တစ္ခ်ိန္တုန္းက Video ဇာတ္ကားေတြ ႐ုပ္႐ွင္ဇာတ္ကားေတြမ်ားစြာကုိ အေကာင္းဆုံး႐ုိက္ကူးထားသလုိ လက္႐ွိ အႏုပညာအလုပ္ေတြ နားထားေပမယ့္လည္း ပရိသတ္ေတြ ခ်စ္ခင္မႈကုိ ရ႐ွိေနတဲ့ သ႐ုပ္ေဆာင္ မယ္လုိဒီကေတာ့ အမ်ိဳးသားကုိ ပန္းစီးလက္ေဆာင္မေပးဘဲ ပုိက္ဆံပဲေတာင္းတယ္ ပုိက္ဆံကုိပဲ ႀကိဳက္တယ္လုိ႔ အင္တာဗ်ဴးတစ္ခုမွာ ေျပာသြားခဲ့ပါတယ္။

မယ္လုိဒီက “သူက ႐ုိလည္းမ႐ုိတတ္ဘူး အစ္မကလည္း နည္းနည္း ဂဂ်ီဂေဂ်ာင္ က်တယ္။ သူ႔ကုိလည္း ေျပာထားတယ္ အဲ့လုိ Anniversary တုိ႔ Birthday တုိ႔မွာ အစ္မကုိ ပန္းစည္းမေပးပါနဲ႔ အတန္အတန္မွာထားတယ္ ေခ်ာကလက္ေတာ့ ၾကဳိက္တယ္။ ေပးခ်င္ရင္ ပုိက္ဆံပဲေပးပါ ၿပီးမွ ကုိယ့္ဘာသာ စိတ္ႀကိဳက္ ေရြးဝယ္မယ္လုိ႔။ ေတာ္ၾကာေန သူဝယ္ေပးတာ ကုိယ္ၾကဳိက္ခ်င္မွ ၾကဳိက္မွာေလေနာ္ အဲ့ခါက်ရင္ ဟယ္…. သူက ကုိယ္ၾကဳိက္တာလည္း မသိဘူးဆုိၿပီး ေတာ္ၾကာေန စိတ္ခံစားမႈေတြကေလ သိတယ္မလား သူက ေျပာေတာ့သာ ကုိယ့္ကုိ ခ်စ္တယ္ေပါ့ ကုိယ္ၾကဳိက္တာလည္း မသိဘူးဆုိၿပီး မိန္းမေတြရဲ႕ အေတြးေတြ အလြန္အၾကဴးေတြ ျဖစ္မွာဆုိးလုိ႔ အၾကဳိက္ဆုံးက ပုိက္ဆံပဲ ၿပီးမွ ကုိယ့္ရဲ႕ စိတ္ၾကဳိက္ေပါ့ ဝယ္ခ်င္ဝယ္ စုခ်င္စုေပါ့။ ေဒၚလာပဲ ျဖစ္ျဖစ္ ျမန္မာေငြပဲ ျဖစ္ျဖစ္ အဓိက ပုိက္ဆံျဖစ္ဖုိ႔ အေရးႀကီးတယ္။”လုိ႔ ေျပာသြားခဲ့ပါတယ္။

ကုိယ္တုိင္ကေရာ ႐ုိတတ္လားလုိ႔ ေမးျမန္းရာ “အစ္ ရည္းစား ဘဝတုန္းက ႐ုိပါတယ္။ အခုက်ေတာ့ သူလည္း မ႐ုိတတ္ဘူး။ ၿပီးရင္ ကုိယ္က ႐ုိ႐ုိမ႐ုိ႐ုိ သူလည္း ဘာမွမျဖစ္ဘူးေလ အဲ့ေတာ့ သူ႔ထက္စာရင္ေတာ့ အစ္မကေတာ့ ႐ုိေသးပါတယ္။ လုပ္ေပးေသးတယ္ အစ္က သူမွ မဟုတ္ဘူး သူငယ္ခ်င္းေတြေရာဘာေတြေရာကုိ လုပ္ေပးရတာ ဝါသနာကုိပါတာ။ “လုိ႔ ေျပာသြားခဲ့ပါတယ္။

ဆက္လက္ၿပီး သူထူးစံအကယ္ဒမီရတာနဲ႔ပတ္သက္ၿပီး “ေပ်ာ္ပါတယ္ သူေျပာသလုိပဲ ဒါေပမဲ့ ပရိသတ္ ေျပာသလုိပဲလည္း ဟုတ္ပါတယ္ သူက ရရမယ့္အခ်ိန္တုန္းက မရခဲ့ဘဲ ဒီအခ်ိန္က်ေတာ့လည္း ဒီလုိျဖစ္သြားတယ္။ ဒါေပမဲ့လည္း ကုိေနတုိး ဆုိတာကလည္း သူက ဘယ္လုိေျပာမလဲ ကုိသူထူးစံေျပာခဲ့သလုိပဲ ဘယ္နားက စမ္းစမ္းေလ သူ႔ကားက ႏွစ္တုိင္း႐ွိၿပီး ေပးရမယ္ဆုိရင္ သူ႔ကုိပဲ ေပးရေတာ့မွာ။ အ႐ုိးသားဆုံး ေျပာရရင္ေတာ့လည္း အုိက္တင္က အရမ္းေကာင္းေတာ့ေလ ျမင့္ျမတ္တုိ႔ ကုိေျပတီဦးတုိ႔ အကုန္လုံးက ေကာင္းေနၾကေတာ့ အခုလုိေပးလုိက္တာကုိ ပရိသတ္က တစ္မ်ိဳးေတာ့ ျဖစ္ေပမယ့္ ကုိေနတုိးကေတာ့ သေဘာက်မွာပါ။ သူက စိတ္ထားလည္း ေကာင္းတာကုိ။”လုိ႔ ေျပာသြားခဲ့ပါတယ္။

ဆက္လက္ၿပီး အကယ္ဒမီေပးပြဲမွာ မူးေနတဲ့ အေၾကာင္းနဲ႔ ပတ္သက္ၿပီး “အဲ့အခ်ိန္မွာ အစ္မက မူးၿပီး အိမ္ျပန္ေရာက္သြားၿပီ ပြဲခင္းထဲမွာ မူးလုိ႔ အဲ့တာနဲ႔ ပြဲမတုိင္ခင္ အင္တာဗ်ဴးလုိက္ေသးတယ္ အမ်ိဳးသားပါတယ္ဆုိေတာ့ ဟုတ္တယ္လုိ႔ မူးရင္ သူတြဲလုိ႔ရေအာင္ဆုိေတာ့ တကယ္လည္း ပြဲခင္းထဲမွာ မူးေနတဲ့ အခါက်ေတာ့ အမ်ိဳးသား ပခုံးကုိ အစ္မက မွီထားရတယ္ ေတာက္ေလွ်ာက္ေပါ့ေနာ္။ ေခါင္းက မေထာင္ႏုိင္ဘူးေလ ဟယ္လုိ႔ ဒုကၡပဲလုိ႔ အေနာက္ကလူေတြက ၾကည့္ရင္ မင္းသမီးက အုိဗာတင္းေပါ့ေနာ္ တစ္ခ်ိန္လုံးေယာက္်ားကုိ မွီတယ္ထင္ေနမယ္ဆုိၿပီး ေတြးလုိက္ေသးတယ္။ ဒါေပမဲ့ လုံးဝ မေထာင္ႏုိင္တာ ေဆးေတြလည္း ေသာက္ေနၿပီးေတာ့မွ ဒါ႐ုိက္တာဆုေၾကျငာတဲ့ အခ်ိန္မွာ အစ္မ ျပန္သြားတာ။ ၿပီးေတာ့မွ Live လႊင့္တာကုိ လမ္းမွာ ဖုန္းနဲ႔ ျပန္ၾကည့္ရတယ္။”လုိ႔ ေျပာသြားခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:nanmalgyi

#Unicode Version# ျဖင့္ဖတ္ပါ ။

တစ်ချိန်တုန်းက Video ဇာတ်ကားတွေ ရုပ်ရှင်ဇာတ်ကားတွေများစွာကို အကောင်းဆုံးရိုက်ကူးထားသလို လက်ရှိ အနုပညာအလုပ်တွေ နားထားပေမယ့်လည်း ပရိသတ်တွေ ချစ်ခင်မှုကို ရရှိနေတဲ့ သရုပ်ဆောင် မယ်လိုဒီကတော့ အမျိုးသားကို ပန်းစီးလက်ဆောင်မပေးဘဲ ပိုက်ဆံပဲတောင်းတယ် ပိုက်ဆံကိုပဲ ကြိုက်တယ်လို့ အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။

မယ်လိုဒီက “သူက ရိုလည်းမရိုတတ်ဘူး အစ်မကလည်း နည်းနည်း ဂဂျီဂဂျောင် ကျတယ်။ သူ့ကိုလည်း ပြောထားတယ် အဲ့လို Anniversary တို့ Birthday တို့မှာ အစ်မကို ပန်းစည်းမပေးပါနဲ့ အတန်အတန်မှာထားတယ် ချောကလက်တော့ ကြိုက်တယ်။ ပေးချင်ရင် ပိုက်ဆံပဲပေးပါ ပြီးမှ ကိုယ့်ဘာသာ စိတ်ကြိုက် ရွေးဝယ်မယ်လို့။ တော်ကြာနေ သူဝယ်ပေးတာ ကိုယ်ကြိုက်ချင်မှ ကြိုက်မှာလေနော် အဲ့ခါကျရင် ဟယ်…. သူက ကိုယ်ကြိုက်တာလည်း မသိဘူးဆိုပြီး တော်ကြာနေ စိတ်ခံစားမှုတွေကလေ သိတယ်မလား သူက ပြောတော့သာ ကိုယ့်ကို ချစ်တယ်ပေါ့ ကိုယ်ကြိုက်တာလည်း မသိဘူးဆိုပြီး မိန်းမတွေရဲ့ အတွေးတွေ အလွန်အကြူးတွေ ဖြစ်မှာဆိုးလို့ အကြိုက်ဆုံးက ပိုက်ဆံပဲ ပြီးမှ ကိုယ့်ရဲ့ စိတ်ကြိုက်ပေါ့ ဝယ်ချင်ဝယ် စုချင်စုပေါ့။ ဒေါ်လာပဲ ဖြစ်ဖြစ် မြန်မာငွေပဲ ဖြစ်ဖြစ် အဓိက ပိုက်ဆံဖြစ်ဖို့ အရေးကြီးတယ်။”လို့ ပြောသွားခဲ့ပါတယ်။

ကိုယ်တိုင်ကရော ရိုတတ်လားလို့ မေးမြန်းရာ “အစ် ရည်းစား ဘဝတုန်းက ရိုပါတယ်။ အခုကျတော့ သူလည်း မရိုတတ်ဘူး။ ပြီးရင် ကိုယ်က ရိုရိုမရိုရို သူလည်း ဘာမှမဖြစ်ဘူးလေ အဲ့တော့ သူ့ထက်စာရင်တော့ အစ်မကတော့ ရိုသေးပါတယ်။ လုပ်ပေးသေးတယ် အစ်က သူမှ မဟုတ်ဘူး သူငယ်ချင်းတွေရောဘာတွေရောကို လုပ်ပေးရတာ ဝါသနာကိုပါတာ။ “လို့ ပြောသွားခဲ့ပါတယ်။

ဆက်လက်ပြီး သူထူးစံအကယ်ဒမီရတာနဲ့ပတ်သက်ပြီး “ပျော်ပါတယ် သူပြောသလိုပဲ ဒါပေမဲ့ ပရိသတ် ပြောသလိုပဲလည်း ဟုတ်ပါတယ် သူက ရရမယ့်အချိန်တုန်းက မရခဲ့ဘဲ ဒီအချိန်ကျတော့လည်း ဒီလိုဖြစ်သွားတယ်။ ဒါပေမဲ့လည်း ကိုနေတိုး ဆိုတာကလည်း သူက ဘယ်လိုပြောမလဲ ကိုသူထူးစံပြောခဲ့သလိုပဲ ဘယ်နားက စမ်းစမ်းလေ သူ့ကားက နှစ်တိုင်းရှိပြီး ပေးရမယ်ဆိုရင် သူ့ကိုပဲ ပေးရတော့မှာ။ အရိုးသားဆုံး ပြောရရင်တော့လည်း အိုက်တင်က အရမ်းကောင်းတော့လေ မြင့်မြတ်တို့ ကိုပြေတီဦးတို့ အကုန်လုံးက ကောင်းနေကြတော့ အခုလိုပေးလိုက်တာကို ပရိသတ်က တစ်မျိုးတော့ ဖြစ်ပေမယ့် ကိုနေတိုးကတော့ သဘောကျမှာပါ။ သူက စိတ်ထားလည်း ကောင်းတာကို။”လို့ ပြောသွားခဲ့ပါတယ်။

ဆက်လက်ပြီး အကယ်ဒမီပေးပွဲမှာ မူးနေတဲ့ အကြောင်းနဲ့ ပတ်သက်ပြီး “အဲ့အချိန်မှာ အစ်မက မူးပြီး အိမ်ပြန်ရောက်သွားပြီ ပွဲခင်းထဲမှာ မူးလို့ အဲ့တာနဲ့ ပွဲမတိုင်ခင် အင်တာဗျူးလိုက်သေးတယ် အမျိုးသားပါတယ်ဆိုတော့ ဟုတ်တယ်လို့ မူးရင် သူတွဲလို့ရအောင်ဆိုတော့ တကယ်လည်း ပွဲခင်းထဲမှာ မူးနေတဲ့ အခါကျတော့ အမျိုးသား ပခုံးကို အစ်မက မှီထားရတယ် တောက်လျှောက်ပေါ့နော်။ ခေါင်းက မထောင်နိုင်ဘူးလေ ဟယ်လို့ ဒုက္ခပဲလို့ အနောက်ကလူတွေက ကြည့်ရင် မင်းသမီးက အိုဗာတင်းပေါ့နော် တစ်ချိန်လုံးယောက်ျားကို မှီတယ်ထင်နေမယ်ဆိုပြီး တွေးလိုက်သေးတယ်။ ဒါပေမဲ့ လုံးဝ မထောင်နိုင်တာ ဆေးတွေလည်း သောက်နေပြီးတော့မှ ဒါရိုက်တာဆုကြေငြာတဲ့ အချိန်မှာ အစ်မ ပြန်သွားတာ။ ပြီးတော့မှ Live လွှင့်တာကို လမ်းမှာ ဖုန်းနဲ့ ပြန်ကြည့်ရတယ်။”လို့ ပြောသွားခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top