အိႏၵိယႏိုင္ငံဟာ အာကာသစူးစမ္းေရး လုပ္ငန္းေတြကို ၿငိမ္းခ်မ္းေရး နည္းလမ္းအားျဖင့္ လုပ္ေဆာင္သလားဆိုတဲ့ သံသယေတြကေတာ့ အဆုံးသတ္ေစပါၿပီ။ Shakti မစ္ရွင္ ေအာင္ျမင္ၿပီး အီလက္ထေရာနစ္ ေထာက္လွမ္းေရးၿဂိဳဟ္တု Emisat ကိုလည္း ၿဂိဳဟ္ပတ္လမ္းအတြင္း လႊတ္တင္လိုက္တာေၾကာင့္ပါပဲ။

ဟိႏၵဴလို အင္အားလို႔ အဓိပၸာယ္ရတဲ့ Shakti မစ္ရွင္ကို မတ္ ၂၉ ရက္က ေအာင္ျမင္စြာ ေဆာင္႐ြက္ႏိုင္ခဲ့တာပါ။ ဒီမစ္ရွင္ဟာ ၿဂိဳဟ္ပတ္လမ္းအတြင္း ၿဂိဳဟ္တုကို ဒုံးက်ည္္နဲ႔ ပစ္ခ်တဲ့ မစ္ရွင္ပဲ ျဖစ္ၿပီး ဒီလို ၿဂိဳဟ္တုဖ်က္ ဒုံးက်ည္ ေအာင္ျမင္မႈဟာ အေမရိကန္၊ ႐ုရွနဲ႔ တ႐ုတ္ႏိုင္ငံတို႔နဲ႔ အာကာသအင္အားမွာ အိႏၵိယက ရင္ေဘာင္တန္းႏိုင္လာတာပဲ ျဖစ္ပါတယ္။

ကာကြယ္ေရးသုေတသနနဲ႔ ဖြံ႕ၿဖိဳးေရးအဖြဲ႕ DRDO က ဒီဇိုင္းဆြဲတည္ေဆာက္တဲ့ ဒီဒုံးက်ည္ဟာ ကီလိုမီတာ သုံးေသာင္းအထိ ေရာက္ႏိုင္စြမ္းပါတယ္။ Shakti မစ္ရွင္ကို ေအာင္ျမင္စြာ စမ္းသပ္ၿပီး ရက္ပိုင္းမွာပဲ အိႏၵိယအာကာသသုေတသနအဖြဲ႕ ISRO က ဧၿပီ ၁ ရက္မွာ PSLV-C45 ဒုံးပ်ံနဲ႔ Emisat ၿဂိဳဟ္တုကို အျခားဆက္သြယ္ေရးၿဂိဳဟ္တု ၂၈ နဲ႔အတူ တင္ေဆာင္လႊတ္တင္လိုက္ပါတယ္။

ဒီလႊတ္တင္မႈဟာ တစ္ႀကိမ္တည္းလႊတ္တင္မႈနဲ႔ ၿဂိဳဟ္ပတ္လမ္း သုံးခုထဲ ၿဂိဳဟ္တုေတြ ပထမဆုံး လႊတ္တင္မႈပဲ ျဖစ္ပါတယ္။ ဒါအျပင္ PSLV ရဲ႕ လႊတ္တင္ၿပီး ျဖဳတ္ခ်ရတဲ့ စက္အစိတ္အပိုင္း အဆင့္ေလးကိုလည္း ၿဂိဳဟ္ပတ္လမ္းအတြင္းမွာ အာကာသသုေတသနေတြအတြက္ ထားရွိလိုက္တာကိုလည္း စြမ္းေဆာင္ႏိုင္ခဲ့တာပါ။

ဒါေပမယ့္ Shakti မစ္ရွင္ဟာ ၿဂိဳဟ္ပတ္လမ္းထဲ အပ်က္အစီးအပိုင္းအစေတြ ၄၀၀ ခန႔္ ျဖစ္ေပၚေစလိမ့္မယ္လို႔ စိုးရိမ္မႈေတြလည္္း ရွိၿပီး ႏိုင္ငံတကာအာကာသယာဥ္စခန္း ISS အတြက္ ၿခိမ္းေျခာက္မႈ ျဖစ္လိမ့္မယ္လို႔ ပူပန္စရာ ရွိေနပါတယ္။ ဒါေပမယ့္ Shakti ၿဂိဳဟ္တုဖ်က္ဒုံးကို ကီလိုမီတာ ၃၀၀ အျမင့္က ပစ္မွတ္ကို ေ႐ြးခ်ယ္ျခင္းျဖင့္ အပ်က္အစီးအပိုင္းအစ အနည္းဆုံးျဖစ္ေအာင္ ဒီဇိုင္းဆြဲ တည္ေဆာက္ထားတယ္လို႔ ဆိုပါတယ္။

တ႐ုတ္ႏိုင္ငံက ၂၀၀၇ ခုႏွစ္မွာ ေဆာင္႐ြက္ခဲ့တဲ့ ၿဂိဳဟ္တုဖ်က္ ဒုံးက်ည္ကေတတာ့ ကီလိုမီတာ ၈၀၀ က ပစ္မွတ္ကို ခ်ိန္႐ြယ္ပစ္ခတ္တာေၾကာင့္ အိိႏၵိယရဲ႕ Shakti ဒုံးက်ည္နဲ႔ ႏႈိင္းယွဥ္ႏိုင္ပါတယ္။ တ႐ုတ္ရဲ႕ ၿဂိဳဟ္တုဖ်က္ဒုံးဟာ အပ်က္အစီးအပိုင္းအစေတြ တစ္သိန္းမက ျဖစ္ေပၚေစၿပီး ဒါေတြဟာလည္း အာကာသပတ္လမ္းထဲ ဆယ္စုႏွစ္မ်ားစြာ လည္ပတ္ေနေတာ့မွာ ျဖစ္ပါတယ္။ အိႏၵိယရဲ႕ ဒုံးက်ည္ေၾကာင့္  ျဖစ္ေပၚတဲ့ အပ်က္အစီးအပိုင္းအစေတြကေတာ့ သီတင္းပတ္အတြင္းမွာ ေပ်ာက္ပ်က္ရွင္းလင္းမွာ ျဖစ္ပါတယ္။

ဒီအျပင္လည္း အိႏၵိယဟာ Shakti ကို စမ္းသပ္ၿပီး ခ်က္ခ်င္းပဲ ဝန္ႀကီးခ်ဳပ္ နာရျႏၵာမိုဒီက ကမာၻကို အသိေပးခဲ့တာပါ။ တ႐ုတ္ကေတာ့ ၎ရဲ႕ စမ္းသပ္မႈကို လွ်ိဳ႕ဝွက္ထားခဲ့တာျဖစ္ၿပီး ျပင္ပရင္းျမစ္ေတြက သတင္းအခ်က္အလက္ စုေဆာင္ႏိုင္ေတာ့မွွ ဝန္ခံလာခဲ့တာ ျဖစ္ပါတယ္။

Shakti မစ္ရွင္ဟာဆိုရင္ အိႏၵိယရဲ႕ အာကာသအင္အားကို ျပသ႐ုံေလာက္တာတင္မကဘဲ ႏိုင္ငံတကာရဲ႕ ယုံၾကည္မႈနဲ႔ ေလးစားမႈကိုပါ သဲ့ယူသြားတဲ့ မစ္ရွင္ပဲ ျဖစ္ပါေတာ့တယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:mizzimaburmese
# Unicode Version # ျဖင့္ ဖတ္ပါ #


အိန္ဒိယနိုင်ငံဟာ အာကာသစူးစမ်းရေး လုပ်ငန်းတွေကို ငြိမ်းချမ်းရေး နည်းလမ်းအားဖြင့် လုပ်ဆောင်သလားဆိုတဲ့ သံသယတွေကတော့ အဆုံးသတ်စေပါပြီ။ Shakti မစ်ရှင် အောင်မြင်ပြီး အီလက်ထရောနစ် ထောက်လှမ်းရေးဂြိုဟ်တု Emisat ကိုလည်း ဂြိုဟ်ပတ်လမ်းအတွင်း လွှတ်တင်လိုက်တာကြောင့်ပါပဲ။

ဟိန္ဒူလို အင်အားလို့ အဓိပ္ပာယ်ရတဲ့ Shakti မစ်ရှင်ကို မတ် ၂၉ ရက်က အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့တာပါ။ ဒီမစ်ရှင်ဟာ ဂြိုဟ်ပတ်လမ်းအတွင်း ဂြိုဟ်တုကို ဒုံးကျည်နဲ့ ပစ်ချတဲ့ မစ်ရှင်ပဲ ဖြစ်ပြီး ဒီလို ဂြိုဟ်တုဖျက် ဒုံးကျည် အောင်မြင်မှုဟာ အမေရိကန်၊ ရုရှနဲ့ တရုတ်နိုင်ငံတို့နဲ့ အာကာသအင်အားမှာ အိန္ဒိယက ရင်ဘောင်တန်းနိုင်လာတာပဲ ဖြစ်ပါတယ်။

ကာကွယ်ရေးသုတေသနနဲ့ ဖွံ့ဖြိုးရေးအဖွဲ့ DRDO က ဒီဇိုင်းဆွဲတည်ဆောက်တဲ့ ဒီဒုံးကျည်ဟာ ကီလိုမီတာ သုံးသောင်းအထိ ရောက်နိုင်စွမ်းပါတယ်။ Shakti မစ်ရှင်ကို အောင်မြင်စွာ စမ်းသပ်ပြီး ရက်ပိုင်းမှာပဲ အိန္ဒိယအာကာသသုတေသနအဖွဲ့ ISRO က ဧပြီ ၁ ရက်မှာ PSLV-C45 ဒုံးပျံနဲ့ Emisat ဂြိုဟ်တုကို အခြားဆက်သွယ်ရေးဂြိုဟ်တု ၂၈ နဲ့အတူ တင်ဆောင်လွှတ်တင်လိုက်ပါတယ်။

ဒီလွှတ်တင်မှုဟာ တစ်ကြိမ်တည်းလွှတ်တင်မှုနဲ့ ဂြိုဟ်ပတ်လမ်း သုံးခုထဲ ဂြိုဟ်တုတွေ ပထမဆုံး လွှတ်တင်မှုပဲ ဖြစ်ပါတယ်။ ဒါအပြင် PSLV ရဲ့ လွှတ်တင်ပြီး ဖြုတ်ချရတဲ့ စက်အစိတ်အပိုင်း အဆင့်လေးကိုလည်း ဂြိုဟ်ပတ်လမ်းအတွင်းမှာ အာကာသသုတေသနတွေအတွက် ထားရှိလိုက်တာကိုလည်း စွမ်းဆောင်နိုင်ခဲ့တာပါ။

ဒါပေမယ့် Shakti မစ်ရှင်ဟာ ဂြိုဟ်ပတ်လမ်းထဲ အပျက်အစီးအပိုင်းအစတွေ ၄၀၀ ခန့် ဖြစ်ပေါ်စေလိမ့်မယ်လို့ စိုးရိမ်မှုတွေလည်း ရှိပြီး နိုင်ငံတကာအာကာသယာဉ်စခန်း ISS အတွက် ခြိမ်းခြောက်မှု ဖြစ်လိမ့်မယ်လို့ ပူပန်စရာ ရှိနေပါတယ်။ ဒါပေမယ့် Shakti ဂြိုဟ်တုဖျက်ဒုံးကို ကီလိုမီတာ ၃၀၀ အမြင့်က ပစ်မှတ်ကို ရွေးချယ်ခြင်းဖြင့် အပျက်အစီးအပိုင်းအစ အနည်းဆုံးဖြစ်အောင် ဒီဇိုင်းဆွဲ တည်ဆောက်ထားတယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံက ၂၀၀၇ ခုနှစ်မှာ ဆောင်ရွက်ခဲ့တဲ့ ဂြိုဟ်တုဖျက် ဒုံးကျည်ကတေတာ့ ကီလိုမီတာ ၈၀၀ က ပစ်မှတ်ကို ချိန်ရွယ်ပစ်ခတ်တာကြောင့် အိန္ဒိယရဲ့ Shakti ဒုံးကျည်နဲ့ နှိုင်းယှဉ်နိုင်ပါတယ်။ တရုတ်ရဲ့ ဂြိုဟ်တုဖျက်ဒုံးဟာ အပျက်အစီးအပိုင်းအစတွေ တစ်သိန်းမက ဖြစ်ပေါ်စေပြီး ဒါတွေဟာလည်း အာကာသပတ်လမ်းထဲ ဆယ်စုနှစ်များစွာ လည်ပတ်နေတော့မှာ ဖြစ်ပါတယ်။ အိန္ဒိယရဲ့ ဒုံးကျည်ကြောင့်  ဖြစ်ပေါ်တဲ့ အပျက်အစီးအပိုင်းအစတွေကတော့ သီတင်းပတ်အတွင်းမှာ ပျောက်ပျက်ရှင်းလင်းမှာ ဖြစ်ပါတယ်။

ဒီအပြင်လည်း အိန္ဒိယဟာ Shakti ကို စမ်းသပ်ပြီး ချက်ချင်းပဲ ဝန်ကြီးချုပ် နာရန္ဒြာမိုဒီက ကမ္ဘာကို အသိပေးခဲ့တာပါ။ တရုတ်ကတော့ ၎င်းရဲ့ စမ်းသပ်မှုကို လျှို့ဝှက်ထားခဲ့တာဖြစ်ပြီး ပြင်ပရင်းမြစ်တွေက သတင်းအချက်အလက် စုဆောင်နိုင်တော့မှ ဝန်ခံလာခဲ့တာ ဖြစ်ပါတယ်။

Shakti မစ်ရှင်ဟာဆိုရင် အိန္ဒိယရဲ့ အာကာသအင်အားကို ပြသရုံလောက်တာတင်မကဘဲ နိုင်ငံတကာရဲ့ ယုံကြည်မှုနဲ့ လေးစားမှုကိုပါ သဲ့ယူသွားတဲ့ မစ်ရှင်ပဲ ဖြစ်ပါတော့တယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:mizzimaburmese
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top