ထိုင္းအစိုးရက သႀကၤန္ပြဲေတာ္ကာလ ပိတ္ရက္ေပးသည့္ ငါးရက္ေျမာက္ေန႔အထိ ထိုင္းေရာက္ျမန္မာလုပ္သား တစ္သိန္းေက်ာ္ ေနရပ္ျပန္လာေၾကာင္း ထုိင္းေရာက္ ျမန္မာလုပ္သားမ်ား အေရးကူညီေပးေနေသာ အဖြဲ႕အစည္းမ်ားက ေျပာသည္။

ထုိုင္းအစိုးရက ျမန္မာလုပ္သားမ်ားကုိ ယခုႏွစ္သႀကၤန္ပြဲ ေတာ္ကာလ နားရက္အျဖစ္ ဧၿပီ ၅ မွ ၃၀ ရက္အထိ ၂၅ ရက္ သတ္ မွတ္၍ ခြင့္ေပးထားသည္။

ထို႔ေၾကာင့္ ဧၿပီ ၅ ရက္ ေနရပ္ျပန္ခြင့္ ပထမဆံုးေန႔တြင္ ထိုင္းေရာက္ျမန္မာလုပ္သား ၅,၀၀၀ ေက်ာ္ ေနရပ္ျပန္လာၿပီး ယမန္ေန႔ငါးရက္ေျမာက္ေန႔အထိ တရား

ဝင္ဂိတ္ေပါက္မ်ားမွ ေနရပ္ျပန္လာသူ စုစုေပါင္း ျမန္မာလုပ္သား တစ္သိန္းေက်ာ္က မဲေဆာက္-ျမ၀တီ၊ မယ္ဆိုင္-တာခ်ီလိတ္ႏွင့္ ရေနာင္း – ေကာ့ေသာင္းဂိတ္ ေပါက္တို႔မွ အသီးသီးေနရပ္ျပန္ ၾကေၾကာင္း ျမန္မာအဖြဲ႕အစည္း မ်ားက ေျပာသည္။

ဧၿပီ ၅ ရက္မွ ၉ ရက္အထိ မဲေဆာက္-ျမ၀တီ ဂိတ္ေပါက္မွ ငါးေသာင္းေက်ာ္၊ မယ္ဆိုင္-တာခ်ီလိတ္ဂိတ္ေပါက္မွ သုံးေသာင္း ေျခာက္ေထာင္ေက်ာ္ႏွင့္ ရေနာင္း – ေကာ့ေသာင္းဂိတ္ ေပါက္မွ သုံးေသာင္း ခုႏွစ္ေထာင္ေက်ာ္ အသီးသီးေနရပ္ ျပန္လာၾကျခင္း ျဖစ္သည္။

အဆိုပါ စာရင္းသည္ တရားဝင္ဂိတ္ေပါက္မ်ားမွ ျပန္သူမ်ား ျဖစ္ၿပီး တရားမဝင္နည္းလမ္းျဖင္႔ ေလွမ်ားျဖင္႔ ေအာက္လမ္းမွ ေန

ရပ္ျပန္သူမ်ားလည္း ေသာင္းခ်ီ ရွိေနေၾကာင္း ျမန္မာအဖြဲ႕အစည္း မ်ားက ေျပာသည္။

ဧၿပီ ၆ ရက္ကလည္း မဲေဆာက္ၿမိဳ႕ လမ္းပိုင္း၌ ေနရပ္ျပန္ျမန္မာလုပ္သားမ်ား စီးနင္းလာေသာ ခရီးသည္တင္ယာဥ္သည္ အျခားကုန္တင္ယာဥ္တစ္စီးျဖင့္ တိုက္မိ၍ ျမန္မာကေလးငယ္ တစ္ဦး ဒဏ္ရာရရွိခဲ႔သည္။

ေနရပ္ျပန္မည့္ ျမန္မာလုပ္သားမ်ားအေနျဖင့္ ဂိတ္အ၀င္၊အထြက္မ်ားတြင္ အိမ္ျပန္တံဆိပ္ တံုးႀကီးထုရန္ မလိုအပ္သလို မည္သည့္ေငြမွ် ေပးေဆာင္ရန္ မလိုေၾကာင္း ထိုင္းႏိုင္ငံ လူ၀င္မႈ ႀကီးၾကပ္ေရးဌာနက ဧၿပီ ၄ ရက္တြင္ ေၾကညာသည္။ သို႔ေသာ္ သတ္မွတ္ရက္အတြင္း အခ်ိန္မီျပန္လည္ ဝင္ေရာက္မလာေသာ သူမ်ားက ယခင္ဗီဇာသက္တမ္း ရွိသေလာက္ အသစ္ျပန္ထုရမည္ျဖစ္ၿပီး ဗီဇာထုခ ဘတ္ ၂,၀၀၀ ေပးေဆာင္ရမည္ဟု ေၾကညာထား သည္။ ‘‘တရားမဝင္ျပန္တဲ့ သူေတြ လည္း ရွိေနတယ္။ သူတို႔က ေသာင္ရင္းျမစ္ကို ျဖတ္ၿပီး ေလွေတြနဲ႔ ျပန္ၾကတာေပါ႔’’ ဟု ထိုင္းေရာက္ ျမန္မာလုပ္သားမ်ား အေရးကူညီေပးေနေသာ ထိုင္းႏုိင္ငံလံုးဆိုင္ရာ ျမန္မာေရႊ႕ေျပာင္း အ လုပ္သမား ကြန္ရက္ (MMNT) အေထြေထြအတြင္းေရးမွဴး ဦးမိုးႀကိဳး က ေျပာသည္။

ဧၿပီ ၁၂ ရက္ထိ ျမန္မာလုပ္သား ႏွစ္သိန္းခန္႔ ေနရပ္ျပန္ၾက မည္ဟု ထိုင္းအစိုးရက ခန္႔မွန္းထားေၾကာင္း ထိုင္းေရာက္ျမန္မာ လုပ္သားမ်ားအေရး ကူညီေပးေန သူ ကိုသားႀကီးက ေျပာသည္။

 ဖိုးသူေတာ္(www.phothutaw.com)
Credit:7daydaily
(ဓာတ္ပုံ – သားႀကီး)
#Unicode Version#
ထိုင်းအစိုးရက သြင်္ကန်ပွဲတော်ကာလ ပိတ်ရက်ပေးသည့် ငါးရက်မြောက်နေ့အထိ ထိုင်းရောက်မြန်မာလုပ်သား တစ်သိန်းကျော် နေရပ်ပြန်လာကြောင်း ထိုင်းရောက် မြန်မာလုပ်သားများ အရေးကူညီပေးနေသော အဖွဲ့အစည်းများက ပြောသည်။

ထိုင်းအစိုးရက မြန်မာလုပ်သားများကို ယခုနှစ်သြင်္ကန်ပွဲ တော်ကာလ နားရက်အဖြစ် ဧပြီ ၅ မှ ၃၀ ရက်အထိ ၂၅ ရက် သတ် မှတ်၍ ခွင့်ပေးထားသည်။

ထို့ကြောင့် ဧပြီ ၅ ရက် နေရပ်ပြန်ခွင့် ပထမဆုံးနေ့တွင် ထိုင်းရောက်မြန်မာလုပ်သား ၅,၀၀၀ ကျော် နေရပ်ပြန်လာပြီး ယမန်နေ့ငါးရက်မြောက်နေ့အထိ တရား

ဝင်ဂိတ်ပေါက်များမှ နေရပ်ပြန်လာသူ စုစုပေါင်း မြန်မာလုပ်သား တစ်သိန်းကျော်က မဲဆောက်-မြဝတီ၊ မယ်ဆိုင်-တာချီလိတ်နှင့် ရနောင်း – ကော့သောင်းဂိတ် ပေါက်တို့မှ အသီးသီးနေရပ်ပြန် ကြကြောင်း မြန်မာအဖွဲ့အစည်း များက ပြောသည်။


ဧပြီ ၅ ရက်မှ ၉ ရက်အထိ မဲဆောက်-မြဝတီ ဂိတ်ပေါက်မှ ငါးသောင်းကျော်၊ မယ်ဆိုင်-တာချီလိတ်ဂိတ်ပေါက်မှ သုံးသောင်း ခြောက်ထောင်ကျော်နှင့် ရနောင်း – ကော့သောင်းဂိတ် ပေါက်မှ သုံးသောင်း ခုနှစ်ထောင်ကျော် အသီးသီးနေရပ် ပြန်လာကြခြင်း ဖြစ်သည်။

အဆိုပါ စာရင်းသည် တရားဝင်ဂိတ်ပေါက်များမှ ပြန်သူများ ဖြစ်ပြီး တရားမဝင်နည်းလမ်းဖြင့် လှေများဖြင့် အောက်လမ်းမှ နေ

ရပ်ပြန်သူများလည်း သောင်းချီ ရှိနေကြောင်း မြန်မာအဖွဲ့အစည်း များက ပြောသည်။

ဧပြီ ၆ ရက်ကလည်း မဲဆောက်မြို့ လမ်းပိုင်း၌ နေရပ်ပြန်မြန်မာလုပ်သားများ စီးနင်းလာသော ခရီးသည်တင်ယာဉ်သည် အခြားကုန်တင်ယာဉ်တစ်စီးဖြင့် တိုက်မိ၍ မြန်မာကလေးငယ် တစ်ဦး ဒဏ်ရာရရှိခဲ့သည်။

နေရပ်ပြန်မည့် မြန်မာလုပ်သားများအနေဖြင့် ဂိတ်အဝင်၊အထွက်များတွင် အိမ်ပြန်တံဆိပ် တုံးကြီးထုရန် မလိုအပ်သလို မည်သည့်ငွေမျှ ပေးဆောင်ရန် မလိုကြောင်း ထိုင်းနိုင်ငံ လူဝင်မှု ကြီးကြပ်ရေးဌာနက ဧပြီ ၄ ရက်တွင် ကြေညာသည်။ သို့သော် သတ်မှတ်ရက်အတွင်း အချိန်မီပြန်လည် ဝင်ရောက်မလာသော သူများက ယခင်ဗီဇာသက်တမ်း ရှိသလောက် အသစ်ပြန်ထုရမည်ဖြစ်ပြီး ဗီဇာထုခ ဘတ် ၂,၀၀၀ ပေးဆောင်ရမည်ဟု ကြေညာထား သည်။ ‘‘တရားမဝင်ပြန်တဲ့ သူတွေ လည်း ရှိနေတယ်။ သူတို့က သောင်ရင်းမြစ်ကို ဖြတ်ပြီး လှေတွေနဲ့ ပြန်ကြတာပေါ့’’ ဟု ထိုင်းရောက် မြန်မာလုပ်သားများ အရေးကူညီပေးနေသော ထိုင်းနိုင်ငံလုံးဆိုင်ရာ မြန်မာရွှေ့ပြောင်း အ လုပ်သမား ကွန်ရက် (MMNT) အထွေထွေအတွင်းရေးမှူး ဦးမိုးကြိုး က ပြောသည်။

ဧပြီ ၁၂ ရက်ထိ မြန်မာလုပ်သား နှစ်သိန်းခန့် နေရပ်ပြန်ကြ မည်ဟု ထိုင်းအစိုးရက ခန့်မှန်းထားကြောင်း ထိုင်းရောက်မြန်မာ လုပ်သားများအရေး ကူညီပေးနေ သူ ကိုသားကြီးက ပြောသည်။


 ဖိုးသူတော်(www.phothutaw.com)
Credit:7daydaily

(ဓာတ်ပုံ – သားကြီး)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top