20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×


ေနာက္တစ္ခုက ကိုယ့္ရဲ႕အရည္အခ်င္း ၾကည့္ျပီးေတာ့ လူေတြဟာ ကိုယ့္ရဲ႕ အရည္အခ်င္းကို ထုတ္ေဖာ္ျပီး မာန္တက္တာေတြ ျဖစ္တတ္တယ္။ အဲဒါကို ။မာန။ လို႕ ေခၚတယ္။ ကိုယ့္ရဲ႕ အရည္အခ်င္းက ေကာင္းသည္ျဖစ္ေစ၊ နိမ့္က်သည္ ျဖစ္ေစ မာနဆိုတာ တက္လာတာ။

ကိုယ့္ရဲ႕ အရည္အေသြးေပၚမွာ အထင္အျမင္ေလးေတြ ျဖစ္လာတာကို မာနလို႕ ေခၚတယ္။ ငါ လုပ္ႏိုင္တယ္၊ ငါ သြားႏိုင္တယ္၊ ငါ စားႏိုင္တယ္။ ဒီ ။။ႏိုင္။။တယ္ဆိုတာ မာန လို႕ေခၚတယ္။ မလုပ္ႏိုင္ဘူးလို႕ ေျပာရင္လည္း မာနပဲ။ မလုပ္ႏိုင္တာက ညံ့တဲ့ အရည္အခ်င္းေပါ့။

မာနဆိုတာ သူေတာင္းစားေတာင္ ရွိသတဲ့။ ၾကားဖူးလား? ေတာင္းစားေနတဲ့ လူတစ္ေယာက္ကို သူေ႒းတစ္ေယာက္က မင္း ေတာင္းစားမေနနဲ႕၊ ငါ့ ျခံ ထဲလာ အမႈိက္ရွင္း၊ ငါ တစ္ေန႕ ဘယ္ေလာက္ေပးမယ္။ သူေတာင္းစားက ဘာေျပာတုန္း? ။။

က်ဳပ္က သူေတာင္းစားဗ်၊ ခင္ဗ်ား အလုပ္မလုပ္ႏိုင္ဘူးတဲ့။။တဲ့။ ျခံရွင္းတဲ့ အလုပ္ မလုပ္ႏိုင္ဘူးတဲ့၊ ဒါမ်ိဳး။ အဲဒါလည္း သူေတာင္းစားမာန ေခၚတာပဲ။ မာနဆိုတာ အမ်ိဳးမ်ိဳး၊ ကိုယ့္ကိုယ္ကို အထင္ေရာက္တာ။ ကိုယ့္ရ႕ဲ အရည္အေသြး ကိုယ္အထင္ေရာက္တာဟာ မာနပဲ။

အဲဒီမာနဟာလည္း ကိုယ့္ကိုယ္ကို ခ်စ္ခင္မႈ၊ ကိုယ့္ကိုယ္ကို ယံုၾကည္မႈေပၚမွာ အေျခခံျပီးေတာ့ ျဖစ္တာမို႕လို႕ ေလာဘနဲ႕ ယွဥ္တြဲတယ္လို႕ ေျပာရတယ္။ ဒီ မာနျဖစ္ေပၚလာပံုနဲ႕ ပက္သက္လို႔ ေျပာရရင္ ဒီမာနက ေကာင္းတဲ့ မာနရွိတယ္။

 ေကာင္းတဲ့ မာနရွိတယ္ဆိုတာ အေကာင္းဘက္ကို ဦးတည္သြားတဲ့ မာနကို ေျပာတာ။ မာနကေတာ့ မေကာင္းဘူးေပါ့။ သို႕ေသာ္ အေကာင္းဘက္ကို ဦးတည္သြားေစတဲ့ မာန၊ အဆိုးဘက္ကို ဦးတည္သြားေစတဲ့ မာနလို႕ ဒီလို ႏွစ္မ်ိဳး ခြဲႏိုင္တယ္။

အေကာင္းဘက္ကို ဦးတည္ေစတဲ့ မာန
ဒီပကၤရာျမတ္စြာဘုရားနဲ႕ ေတြ႕တဲ့အခါ သုေမဓာရေသ့က ဘာေျပာလဲ၊ ။။။ကႎ ေမ ဧေကန တိေဏၰန၊ ပုရိေသန ထာမ ဒႆိနာ။။။ - ငါလို စြမ္းရည္သတၱိရွိတဲ့ လူတစ္ေယာက္က ကိုယ္လြတ္႐ုန္းသြားလို႕ ဘယ္ေတာ္မလဲ။။ သူ႕ကိုယ္သူ သူရဲ႕ စြမ္းရည္သတၱိကို အထင္ၾကီးတဲ့ မာနရွိတယ္။ ငါလိုလူက တစ္ေယာက္တည္း ကိုယ္လြတ္႐ုန္းလို႕ ဘယ္ေတာ္မလဲ၊ ။။

သဗၺညဳတံ ပါပုဏိတြာ၊ သံသာေရတြာ သေဒဝကံ။။ - ဘုရားအျဖစ္ကို ေရာက္ေအာင္လုပ္ျပီး သတၱဝါေတြ ကယ္တင္မယ္။။ တဲ့။ အကယ္၍ ဒီပကၤရာ ျမတ္စြာဘုရားထံမွာ တရားနာျပီး တရားက်င့္လိုက္ရင္ သူဟာ ရဟႏၲာ ျဖစ္ႏိုင္တယ္၊ ရဟႏၲာျဖစ္ႏိုင္တဲ့ အရည္အခ်င္းမ်ိဳးက သူ႕မွာ ရွိျပီးသား။ ဘာလို႕တုန္းဆို စ်ာန္အဘိညာဥ္ေတြ ရထားတဲ့ ပုဂၢိဳလ္တစ္ဦးပဲ။

သို႕ေသာ္ သူက သူ႕ရဲ႕ စြမ္းရည္သတၱိကို သူယံုၾကည္တယ္ေလ၊ အားကိုးယံုၾကည္တဲ့ မာန္မာနကေလးက ေဂါတမ ျမတ္စြာဘုရားအျဖစ္ ေရာက္ေအာင္ ပို႕ေဆာင္ေပးလိုက္တာ။ အေကာင္းဘက္ကို ဦးေဆာင္တဲ့ မာနလို႕ ေခၚတယ္။ အဲဒီလို အေကာင္းဘက္ကို ဦးေဆာင္တဲ့ မာနမ်ိဳးကေတာ့ ရွိသင့္တယ္လို႕ ေျပာတာ။ ရွိသင့္တယ္ဆိုတာ သူ႕ေၾကာင့္ ေကာင္းက်ိဳးခ်မ္းသာ ရႏိုင္တယ္လို႕ ေျပာတာေနာ္။ အကုသိုလ္ေတာ့ အကုသိုလ္ပဲေပါ့။

ဒီမာနက အမ်ိဳးမ်ိဳးရွိတယ္။ မထားရမယ့္ မာနကေတာ့ ဘယ္လိုဟာတုန္းဆိုရင္ ။။ ငါ အတတ္ဆံုးပဲ၊ ဘယ္ေကာင္မွ ဂ႐ုစိုက္စရာ မလိုဘူး။။ ဆိုတဲ့ မာနမ်ိဳး။ ။။ငါ့ေလာက္ ေတာ္တဲ့လူ မရွိဘူး၊ ဘယ္သူ႕ကိုမွ ဂ႐ုမစိုက္ဘူး I don't care ။။ ဆိုတဲ့ မေကာင္းတဲ့ မာနမ်ိဳးေပါ့။ အက်ိဳးကို ပ်က္ျပားေစတယ္ေလ။

လူတကာ အမုန္းပြားေစတဲ့ မာနမ်ိဳး မထားရဘူးတဲ့၊ ကိုယ့္ထက္ၾကီးတဲ့ ပုဂၢိဳလ္ေတြေပၚမွာ မာန မထားရဘူး။ ဒီလို ဆိုလိုတယ္ေနာ္။ ခုနက ေကာင္းက်ိဳးခ်မ္းသာဘက္ကို ဦးတည္သြားတဲ့ မာနမ်ိဳးေတာ့ ထားရမယ္လို႕ ဒီလို ဆိုလိုတယ္ေနာ္။

သို႕ေသာ္ ဘယ္မာနပဲျဖစ္ျဖစ္ ကိုယ့္တကယ္ရွိတဲ့ အရည္အခ်င္းကို အရည္အခ်င္း ရွိတယ္ဆိုတဲ့ အေတြးသည္ပင္လ်ွင္ အင္မတန္ ထူးျခားတဲ့ တရားဓမၼတစ္ခုကို မ်က္ေမွာက္ျပဳဖို႕ရန္အတြက္ အႏၲရာယ္ျပဳတယ္တဲ့။

ရွင္အႏု႐ုဒၶါမေထရ္ျမတ္ဟာ သကၤန္းဝတ္ျပီး ပထမဝါတြင္းမွာပဲ သမထက်င့္စဥ္ ေအာင္ျမင္လို႕ စ်ာန္အဘိညာဥ္ေတြ ရတယ္။ ဒိဗၺစကၡဳမွာ ထူးျခားတဲ့ ပုဂၢိဳလ္တစ္ေယာက္ျဖစ္တယ္။ သူစိတ္ထဲမွာ ထင္တယ္၊ ဒိဗၺစကၡဳနဲ႕ စၾကာဝဠာတစ္ေထာင္ကို သူ ၾကည့္ႏိုင္တယ္၊ သူ ရဟႏၲာျဖစ္ဖို႕ အလြယ္ေလးလို႕ ေအာက္ေမ့တယ္။ ဝိပႆနာေျပာင္းျပီး အားထုတ္တယ္၊ လံုးဝ ရဟႏၲာ မျဖစ္ဘူး၊ ဘာျဖစ္လို႕တုန္း?။ သူ႕မွာ ဘာအေတြးရွိတုန္းဆိုရင္ ။။

စၾကာဝဠာ တစ္ေထာင္ကို ၾကည့္ႏိုင္တဲ့ စြမ္းရည္သတၱိ ငါ့မွာ ရွိတယ္။။ ဆိုတဲ့ အေတြးေလးရွိတယ္။ ဒါေလးက မာန တဲ့။ အဲဒီ မာန ခံေနလို႕ သူ ရဟႏၲာျဖစ္ကိုမျဖစ္ဘူး။ရွင္သာရိ ပုတၱရာကို သြားျပီး ေလၽွာက္တယ္၊ ။။အရွင္ဘုရား တပည့္ေတာ္ ဒိဗၺစကၡဳနဲ႕ ဒီစၾကာဝဠာတစ္ေထာင္ကို တစ္ျပိဳင္တည္း ၾကည့္ႏိုင္တယ္၊ တရားလည္း အားထုတ္တယ္၊ သမာဓိေတြလည္း ေကာင္တယ္၊ ဒါေပမယ့္ ဘာျဖစ္လို႕ ကိေလသာ အာသေဝါ မကုန္မွန္း မသိဘူး။။ ေပါ့။

ရွင္သာရိပုတၱရာက ေထာက္ျပတယ္၊ ။။ငါ့ရွင္ - စၾကာဝဠာတစ္ေထာင္ကို ဒိဗၺစကၡဳနဲ႕ ၾကည့္ႏိုင္တယ္ဆိုတဲ့ အေတြးဟာ ငါ့ရွင္မွာ မာနျဖစ္ေနတာ၊ အဲဒီအေတြးကို ေဖ်ာက္လိုက္ပါ၊ မစဥ္းစားပါနဲ႕ တဲ့။ ငါတရားအားထုတ္ေနတယ္၊ သမာဓိေတြလည္း ေကာင္းတယ္ဆိုတဲ့ အေတြးဟာ ဥဒၶစၥျဖစ္ေနတာ စိတ္မျငိမ္မသက္ျဖစ္ေနတာ။ ။ဘာျဖစ္လို႕မ်ား ရဟႏၲာ မျဖစ္တာပါလဲ။ လို႕ဆိုတဲ့ ဒီအေတြးဟာ ကုကၠဳစၥျဖစ္ေနတာ၊ အကုသိုလ္ေတြခ်ည္းျဖစ္ေနတာ။။

စဥ္းစားၾကည့္။ ဒီ စၾကာဝဠာတစ္ေထာင္ကို သူၾကည့္ႏိုင္လို႕ ၾကည့္ႏိုင္တယ္ ေျပာတာမ်ား ဘာအျပစ္ရွိလို႕တုန္း၊ ေျပာၾကမွာေပါ့၊ ဟုတ္တယ္မဟုတ္လား။ သို႕ေသာ္လည္း စဥ္းစားၾကည့္စရာက အင္မတန္ ေသးငယ္တဲ့ ျမဴမံႈကေလးတစ္ခုဟာ လက္ဖဝါးထဲမွာ ထည့္ပြတ္လို႕ရွိရင္ ဘာမွ မျဖစ္ဘူး၊ ဟုတ္လား။ သို႕ေသာ္ လက္ဖဝါးထဲ ထည့္ပြတ္လို႕ရွိမွန္းေတာင္ မသိတဲ့ အဲဒီျမဴမႈံေလးကို မ်က္လံုးထဲဲ ထည့္ၾကည့္ပါလား၊ မ်က္လံုး ဘယ္ႏွယ့္ေနမလဲ၊ မခံႏိုင္ဘူး။

အမႈံေသးေသးေလးပဲျဖစ္ေစ မ်က္လံုးထဲ ေရာက္သြားရင္ ခိုးလိုးခုလုနဲ႕ မ်က္ရည္ေတြ ထြက္ေစမွာပဲ။ အဲဒီလိုပဲ ဒီလိုေသးငယ္တယ္လို႕ ထင္ရတဲ့ မာနေလးက ရဟႏၲာျဖစ္ဖို႕အတြက္ စလံုးစခု ျဖစ္ေစတယ္။

ဒါကို ရွင္သာရိပုတၱရာက ျမင္တယ္၊ ရွင္အႏု႐ုဒၶါက စဥ္းစားလို႕မရဘူး။ ရွင္သာရိပုတၱရာက ေထာက္ျပတယ္၊ ဒီ စိတ္ရဲ႕ အညစ္အေၾကးေတြက စိတ္ထဲမွာ ဝင္ေနတယ္။ အဲဒါေလးေတြကို ေလၽွာ္ပစ္လိုက္ပါလို႕ ေျပာတာေနာ္။ ျဖဴစင္ေအာင္ လုပ္ပစ္လိုက္ပါ၊ ဘာျဖစ္လို႕လဲဆို ဒီမာနေလးဟာလည္း စိတ္ရဲ႕ အညစ္အေၾကးေလးပဲ။ ညစ္တယ္ဆိုလို႕ရွိရင္ မၾကည္ဘူး။

မၾကည္ရင္ မျမင္ရဘူးေပါ့။ မွန္မ်ားလို႕ေပါ့။ နည္းနည္းေလး အစက္အေျပာက္ေတြရွိေနရင္ ျမင္ကြင္းမွာ လာ႐ႈပ္ေနမွာေပါ့။ ဒါေၾကာင့္ ဒီမာနဆိုတာဟာလည္း တရားထူး တရားျမတ္ ရဖို႕ရာအတြက္ အေႏွာင့္အယွက္ျဖစ္တဲ့ အရာတစ္ခု၊ စိတ္ရဲ႕ အညစ္အေၾကးတစ္ခုပါပဲ။

ဒိ႒ိနဲ႕ မာန အတူမျဖစ္

ေလာဘရယ္၊ ဒိ႒ိရယ္၊ မာနရယ္ဟာ ေလာဘမူစိတ္မွာ ယွဥ္ျပီးေတာ့ ျဖစ္ၾကတယ္တဲ့။ အယူမွားတဲ့ ဒိ႒ိနဲ႕ ကိုယ့္ကိုယ္ကို အထင္ၾကီးတဲ့ မာနတို႕ဟာ တူတူယွဥ္တြဲျပီး မျဖစ္ၾကဘူး။ ဘာ့ေၾကာင့္ ယွဥ္တြဲျပီး မျဖစ္တာတံုးဆိုလို႕ရွိရင္ အာ႐ုံခ်င္း မတူလို႕တဲ့။ အတူတူတြဲတယ္ ဆိုတဲ့ေနရာမွာ ။။အေျခခံဝတၳဳခ်င္း တူရမယ္၊ အာ႐ုံခ်င္း တူရမယ္၊ တျပိဳင္နက္ ျဖစ္ရမယ္၊ တျပိဳင္နက္ ခ်ဳပ္ရမယ္။။ ဒါမွ ယွဥ္တယ္၊ Association ဆိုတာ ဒါမွ။ တခုတည္း ျဖစ္ရမယ္။

သို႕ေသာ္ မာနနဲ႕ ဒိ႒ိဟာ ဒိ႒ိက သူရဲ႕ အယူအဆ philosophy ကို အာ႐ုံျပဳတယ္၊ မာနက သူ႕ရဲ႕ အရည္အခ်င္းကို အာ႐ုံျပဳတယ္ဆိုေတာ့ သူတို႕ႏွစ္ခုမွာ အာ႐ုံခ်င္းမတူၾကဘူး။
စာေပထဲမွာေတာ့ စြမ္းရည္သတၱိခ်င္း ျပိဳင္ေနလို႕ဆိုတဲ့ အေၾကာင္းျပတယ္၊ ျခေသၤ့ႏွစ္ေကာင္ဟာ လိုဏ္ဂူထဲ အတူမေအာင္းသလိုပဲလို႕ ဥပမာေပးထားတယ္။ သို႕ေသာ္ အဲဒီ အေၾကာင္းျပခ်က္ထက္ အာ႐ုံခ်င္း မတူလို႕ဆိုတဲ့ အေၾကာင္းက ပိုျပီးေတာ့ သဘာဝက်တယ္။

 ျခေသၤ့ဆိုတာ အုပ္လိုက္ေနတတ္တာဆိုေတာ့ တစ္ခါတေလက် သူတို႕တည့္ရင္ ျခေသၤ့အထီးၾကီးေတြႏွစ္ေကာင္က လိုဏ္ဂူထဲမွာ အတူေအာင္းတယ္။ တစ္ခါက TV ထဲမွာ ျခေသၤ့အုပ္ထဲ ျခေသၤ့အထီး ႏွစ္ေကာင္ရွိတာ ေတြ႕ရတယ္။ TV ၾကည့္ၾကည့္ေပါ့။
ဒါေၾကာင့္မို႕ အာ႐ုံခ်င္း မတူလို႕ ဆိုတာက ပိုျပီးေတာ့ အဓိကက်တယ္။ မာနက ။သူရဲ႕ အရည္အေသြးကို အာ႐ုံျပဳတယ္။ ဒိ႒ိက ။

သူရဲ႕အျမင္ကို အာ႐ုံျပဳတယ္။ ဒါေၾကာင့္မို႕ အာ႐ုံခ်င္း မတူလို႕ သူတို႕ အတူတူမယွဥ္ဘူး။ သို႕ေသာ္ ေလာဘနဲ႕က်ေတာ့ ႏွစ္ခုလံုး ယွဥ္တြဲၾကတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ဓမၼေရခ်မ္းစင္
# Unicode Version # ျဖင့္ ဖတ္ပါ #


 နောက်တစ်ခုက ကိုယ့်ရဲ့အရည်အချင်း ကြည့်ပြီးတော့ လူတွေဟာ ကိုယ့်ရဲ့ အရည်အချင်းကို ထုတ်ဖော်ပြီး မာန်တက်တာတွေ ဖြစ်တတ်တယ်။ အဲဒါကို ။မာန။ လို့ ခေါ်တယ်။ ကိုယ့်ရဲ့ အရည်အချင်းက ကောင်းသည်ဖြစ်စေ၊ နိမ့်ကျသည် ဖြစ်စေ မာနဆိုတာ တက်လာတာ။

ကိုယ့်ရဲ့ အရည်အသွေးပေါ်မှာ အထင်အမြင်လေးတွေ ဖြစ်လာတာကို မာနလို့ ခေါ်တယ်။ ငါ လုပ်နိုင်တယ်၊ ငါ သွားနိုင်တယ်၊ ငါ စားနိုင်တယ်။ ဒီ ။။နိုင်။။တယ်ဆိုတာ မာန လို့ခေါ်တယ်။ မလုပ်နိုင်ဘူးလို့ ပြောရင်လည်း မာနပဲ။ မလုပ်နိုင်တာက ညံ့တဲ့ အရည်အချင်းပေါ့။

မာနဆိုတာ သူတောင်းစားတောင် ရှိသတဲ့။ ကြားဖူးလား? တောင်းစားနေတဲ့ လူတစ်ယောက်ကို သူဋ္ဌေးတစ်ယောက်က မင်း တောင်းစားမနေနဲ့၊ ငါ့ခြံထဲလာ အမှိုက်ရှင်း၊ ငါ တစ်နေ့ ဘယ်လောက်ပေးမယ်။ သူတောင်းစားက ဘာပြောတုန်း? ။။

ကျုပ်က သူတောင်းစားဗျ၊ ခင်ဗျား အလုပ်မလုပ်နိုင်ဘူးတဲ့။။တဲ့။ ခြံရှင်းတဲ့ အလုပ် မလုပ်နိုင်ဘူးတဲ့၊ ဒါမျိုး။ အဲဒါလည်း သူတောင်းစားမာန ခေါ်တာပဲ။ မာနဆိုတာ အမျိုးမျိုး၊ ကိုယ့်ကိုယ်ကို အထင်ရောက်တာ။ ကိုယ့်ရဲ့ အရည်အသွေး ကိုယ်အထင်ရောက်တာဟာ မာနပဲ။

အဲဒီမာနဟာလည်း ကိုယ့်ကိုယ်ကို ချစ်ခင်မှု၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုပေါ်မှာ အခြေခံပြီးတော့ ဖြစ်တာမို့လို့ လောဘနဲ့ ယှဉ်တွဲတယ်လို့ ပြောရတယ်။ ဒီ မာနဖြစ်ပေါ်လာပုံနဲ့ ပက်သက်လို့ ပြောရရင် ဒီမာနက ကောင်းတဲ့ မာနရှိတယ်။

 ကောင်းတဲ့ မာနရှိတယ်ဆိုတာ အကောင်းဘက်ကို ဦးတည်သွားတဲ့ မာနကို ပြောတာ။ မာနကတော့ မကောင်းဘူးပေါ့။ သို့သော် အကောင်းဘက်ကို ဦးတည်သွားစေတဲ့ မာန၊ အဆိုးဘက်ကို ဦးတည်သွားစေတဲ့ မာနလို့ ဒီလို နှစ်မျိုး ခွဲနိုင်တယ်။

အကောင်းဘက်ကို ဦးတည်စေတဲ့ မာန
ဒီပင်္ကရာမြတ်စွာဘုရားနဲ့ တွေ့တဲ့အခါ သုမေဓာရသေ့က ဘာပြောလဲ၊ ။။။ကိံ မေ ဧကေန တိဏ္ဏေန၊ ပုရိသေန ထာမ ဒဿိနာ။။။ - ငါလို စွမ်းရည်သတ္တိရှိတဲ့ လူတစ်ယောက်က ကိုယ်လွတ်ရုန်းသွားလို့ ဘယ်တော်မလဲ။။ သူ့ကိုယ်သူ သူရဲ့ စွမ်းရည်သတ္တိကို အထင်ကြီးတဲ့ မာနရှိတယ်။ ငါလိုလူက တစ်ယောက်တည်း ကိုယ်လွတ်ရုန်းလို့ ဘယ်တော်မလဲ၊ ။။

သဗ္ဗညုတံ ပါပုဏိတွာ၊ သံသာရေတွာ သဒေဝကံ။။ - ဘုရားအဖြစ်ကို ရောက်အောင်လုပ်ပြီး သတ္တဝါတွေ ကယ်တင်မယ်။။ တဲ့။ အကယ်၍ ဒီပင်္ကရာ မြတ်စွာဘုရားထံမှာ တရားနာပြီး တရားကျင့်လိုက်ရင် သူဟာ ရဟန္တာ ဖြစ်နိုင်တယ်၊ ရဟန္တာဖြစ်နိုင်တဲ့ အရည်အချင်းမျိုးက သူ့မှာ ရှိပြီးသား။ ဘာလို့တုန်းဆို ဈာန်အဘိညာဉ်တွေ ရထားတဲ့ ပုဂ္ဂိုလ်တစ်ဦးပဲ။

သို့သော် သူက သူ့ရဲ့ စွမ်းရည်သတ္တိကို သူယုံကြည်တယ်လေ၊ အားကိုးယုံကြည်တဲ့ မာန်မာနကလေးက ဂေါတမ မြတ်စွာဘုရားအဖြစ် ရောက်အောင် ပို့ဆောင်ပေးလိုက်တာ။ အကောင်းဘက်ကို ဦးဆောင်တဲ့ မာနလို့ ခေါ်တယ်။ အဲဒီလို အကောင်းဘက်ကို ဦးဆောင်တဲ့ မာနမျိုးကတော့ ရှိသင့်တယ်လို့ ပြောတာ။ ရှိသင့်တယ်ဆိုတာ သူ့ကြောင့် ကောင်းကျိုးချမ်းသာ ရနိုင်တယ်လို့ ပြောတာနော်။ အကုသိုလ်တော့ အကုသိုလ်ပဲပေါ့။

ဒီမာနက အမျိုးမျိုးရှိတယ်။ မထားရမယ့် မာနကတော့ ဘယ်လိုဟာတုန်းဆိုရင် ။။ ငါ အတတ်ဆုံးပဲ၊ ဘယ်ကောင်မှ ဂရုစိုက်စရာ မလိုဘူး။။ ဆိုတဲ့ မာနမျိုး။ ။။ငါ့လောက် တော်တဲ့လူ မရှိဘူး၊ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူး I don't care ။။ ဆိုတဲ့ မကောင်းတဲ့ မာနမျိုးပေါ့။ အကျိုးကို ပျက်ပြားစေတယ်လေ။

လူတကာ အမုန်းပွားစေတဲ့ မာနမျိုး မထားရဘူးတဲ့၊ ကိုယ့်ထက်ကြီးတဲ့ ပုဂ္ဂိုလ်တွေပေါ်မှာ မာန မထားရဘူး။ ဒီလို ဆိုလိုတယ်နော်။ ခုနက ကောင်းကျိုးချမ်းသာဘက်ကို ဦးတည်သွားတဲ့ မာနမျိုးတော့ ထားရမယ်လို့ ဒီလို ဆိုလိုတယ်နော်။

သို့သော် ဘယ်မာနပဲဖြစ်ဖြစ် ကိုယ့်တကယ်ရှိတဲ့ အရည်အချင်းကို အရည်အချင်း ရှိတယ်ဆိုတဲ့ အတွေးသည်ပင်လျှင် အင်မတန် ထူးခြားတဲ့ တရားဓမ္မတစ်ခုကို မျက်မှောက်ပြုဖို့ရန်အတွက် အန္တရာယ်ပြုတယ်တဲ့။

ရှင်အနုရုဒ္ဓါမထေရ်မြတ်ဟာ သင်္ကန်းဝတ်ပြီး ပထမဝါတွင်းမှာပဲ သမထကျင့်စဉ် အောင်မြင်လို့ ဈာန်အဘိညာဉ်တွေ ရတယ်။ ဒိဗ္ဗစက္ခုမှာ ထူးခြားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်တယ်။ သူစိတ်ထဲမှာ ထင်တယ်၊ ဒိဗ္ဗစက္ခုနဲ့ စကြာဝဠာတစ်ထောင်ကို သူ ကြည့်နိုင်တယ်၊ သူ ရဟန္တာဖြစ်ဖို့ အလွယ်လေးလို့ အောက်မေ့တယ်။ ဝိပဿနာပြောင်းပြီး အားထုတ်တယ်၊ လုံးဝ ရဟန္တာ မဖြစ်ဘူး၊ ဘာဖြစ်လို့တုန်း?။ သူ့မှာ ဘာအတွေးရှိတုန်းဆိုရင် ။။

စကြာဝဠာ တစ်ထောင်ကို ကြည့်နိုင်တဲ့ စွမ်းရည်သတ္တိ ငါ့မှာ ရှိတယ်။။ ဆိုတဲ့ အတွေးလေးရှိတယ်။ ဒါလေးက မာန တဲ့။ အဲဒီ မာန ခံနေလို့ သူ ရဟန္တာဖြစ်ကိုမဖြစ်ဘူး။ရှင်သာရိ ပုတ္တရာကို သွားပြီး လျှောက်တယ်၊ ။။အရှင်ဘုရား တပည့်တော် ဒိဗ္ဗစက္ခုနဲ့ ဒီစကြာဝဠာတစ်ထောင်ကို တစ်ပြိုင်တည်း ကြည့်နိုင်တယ်၊ တရားလည်း အားထုတ်တယ်၊ သမာဓိတွေလည်း ကောင်တယ်၊ ဒါပေမယ့် ဘာဖြစ်လို့ ကိလေသာ အာသဝေါ မကုန်မှန်း မသိဘူး။။ ပေါ့။

ရှင်သာရိပုတ္တရာက ထောက်ပြတယ်၊ ။။ငါ့ရှင် - စကြာဝဠာတစ်ထောင်ကို ဒိဗ္ဗစက္ခုနဲ့ ကြည့်နိုင်တယ်ဆိုတဲ့ အတွေးဟာ ငါ့ရှင်မှာ မာနဖြစ်နေတာ၊ အဲဒီအတွေးကို ဖျောက်လိုက်ပါ၊ မစဉ်းစားပါနဲ့ တဲ့။ ငါတရားအားထုတ်နေတယ်၊ သမာဓိတွေလည်း ကောင်းတယ်ဆိုတဲ့ အတွေးဟာ ဥဒ္ဓစ္စဖြစ်နေတာ စိတ်မငြိမ်မသက်ဖြစ်နေတာ။ ။ဘာဖြစ်လို့များ ရဟန္တာ မဖြစ်တာပါလဲ။ လို့ဆိုတဲ့ ဒီအတွေးဟာ ကုက္ကုစ္စဖြစ်နေတာ၊ အကုသိုလ်တွေချည်းဖြစ်နေတာ။။

စဉ်းစားကြည့်။ ဒီ စကြာဝဠာတစ်ထောင်ကို သူကြည့်နိုင်လို့ ကြည့်နိုင်တယ် ပြောတာများ ဘာအပြစ်ရှိလို့တုန်း၊ ပြောကြမှာပေါ့၊ ဟုတ်တယ်မဟုတ်လား။ သို့သော်လည်း စဉ်းစားကြည့်စရာက အင်မတန် သေးငယ်တဲ့ မြူမှုံကလေးတစ်ခုဟာ လက်ဖဝါးထဲမှာ ထည့်ပွတ်လို့ရှိရင် ဘာမှ မဖြစ်ဘူး၊ ဟုတ်လား။ သို့သော် လက်ဖဝါးထဲ ထည့်ပွတ်လို့ရှိမှန်းတောင် မသိတဲ့ အဲဒီမြူမှုံလေးကို မျက်လုံးထဲ ထည့်ကြည့်ပါလား၊ မျက်လုံး ဘယ်နှယ့်နေမလဲ၊ မခံနိုင်ဘူး။

အမှုံသေးသေးလေးပဲဖြစ်စေ မျက်လုံးထဲ ရောက်သွားရင် ခိုးလိုးခုလုနဲ့ မျက်ရည်တွေ ထွက်စေမှာပဲ။ အဲဒီလိုပဲ ဒီလိုသေးငယ်တယ်လို့ ထင်ရတဲ့ မာနလေးက ရဟန္တာဖြစ်ဖို့အတွက် စလုံးစခု ဖြစ်စေတယ်။

ဒါကို ရှင်သာရိပုတ္တရာက မြင်တယ်၊ ရှင်အနုရုဒ္ဓါက စဉ်းစားလို့မရဘူး။ ရှင်သာရိပုတ္တရာက ထောက်ပြတယ်၊ ဒီ စိတ်ရဲ့ အညစ်အကြေးတွေက စိတ်ထဲမှာ ဝင်နေတယ်။ အဲဒါလေးတွေကို လျှော်ပစ်လိုက်ပါလို့ ပြောတာနော်။ ဖြူစင်အောင် လုပ်ပစ်လိုက်ပါ၊ ဘာဖြစ်လို့လဲဆို ဒီမာနလေးဟာလည်း စိတ်ရဲ့ အညစ်အကြေးလေးပဲ။ ညစ်တယ်ဆိုလို့ရှိရင် မကြည်ဘူး။

မကြည်ရင် မမြင်ရဘူးပေါ့။ မှန်များလို့ပေါ့။ နည်းနည်းလေး အစက်အပြောက်တွေရှိနေရင် မြင်ကွင်းမှာ လာရှုပ်နေမှာပေါ့။ ဒါကြောင့် ဒီမာနဆိုတာဟာလည်း တရားထူး တရားမြတ် ရဖို့ရာအတွက် အနှောင့်အယှက်ဖြစ်တဲ့ အရာတစ်ခု၊ စိတ်ရဲ့ အညစ်အကြေးတစ်ခုပါပဲ။

ဒိဋ္ဌိနဲ့ မာန အတူမဖြစ်

လောဘရယ်၊ ဒိဋ္ဌိရယ်၊ မာနရယ်ဟာ လောဘမူစိတ်မှာ ယှဉ်ပြီးတော့ ဖြစ်ကြတယ်တဲ့။ အယူမှားတဲ့ ဒိဋ္ဌိနဲ့ ကိုယ့်ကိုယ်ကို အထင်ကြီးတဲ့ မာနတို့ဟာ တူတူယှဉ်တွဲပြီး မဖြစ်ကြဘူး။ ဘာ့ကြောင့် ယှဉ်တွဲပြီး မဖြစ်တာတုံးဆိုလို့ရှိရင် အာရုံချင်း မတူလို့တဲ့။ အတူတူတွဲတယ် ဆိုတဲ့နေရာမှာ ။။အခြေခံဝတ္ထုချင်း တူရမယ်၊ အာရုံချင်း တူရမယ်၊ တပြိုင်နက် ဖြစ်ရမယ်၊ တပြိုင်နက် ချုပ်ရမယ်။။ ဒါမှ ယှဉ်တယ်၊ Association ဆိုတာ ဒါမှ။ တခုတည်း ဖြစ်ရမယ်။

သို့သော် မာနနဲ့ ဒိဋ္ဌိဟာ ဒိဋ္ဌိက သူရဲ့ အယူအဆ philosophy ကို အာရုံပြုတယ်၊ မာနက သူ့ရဲ့ အရည်အချင်းကို အာရုံပြုတယ်ဆိုတော့ သူတို့နှစ်ခုမှာ အာရုံချင်းမတူကြဘူး။
စာပေထဲမှာတော့ စွမ်းရည်သတ္တိချင်း ပြိုင်နေလို့ဆိုတဲ့ အကြောင်းပြတယ်၊ ခြင်္သေ့နှစ်ကောင်ဟာ လိုဏ်ဂူထဲ အတူမအောင်းသလိုပဲလို့ ဥပမာပေးထားတယ်။ သို့သော် အဲဒီ အကြောင်းပြချက်ထက် အာရုံချင်း မတူလို့ဆိုတဲ့ အကြောင်းက ပိုပြီးတော့ သဘာဝကျတယ်။

 ခြင်္သေ့ဆိုတာ အုပ်လိုက်နေတတ်တာဆိုတော့ တစ်ခါတလေကျ သူတို့တည့်ရင် ခြင်္သေ့အထီးကြီးတွေနှစ်ကောင်က လိုဏ်ဂူထဲမှာ အတူအောင်းတယ်။ တစ်ခါက TV ထဲမှာ ခြင်္သေ့အုပ်ထဲ ခြင်္သေ့အထီး နှစ်ကောင်ရှိတာ တွေ့ရတယ်။ TV ကြည့်ကြည့်ပေါ့။
ဒါကြောင့်မို့ အာရုံချင်း မတူလို့ ဆိုတာက ပိုပြီးတော့ အဓိကကျတယ်။ မာနက ။သူရဲ့ အရည်အသွေးကို အာရုံပြုတယ်။ ဒိဋ္ဌိက ။

သူရဲ့အမြင်ကို အာရုံပြုတယ်။ ဒါကြောင့်မို့ အာရုံချင်း မတူလို့ သူတို့ အတူတူမယှဉ်ဘူး။ သို့သော် လောဘနဲ့ကျတော့ နှစ်ခုလုံး ယှဉ်တွဲကြတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:ဓမ္မရေချမ်းစင်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top