ေရခဲျပင္စကိတ္ကြင္းနဲ႔ ဘိုးလင္းကစားကြင္းေတြ ပါဝင္တဲ့ Royal Sportainment Complex ကို ဧၿပီ ၂၈ ရက္မနက္က ရန္ကုန္ၿမိဳ႕၊ ၉ မုိင္၊ ေတာ္ဝင္လမ္းမွာ ပထမဆံုးအႀကိမ္ ဖြင့္လွစ္လိုက္ပါတယ္။

ေရခဲျပင္စကိတ္ကစားကြင္းဟာ အက်ယ္ ၆၇၅ စတုရန္းမီတာ၊ ေရခဲျပင္မ်က္ႏွာျပင္ထု ၈၈ မီလီမီတာထုရွိၿပီး ဘိုးလင္းကစားကြင္းကေတာ့ လိုင္း ၁၁ လိုင္း ပါရွိပါတယ္။



အေဆာက္အဦအတြင္း ေျမညီထပ္နဲ႔ ပထမထပ္တို႔မွာ လာေရာက္သူေတြ ၾကည့္႐ႈႏုိင္မယ့္   ပြဲၾကည့္စင္ေတြပါရွိၿပီး Espace Café ဆိုင္လည္း ဖြင့္လွစ္ေပးထားပါတယ္။

ေရခဲျပင္စကိတ္ကြင္းသစ္ကို ရန္ကုန္တုိင္းစစ္ဌာနခ်ဳပ္တုိင္းမႉး ဗိုလ္ခ်ဳပ္သက္ပံုက ဖြင့္လွစ္ေပးခဲ့ၿပီး ဘိုးလင္းကစားကြင္းကိုေတာ့ ရန္ကုန္ၿမိဳ႕ေတာ္ဝန္ ဦးေမာင္ေမာင္စုိးက တက္ေရာက္ ဖြင့္လွစ္ေပးခဲ့ပါတယ္။

ဖြင့္ပြဲမွာ အဆိုေတာ္ စုိင္းစိုင္းခမ္းလိႈင္နဲ႔ ဝုိင္းစုခိုင္သိန္းတို႔က သီဆိုေဖ်ာ္ေျဖခဲ့ၾကသလို  ထုိင္းႏိုင္ငံက စံုတြဲအကနဲ႔ ဂ်ပန္တကၠသိုလ္ ေက်ာင္းသူေလးေတြက ေရခဲျပင္စကိတ္စီးၿပီး အဖြဲ႔လုိက္ ကျပေဖ်ာ္ေျဖခဲ့ၾကပါတယ္။



အဲဒီ Royal Sportainment Complex ကို စစ္တပ္ပိုင္ ျမန္မာ့စီးပြားေရး ေကာ္ပိုေရးရွင္းနဲ႔  ဦးေတဇရဲ႕ ထူးကုမၸဏီအုပ္စုတို႔ အက်ိဳးတူပူးေပါင္းကာ ၂၀၁၆ ခုႏွစ္ စက္တင္ဘာလက စတင္တည္ေဆာက္ခဲ့တာ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:dvb
# Unicode Version # ျဖင့္ ဖတ္ပါ #


ရေခဲပြင်စကိတ်ကွင်းနဲ့ ဘိုးလင်းကစားကွင်းတွေ ပါဝင်တဲ့ Royal Sportainment Complex ကို ဧပြီ ၂၈ ရက်မနက်က ရန်ကုန်မြို့၊ ၉ မိုင်၊ တော်ဝင်လမ်းမှာ ပထမဆုံးအကြိမ် ဖွင့်လှစ်လိုက်ပါတယ်။

ရေခဲပြင်စကိတ်ကစားကွင်းဟာ အကျယ် ၆၇၅ စတုရန်းမီတာ၊ ရေခဲပြင်မျက်နှာပြင်ထု ၈၈ မီလီမီတာထုရှိပြီး ဘိုးလင်းကစားကွင်းကတော့ လိုင်း ၁၁ လိုင်း ပါရှိပါတယ်။

အဆောက်အဦအတွင်း မြေညီထပ်နဲ့ ပထမထပ်တို့မှာ လာရောက်သူတွေ ကြည့်ရှုနိုင်မယ့်   ပွဲကြည့်စင်တွေပါရှိပြီး Espace Café ဆိုင်လည်း ဖွင့်လှစ်ပေးထားပါတယ်။

ရေခဲပြင်စကိတ်ကွင်းသစ်ကို ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သက်ပုံက ဖွင့်လှစ်ပေးခဲ့ပြီး ဘိုးလင်းကစားကွင်းကိုတော့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက တက်ရောက် ဖွင့်လှစ်ပေးခဲ့ပါတယ်။

ဖွင့်ပွဲမှာ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်နဲ့ ဝိုင်းစုခိုင်သိန်းတို့က သီဆိုဖျော်ဖြေခဲ့ကြသလို  ထိုင်းနိုင်ငံက စုံတွဲအကနဲ့ ဂျပန်တက္ကသိုလ် ကျောင်းသူလေးတွေက ရေခဲပြင်စကိတ်စီးပြီး အဖွဲ့လိုက် ကပြဖျော်ဖြေခဲ့ကြပါတယ်။

အဲဒီ Royal Sportainment Complex ကို စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းနဲ့  ဦးတေဇရဲ့ ထူးကုမ္ပဏီအုပ်စုတို့ အကျိုးတူပူးပေါင်းကာ ၂၀၁၆ ခုနှစ် စက်တင်ဘာလက စတင်တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:dvb
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top