရပါမယ်။

အခန်းအမျိုးအစား(၇)

အိပ်ခန်း၊ဧည့်ခန်းပဲ အုတ်နံရံကာ၊ပြူတင်းပေါက်နည်း၊ မျက်နှာကြက်လုံတဲ့ လူအတော်အသင့်များရင် 7.5 နဲ့မြှောက်ရပါမယ်

နောက်ထပ် ဥပမာတခုထပ်တွက်ပြရရင်အစည်းအဝေးခန်းတခုလူများတယ်ပြူတင်းပေါက်နည်းတယ်ပုံမှန်ပဲအုတ်နံရံကာ..မျက်နှာကြက်လုံတယ်

အလျား။ 40 ft

အနံ။20 ft

အမြင့်။12 ft ရှိတဲ့အခန်းဆိုပါတော့

အခန်းထုထည်=40x 20 x 12=9600 ft3သူကို့ အပေါ်ကဖော်ပြထားတဲ့အခန်အမျိုးအစားအရ12 နဲ့မြှောက်ရပါမယ်။အဲဒါဆိုရင်9600x 12 =115200 Btu ရပါမယ်

အဲဒါဆိုရင်

115200 ကို 8000 နဲ့ စားရင် 14.4 Hp ရပါမယ်။

1 Hp ၁၄ လုံးတပ်ရင်တပ်(တကောင် 14 လုံး)

1.5 Hp ၁၀ လုံးတပ်ရင်တပ်

3 Hp ၅ လုံးတပ်ရင်တပ် တခုခုကိုတပ်ပေးလို့ရပါပြီ။

စက်တွေကိုနေရာချရင်သာလူတိုင်းစီကို လေဖြန့်ဖြူးနိုင်တဲ့ နေရာနဲ့ချိန်ပြီးတပ်ရုံပါ။

အဓိကမှတ်ရမှာကတော့ပျဉ်ထောင်အိမ်၊ထရံကာမျက်နှာကျက်မရှိတဲ့မလုံတဲ့ဲအဆောက်အဦးအဦးတွေအတွက်ကတော့..

အဲကွန်းတပ်ဖို့အဆင်မပြေသလို၊သင့်လည်းမသင့်တော်ပါဘူး။သာမာန်လူသက်သာယုံပဲရပါမယ်။သေချာတွက်လို့လည်းမရပါဘူးဗျ။

1 Ton အိမ်သုံးအဲကွန်းအသေးဟာ

လျှပ်စစ် Power Input1119 Watts(1.119 Kw)

1.5 Hp (1 HP=746 Watts)(တကောင်ခွဲ)နဲ့ညီပါတယ်။

Cooling Capacity အနေနဲ့12000 Btu

3500Watt(3.5 KW)3024 Kilo Calories(Kcal)နဲ့ညီပါတယ်။

အဲဒါတွေက..စက်ရဲ့ဘေးName plate မှာ ဘယ်လောက် Cooling capacity ရှိတယ်ဘယ်လောက် power input ရှိတယ်ရေးထားပါ

တယ်။Cooling capacity တူပြီးPower input နည်းတဲ့ တနည်းအားဖြင့်လျှပ်စစ်ဝပ် နည်းတဲ့စက်ကိုရွေးချယ်တပ်ဆင်သင့်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:ကိုနန္ဒမိုး
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top