၂၀၁၉ ခုႏွစ္၊ ဧၿပီလ ၄ ရက္ေန႔ ည ၁၁ နာရီအခ်ိန္ မႏၲေလးတိုင္းေဒသႀကီး၊ သပိတ္က်င္း ၿမိဳ႕နယ္၊ လက္ပံျပန႔္ေက်းရြာေန မခင္ေနာ္ေဝ(၄၄)ႏွစ္သည္ ေနအိမ္၌ရွိေနစဥ္ ဦးေက်ာ္စိုး၏အလႉတြင္ တီးခတ္ေနသည့္ဆိုင္းပြဲသို႔ ၾကည့္ရႈရန္သြားေရာက္သည့္ သားျဖစ္သူ ေနလင္းဦး(ခ)ျပဴးက်ယ္(၂၁) ႏွစ္သည္ ရိုးမေက်ာ္ကုန္းဆင္းလမ္းမေပၚ၌ ဓားထိုးခံရ၍ လဲက်ေနေၾကာင္း တစ္ရြာတည္းေန ေဒၚေအး၊ မဥမၼာျမင့္၊ မမာမာဝင္း၊ ဦးေဆြ(ခ)အာပါးပါးတို႔မွ လာေရာက္ေျပာျပသျဖင့္ သြားေရာက္ ၾကည့္ရႈရာ ဒဏ္ရာမ်ားရရွိေသဆုံးေနသည္ကိုေတြ႕ရွိရသျဖင့္ စုံစမ္းေမးျမန္းခဲ့သည္။

စုံစမ္းေမးျမန္း ခ်က္အရ ဓားျဖင့္ထိုးသူမွာ တစ္ရြာတည္းေန ေက်ာ္ရင္(၄၃)ႏွစ္ျဖစ္ေၾကာင္း သိရွိရၿပီး ေက်ာ္ရင္မွ ေနလင္းဦး(ခ)ျပဴးက်ယ္ႏွင့္ ဦးေဆြ(ခ)အာပါးပါးတို႔ ကခုန္ေနသည္ကို သြားေရာက္ထိန္းသိမ္းစဥ္ ဦးေဆြ(ခ)အာပါးပါးမွ သတၱိရွိရင္ထြက္ခဲ့ဟု စိန္ေခၚခဲ့သည္ကို မေက်မနပ္ျဖစ္ကာ အျပန္တြင္ လိုက္လံ၍ ဓားျဖင့္ထိုးသတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရွိရ၍ အေရးယူေပးရန္တိုင္တန္းခ်က္အရ ေက်ာ္ရင္ အား သပိတ္က်င္းၿမိဳ႕မရဲစခန္း(ပ)၁၃၃/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း သတင္းရရွိသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit: ရဲဇာနည္

#Unicode Version#
၂၀၁၉ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့ ည ၁၁ နာရီအချိန် မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်း မြို့နယ်၊ လက်ပံပြန့်ကျေးရွာနေ မခင်နော်ဝေ(၄၄)နှစ်သည် နေအိမ်၌ရှိနေစဉ် ဦးကျော်စိုး၏အလှူတွင် တီးခတ်နေသည့်ဆိုင်းပွဲသို့ ကြည့်ရှုရန်သွားရောက်သည့် သားဖြစ်သူ နေလင်းဦး(ခ)ပြူးကျယ်(၂၁) နှစ်သည် ရိုးမကျော်ကုန်းဆင်းလမ်းမပေါ်၌ ဓားထိုးခံရ၍ လဲကျနေကြောင်း တစ်ရွာတည်းနေ ဒေါ်အေး၊ မဥမ္မာမြင့်၊ မမာမာဝင်း၊ ဦးဆွေ(ခ)အာပါးပါးတို့မှ လာရောက်ပြောပြသဖြင့် သွားရောက် ကြည့်ရှုရာ ဒဏ်ရာများရရှိသေဆုံးနေသည်ကိုတွေ့ရှိရသဖြင့် စုံစမ်းမေးမြန်းခဲ့သည်။

စုံစမ်းမေးမြန်း ချက်အရ ဓားဖြင့်ထိုးသူမှာ တစ်ရွာတည်းနေ ကျော်ရင်(၄၃)နှစ်ဖြစ်ကြောင်း သိရှိရပြီး ကျော်ရင်မှ နေလင်းဦး(ခ)ပြူးကျယ်နှင့် ဦးဆွေ(ခ)အာပါးပါးတို့ ကခုန်နေသည်ကို သွားရောက်ထိန်းသိမ်းစဉ် ဦးဆွေ(ခ)အာပါးပါးမှ သတ္တိရှိရင်ထွက်ခဲ့ဟု စိန်ခေါ်ခဲ့သည်ကို မကျေမနပ်ဖြစ်ကာ အပြန်တွင် လိုက်လံ၍ ဓားဖြင့်ထိုးသတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရ၍ အရေးယူပေးရန်တိုင်တန်းချက်အရ ကျော်ရင် အား သပိတ်ကျင်းမြို့မရဲစခန်း(ပ)၁၃၃/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ဖိုးသူတော်(www.phothutaw.com)
Credit: ရဲဇာနည်


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top