ေနျပည္​​ေတာ္​အထြက္​ မိုင္​တိုင္​ ၁၉၇ အျမန္​လမ္​း​ေဘးမွာ ရဟန္​းအို တစ္​ပါးလက္​တား​ေနတာနဲ႔ ကားကို ​ေဘးခ်ရပ္​လိုက္​တယ္​။၁၄၅ မိုင္​ကိုႂကြမလို႔တဲ့​ေလ၊ ကား​ေပၚမွာ အလာပ သလာပ ​ေျပာရင္​း ​ေခ်ာင္​း၀ အ​ေနာက္​​ေက်ာင္​းဆရာ​ေတာ္​ ဦးပညာသာမိ သက္​​ေတာ္​ ၈၁၊ ဝါ​ေတာ္​ ၆၀ လို႔ သိရတယ္​။

မိုင္​တိုင္​ ၁၄၅ ကို ဘာႂကြလုပ္​မလို႔လဲ ​ေလ်ွာက္​ၾကည္​့​ေတာ့ သူ႔ဖခင္​ဘက္​က ​ေဆြမ်ိဳး​ေတြ ဆီကို အလွဴခံႂကြမလို႔တဲ့​ေလ၊ ဘာအတြက္​လည္​းဆို​ေတာ့ ​သူ႔႐ြာက အိမ္​ ၁၃ လုံးရွိသတဲ့၊ ​ေတာမီး​ေလာင္​ရင္​း အိမ္​​ ၇ လုံးနဲ႔၊ သူအပါအ၀င္​ ရဟန္​း​ေတာ္​ ၃ ပါး သီတင္​း သုံးတဲ့ ​ေက်ာင္​း​ေလး မီးထဲပါသြားသတဲ့၊ အခု အိမ္​ ၁၃ အိမ္​က တိုင္​​ေတြ ဘာ​ေတြ ရွာခုတ္​ၿပီး ​ေက်ာင္​းျပန္​​ေဆာက္​​ေပးထားတယ္​တဲ့၊ သၾကၤန္​ ရက္​က မိုး႐ြာ​ေတာ့ ျဖစ္​သလို မိုးထားတဲ့ ​ေက်ာင္​းက မိုးမလုံလို႔ ငုတ္​တုတ္​ သီတင္​း သုံး​ေနရတယ္​တဲ့၊ ဒါ​ေၾကာင္​့ မိုးမက်မီ သက္​ကယ္​ ​ေလး ၅၀ ​ေလာက္​ရရ ​ေဆြမ်ိဳး ​ေတြထံ အလွဴခံ ထြက္​မလို႔ပါတဲ့​ေလ။

ဆရာ​ေတာ္​​ေက်ာင္​းက သက္​ကယ္​ မိုးရင္​ သက္​ကယ္​ ဘယ​္​​ေလာက္​ကုန္​မလဲ ​ေလ်ွာက္​ၾကည္​့​ေတာ့ သက္​ကယ္​ ၃၀၀ ​ေလာက္​ကုန္​မတဲ့၊ ​သက္​ကယ္​က ၁၀၀ ဘယ္​​ေလာက္​ လဲဘုရားလို႔ ​ေမးၾကည္​့​ေတာ့ ၁၈၀၀၀ တဲ့၊ ၃ရာဆို​ေတာ့ ၅၄၀၀၀ ​ေလာက္​က်မဲ့၊ သ​ေဘာ​ေပါ့ ဒါနဲ႔ ဆရာ​ေတာ္​ ​ေဆြမ်ိဳး​ေတြက ဘာလုပ္​သလဲ ဘုရားဆို​ေတာ့ လက္​လုပ္​ လက္​စား​ေတြတဲ့​ေလ။

ကဲဆရာ​ေတာ္​ ၁၄၅ မိုင္​လည္​း ႂကြမ​ေနနဲ႔​ေတာ့၊ ​ေနလည္​း ပူလွတယ္​၊ တပည္​့​ေတာ္​တို႔ မိသားစုက ၅၅၀၀၀ က်ပ္​လွဴ ပါတယ္​လို႔ ​ေလ်ွာက္​​ေတာ့ ဆရာ​ေတာ္​ႀကီးက ျပဳံးၿပီး ဟန္​က်လိုက္​တာတဲ့​ေလ၊ ကား​ေပၚမွာပဲ ​ေရစက္​ ခ်ၿပီး အႏု​ေမာဒနာျပဳလိုက္​တယ္​။

ဆရာ​ေတာ္​ႀကီးက ကား​ေပၚကအဆင္​း မႏၱ​ေလး မဟာျမတ္​မုနိနဲ႔၊ မႏၱ​ေလး​ေတာင္​ကို မ​ေသခင္​​ေရာက္​ဖူးခ်င္​တယ္​တဲ့၊ လမ္​းၾကဳံလို႔ရွိရင္​ ၀င္​ပင္​့ပါလို႔မွာလိုက္​တယ္​၊ ဆရာ​ေတာ္​ႀကီးက မ်က္​စိတဖက္​ တိမ္​ျဖစ္​​ေနလို႔ မျမင္​ရဘူး၊လြန္​ခဲ့တဲ့ ၄ နွစ္​​ေက်ာ္​က ​ေဆးရုံသြားျပတာ ၃ ​ေသာင္​းကုန္​မယ္​ဆိုလို႔ န၀ကမၼမရွိလို႔ မခြဲပဲ ျပန္​လာခဲ့ရတယ္​လို႔ မိန္​႔ပါတယ္​။ မ်က္​မွန္​တစ္​လက္​ရွိတာက ​ေက်ာင္​းမီး​ေလာင္​လို႔ ပါသြားသတဲ့၊ ဖိနပ္​က လူစီးဖိနပ္​ အစုတ္​နဲ႔ ရဟန္​းစီး ဖိနပ္​ ဒီကိုအလာ ျပတ္​သြားလို႔၊ ႐ြာကို ၀က္​လာ၀ယ္​တဲ့ ဒကာက လမ္​းမွာဖိနပ္​မပါတာ ​ေတြ႕လို႔ သူ႔ဖိနပ္​ ခြၽတ္​လွဴသြားတာတဲ့။

က်​ေနာ္​ဇနီးက ​ေနျပည္​​ေတာ္​က သူ႔​ေမာင္​သူငယ္​ခ်င္​း​ေတြ အကူညီ​ေတာင္​းၿပီး၊ ဆရာ​ေတာ္​့႐ြာကိုရွာခိုင္​းၿပီး၊ မ်က္​စိ ခြဲ​ေပးမယ္​၊ မႏၱ​ေလးကို ဘုရားဖူးပို႔​ေပးမယ္​၊ ​ေက်ာင္​း​ေလး လည္​း အမိုးအကာအတြက္​ စီစဥ္​​ေပးမယ္​လို႔ ​ေျပာ​ေတာ့ က်​ေနာ္​့မွာ ၀မ္​းသာရပါတယ္​။

ဘယ္​လိုပဲ ျဖစ္​ျဖစ္​ က်​ေနာ္​့အတြက္​ မိုင္​တိုင္​ ၁၉၇ ဟာ ၀မ္​း သာ ပီတိ ျဖစ္​ခဲ့ရပါတယ္​။ အစ္ကိုေရ သာဓု သဓု သာဓု ပါဗ်ာ...

ဖိုးသူေတာ္(www.phothutaw.com)
Credit:maharmedianews

#Unicode Version#
နေပြည်တော်အထွက် မိုင်တိုင် ၁၉၇ အမြန်လမ်းဘေးမှာ ရဟန်းအို တစ်ပါးလက်တားနေတာနဲ့ ကားကို ဘေးချရပ်လိုက်တယ်။၁၄၅ မိုင်ကိုကြွမလို့တဲ့လေ၊ ကားပေါ်မှာ အလာပ သလာပ ပြောရင်း ချောင်း၀ အနောက်ကျောင်းဆရာတော် ဦးပညာသာမိ သက်တော် ၈၁၊ ဝါတော် ၆၀ လို့ သိရတယ်။

မိုင်တိုင် ၁၄၅ ကို ဘာကြွလုပ်မလို့လဲ လျှောက်ကြည့်တော့ သူ့ဖခင်ဘက်က ဆွေမျိုးတွေ ဆီကို အလှူခံကြွမလို့တဲ့လေ၊ ဘာအတွက်လည်းဆိုတော့ သူ့ရွာက အိမ် ၁၃ လုံးရှိသတဲ့၊ တောမီးလောင်ရင်း အိမ် ၇ လုံးနဲ့၊ သူအပါအဝင် ရဟန်းတော် ၃ ပါး သီတင်း သုံးတဲ့ ကျောင်းလေး မီးထဲပါသွားသတဲ့၊ အခု အိမ် ၁၃ အိမ်က တိုင်တွေ ဘာတွေ ရှာခုတ်ပြီး ကျောင်းပြန်ဆောက်ပေးထားတယ်တဲ့၊ သြင်္ကန် ရက်က မိုးရွာတော့ ဖြစ်သလို မိုးထားတဲ့ ကျောင်းက မိုးမလုံလို့ ငုတ်တုတ် သီတင်း သုံးနေရတယ်တဲ့၊ ဒါကြောင့် မိုးမကျမီ သက်ကယ် လေး ၅၀ လောက်ရရ ဆွေမျိုး တွေထံ အလှူခံ ထွက်မလို့ပါတဲ့လေ။

ဆရာတော်ကျောင်းက သက်ကယ် မိုးရင် သက်ကယ် ဘယ်လောက်ကုန်မလဲ လျှောက်ကြည့်တော့ သက်ကယ် ၃၀၀ လောက်ကုန်မတဲ့၊ သက်ကယ်က ၁၀၀ ဘယ်လောက် လဲဘုရားလို့ မေးကြည့်တော့ ၁၈၀၀၀ တဲ့၊ ၃ရာဆိုတော့ ၅၄၀၀၀ လောက်ကျမဲ့၊ သဘောပေါ့ ဒါနဲ့ ဆရာတော် ဆွေမျိုးတွေက ဘာလုပ်သလဲ ဘုရားဆိုတော့ လက်လုပ် လက်စားတွေတဲ့လေ။

ကဲဆရာတော် ၁၄၅ မိုင်လည်း ကြွမနေနဲ့တော့၊ နေလည်း ပူလှတယ်၊ တပည့်တော်တို့ မိသားစုက ၅၅၀၀၀ ကျပ်လှူ ပါတယ်လို့ လျှောက်တော့ ဆရာတော်ကြီးက ပြုံးပြီး ဟန်ကျလိုက်တာတဲ့လေ၊ ကားပေါ်မှာပဲ ရေစက် ချပြီး အနုမောဒနာပြုလိုက်တယ်။

ဆရာတော်ကြီးက ကားပေါ်ကအဆင်း မန္တလေး မဟာမြတ်မုနိနဲ့၊ မန္တလေးတောင်ကို မသေခင်ရောက်ဖူးချင်တယ်တဲ့၊ လမ်းကြုံလို့ရှိရင် ဝင်ပင့်ပါလို့မှာလိုက်တယ်၊ ဆရာတော်ကြီးက မျက်စိတဖက် တိမ်ဖြစ်နေလို့ မမြင်ရဘူး၊လွန်ခဲ့တဲ့ ၄ နှစ်ကျော်က ဆေးရုံသွားပြတာ ၃ သောင်းကုန်မယ်ဆိုလို့ နဝကမ္မမရှိလို့ မခွဲပဲ ပြန်လာခဲ့ရတယ်လို့ မိန့်ပါတယ်။ မျက်မှန်တစ်လက်ရှိတာက ကျောင်းမီးလောင်လို့ ပါသွားသတဲ့၊ ဖိနပ်က လူစီးဖိနပ် အစုတ်နဲ့ ရဟန်းစီး ဖိနပ် ဒီကိုအလာ ပြတ်သွားလို့၊ ရွာကို ဝက်လာဝယ်တဲ့ ဒကာက လမ်းမှာဖိနပ်မပါတာ တွေ့လို့ သူ့ဖိနပ် ချွတ်လှူသွားတာတဲ့။

ကျနော်ဇနီးက နေပြည်တော်က သူ့မောင်သူငယ်ချင်းတွေ အကူညီတောင်းပြီး၊ ဆရာတော့်ရွာကိုရှာခိုင်းပြီး၊ မျက်စိ ခွဲပေးမယ်၊ မန္တလေးကို ဘုရားဖူးပို့ပေးမယ်၊ ကျောင်းလေး လည်း အမိုးအကာအတွက် စီစဉ်ပေးမယ်လို့ ပြောတော့ ကျနော့်မှာ ဝမ်းသာရပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် ကျနော့်အတွက် မိုင်တိုင် ၁၉၇ ဟာ ဝမ်း သာ ပီတိ ဖြစ်ခဲ့ရပါတယ်။ အစ်ကိုရေ သာဓု သဓု သာဓု ပါဗျာ...

ဖိုးသူတော်(www.phothutaw.com)
Credit:maharmedianews
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top