ျမန္မာႏိုင္ငံမွာ ဆရာဝန္ အဆိုေတာ္ ၊ ဆရာဝန္ သရုပ္ေဆာင္ေတြ မ်ားစြာ ရွိတဲ့အနက္ ထူးထူးျခားျခား ဆရာဝန္ sexy model ကေတာ့ နန္းေမြစံ ျဖစ္ပါတယ္။ ခႏၶာကိုယ္ေကာက္ေၾကာင္းက သဥၨာဝင့္ေက်ာ္ အရံႈးေပးရေလာက္ေအာင္ သဘာဝအတိုင္း လွရက္ႏိုင္သူပါ။ ပုရိသေတြ ဝန္းရံမႈ မ်ားစြာ ရရွိထားတဲ့ နန္းေမြစံရဲ႕ လက္ရွိ အႏုပညာ လႈပ္ရွားမႈနဲ႔ ပလတ္စတစ္ဆာဂ်ရီလုပ္ဖို႔ အစီအစဥ္ ရွိ မရွိကို ခုလို ေျဖၾကားသြားပါတယ္။

လက္ရွိ အႏုပညာ လႈပ္ရွားမႈ အေနနဲ႔ ကေတာ့ -“ခုလက္ရွိကေတာ့ ဓာတ္ပံုေတြ ရိုက္တယ္။ ဗီဒီယိုေလးေတြ ရိုက္ျဖစ္တယ္။ MTV ရိုက္ကူးထားတာေလးေတြ ေၾကာ္ျငာေလးေတြကို ေဖ့စ္ဘြတ္ေပၚ တင္ျဖစ္တယ္ေပါ့ေနာ္။ သၾကၤန္မွာ မ႑ပ္ေတြကေတာ့ သီခ်င္းဆိုဖို႔ လာေျပာထားတာ ရွိတယ္။ ေမြစံက သီခ်င္း မဆိုတတ္ဘူး။ ကပဲ ကတတ္တယ္။” လို႔ ဆိုပါတယ္။



ကိုယ္လုပ္ခ်င္တာလုပ္ရင္း စိတ္ခ်မ္းသာေနတဲ့ အေၾကာင္းကို နန္းေမြစံက ခုလို ေျပာသြားပါတယ္။“ညီမက တကယ္ေတာ့ screen ေနာက္ကြယ္မွာ sexy ပံုစံ မ်ိဳးစံု လုပ္ေနတာ။ တကယ့္တကယ္ Public ေရွ႔မွာက် မလုပ္ရဲဘူး။ တကယ္တမ္း လုပ္ျပရမယ္ဆိုရင္လည္း အျမင္မရိုင္းေစတဲ့ လူငယ္ဆန္ဆန္ေလး ျမန္မာ့ယဥ္ေက်းမႈနဲ႔ မဆန္႔က်င္တဲ့ သီခ်င္းေလးေတြ ဆိုျပဖို႔ ရွိပါတယ္။ ဒီ့ထက္ပိုျပီး ဆိုးဆိုးရြားရြား ဝတ္သြားဖို႔ေတာ့ လံုးဝ မရွိပါဘူး။

ညီမေလ အမွန္အတိုင္းေျပာရရင္ ေဖ့စ္ဘြတ္ေပၚမွာ ပံုတင္လိုက္တယ္။ comments ေတြ ဆိုးဆိုးရြားရြားဆိုရင္ ဖ်က္တယ္။ block တယ္။ အဲ့ေလာက္ပဲေပါ့။ new feeds ကို သိပ္မၾကည့္ျဖစ္ဘူး။ သတင္းေတြ အစံုအလင္ တက္လာရင္ ကိုယ့္ရဲ႕ Motivation က်တယ္။ ေလာဘေတြ ေဒါသေတြ ေမာဟေတြ ပါလာေရာ။ အာ့ေၾကာင့္ ညီမက ကိုယ္လုပ္ခ်င္တာ ကိုယ္လုပ္ရင္း စိတ္ခ်မ္းသာေနတာ။” လို႔ ဆိုပါတယ္။



နန္းေမြစံတစ္ေယာက္ ပလတ္စတစ္ ဆာဂ်ရီလုပ္ဖို႔ အစီအစဥ္ ရွိလား ဆိုတာကေတာ့ -“ဘာမွ ခြဲစိပ္ဖို႔ မရွိဘူး။ ဒီတိုင္းေလးပဲ ၾကိဳက္တယ္ ကိုယ့္ကိုယ္ကိုယ္။ ညီမ ဆီလီကြန္ လံုးဝ မထည့္ဘူး။ ဒါက လံုးဝ ၁၀၀ ရာခိုင္ႏႈန္း ေသခ်ာတယ္။ ကိုယ္က ရွိျပီးသားပဲဆိုေတာ့ ထည့္စရာလည္း မလိုဘူးလို႔ ကိုယ့္ကိုယ္ကိုယ္ ထင္တယ္။ အဲ့ဒါေၾကာင့္ မထည့္ပါဘူး။” ဆိုျပီး ေျဖၾကားေပးသြားပါတယ္။



ဖိုးသူေတာ္ (www.phothutaw.com)
Credit:nanmalgyi
# Unicode Version # ျဖင့္ ဖတ္ပါ #


မြန်မာနိုင်ငံမှာ ဆရာဝန် အဆိုတော် ၊ ဆရာဝန် သရုပ်ဆောင်တွေ များစွာ ရှိတဲ့အနက် ထူးထူးခြားခြား ဆရာဝန် sexy model ကတော့ နန်းမွေစံ ဖြစ်ပါတယ်။ ခန္ဓာကိုယ်ကောက်ကြောင်းက သဉ္ဇာဝင့်ကျော် အရှုံးပေးရလောက်အောင် သဘာဝအတိုင်း လှရက်နိုင်သူပါ။ ပုရိသတွေ ဝန်းရံမှု များစွာ ရရှိထားတဲ့ နန်းမွေစံရဲ့ လက်ရှိ အနုပညာ လှုပ်ရှားမှုနဲ့ ပလတ်စတစ်ဆာဂျရီလုပ်ဖို့ အစီအစဉ် ရှိ မရှိကို ခုလို ဖြေကြားသွားပါတယ်။

လက်ရှိ အနုပညာ လှုပ်ရှားမှု အနေနဲ့ ကတော့ -“ခုလက်ရှိကတော့ ဓာတ်ပုံတွေ ရိုက်တယ်။ ဗီဒီယိုလေးတွေ ရိုက်ဖြစ်တယ်။ MTV ရိုက်ကူးထားတာလေးတွေ ကြော်ငြာလေးတွေကို ဖေ့စ်ဘွတ်ပေါ် တင်ဖြစ်တယ်ပေါ့နော်။ သြင်္ကန်မှာ မဏ္ဍပ်တွေကတော့ သီချင်းဆိုဖို့ လာပြောထားတာ ရှိတယ်။ မွေစံက သီချင်း မဆိုတတ်ဘူး။ ကပဲ ကတတ်တယ်။” လို့ ဆိုပါတယ်။

ကိုယ်လုပ်ချင်တာလုပ်ရင်း စိတ်ချမ်းသာနေတဲ့ အကြောင်းကို နန်းမွေစံက ခုလို ပြောသွားပါတယ်။“ညီမက တကယ်တော့ screen နောက်ကွယ်မှာ sexy ပုံစံ မျိုးစုံ လုပ်နေတာ။ တကယ့်တကယ် Public ရှေ့မှာကျ မလုပ်ရဲဘူး။ တကယ်တမ်း လုပ်ပြရမယ်ဆိုရင်လည်း အမြင်မရိုင်းစေတဲ့ လူငယ်ဆန်ဆန်လေး မြန်မာ့ယဉ်ကျေးမှုနဲ့ မဆန့်ကျင်တဲ့ သီချင်းလေးတွေ ဆိုပြဖို့ ရှိပါတယ်။ ဒီ့ထက်ပိုပြီး ဆိုးဆိုးရွားရွား ဝတ်သွားဖို့တော့ လုံးဝ မရှိပါဘူး။

ညီမလေ အမှန်အတိုင်းပြောရရင် ဖေ့စ်ဘွတ်ပေါ်မှာ ပုံတင်လိုက်တယ်။ comments တွေ ဆိုးဆိုးရွားရွားဆိုရင် ဖျက်တယ်။ block တယ်။ အဲ့လောက်ပဲပေါ့။ new feeds ကို သိပ်မကြည့်ဖြစ်ဘူး။ သတင်းတွေ အစုံအလင် တက်လာရင် ကိုယ့်ရဲ့ Motivation ကျတယ်။ လောဘတွေ ဒေါသတွေ မောဟတွေ ပါလာရော။ အာ့ကြောင့် ညီမက ကိုယ်လုပ်ချင်တာ ကိုယ်လုပ်ရင်း စိတ်ချမ်းသာနေတာ။” လို့ ဆိုပါတယ်။

နန်းမွေစံတစ်ယောက် ပလတ်စတစ် ဆာဂျရီလုပ်ဖို့ အစီအစဉ် ရှိလား ဆိုတာကတော့ -“ဘာမှ ခွဲစိပ်ဖို့ မရှိဘူး။ ဒီတိုင်းလေးပဲ ကြိုက်တယ် ကိုယ့်ကိုယ်ကိုယ်။ ညီမ ဆီလီကွန် လုံးဝ မထည့်ဘူး။ ဒါက လုံးဝ ၁၀၀ ရာခိုင်နှုန်း သေချာတယ်။ ကိုယ်က ရှိပြီးသားပဲဆိုတော့ ထည့်စရာလည်း မလိုဘူးလို့ ကိုယ့်ကိုယ်ကိုယ် ထင်တယ်။ အဲ့ဒါကြောင့် မထည့်ပါဘူး။” ဆိုပြီး ဖြေကြားပေးသွားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top