20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×

ခုိင္သဇင္ငုဝါကေတာ့ ေအာင္ဘာေလ ထီ သိန္း ၁၅၀၀၀ ဆုမွာ ထီ ၃ သိန္းဆု ေပါက္ခဲ့ပါတယ္။ သူမကုိေတာ့ ပရိသတ္ေတြက ေမာ္ဒယ္မေလး တစ္ေယာက္အျဖစ္ အားေပးခဲ့ၾကတာပါ။

ေမာ္ဒယ္လ္ ခုိင္သဇင္ငုဝါကေတာ့ ဧၿပီလ ၁ ရက္ေန႔မွာ ကံေကာင္းျခင္းေတြ စတင္ေရာက္ရွိေနၿပီျဖစ္ပါတယ္။ အခုဆုိရင္ေတာ့ ၂ ႀကိမ္ေျမာက္ ေအာင္ဘာေလ သိန္း ၁၅၀၀၀ ဆု ထီကေန ေငြက်ပ္ ၃ သိန္း ထီေပါက္ခဲ့တယ္လုိ႔ ဆုိပါတယ္။



‘’ 3 သိန္းဆု ေပါက္တယ္ေလ’’ ဆုိၿပီးေတာ့ သူမရဲ႕ ေဖ့စ္ဘြတ္အေကာင့္္မွာ ဧၿပီလ ၁ ရက္ေန႔ မနက္ ၁၀ နာရီ ၄၅ မိနစ္က ေရးသားခဲ့တာျဖစ္ပါတယ္။ သူမရဲ႕ ထီ နံပတ္ကေတာ့ ဏ ၇၁၅၂၂၀ ကေန ဏ ၇၁၅၂၂၉ အထိ ၁၀ ေစာင္တြဲထီ ျဖစ္ပါတယ္။ ခိုင္သဇင္ငုဝါတစ္ေယာက္ April Fool လုပ္ထားတာလား ဆိုၿပီး ပရိသတ္ေတြ ေမးေနၾကပါတယ္။ သူမကေတာ့ ဘာမွ ျပန္ေျပာထားတာမေတြ႕ရပါဘူး။

ခိုင္သဇင္ငုဝါ ကိုေတာ့ ေမာ္ဒယ္တစ္ေယာက္အျဖစ္ ပရိသတ္ေတြ စတင္သိရွိလာတာပါ။ သူမက လက္ရွိမွာလည္း တီဗီေၾကာ္ၿငာေတြ ရုိက္ကူးေနရသူျဖစ္ၿပီး ဗီဒီယုိဇာတ္ကား၊ ရုပ္သံဇာတ္လမ္းတြဲေတြမွာ ပါဝင္သရုပ္ေဆာင္လာ တာကုိ ေတြ႔ရပါတယ္။ ဒါေပမယ့္ ေမာ္ဒယ္အလုပ္နဲ႔သာ အမ်ားဆုံး ရပ္တည္ေနသူ တစ္ေယာက္ပါ။

ခုိင္သဇင္ငုဝါ နဲ႔ ခုိင္သဇင္ယုဝါ ဆုိတဲ့ ေမာ္ဒယ္ အျမႊာ ညီအစ္မဆုိရင္ေတာ့ မသိတဲ့ ပရိသတ္မရွိသေလာက္ပါပဲ။ သူတုိ႔ရဲ႕ အႏုပညာလႈပ္ရွားမႈေတြ သိပ္မေတြ႔ရေပမယ့္ အားေပးတဲ့ ပရိသတ္ေတြကေတာ့ အမ်ားႀကီးရွိပါတယ္။ ခုိင္သဇင္ယုဝါကေတာ့ ၂၀၁၈ ခုႏွစ္ ႏုိဝင္ဘာလ အတြင္းမွာ ခ်စ္ရတဲ့ သူနဲ႔ မဂၤလာေဆာင္ခဲ့တာျဖစ္ပါတယ္။



ခုိင္သဇင္ငုဝါကလည္း လက္ရွိ ခ်စ္သူနဲ႔ လက္တြဲလာတာ ၾကာပါၿပီ။ သူမကုိလည္း အရမ္းခ်စ္တဲ့ ခ်စ္သူလည္းျဖစ္သလုိ အသက္လည္း ငယ္ပါတယ္လုိ႔ Duwun media ရဲ႕ အင္တာဗ်ဴးမွာ ေျဖဆုိခဲ့ဖူးပါတယ္။ သူမကုိယ္တုိင္ကလည္း အရမ္းခ်စ္တဲ့သူျဖစ္တာေၾကာင့္ နားလည္မႈေတြနဲ႔ အခ်စ္ခရီးလမ္းမွာ ေလွ်ာက္လွမ္းေနတယ္လုိ႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:duwun
# Unicode Version # ျဖင့္ ဖတ္ပါ #


ခိုင်သဇင်ငုဝါကတော့ အောင်ဘာလေ ထီ သိန်း ၁၅၀၀၀ ဆုမှာ ထီ ၃ သိန်းဆု ပေါက်ခဲ့ပါတယ်။ သူမကိုတော့ ပရိသတ်တွေက မော်ဒယ်မလေး တစ်ယောက်အဖြစ် အားပေးခဲ့ကြတာပါ။

မော်ဒယ်လ် ခိုင်သဇင်ငုဝါကတော့ ဧပြီလ ၁ ရက်နေ့မှာ ကံကောင်းခြင်းတွေ စတင်ရောက်ရှိနေပြီဖြစ်ပါတယ်။ အခုဆိုရင်တော့ ၂ ကြိမ်မြောက် အောင်ဘာလေ သိန်း ၁၅၀၀၀ ဆု ထီကနေ ငွေကျပ် ၃ သိန်း ထီပေါက်ခဲ့တယ်လို့ ဆိုပါတယ်။

‘’ 3 သိန်းဆု ပေါက်တယ်လေ’’ ဆိုပြီးတော့ သူမရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ဧပြီလ ၁ ရက်နေ့ မနက် ၁၀ နာရီ ၄၅ မိနစ်က ရေးသားခဲ့တာဖြစ်ပါတယ်။ သူမရဲ့ ထီ နံပတ်ကတော့ ဏ ၇၁၅၂၂၀ ကနေ ဏ ၇၁၅၂၂၉ အထိ ၁၀ စောင်တွဲထီ ဖြစ်ပါတယ်။ ခိုင်သဇင်ငုဝါတစ်ယောက် April Fool လုပ်ထားတာလား ဆိုပြီး ပရိသတ်တွေ မေးနေကြပါတယ်။ သူမကတော့ ဘာမှ ပြန်ပြောထားတာမတွေ့ရပါဘူး။

ခိုင်သဇင်ငုဝါ ကိုတော့ မော်ဒယ်တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိလာတာပါ။ သူမက လက်ရှိမှာလည်း တီဗီကြော်ငြာတွေ ရိုက်ကူးနေရသူဖြစ်ပြီး ဗီဒီယိုဇာတ်ကား၊ ရုပ်သံဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်လာ တာကို တွေ့ရပါတယ်။ ဒါပေမယ့် မော်ဒယ်အလုပ်နဲ့သာ အများဆုံး ရပ်တည်နေသူ တစ်ယောက်ပါ။

ခိုင်သဇင်ငုဝါ နဲ့ ခိုင်သဇင်ယုဝါ ဆိုတဲ့ မော်ဒယ် အမြွှာ ညီအစ်မဆိုရင်တော့ မသိတဲ့ ပရိသတ်မရှိသလောက်ပါပဲ။ သူတို့ရဲ့ အနုပညာလှုပ်ရှားမှုတွေ သိပ်မတွေ့ရပေမယ့် အားပေးတဲ့ ပရိသတ်တွေကတော့ အများကြီးရှိပါတယ်။ ခိုင်သဇင်ယုဝါကတော့ ၂၀၁၈ ခုနှစ် နိုဝင်ဘာလ အတွင်းမှာ ချစ်ရတဲ့ သူနဲ့ မင်္ဂလာဆောင်ခဲ့တာဖြစ်ပါတယ်။

ခိုင်သဇင်ငုဝါကလည်း လက်ရှိ ချစ်သူနဲ့ လက်တွဲလာတာ ကြာပါပြီ။ သူမကိုလည်း အရမ်းချစ်တဲ့ ချစ်သူလည်းဖြစ်သလို အသက်လည်း ငယ်ပါတယ်လို့ Duwun media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ သူမကိုယ်တိုင်ကလည်း အရမ်းချစ်တဲ့သူဖြစ်တာကြောင့် နားလည်မှုတွေနဲ့ အချစ်ခရီးလမ်းမှာ လျှောက်လှမ်းနေတယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top