မၾကင္နာႏုိင္ေတာ့တဲ့အခါစြန္႕ပစ္လုိက္တာအေကာင္းဆုံးပါ၊အတူေနတဲ့အခါ သံသယ
မထားပါနဲ႕၊သံသယျဖစ္ေနရင္အတူမေနတာအေကာင္းဆုံးပါ၊သံသယဆုိတာ မီးက်ိခဲလုိပဲ
ကုိင္ထားတဲ့လက္ကုိ ေလာင္ျမစ္ေစပါတယ္၊

သံသယေတြမ်ားလာေလအၾကင္နာေတြေပ်ာက္လာေလပါပဲ၊အၾကင္နာေတြမပါပဲ တစ္သက္လုံး
မ်က္ႏွာခ်င္းဆုိင္၊ ရင္ဆုိင္ေနေနရတာနဲ႕စာရင္၊တစ္ေယာက္တစ္လမ္း၊ တစ္ေနရာစီ လမ္းခြဲ
ေက်ာ့ခုိင္းလုိက္တာအေကာင္းဆုံးပါ၊မခြဲႏုိင္ေသးဘူး၊မစြန္႔ပစ္ႏုိင္ေသးဘူး၊

အတူရွိ၊အတူေနမွျဖစ္မယ္ဆုိရင္၊သံသယကုိဖယ္၊တစ္ေယာက္အေပၚတစ္ေယာက္ရုိးသားမွုရွိၿပီး၊ယုံၾကည္မွုေတြတည္ေဆာက္ပါ၊ၾကင္နာမွုေတြမပါရင္၊ႏွစ္ေယာက္လုံးေဝဒနာအမွုသည္ေတြျဖစ္ေနမွာအေသအခ်ာပါပဲ။

မၾကင္နာခ်င္ေပမယ့္လည္းအတူေနမွျဖစ္ေတာ့မယ္ဆုိရင္ၾကင္နာတတ္လာေအာင္ႀကိဳးစားရမွာေပါ့၊ ၾကင္နာတတ္လာမွနာက်င္တာေတြေမ့ေပ်ာက္ႏုိင္မွာပါ၊နာက်င္တာေတြေမ့ေပ်ာက္ႏုိင္မွအတူေနရတဲ့ဘဝခဏတာမွာေအးခ်မ္းတဲ့အသုိက္ျမံဳေလးကုိဖန္တီးႏုိင္မွာပါ၊

ေအးခ်မ္းေသာအသုိက္အၿမံဳကုိဖန္တီးႏုိင္မွကုိယ့္ရဲ႕စိတ္ခ်မ္းသာျခင္း၊သူတစ္ပါးတုိ႔ရဲ႕စိတ္ခ်မ္းသာျခင္းေတြကုိေဆာင္ရြက္ေပးႏုိင္မွာျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:အရွင္ဇနက(မႏၲေလးစာသင္သား)
# Unicode Version # ျဖင့္ ဖတ္ပါ #


မကြင်နာနိုင်တော့တဲ့အခါစွန့်ပစ်လိုက်တာအကောင်းဆုံးပါ၊အတူနေတဲ့အခါ သံသယ
မထားပါနဲ့၊သံသယဖြစ်နေရင်အတူမနေတာအကောင်းဆုံးပါ၊သံသယဆိုတာ မီးကျိခဲလိုပဲ
ကိုင်ထားတဲ့လက်ကို လောင်မြစ်စေပါတယ်၊

သံသယတွေများလာလေအကြင်နာတွေပျောက်လာလေပါပဲ၊အကြင်နာတွေမပါပဲ တစ်သက်လုံး
မျက်နှာချင်းဆိုင်၊ ရင်ဆိုင်နေနေရတာနဲ့စာရင်၊တစ်ယောက်တစ်လမ်း၊ တစ်နေရာစီ လမ်းခွဲ
ကျော့ခိုင်းလိုက်တာအကောင်းဆုံးပါ၊မခွဲနိုင်သေးဘူး၊မစွန့်ပစ်နိုင်သေးဘူး၊

အတူရှိ၊အတူနေမှဖြစ်မယ်ဆိုရင်၊သံသယကိုဖယ်၊တစ်ယောက်အပေါ်တစ်ယောက်ရိုးသားမှုရှိပြီး၊ယုံကြည်မှုတွေတည်ဆောက်ပါ၊ကြင်နာမှုတွေမပါရင်၊နှစ်ယောက်လုံးဝေဒနာအမှုသည်တွေဖြစ်နေမှာအသေအချာပါပဲ။

မကြင်နာချင်ပေမယ့်လည်းအတူနေမှဖြစ်တော့မယ်ဆိုရင်ကြင်နာတတ်လာအောင်ကြိုးစားရမှာပေါ့၊ ကြင်နာတတ်လာမှနာကျင်တာတွေမေ့ပျောက်နိုင်မှာပါ၊နာကျင်တာတွေမေ့ပျောက်နိုင်မှအတူနေရတဲ့ဘဝခဏတာမှာအေးချမ်းတဲ့အသိုက်မြုံလေးကိုဖန်တီးနိုင်မှာပါ၊

အေးချမ်းသောအသိုက်အမြုံကိုဖန်တီးနိုင်မှကိုယ့်ရဲ့စိတ်ချမ်းသာခြင်း၊သူတစ်ပါးတို့ရဲ့စိတ်ချမ်းသာခြင်းတွေကိုဆောင်ရွက်ပေးနိုင်မှာဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:အရှင်ဇနက(မန္တလေးစာသင်သား)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top