ဧၿပီလ ၈ ရက္စၿပီး ရန္ကုန္-မႏၱေလးအျမန္လမ္းမေပၚ ေမာင္းႏွင္မယ့္ အေ၀းေျပးယာဥ္ေတြနဲ႔ လိုက္ထရပ္ယာဥ္ေတြကုိ သတ္မွတ္ခ်က္နဲ႔ မကိုက္ညီရင္ စစ္ေဆးပညာေပးအေရးယူေဆာင္ရြက္သြားမယ္လုိ႔ အျမန္လမ္းမႀကီးရဲတပ္ဖြဲ႔ရုံးက ေနသိရပါတယ္။

အျမန္လမ္းမႀကီးရဲတပ္ဖြဲ႕၊ ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ ပို ့ေဆာင္ေရး ဝန္ႀကီးဌာန တို ့ ပူးေပါင္းၿပီး ေနျပည္ေတာ္(၂၀၁) မိုင္ Toll Gate မွာ ယာဥ္အနၱရာယ္၊ လမ္းအနၱရာယ္ ကင္းရွင္းေရးအတြက္ သတ္မွတ္ခ်က္မကိုက္ညီသည့္ ယာဥ္မ်ားကို စစ္ေဆး ပညာေပး အေရးယူေဆာင္႐ြက္သြားမယ္ဆုိၿပီး ေၾကညာထားပါတယ္။

ခရီးသည္တင္ Express ယာဥ္ေတြ၊ မီနီဘတ္စ္ယာဥ္ေတြ၊ ဘုရားဖူးယာဥ္ေတြ၊ Telematic စနစ္တပ္ဆင္ထားတဲ့ ယာဥ္ေတြနဲ႔ လိုက္ထရပ္ယာဥ္ေတြကုိ သတ္မွတ္ခ်က္ေတြနဲ႔ မျပည့္စံုရင္  ျဖတ္သန္းေမာင္းႏွင္ခြင့္မျပဳေတာ့ဘူးလုိ႔ ဆုိပါတယ္။

ယာဥ္အစိတ္အပုိင္းကုိယ္ထည္၊တာယာေတြ ၾကံ႕ခိုင္မႈ၊ ခရီးသည္အေရအတြက္နဲ႔ ကုန္တင္ေဆာင္မႈ ညီမွ်မႈ၊ ယာဥ္ေမာင္းမ်ားအရက္ေသစာမေသာက္စားမႈ၊ အေ၀းေျပးယာဥ္ေတြမွာ ပါရွိရမယ့္ စနစ္ေတြနဲ႔ ကုိက္ညီမႈ စတဲ့ အခ်က္ေတြနဲ႔ ျပည့္စံုရမွာလည္းျဖစ္ပါတယ္။

လက္ရွိမွာ အျမန္လမ္းမႀကီးရဲတပ္ဖြဲ႔နဲ႔ ပုဂၢလိက ကုမၸဏီတို႔ပူးေပါင္းၿပီး သႀကၤန္ကာလအတြင္း ခရီးသြားၾကမယ့္ ျပည္သူေတြ ေဘးအႏၱရာယ္ကင္းရွင္းေရးအတြက္ အျမန္လမ္းေပၚေမာင္းႏွင္ၾကမယ့္ ယာဥ္ေတြ ၾကံခိုင္မႈေတြကုိ အခမဲ့စစ္ေဆးေပးမႈေတြ ျပဳလုပ္ေနတာလည္းျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္အတြင္း ရန္ကုန္-မႏၱေလးအျမန္လမ္းမႀကီး တစ္ေလွ်ာက္မွာ ယာဥ္မေတာ္တဆမႈေၾကာင့္ ေသဆံုးသူ ဦးေရ ၁၀၀ ေက်ာ္ရွိခဲ့ၿပီး အမႈေပါင္း ၄၇၃ မႈ ျဖစ္ပြားခဲ့တယ္လုိ႔ အျမန္လမ္းမႀကီး ရဲတပ္ဖြဲ႕ ထုတ္ျပန္ခ်က္အရသိရပါတယ္။

ယာဥ္ေတြ အရွိန္လြန္ေမာင္းႏွင္တာေၾကာင့္ အမ်ားဆံုးျဖစ္ပြားခဲ့ၿပီး ဒဏ္ရာရရွိသူ ၉၀၀ နီးပါး ရရွိခဲ့တယ္လုိ႔ သိရပါတယ္။
ဖိုးသူေတာ္(www.phothutaw.com)
Credit:Duwun
Photo- အျမန္လမ္းမႀကီးရဲတပ္ဖြဲ႕
#Unicode Version#
ဧပြီလ ၈ ရက်စပြီး ရန်ကုန်-မန္တလေးအမြန်လမ်းမပေါ် မောင်းနှင်မယ့် အဝေးပြေးယာဉ်တွေနဲ့ လိုက်ထရပ်ယာဉ်တွေကို သတ်မှတ်ချက်နဲ့ မကိုက်ညီရင် စစ်ဆေးပညာပေးအရေးယူဆောင်ရွက်သွားမယ်လို့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့ရုံးက နေသိရပါတယ်။

အမြန်လမ်းမကြီးရဲတပ်ဖွဲ့၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေး ဝန်ကြီးဌာန တို့ ပူးပေါင်းပြီး နေပြည်တော်(၂၀၁) မိုင် Toll Gate မှာ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် သတ်မှတ်ချက်မကိုက်ညီသည့် ယာဉ်များကို စစ်ဆေး ပညာပေး အရေးယူဆောင်ရွက်သွားမယ်ဆိုပြီး ကြေညာထားပါတယ်။

ခရီးသည်တင် Express ယာဉ်တွေ၊ မီနီဘတ်စ်ယာဉ်တွေ၊ ဘုရားဖူးယာဉ်တွေ၊ Telematic စနစ်တပ်ဆင်ထားတဲ့ ယာဉ်တွေနဲ့ လိုက်ထရပ်ယာဉ်တွေကို သတ်မှတ်ချက်တွေနဲ့ မပြည့်စုံရင်  ဖြတ်သန်းမောင်းနှင်ခွင့်မပြုတော့ဘူးလို့ ဆိုပါတယ်။

ယာဉ်အစိတ်အပိုင်းကိုယ်ထည်၊တာယာတွေ ကြံ့ခိုင်မှု၊ ခရီးသည်အရေအတွက်နဲ့ ကုန်တင်ဆောင်မှု ညီမျှမှု၊ ယာဉ်မောင်းများအရက်သေစာမသောက်စားမှု၊ အဝေးပြေးယာဉ်တွေမှာ ပါရှိရမယ့် စနစ်တွေနဲ့ ကိုက်ညီမှု စတဲ့ အချက်တွေနဲ့ ပြည့်စုံရမှာလည်းဖြစ်ပါတယ်။

လက်ရှိမှာ အမြန်လမ်းမကြီးရဲတပ်ဖွဲ့နဲ့ ပုဂ္ဂလိက ကုမ္ပဏီတို့ပူးပေါင်းပြီး သြင်္ကန်ကာလအတွင်း ခရီးသွားကြမယ့် ပြည်သူတွေ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အမြန်လမ်းပေါ်မောင်းနှင်ကြမယ့် ယာဉ်တွေ ကြံခိုင်မှုတွေကို အခမဲ့စစ်ဆေးပေးမှုတွေ ပြုလုပ်နေတာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်အတွင်း ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး တစ်လျှောက်မှာ ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ဦးရေ ၁၀၀ ကျော်ရှိခဲ့ပြီး အမှုပေါင်း ၄၇၃ မှု ဖြစ်ပွားခဲ့တယ်လို့ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

ယာဉ်တွေ အရှိန်လွန်မောင်းနှင်တာကြောင့် အများဆုံးဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ ၉၀၀ နီးပါး ရရှိခဲ့တယ်လို့ သိရပါတယ်။

ဖိုးသူတော်(www.phothutaw.com)
Credit:Duwun

Photo- အမြန်လမ်းမကြီးရဲတပ်ဖွဲ့
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top