မေန႔ညက ဖားကန္႔မွာ လူ ၃၀၀ ေလာက္ ေသေၾက ေပ်ာက္ဆံုးသြားတယ္တဲ့ ….

”ႏြံကန္ႀကီးကို လာၾကည့္သူမ်ား”

ဖါးကန္႕ၿမိဳ႕ရဲ႕ အေနာက္ဖက္မွာရွိတဲ႕ ဗလခေမွာ္ဟာ ( 22.4.2019 ) ရက္ေန႕ ည ညဥ့္နက္ပိုင္း ၁၁နာရီ အခ်ိန္ေလာက္မွာ က်င္းနံရံၿပိဳက်ၿပီးေတာ့ အေပၚမွာရွိတဲ႕ အရင္ႏွစ္က လုပ္ကြက္ေဟာင္း ႏြံကန္ႀကီးက ေပါက္က်လာ ပါတယ္ ။ ကန္ႀကီးသေလာက္ တစ္ဖက္ထဲကိုပဲ ေပါက္က်သြားတာမို႔ ေရလမ္းေၾကာင္းႀကီး တစ္ခုလိုျဖစ္ၿပီး ေတြ႕သမ်ွအရာေတြ အားလံုးကို တိုက္ခိုက္ၿပီး အနိမ့္ပိုင္း က်င္းထဲကို စီးဝင္သြားခဲ႕ပါတယ္ ။

ဖံုးလႊမ္းမိသြားတဲ႕ ကုမၸဏီေတြကေတာ့ ျမန္မာသူရ&နဂါးကိုးေကာင္ တို႕ျဖစ္ပါတယ္ ။ က်င္းေနရာကလည္း ေဘးပတ္ပတ္လည္က ေတာင္နံရံေတြ ဆိုေတာ့ ေျပးစရာလမ္းမရွိပါဘူး ။ ဒါေၾကာင့္လုပ္ကြက္ ထဲရွိ ညဆိုင္းတာဝန္က်တဲ႕ ဝန္ထမ္းေတြ အသက္ရွင္လြတ္ေျမာက္ နိုင္ဖို႕ ဆိုတာ 100%10 ေလာက္ေတာင္ ရွိခ်င္မွရွိမယ္ ။

ညပိုင္းဆိုေတာ့ မေမ်ွာ္လင့္ပဲ ကိုယ္ေျခေအာက္ကို ေရာက္မွ သိရမယ္ ။ စက္သမားဆိုလည္း ေတာ္ေတာ္နဲ႕ မသိနိုင္ပါဘူး ။ ထိုးထားတဲ႕ မီးေလးအားကိုးၿပီး လုပ္ေနတာ။ အေစာပိုင္းမွာေတာ့ က်င္းထဲကေန ကယ္ပါ ကူပါ နဲ႕ ေအာ္ဟစ္လို႕ အကူအညီေတာင္းတဲ႕ လြတ္ခဲ႕သူေတြကို အေပၚကေန ႀကိဳးေတြနဲ႕ ဆြဲယူလို႕ကယ္ဆယ္ ေသးတယ္လို႕ သိရပါတယ္ ။

ဒါေပမဲ႕ လူတိုင္း ငိုက္မ်ား ငိုက္ေနက်ရင္ မီးပံုေဘးမွာ ထိုင္ေနတတ္လို႔ တစ္ခါတည္းမ်ား ဖံုးလႊမ္းသြားနိုင္လားဆိုတာ မသိနိုင္ပါဘူး ။က်င္းေနရာ ကေတာ့ အခုဆိုႏြံျပင္ႀကီးျဖစ္လို႕ တည္ျငိမ္စြာနဲ႕ သူမဟုတ္သလိုပဲ ။ ေအာက္ထဲမွာေတာ့ လူေတြ ဘယ္ေလာက္မ်ားမယ္ ဆိုတာ အသိအက် မသိနိုင္ဘူး ။

ဒီမနက္မွ လူေတြ သိလို႕ လာၾကည့္ၾကတာ လူမ်ားလို႔ ကုမၸဏီတခ်ိဳ႕ေတာင္ လုပ္ငန္းမဆင္းပဲ ရပ္ ထားေပးရပါတယ္ ။ ကိုယ့္ေဆြမ်ိဳးသားခ်င္းထဲက လူပါလို႕ ထင္တယ္ ငိုေနတာကိုလည္း စိတ္မေကာင္းစြာ ျမင္ေတြ႕ရပါတယ္ ။

ေသဆံုးသူမ်ားအားလံုး မိသားစုနဲ႕ထပ္တူေၾကကြဲဝမ္းနည္းမိပါတယ္။ ေနာက္ဘယ္ေတာ့မွ ဒီလို အျဖစ္ဆိုးေတြနဲ႕ မႀကံဳပါေစနဲ႕လို႕ ေျပာရင္း ေသဆံုးသူမ်ားအားလံုး ေကာင္းရာသုဂတိ လားပါေစ ဗ်ာ ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ZN.H

#Unicode Version# ျဖင့္ဖတ္ပါ ။

မနေ့ညက ဖားကန့်မှာ လူ ၃၀၀ လောက် သေကြေ ပျောက်ဆုံးသွားတယ်တဲ့ ….

”နွံကန်ကြီးကို လာကြည့်သူများ”

ဖါးကန့်မြို့ရဲ့ အနောက်ဖက်မှာရှိတဲ့ ဗလခမှော်ဟာ ( 22.4.2019 ) ရက်နေ့ ည ညဉ့်နက်ပိုင်း ၁၁နာရီ အချိန်လောက်မှာ ကျင်းနံရံပြိုကျပြီးတော့ အပေါ်မှာရှိတဲ့ အရင်နှစ်က လုပ်ကွက်ဟောင်း နွံကန်ကြီးက ပေါက်ကျလာ ပါတယ် ။ ကန်ကြီးသလောက် တစ်ဖက်ထဲကိုပဲ ပေါက်ကျသွားတာမို့ ရေလမ်းကြောင်းကြီး တစ်ခုလိုဖြစ်ပြီး တွေ့သမျှအရာတွေ အားလုံးကို တိုက်ခိုက်ပြီး အနိမ့်ပိုင်း ကျင်းထဲကို စီးဝင်သွားခဲ့ပါတယ် ။

ဖုံးလွှမ်းမိသွားတဲ့ ကုမ္ပဏီတွေကတော့ မြန်မာသူရ&နဂါးကိုးကောင် တို့ဖြစ်ပါတယ် ။ ကျင်းနေရာကလည်း ဘေးပတ်ပတ်လည်က တောင်နံရံတွေ ဆိုတော့ ပြေးစရာလမ်းမရှိပါဘူး ။ ဒါကြောင့်လုပ်ကွက် ထဲရှိ ညဆိုင်းတာဝန်ကျတဲ့ ဝန်ထမ်းတွေ အသက်ရှင်လွတ်မြောက် နိုင်ဖို့ ဆိုတာ 100%10 လောက်တောင် ရှိချင်မှရှိမယ် ။

ညပိုင်းဆိုတော့ မမျှော်လင့်ပဲ ကိုယ်ခြေအောက်ကို ရောက်မှ သိရမယ် ။ စက်သမားဆိုလည်း တော်တော်နဲ့ မသိနိုင်ပါဘူး ။ ထိုးထားတဲ့ မီးလေးအားကိုးပြီး လုပ်နေတာ။ အစောပိုင်းမှာတော့ ကျင်းထဲကနေ ကယ်ပါ ကူပါ နဲ့ အော်ဟစ်လို့ အကူအညီတောင်းတဲ့ လွတ်ခဲ့သူတွေကို အပေါ်ကနေ ကြိုးတွေနဲ့ ဆွဲယူလို့ကယ်ဆယ် သေးတယ်လို့ သိရပါတယ် ။

ဒါပေမဲ့ လူတိုင်း ငိုက်များ ငိုက်နေကျရင် မီးပုံဘေးမှာ ထိုင်နေတတ်လို့ တစ်ခါတည်းများ ဖုံးလွှမ်းသွားနိုင်လားဆိုတာ မသိနိုင်ပါဘူး ။ကျင်းနေရာ ကတော့ အခုဆိုနွံပြင်ကြီးဖြစ်လို့ တည်ငြိမ်စွာနဲ့ သူမဟုတ်သလိုပဲ ။ အောက်ထဲမှာတော့ လူတွေ ဘယ်လောက်များမယ် ဆိုတာ အသိအကျ မသိနိုင်ဘူး ။

ဒီမနက်မှ လူတွေ သိလို့ လာကြည့်ကြတာ လူများလို့ ကုမ္ပဏီတချို့တောင် လုပ်ငန်းမဆင်းပဲ ရပ် ထားပေးရပါတယ် ။ ကိုယ့်ဆွေမျိုးသားချင်းထဲက လူပါလို့ ထင်တယ် ငိုနေတာကိုလည်း စိတ်မကောင်းစွာ မြင်တွေ့ရပါတယ် ။

သေဆုံးသူများအားလုံး မိသားစုနဲ့ထပ်တူကြေကွဲဝမ်းနည်းမိပါတယ်။ နောက်ဘယ်တော့မှ ဒီလို အဖြစ်ဆိုးတွေနဲ့ မကြုံပါစေနဲ့လို့ ပြောရင်း သေဆုံးသူများအားလုံး ကောင်းရာသုဂတိ လားပါစေ ဗျာ ။

ဖိုးသူတော် (www.phothutaw.com)
Credit:ZN.H
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top