စိုင်းစိုင်းက စင်ကာပူသင်္ကြန်မှာ ပရိသတ် ၅၀၀၀ ခန့်ရှိတဲ့ဖျော်ဖြေပွဲမှာပျော်ပျော်ပါးပါးသီချင်းတွေ ဆိုခဲ့ရတဲ့ အတွေ့အကြုံတွေ ပြောပြလာပါတယ်။

ပြည်ပနိုင်ငံမှာ ဒီလိုပရိသတ်အများကြီးနဲ့ ဖျော်ဖြေရတာ သူ့အတွက် ပထမဆုံးပါတဲ့ စိုင်းစိုင်းကတော့ လက်ရှိမှာစင်ကာပူနိုင်ငံမှာ မြန်မာပရိသတ်တွေနဲ့အတူ စင်္ကာပူသင်္ကြန်ကို ပျော်ပျော်ပါးပါး ဆင်နွှဲခဲ့တာပဲဖြစ်ပါတယ်။






စင်ကာပူသင်္ကြန်ပွဲမှာ ဖျော်ဖြေရေးတွေနဲ့အတူတူ ပျော်ပျော်ပါးပါး ရေကစားခဲ့ကြတဲ့ ပရိသတ်တွေအပြင်၊ အမှိုက်တွေကို ရှင်းလင်းပေးတဲ့ အဖွဲ့လည်း ရှိသေးတယ်လို့ စိုင်းစိုင်းခမ်းလှိုင်က ပြောခဲ့ပါသေးတယ်။




Credit:thutasone
#Unicode Version#
စိုင်းစိုင်းက စင်ကာပူသြင်္ကန်မှာ ပရိသတ် ၅၀၀၀ ခန့်ရှိတဲ့ဖျော်ဖြေပွဲမှာပျော်ပျော်ပါးပါးသီချင်းတွေ ဆိုခဲ့ရတဲ့ အတွေ့အကြုံတွေ ပြောပြလာပါတယ်။

ပြည်ပနိုင်ငံမှာ ဒီလိုပရိသတ်အများကြီးနဲ့ ဖျော်ဖြေရတာ သူ့အတွက် ပထမဆုံးပါတဲ့ စိုင်းစိုင်းကတော့ လက်ရှိမှာစင်ကာပူနိုင်ငံမှာ မြန်မာပရိသတ်တွေနဲ့အတူ စင်္ကာပူသြင်္ကန်ကို ပျော်ပျော်ပါးပါး ဆင်နွှဲခဲ့တာပဲဖြစ်ပါတယ်။

အားပေးသူ ပရိသတ် ၅၀၀၀ ခန့်နဲ့ ဖျော်ဖြေပွဲ့ကို အောင်အောင်မြင်မြင် ပြီးဆုံးနိုင်ခဲ့တယ်လို့လည်း သူကဆိုပြောထားတာတွေရပါတယ်

မနေ့က စင်ကာပူမြို့လယ် Marina Bay က The Lawn မှာ အနည်းဆုံး ပရိသတ် ၅၀၀၀ ရှိတဲ့ပွဲမှာ ကျွန်တော်တို့ အဖွဲ့ ဖျော်ဖြေခဲ့ပါတယ်။ ဒီလောက်များတဲ့ လူအုပ်ကြီးအတွက် လုံခြုံရေးငါးယောက်ပဲငှားထားတာပါတဲ့ . . .

သူတို့ကလည်း မတော်တဆ အတွက်ပဲ အသင့်နေနေတာဖြစ်ပြီးတော့ တကယ်လည်း ဘာပြဿနာတစ်စုံတစ်ရာမှ မရှိခဲ့ပါဘူး’’ ဆိုပြီးတော့ သူ့ရဲ့ အတွေ့အကြုံတွေကို ပြောပြလာခဲ့ပါတယ်။

အဲဒီနောက် စိုင်းစိုင်းက ပြည်ပနိုင်ငံမှာပြုလုပ်တဲ့ ဖျော်ဖြေပွဲတွေထဲမှာ ပရိသတ် ၅၀၀၀အင်အားရှိတဲ့ဖျော်ဖြေပွဲမှာသီဆိုရတာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ဆိုပါတယ်။

‘’မြန်မာနိုင်ငံပြင်ပမှာ ဒီလောက်များတဲ့ လူအုပ်ကြီးကိုဖျော်ဖြေဖူးတာဒါပထမဆုံးပဲ ၊Thank you Singapore !!pWe really had a good time !! Love you’all , peace’’ ဆိုပြီးတော့လည်း ဧပြီလ ၂၁ ရက်နေ့ ည ၈ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာ တွေ့ရပါတယ်။

စင်ကာပူသြင်္ကန်ပွဲမှာ ဖျော်ဖြေရေးတွေနဲ့အတူတူ ပျော်ပျော်ပါးပါး ရေကစားခဲ့ကြတဲ့ ပရိသတ်တွေအပြင်၊ အမှိုက်တွေကို ရှင်းလင်းပေးတဲ့ အဖွဲ့လည်း ရှိသေးတယ်လို့ စိုင်းစိုင်းခမ်းလှိုင်က ပြောခဲ့ပါသေးတယ်။

‘’ပရိသတ်တွေကို ကူညီဖို့ လူငယ် Volunteer တွေလည်း တွေ့ခဲ့ရပါတယ်။ ပွဲပြီးတာနဲ့ အဖြူရောင်ပရဟိတအဖွဲ့ကပွဲခင်းတစ်ခုလုံးကိုပြောင်သလင်းခါအောင် ကူညီရှင်းလင်းပေးခဲ့ကြတယ်လို့လည်း သိရပါတယ်။

အောင်မြင်တဲ့ပွဲကောင်းတစ်ပွဲဖြစ်ဖို့ စီစဉ်တဲ့MyanmarClubရယ် တက်ရောက်အားပေးတဲ့ ပရိသတ်ရယ် . . ပံ့ပိုးတဲ့အဖွဲ့အစည်းတွေ Sponsor တွေရယ်

ကူညီတဲ့ လူငယ်မောင်မယ်များရယ် အားလုံးကို ကျွန်တော်တို့ Frenzo Artists များမှ ကျေးဇူးတင်ဦးညွတ်ပါတယ် ခင်ဗျား’’ လို့လည်း ဆက်လက် ရေးသားခဲ့ပါသေးတယ်။


ဖိုးသူတော်(www.phothutaw.com)
Credit:thutasone
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top