ရန္ကင္း ဆီဒိုးနားဟိုတယ္အနီး Star Villa (Sunian Park) ကြန္ဒိုအေရာင္းျပပြဲ
×

 နီေကနာကြင္တဲရုိစ့္ ဟာ သူ႕အသက္အရြယ္တူ အျခားေကာင္ေလးေတြလိုပါပဲ။ သူဟာ အဖြားျဖစ္သူ ရာမြန္နာနဲ႔ ေနတယ္၊ ေက်ာင္းသြားတယ္၊ ၿပီးေတာ့ ႏြားႏုိ႔နဲ႔ ကြတ္ကီး ၾကိဳက္တယ္။ သူ႕ကို အျခားရြယ္တူ ကေလးေတြနဲ႔ ကြဲျပားေစတာက တစ္ခုတည္းပါ။ အဲ့ဒါကေတာ့ နီေကနာဟာ သူ႕ကိုယ္ပုိင္ေက်ာင္းကို စီမံခန္႔ခြဲေနၿပီး အျခားကေလးငယ္ေတြကို စာသင္ၾကားေပးဖို႔ ကူညီတယ္။ ဒီေက်ာင္းကို သူတည္ေထာင္ခဲ့တာ ေလးႏွစ္ရွိပါၿပီ။

နီေကနာ အသက္ကုိးႏွစ္ျပည့္တဲ့အခါ သူက သူ႕အဖြားကို အိမ္ေဘးမွာ ေက်ာင္းေဆာင္တစ္ခု ေဆာက္လို႔ ရမလားလို႔ ေမးခဲ့တယ္။ သူ႕ပတ္ဝန္းက်င္က ကေလးငယ္တစ္ခ်ဳိ႕ဟာ ေက်ာင္းကိုသြားဖို႔ စရိတ္၊ ဒါမွမဟုတ္ စီးဖို႔ ဖိနပ္ေတာင္ မရွိရွာတဲ့အျပင္ တစ္ခ်ဳိ႕က အိမ္ေျခရာမဲ့ေတြျဖစ္ေနေတာ့ စာမသင္ႏုိင္ၾကပါဘူး။ နီေကနာရဲ႕ အဖြားျဖစ္သူဟာ သူ႕ေျမးရဲ႕ စိတ္ေကာင္းေစတနာကို ဝမ္းေျမာက္ဝမ္းသာကူညီေပးခဲ့ၿပီး သူ႕အိပ္မက္ကို အမွန္တကယ္ျဖစ္လာေအာင္ တည္ေဆာက္ေပးခဲ့တယ္။

အာဂ်င္တီးနားႏုိင္ငံ၊ ဆန္ဟြမ္ၿမိဳ႕မွ ပုိစီတုိအရပ္မွာရွိတဲ့ သူ႕အိမ္ရဲ႕ေနာက္ဘက္မွာေတာ့ အဖြားျဖစ္သူက ေဆာက္လုပ္ေပးခဲ့တဲ့ “Patria y Unidad” အမည္ရ ေက်ာင္းေလးရွိေနပါၿပီ။ သူတုိ႔ေျမးအဖြားက ကင္းဘတ္စေတြနဲ႔ တုတ္ေခ်ာင္းေတြကို အသုံးျပဳၿပီး ေက်ာင္းခန္းျဖစ္ေအာင္ ျပဳလုပ္ခဲ့ကာ ေက်ာင္းစာသင္ဖို႔ စားပြဲနဲ႔ ကုလားထိုင္ေတြအတြက္ သစ္သီးထည့္တဲ့ စကၠဴပုံးေတြ အသုံးျပဳခဲ့တယ္။ ေက်ာင္းသားေတြသင္ဖို႔ စာအုပ္ေတြကုိ တစ္ပတ္ရစ္ ပုံႏွိပ္စာအုပ္ေတြ အသုံးျပဳၾကပါတယ္။

ထိုအခ်ိန္မွ ေလးႏွစ္တာကုန္လြန္ခဲ့ၿပီးေနာက္ အိမ္နီးခ်င္းေတြနဲ႔ ၾကင္နာႏွလုံးသားရွိတဲ့ အလွဴရွင္ေတြေၾကာင့္ နီေကနာဟာ စာသင္ခန္းႏွစ္ခန္း၊ ဖိနပ္စင္၊ သင္ပုန္းႀကီးတစ္ခ်ပ္၊ စာၾကည့္တုိက္ငယ္တစ္ခုနဲ႔ ေခါင္းေလာင္းတစ္လုံး ထပ္ျဖည့္ႏုိင္ခဲ့ပါတယ္။ တစ္ခ်ဳိ႕ဆရာေတြဟာ ဒီေက်ာင္းကေန စာတတ္သြားခဲ့တဲ့သူေတြပဲ ျဖစ္ၿပီး နီေကနာမွာ ကုိယ္ပုိင္ေက်ာင္းအုပ္ရုံးခန္းေတာင္ ရွိေနပါၿပီ။

လာေရာက္သင္ၾကားတဲ့ ကေလးငယ္ေတြဟာ စိတ္အားထက္သန္ၿပီး သူတုိ႔ေရာက္လာတဲ့အခါ ေက်ာင္းအုပ္ရဲ႕ အခန္းတံခါးကို ေခါက္ကာ ယဥ္ေက်းစြာ အသိေပးတတ္ၾကတယ္။ ေက်ာင္းမွာ စုစုေပါင္း ေက်ာင္းသား ၃၆ ေယာက္ရွိေနၿပီး သူတုိ႔အတြက္ နီေကနာဟာ အတုယူစရာပါပဲ။နီေကနာဟာ ကေလးေတြ စာတတ္ဖို႔ အလြန္အားစုိက္တဲ့ ေကာင္ေလးျဖစ္ၿပီး တစ္ခါတေလ ေန႔ဘက္ ေက်ာင္းမလာႏုိင္တဲ့သူေတြဖို႔ ညဘက္အတန္းေတြ ဖြင့္ေပးသလို သူ႕မုန္႔ဖိုးေလးထဲကေန ေက်ာင္းသားေတြကို လက္ဖက္ရည္နဲ႔ ကြတ္ကီး ေကၽြးေမြးေလ့ရွိတယ္။

ဆန္ဟြမ္ၿမိဳ႕ရဲ႕ ၿမိဳ႕ေတာ္ဝန္က နီေကနာကို ေတြ႕ဆုံခဲ့ၿပီးေနာက္ “ကၽြန္ေတာ္တုိ႔ ပိုစီတုိမွာ အခုလို သူရဲေကာင္းေလး တစ္ေယာက္ရွိေနတာ ယုံေတာင္မယုံႏုိင္ဘူးဗ်ာ” လို႔ ဆုိခဲ့ပါတယ္။ သူမွန္ပါတယ္၊ နီေကနာဟာ အာဂ်င္တီးနားသာမက တစ္ကမာၻလုံးကို စိတ္ခြန္အားေပးေနတဲ့သူပါပဲ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:nanmalgyi

#Unicode Version# ျဖင့္ဖတ္ပါ ။

နီကေနာကွင်တဲရိုစ့် ဟာ သူ့အသက်အရွယ်တူ အခြားကောင်လေးတွေလိုပါပဲ။ သူဟာ အဖွားဖြစ်သူ ရာမွန်နာနဲ့ နေတယ်၊ ကျောင်းသွားတယ်၊ ပြီးတော့ နွားနို့နဲ့ ကွတ်ကီး ကြိုက်တယ်။ သူ့ကို အခြားရွယ်တူ ကလေးတွေနဲ့ ကွဲပြားစေတာက တစ်ခုတည်းပါ။ အဲ့ဒါကတော့ နီကေနာဟာ သူ့ကိုယ်ပိုင်ကျောင်းကို စီမံခန့်ခွဲနေပြီး အခြားကလေးငယ်တွေကို စာသင်ကြားပေးဖို့ ကူညီတယ်။ ဒီကျောင်းကို သူတည်ထောင်ခဲ့တာ လေးနှစ်ရှိပါပြီ။

နီကေနာ အသက်ကိုးနှစ်ပြည့်တဲ့အခါ သူက သူ့အဖွားကို အိမ်ဘေးမှာ ကျောင်းဆောင်တစ်ခု ဆောက်လို့ ရမလားလို့ မေးခဲ့တယ်။ သူ့ပတ်ဝန်းကျင်က ကလေးငယ်တစ်ချို့ဟာ ကျောင်းကိုသွားဖို့ စရိတ်၊ ဒါမှမဟုတ် စီးဖို့ ဖိနပ်တောင် မရှိရှာတဲ့အပြင် တစ်ချို့က အိမ်ခြေရာမဲ့တွေဖြစ်နေတော့ စာမသင်နိုင်ကြပါဘူး။ နီကေနာရဲ့ အဖွားဖြစ်သူဟာ သူ့မြေးရဲ့ စိတ်ကောင်းစေတနာကို ဝမ်းမြောက်ဝမ်းသာကူညီပေးခဲ့ပြီး သူ့အိပ်မက်ကို အမှန်တကယ်ဖြစ်လာအောင် တည်ဆောက်ပေးခဲ့တယ်။

အာဂျင်တီးနားနိုင်ငံ၊ ဆန်ဟွမ်မြို့မှ ပိုစီတိုအရပ်မှာရှိတဲ့ သူ့အိမ်ရဲ့နောက်ဘက်မှာတော့ အဖွားဖြစ်သူက ဆောက်လုပ်ပေးခဲ့တဲ့ “Patria y Unidad” အမည်ရ ကျောင်းလေးရှိနေပါပြီ။ သူတို့မြေးအဖွားက ကင်းဘတ်စတွေနဲ့ တုတ်ချောင်းတွေကို အသုံးပြုပြီး ကျောင်းခန်းဖြစ်အောင် ပြုလုပ်ခဲ့ကာ ကျောင်းစာသင်ဖို့ စားပွဲနဲ့ ကုလားထိုင်တွေအတွက် သစ်သီးထည့်တဲ့ စက္ကူပုံးတွေ အသုံးပြုခဲ့တယ်။ ကျောင်းသားတွေသင်ဖို့ စာအုပ်တွေကို တစ်ပတ်ရစ် ပုံနှိပ်စာအုပ်တွေ အသုံးပြုကြပါတယ်။

ထိုအချိန်မှ လေးနှစ်တာကုန်လွန်ခဲ့ပြီးနောက် အိမ်နီးချင်းတွေနဲ့ ကြင်နာနှလုံးသားရှိတဲ့ အလှူရှင်တွေကြောင့် နီကေနာဟာ စာသင်ခန်းနှစ်ခန်း၊ ဖိနပ်စင်၊ သင်ပုန်းကြီးတစ်ချပ်၊ စာကြည့်တိုက်ငယ်တစ်ခုနဲ့ ခေါင်းလောင်းတစ်လုံး ထပ်ဖြည့်နိုင်ခဲ့ပါတယ်။ တစ်ချို့ဆရာတွေဟာ ဒီကျောင်းကနေ စာတတ်သွားခဲ့တဲ့သူတွေပဲ ဖြစ်ပြီး နီကေနာမှာ ကိုယ်ပိုင်ကျောင်းအုပ်ရုံးခန်းတောင် ရှိနေပါပြီ။

လာရောက်သင်ကြားတဲ့ ကလေးငယ်တွေဟာ စိတ်အားထက်သန်ပြီး သူတို့ရောက်လာတဲ့အခါ ကျောင်းအုပ်ရဲ့ အခန်းတံခါးကို ခေါက်ကာ ယဉ်ကျေးစွာ အသိပေးတတ်ကြတယ်။ ကျောင်းမှာ စုစုပေါင်း ကျောင်းသား ၃၆ ယောက်ရှိနေပြီး သူတို့အတွက် နီကေနာဟာ အတုယူစရာပါပဲ။နီကေနာဟာ ကလေးတွေ စာတတ်ဖို့ အလွန်အားစိုက်တဲ့ ကောင်လေးဖြစ်ပြီး တစ်ခါတလေ နေ့ဘက် ကျောင်းမလာနိုင်တဲ့သူတွေဖို့ ညဘက်အတန်းတွေ ဖွင့်ပေးသလို သူ့မုန့်ဖိုးလေးထဲကနေ ကျောင်းသားတွေကို လက်ဖက်ရည်နဲ့ ကွတ်ကီး ကျွေးမွေးလေ့ရှိတယ်။

ဆန်ဟွမ်မြို့ရဲ့ မြို့တော်ဝန်က နီကေနာကို တွေ့ဆုံခဲ့ပြီးနောက် “ကျွန်တော်တို့ ပိုစီတိုမှာ အခုလို သူရဲကောင်းလေး တစ်ယောက်ရှိနေတာ ယုံတောင်မယုံနိုင်ဘူးဗျာ” လို့ ဆိုခဲ့ပါတယ်။ သူမှန်ပါတယ်၊ နီကေနာဟာ အာဂျင်တီးနားသာမက တစ်ကမ္ဘာလုံးကို စိတ်ခွန်အားပေးနေတဲ့သူပါပဲ။

ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top