အဂၤါျဂိဳဟ္ေပၚတြင္ ပ်ံသန္းႏိုုင္မည့္ ရဟတ္ယာဥ္ငယ္ကိုု အေမရိကန္ျပည္ေထာင္စုု အမ်ဳိးသား ေလေၾကာင္းႏွင့္အာကာသဆိုုင္ရာညႊန္ၾကားမႈဦးစီးဌာန(NASA)မွ ျမန္မာအမ်ဳိးသမီး ေဒၚမီမီေအာင္ စီမံကိန္းမန္ေနဂ်ာအျဖစ္ဦးေဆာင္ေသာ အဖြဲ႔သားမ်ားက ေအာင္ျမင္စြာ စမ္းသပ္ပ်ံသန္းႏိုုင္ခဲ့ျပီျဖစ္သည္။

”အဂၤါျဂိဳဟ္ေပၚမွာ ပ်ံသန္းဖိုု႔အတြက္ အဆင္သင့္ျဖစ္ေအာင္လုုပ္ခဲ့ၾကျပီးပါျပီ။ လက္ရွိနမူနာပုုံစံကိုု ၇၅ မိနစ္အထိ စမ္းသပ္ပ်ံသန္းျပီးပါျပီ”ဟုု ေဒၚမီမီေအာင္ကေျပာသည္။



ယင္းရဟတ္ယာဥ္ကိုု ကယ္လီဖိုုးနီးယားမွ NASA ဓာတ္ခြဲခန္းရွိ အဂၤါျဂိဳဟ္၏ လြန္စြာပါးလႊာေသာေလထုု၊ လြန္စြာနည္းပါးေသာျဒပ္ဆြဲအားတိုု႔အတိုုင္း စီစဥ္ထားေသာ ၂၅ေပက်ယ္ အခန္းငယ္ထဲတြင္ စမ္းသပ္ပ်ံသန္းခဲ့ျခင္းျဖစ္သည္။

”အဂၤါျဂိဳဟ္ရဲ႔ ေလထုုဟာ ကမၻာ့ေလထုုရဲ႔ ၁ ရာခိုုင္ႏႈန္းေလာက္ပဲရွိပါတယ္”ဟုုလည္း ေဒၚမီမီေအာင္ကေျပာသည္။

ရဟတ္ယာဥ္ငယ္ကိုု ၁ ဒသမ ၈ ကီလိုုဂရမ္ထက္နည္းပါးေသာ အေလးခ်ိန္သာရွိျပီး၊ အဆင့္ျမင့္ နည္းပညာမ်ားျဖင့္တည္ေဆာက္ထားသည္။

အဆိုုပါ ရဟတ္ယာဥ္အား အႏႈတ္ ၉၀ ဒီဂရီ ဆဲလ္စီးယပ္မွ် ေအးေသာ အပူခ်ိန္တြင္အလုုပ္လုုပ္ႏိုုင္ေစရန္လည္း ပုုံစံထုုတ္တည္ေဆာက္ထားသည္။



ယခုု ေအာင္ျမင္စြာတည္ေဆာက္ျပီးစီးေသာ ရဟတ္ယာဥ္ကိုု ၂၀၂၁ခုုႏွစ္ ဇန္န၀ါရီလအတြင္းတြင္ အဂၤါျဂိဳဟ္မ်က္ႏွာျပင္ေပၚသိုု႔ ေရာက္ရွိေစရန္ စီစဥ္ေဆာင္ရြက္ေနၾကေၾကာင္းသိရသည္။

ျမန္မာအမ်ဳိးသမီး ေဒၚမီမီေအာင္သည္ အသက္ ၁၆ႏွစ္တြင္ အေမရိကန္ျပည္ေထာင္စုုသိုု႔ေရာက္ရွိခဲ့ကာ၊ ၁၉၉၀ ခုႏွစ္တြင္ NASA သိုု႔ စတင္ဝင္ေရာက္ခဲ့ၿပီး Deep Space Network ( DSN )ႏွင့္ ဂ်က္အင္ဂ်င္နည္းပညာမ်ားအျပင္

အာကာသေလ့လာေရးယာဥ္ပ်ံစီမံကိန္းမ်ားတြင္ ပါဝင္ေဆာင္ရြက္ခဲ့သည္။ ထိုု႔ေနာက္ ၂၀၀၃ ခုႏွစ္မွ စတင္၍ အာကာသလြန္းပ်ံယာဥ္မ်ား၏ အီလက္ထ႐ြန္နစ္ပဲ့ထိန္းစနစ္၊ လမ္းၫႊန္ျပသေရးႏွင့္ ထိန္းခ်ဳပ္ေရးဌာနတြင္ ၫႊန္ၾကားေရးမႉးျဖစ္လာခဲ့သည္။

၂၀၁၀ခုုႏွစ္တြင္ ဌာန၏ မန္ေနဂ်ာျဖစ္လာခဲ့ၿပီး အာကာသေလ့လာေရးပေရာဂ်က္တစ္ခုကို တင္ျပခဲ့ေၾကာင္းသိရသည္။



ဖိုးသူေတာ္ (www.phothutaw.com)
Credit:burmese.asia
# Unicode Version # ျဖင့္ ဖတ္ပါ #


အင်္ဂါဂြိုဟ်ပေါ်တွင် ပျံသန်းနိုင်မည့် ရဟတ်ယာဉ်ငယ်ကို အမေရိကန်ပြည်ထောင်စု အမျိုးသား လေကြောင်းနှင့်အာကာသဆိုင်ရာညွှန်ကြားမှုဦးစီးဌာန(NASA)မှ မြန်မာအမျိုးသမီး ဒေါ်မီမီအောင် စီမံကိန်းမန်နေဂျာအဖြစ်ဦးဆောင်သော အဖွဲ့သားများက အောင်မြင်စွာ စမ်းသပ်ပျံသန်းနိုင်ခဲ့ပြီဖြစ်သည်။

”အင်္ဂါဂြိုဟ်ပေါ်မှာ ပျံသန်းဖို့အတွက် အဆင်သင့်ဖြစ်အောင်လုပ်ခဲ့ကြပြီးပါပြီ။ လက်ရှိနမူနာပုံစံကို ၇၅ မိနစ်အထိ စမ်းသပ်ပျံသန်းပြီးပါပြီ”ဟု ဒေါ်မီမီအောင်ကပြောသည်။

ယင်းရဟတ်ယာဉ်ကို ကယ်လီဖိုးနီးယားမှ NASA ဓာတ်ခွဲခန်းရှိ အင်္ဂါဂြိုဟ်၏ လွန်စွာပါးလွှာသောလေထု၊ လွန်စွာနည်းပါးသောဒြပ်ဆွဲအားတို့အတိုင်း စီစဉ်ထားသော ၂၅ပေကျယ် အခန်းငယ်ထဲတွင် စမ်းသပ်ပျံသန်းခဲ့ခြင်းဖြစ်သည်။

”အင်္ဂါဂြိုဟ်ရဲ့ လေထုဟာ ကမ္ဘာ့လေထုရဲ့ ၁ ရာခိုင်နှုန်းလောက်ပဲရှိပါတယ်”ဟုလည်း ဒေါ်မီမီအောင်ကပြောသည်။

ရဟတ်ယာဉ်ငယ်ကို ၁ ဒသမ ၈ ကီလိုဂရမ်ထက်နည်းပါးသော အလေးချိန်သာရှိပြီး၊ အဆင့်မြင့် နည်းပညာများဖြင့်တည်ဆောက်ထားသည်။

အဆိုပါ ရဟတ်ယာဉ်အား အနှုတ် ၉၀ ဒီဂရီ ဆဲလ်စီးယပ်မျှ အေးသော အပူချိန်တွင်အလုပ်လုပ်နိုင်စေရန်လည်း ပုံစံထုတ်တည်ဆောက်ထားသည်။

ယခု အောင်မြင်စွာတည်ဆောက်ပြီးစီးသော ရဟတ်ယာဉ်ကို ၂၀၂၁ခုနှစ် ဇန်နဝါရီလအတွင်းတွင် အင်္ဂါဂြိုဟ်မျက်နှာပြင်ပေါ်သို့ ရောက်ရှိစေရန် စီစဉ်ဆောင်ရွက်နေကြကြောင်းသိရသည်။

မြန်မာအမျိုးသမီး ဒေါ်မီမီအောင်သည် အသက် ၁၆နှစ်တွင် အမေရိကန်ပြည်ထောင်စုသို့ရောက်ရှိခဲ့ကာ၊ ၁၉၉၀ ခုနှစ်တွင် NASA သို့ စတင်ဝင်ရောက်ခဲ့ပြီး Deep Space Network ( DSN )နှင့် ဂျက်အင်ဂျင်နည်းပညာများအပြင်

အာကာသလေ့လာရေးယာဉ်ပျံစီမံကိန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။ ထို့နောက် ၂၀၀၃ ခုနှစ်မှ စတင်၍ အာကာသလွန်းပျံယာဉ်များ၏ အီလက်ထရွန်နစ်ပဲ့ထိန်းစနစ်၊ လမ်းညွှန်ပြသရေးနှင့် ထိန်းချုပ်ရေးဌာနတွင် ညွှန်ကြားရေးမှူးဖြစ်လာခဲ့သည်။

၂၀၁၀ခုနှစ်တွင် ဌာန၏ မန်နေဂျာဖြစ်လာခဲ့ပြီး အာကာသလေ့လာရေးပရောဂျက်တစ်ခုကို တင်ပြခဲ့ကြောင်းသိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:burmese.asia
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top