ေယာဂက်င့္စဥ္ေတြအေၾကာင္း အမ်ဳိးမ်ဳိး ၾကားဖူးထားတာ ရွိပါမယ္။ ေခြးေယာဂ၊ ဆိတ္ေယာဂ၊ ၀ိုင္ေယာဂ၊ လိင္ေယာဂ၊ ျမင္းေယာဂ စသျဖင့္ ရွိရာမွွာ ေနာက္တစ္မ်ဳိးကိုေတာ့ သိၾကလိမ့္မွာ မဟုတ္ပါဘူး။ ဒါကေတာ့ မဒဂါစကားကၽြန္းက ေမ်ာက္တူအေကာင္တစ္မ်ဳိးျဖစ္တဲ့ လီမာေမ်ာက္ေလးေတြနဲ႔ ေယာဂက်င့္တာပါ။ ဒီ ေယာဂသင္တန္းကို အဂၤလိပ္ၿမိဳ႕တစ္ၿမိဳ႕က ဟိုတယ္တစ္ခုမွာ အသစ္သင္တန္းဖြင့္လွွစ္ၿပီး ၀န္ေဆာင္မႈေပးေနတာပါ။

က်င့္တဲ့သူေတြအေနနဲ႔ ႀကိဳက္ႏွစ္သက္ရာ လီမာေမ်ာက္ေလးေတြနဲ႔အတူ သဘာ၀ကြင္းျပင္မွာ ေယာဂက်င့္ၾကရတာပါပဲ။ေတာ႐ုိင္းတိရစာၧန္ ေစာင့္ေရွာက္ေရး တစ္စိတ္တစ္ပိုင္းအေနနဲ႔လည္း Armathwaite Hall ဟိုတယ္က ကြင္းျပင္ေယာဂသင္တန္းကို ပို႔ခ်ေနတာလည္း ျဖစ္ပါတယ္။

တကယ္ကို မယုံႏုိင္စရာ ခ်စ္စဖြယ္ လီမာေကာင္ေလးေတြက စိတ္ဖိစီးမႈေတြ ေလွ်ာ့ခ်ႏုိင္ေရးမွာ လူေတြကို အမွန္ပဲ ကူညီႏိုင္ပါလိမ့္မယ္။“လီမာေမ်ာက္ေလးေတြကို ၾကည့္ရတာ သဘာ၀က်တယ္။ ေနေရာင္္ေအာက္ သူတို႔ရဲ႕ ကုိယ္ေငြ႔ေလးေတြဟာ ေႏြးေထြးတယ္။ တကယ္လို႔ ကူေတြကို ကူညီေပးႏိုင္မွာပါ။ လီမာေမ်ာက္ေလးေတြနဲ႔ အခ်ိန္ျဖဳန္းရင္း ေယာဂက်င့္သူေတြအေနနဲ႔ ကိုယ္စြမ္းရည္စြမ္း တက္လာပါလိမ့္မယ္္။”လို႔ ဟုိတယ္ရဲ႕ သဘာ၀ဥယ်ာဥ္ မန္ေနဂ်ာ ရစ္ခ်က္ေရာဘင္ဆင္က ေျပာခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:_ေမာင္သံဆင့္

#Unicode Version# ျဖင့္ဖတ္ပါ ။

ယောဂကျင့်စဉ်တွေအကြောင်း အမျိုးမျိုး ကြားဖူးထားတာ ရှိပါမယ်။ ခွေးယောဂ၊ ဆိတ်ယောဂ၊ ဝိုင်ယောဂ၊ လိင်ယောဂ၊ မြင်းယောဂ စသဖြင့် ရှိရာမှာ နောက်တစ်မျိုးကိုတော့ သိကြလိမ့်မှာ မဟုတ်ပါဘူး။ ဒါကတော့ မဒဂါစကားကျွန်းက မျောက်တူအကောင်တစ်မျိုးဖြစ်တဲ့ လီမာမျောက်လေးတွေနဲ့ ယောဂကျင့်တာပါ။ ဒီ ယောဂသင်တန်းကို အင်္ဂလိပ်မြို့တစ်မြို့က ဟိုတယ်တစ်ခုမှာ အသစ်သင်တန်းဖွင့်လှစ်ပြီး ဝန်ဆောင်မှုပေးနေတာပါ။

ကျင့်တဲ့သူတွေအနေနဲ့ ကြိုက်နှစ်သက်ရာ လီမာမျောက်လေးတွေနဲ့အတူ သဘာဝကွင်းပြင်မှာ ယောဂကျင့်ကြရတာပါပဲ။တောရိုင်းတိရစ္ဆာန် စောင့်ရှောက်ရေး တစ်စိတ်တစ်ပိုင်းအနေနဲ့လည်း Armathwaite Hall ဟိုတယ်က ကွင်းပြင်ယောဂသင်တန်းကို ပို့ချနေတာလည်း ဖြစ်ပါတယ်။

တကယ်ကို မယုံနိုင်စရာ ချစ်စဖွယ် လီမာကောင်လေးတွေက စိတ်ဖိစီးမှုတွေ လျှော့ချနိုင်ရေးမှာ လူတွေကို အမှန်ပဲ ကူညီနိုင်ပါလိမ့်မယ်။“လီမာမျောက်လေးတွေကို ကြည့်ရတာ သဘာဝကျတယ်။ နေရောင်အောက် သူတို့ရဲ့ ကိုယ်ငွေ့လေးတွေဟာ နွေးထွေးတယ်။ တကယ်လို့ ကူတွေကို ကူညီပေးနိုင်မှာပါ။ လီမာမျောက်လေးတွေနဲ့ အချိန်ဖြုန်းရင်း ယောဂကျင့်သူတွေအနေနဲ့ ကိုယ်စွမ်းရည်စွမ်း တက်လာပါလိမ့်မယ်။”လို့ ဟိုတယ်ရဲ့ သဘာဝဥယျာဉ် မန်နေဂျာ ရစ်ချက်ရောဘင်ဆင်က ပြောခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:_မောင်သံဆင့်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top