ျမန္မာႏိုင္ငံမွာ အေအာင္ျမင္ဆံုးအႏုပညာ႐ွင္ေတြထဲကတစ္ေယာက္ျဖစ္တဲ့ စိုင္းစိုင္းခမ္းလိႈင္ကေတာ့ ဒီဘက္ႏွစ္ပိုင္းေတြေရာက္လာေလ သူရဲ႕ေအာင္ျမင္မႈေတြက ပိုပိုၿပီးေတာက္ေျပာင္လာေလလို႔ေတာင္ေျပာရေလာက္ေအာင္ ။ သူ႕ရဲ႕ႀကိဳးစားမႈေတြ အရာထင္ခဲ့တာကိုလည္း အားလံုးမ်က္ဝါးထင္ထင္ေတြ႔ျမင္ႏိုင္ခဲ့ၾကၿပီးပါ။အႏုပညာအလုပ္ေတြတင္မဟုတ္ဘဲတျခားေသာအလုပ္တစ္ခုျဖစ္တဲ့ အလွကုန္ပစၥည္းထုတ္လုပ္ေရာင္းခ်မႈမွာလည္း ေအာင္ျမင္မႈေတြရ႐ိွေနပါတယ္။ သူရဲ႕ သီခ်င္းေတြကမွာ လူေတြအရမ္းႀကိဳက္ၿပီး တႏိုင္ငံလံုးနီးပါး ပြဲေတြလမ္းေတြမွာဖြင့္တဲ့အထိေအာင္ျမင္ခဲ့တဲ့ ေတာေဂၚလီ သီခ်င္းနဲ႔ အခုထိ သူ႔သီခ်င္းေတြမွာ႐ိွေနတဲ့တိုက္ဆိုင္မႈေတြကို သူရဲ႕Facebook Pageမွာပိုစ့္တစ္ခုတင္ၿပီးေျပာျပထားပါတယ္။

သူေျပာျပထားတဲ့အေၾကာင္းကို ေျပာခ်င္လြန္းလို႔က မိတ္ေဆြေတြသိရေအာင္ေျပာျပေပးလိုက္ပါတယ္။စိုင္းစိုင္းက သူရဲ႕Facebook Page မွာ “က်ေနာ့္သီခ်င္းေတြဟာ ထြက္ထြက္ခ်င္းဘယ္ေတာ့မွ မေပါက္ဘူး အနည္းဆံုးတစ္ႏွစ္တန္သည္ ႏွစ္ႏွစ္တန္သည္ေစာင့္ခဲ့ရတာခ်ည္းပါပဲ။ေဖေဖာ္ဝါရီမွတ္တမ္းထြက္တုန္းက ပထမေျခာက္လ တစ္ႏွစ္နီးပါးေလာက္ ဘယ္မွသိပ္မေရာက္လို႔ စိတ္ညစ္ေနခဲ့ဖူးတယ္။ ေတာေဂၚလီက လြန္ခဲ့တဲ့ ၁၀ ႏွစ္ေက်ာ္ ၂၀၀၇ April ၁ ရက္ေန႔ကထြက္တာပါ။ တစ္ႏွစ္လံုး ဘာသံမွမၾကားရဘဲ ေနာက္ႏွစ္ ၂၀၀၈ က်ေတာ့ ဘယ္သြားသြားၾကားေနရတဲ့သီခ်င္း ျဖစ္ခဲ့ဖူးတယ္ အခု က်ေနာ္တို႔ရဲ႕ ငါ့ရည္းစားကပိုမိုက္တယ္ သီခ်င္းက မႏွစ္က April ၁ ရက္ေန႔မွာထြက္တယ္ တစ္ႏွစ္အၾကာမွာေတာ့ JOOX မွာ ၂ ပတ္ဆက္တိုက္ နံပါတ္တစ္ ျဖစ္လာပါၿပီအားေပးတဲ့ပရိသတ္မ်ားကို ေက်းဇူးအမ်ားႀကီးတင္ပါတယ္ဗ်။”ဆိုၿပီးေျပာျပထားတာပဲျဖစ္ပါတယ္။

ဝမ္းနည္းမွတ္တမ္းဆုိရင္လည္း အခုခ်ိန္ထိ လူငယ္ေတြၾကားမွာခံစားရွင္သန္ေနဆဲ သီခ်င္းတစ္ပုဒ္ျဖစ္ေနၿပီး ၊ ေတာေဂၚလီသီခ်င္းကလည္း ကၾကခုၾကရတဲ့ပြဲေတြမွာအခုထိေနရာယူထားတုန္းပါပဲ ။ အခု ငါ့ရည္းစားပိုမိုက္တယ္ဆိုတဲ့ သီခ်င္းကလည္း အခုပတ္ဝန္းက်င္ေနရာတိုင္းမွာလို ခဏတိုင္းၾကားေနရတဲ့အထိေအာင္ျမင္ေနျပန္ပါၿပီ။ သူရဲ႕သီခ်င္းေတြေအာင္ျမင္ပံုကလည္း အထူးဆန္းသားပဲေနာ္။ မ်ားေသာအားျဖင့္ တစ္ႏွစ္တိတိအခ်ိန္ေလာက္မွပဲ ဝက္ဝက္ကြဲေအာင္ထိေအာင္ျမင္ပံုကလည္း အတိုင္းသားျမင့္ေတြ႔ၾကားသိခဲ့ရၿပီဆိုေတာ့ မိတ္ေဆြတို႔ရဲ႕အျမင္နဲ႔စိုင္းစိုင္းရဲ႕ေအာင္ျမင္မႈေတြအေပၚမွာ ဘယ္လိုျမင္သလဲဆိုတဲ့ အျမင္ေတြကိုလည္းေျပာျပသြားခဲ့ပါဦးခင္ဗ်ာ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:burmese.asia

#Unicode Version# ျဖင့္ဖတ္ပါ ။

မြန်မာနိုင်ငံမှာ အအောင်မြင်ဆုံးအနုပညာရှင်တွေထဲကတစ်ယောက်ဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်ကတော့ ဒီဘက်နှစ်ပိုင်းတွေရောက်လာလေ သူရဲ့အောင်မြင်မှုတွေက ပိုပိုပြီးတောက်ပြောင်လာလေလို့တောင်ပြောရလောက်အောင် ။ သူ့ရဲ့ကြိုးစားမှုတွေ အရာထင်ခဲ့တာကိုလည်း အားလုံးမျက်ဝါးထင်ထင်တွေ့မြင်နိုင်ခဲ့ကြပြီးပါ။အနုပညာအလုပ်တွေတင်မဟုတ်ဘဲတခြားသောအလုပ်တစ်ခုဖြစ်တဲ့ အလှကုန်ပစ္စည်းထုတ်လုပ်ရောင်းချမှုမှာလည်း အောင်မြင်မှုတွေရရှိနေပါတယ်။ သူရဲ့ သီချင်းတွေကမှာ လူတွေအရမ်းကြိုက်ပြီး တနိုင်ငံလုံးနီးပါး ပွဲတွေလမ်းတွေမှာဖွင့်တဲ့အထိအောင်မြင်ခဲ့တဲ့ တောဂေါ်လီ သီချင်းနဲ့ အခုထိ သူ့သီချင်းတွေမှာရှိနေတဲ့တိုက်ဆိုင်မှုတွေကို သူရဲ့Facebook Pageမှာပိုစ့်တစ်ခုတင်ပြီးပြောပြထားပါတယ်။

သူပြောပြထားတဲ့အကြောင်းကို ပြောချင်လွန်းလို့က မိတ်ဆွေတွေသိရအောင်ပြောပြပေးလိုက်ပါတယ်။စိုင်းစိုင်းက သူရဲ့Facebook Page မှာ “ကျနော့်သီချင်းတွေဟာ ထွက်ထွက်ချင်းဘယ်တော့မှ မပေါက်ဘူး အနည်းဆုံးတစ်နှစ်တန်သည် နှစ်နှစ်တန်သည်စောင့်ခဲ့ရတာချည်းပါပဲ။ဖေဖော်ဝါရီမှတ်တမ်းထွက်တုန်းက ပထမခြောက်လ တစ်နှစ်နီးပါးလောက် ဘယ်မှသိပ်မရောက်လို့ စိတ်ညစ်နေခဲ့ဖူးတယ်။ တောဂေါ်လီက လွန်ခဲ့တဲ့ ၁၀ နှစ်ကျော် ၂၀၀၇ April ၁ ရက်နေ့ကထွက်တာပါ။ တစ်နှစ်လုံး ဘာသံမှမကြားရဘဲ နောက်နှစ် ၂၀၀၈ ကျတော့ ဘယ်သွားသွားကြားနေရတဲ့သီချင်း ဖြစ်ခဲ့ဖူးတယ် အခု ကျနော်တို့ရဲ့ ငါ့ရည်းစားကပိုမိုက်တယ် သီချင်းက မနှစ်က April ၁ ရက်နေ့မှာထွက်တယ် တစ်နှစ်အကြာမှာတော့ JOOX မှာ ၂ ပတ်ဆက်တိုက် နံပါတ်တစ် ဖြစ်လာပါပြီအားပေးတဲ့ပရိသတ်များကို ကျေးဇူးအများကြီးတင်ပါတယ်ဗျ။”ဆိုပြီးပြောပြထားတာပဲဖြစ်ပါတယ်။

ဝမ်းနည်းမှတ်တမ်းဆိုရင်လည်း အခုချိန်ထိ လူငယ်တွေကြားမှာခံစားရှင်သန်နေဆဲ သီချင်းတစ်ပုဒ်ဖြစ်နေပြီး ၊ တောဂေါ်လီသီချင်းကလည်း ကကြခုကြရတဲ့ပွဲတွေမှာအခုထိနေရာယူထားတုန်းပါပဲ ။ အခု ငါ့ရည်းစားပိုမိုက်တယ်ဆိုတဲ့ သီချင်းကလည်း အခုပတ်ဝန်းကျင်နေရာတိုင်းမှာလို ခဏတိုင်းကြားနေရတဲ့အထိအောင်မြင်နေပြန်ပါပြီ။ သူရဲ့သီချင်းတွေအောင်မြင်ပုံကလည်း အထူးဆန်းသားပဲနော်။ များသောအားဖြင့် တစ်နှစ်တိတိအချိန်လောက်မှပဲ ဝက်ဝက်ကွဲအောင်ထိအောင်မြင်ပုံကလည်း အတိုင်းသားမြင့်တွေ့ကြားသိခဲ့ရပြီဆိုတော့ မိတ်ဆွေတို့ရဲ့အမြင်နဲ့စိုင်းစိုင်းရဲ့အောင်မြင်မှုတွေအပေါ်မှာ ဘယ်လိုမြင်သလဲဆိုတဲ့ အမြင်တွေကိုလည်းပြောပြသွားခဲ့ပါဦးခင်ဗျာ။

ဖိုးသူတော် (www.phothutaw.com)
Credit:burmese.asia
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top