အေမ့အတြက္စိန္နားကပ္

ဒီေန႔ပဲ သားပညာ အေမရွိတဲ႔ ရြာကေလးကို ျပန္ေရာက္ပါသည္။

သႀကၤန္ကာလေလးမွာ အေမ့အတြက္ အမွတ္တရလက္ေဆာင္ေလးေပါ့ဗ်ာ။

ေယာက္်ားဖိနပ္ မိန္းမနားကပ္ဆိုတဲ႔ အတိုင္းလစ္ဟာေနတဲ႔ အေမ့နားေလးမွာ ….

အခုေတာ့ သားပညာတစ္ေယာက္ စိန္နားကပ္ေလးတစ္ရံ ဝယ္ေပးနိုင္ခဲ႔ပါၿပီ။

ဒီနားကပ္ေလး ဝယ္နိုင္ဖို႔ သားပညာတစ္ေယာက္ ေန႔/ည ႀကိဳးစားခဲ႔ရတယ္။

ဘယ္ကရတဲ႔ ပိုက္ဆံေလးနဲ႔ ဝယ္လာခဲ႔တာလည္းဆိုရင္ အသင္းစာေမးပဲြတစ္ခု ဝင္ေျဖတာ ေအာင္လို႔ပါ။

စာေအာင္ဆု တစ္သိန္းခဲြနီးပါးရတာေလးနဲ႔သားပညာ အေမ့အတြက္ဝယ္ေပးရတာပါ။

သားပညာ ေရႊဆိုတာ အခုမွ ကိုင္ဘူးတာပါ။

အေမကေတာ့ မ်က္ရည္ေလးေတြ ဝဲေနရွာတာ ဒီည အေမ့ခညား အိပ္မွ ေပ်ာ္ရွာပါ့မလားကြယ္။

အေမ အသက္ရာေက်ာ္ရွည္ပါေစ………။

ဖိုးသူေတာ္(www.phothutaw.com)
Credit:သားပညာ{ေက်ာက္ဆည္}
#Unicode Version#
အမေ့အတွက်စိန်နားကပ်

ဒီနေ့ပဲ သားပညာ အမေရှိတဲ့ ရွာကလေးကို ပြန်ရောက်ပါသည်။

သြင်္ကန်ကာလလေးမှာ အမေ့အတွက် အမှတ်တရလက်ဆောင်လေးပေါ့ဗျာ။

ယောက်ျားဖိနပ် မိန်းမနားကပ်ဆိုတဲ့ အတိုင်းလစ်ဟာနေတဲ့ အမေ့နားလေးမှာ ….

အခုတော့ သားပညာတစ်ယောက် စိန်နားကပ်လေးတစ်ရံ ဝယ်ပေးနိုင်ခဲ့ပါပြီ။

ဒီနားကပ်လေး ဝယ်နိုင်ဖို့ သားပညာတစ်ယောက် နေ့/ည ကြိုးစားခဲ့ရတယ်။

ဘယ်ကရတဲ့ ပိုက်ဆံလေးနဲ့ ဝယ်လာခဲ့တာလည်းဆိုရင် အသင်းစာမေးပွဲတစ်ခု ဝင်ဖြေတာ အောင်လို့ပါ။

စာအောင်ဆု တစ်သိန်းခွဲနီးပါးရတာလေးနဲ့သားပညာ အမေ့အတွက်ဝယ်ပေးရတာပါ။

သားပညာ ရွှေဆိုတာ အခုမှ ကိုင်ဘူးတာပါ။

အမေကတော့ မျက်ရည်လေးတွေ ဝဲနေရှာတာ ဒီည အမေ့ခညား အိပ်မှ ပျော်ရှာပါ့မလားကွယ်။

အမေ အသက်ရာကျော်ရှည်ပါစေ………။



ဖိုးသူတော်(www.phothutaw.com)
Credit:သားပညာ{ကျောက်ဆည်}
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top