တေန႔မွာ လယ္သမားတေယာက္ရဲ့ ၿမည္းဟာ ေရတြင္းပ်က္ထဲ ၿပဳတ္က်ပါေရာ ။ ၿမည္းက စနားစဖြယ္ ငုိေႀကြးေနခဲ့ၿပီး၊ လယ္သမားကလည္း ဘယ္လုိလုပ္ရမလဲဆုိတာ အႀကံထုတ္ေနခဲ့တယ္ ။

ၿမည္းဟာ အုိေနၿပီ ေရတြင္းေဟာင္းကလည္း ေဟာင္းေနလုိ႔ ေၿမဖုိ႔ၿပစ္ဖုိ႔လုိေနၿပီ ၊ ဒါေႀကာင့္ၿမည္းကုိ ကယ္တင္ဖုိ႔ မထုိက္တန္ေတာ့ဘူးလုိ႔ လယ္သမားက ဆုံးၿဖတ္လုိက္တယ္ ။

လယ္သမားဟာ အိမ္နီးခ်င္းေတြကုိ ဖိတ္ေခၚၿပီး အကူအညီေတာင္းခဲ့တယ္ ။ အိမ္နီးခ်င္းေတြလည္း ေဂၚၿပားကုိယ္ဆီကုိင္ၿပီး ေရာက္လာႀကတယ္ ။ ေရတြင္းကုိ အမႈိက္ေတြ ေၿမႀကီးေတြနဲ႔ စတင္ဖုိ႔ႀကတယ္ ။

ပထမေတာ့ ၿမည္းဟာ သူ႔ကုိ ေရတြင္းထဲမွာ ေၿမႀကီးနဲ႔ ဖုိ႔သတ္ေနတယ္ဆုိတာသိၿပီး တုန္လႈပ္ငုိေႀကြးေတာ့တယ္ ။ ေနာက္ေတာ့ၿမည္းဟာ ၿငိမ္သက္သြားတယ္ ။

ေၿမႀကီးေတြ အေတာ္ဖုိ႔ၿပီးေတာ့ လယ္သမားဟာ ေရတြင္းထဲကုိ ငုံ႔ႀကည့္လုိက္တယ္ ။ လယ္သမားဟာ ၿမင္လုိက္ရတဲ့ အရာကုိ အံအားသင့္သြားတယ္ ။

ၿမည္းဟာ သူ႔ရဲ့ ေက်ာေပၚက်လာတဲ့ အမိႈိက္ေတြ ေၿမႀကီးေတြကုိ ခါခ်ၿပီး ၿမင့္တက္လာတဲ့ ေၿမသားနဲ႔အတူ အေပၚကုိ တၿဖည္းၿဖည္းေရာက္လာတယ္ ။

ေနာက္ဆုံးမွာ ၿမည္းဟာ သူ႔ကုိဖုိ႔တဲ့ ေၿမႀကီးေတြကုိ အသုံးခ်ရင္း ေရတြင္းထဲက လြတ္ေၿမာက္လာခဲ့တယ္ ။

လူ႔ဘဝမွာ ဘယ္လုိ အညစ္အေႀကးေတြ မေကာင္းမႈေတြ သင့္အေပၚက်ေရာက္ပါေစ ။

ဒါေတြကို ခါခ်ၿပီး ဘဝတက္လမ္းအတြက္ အသုံးခ်လုိက္ပါ ။ တကယ္ေတာ့ ဒုကၡဆုိတာ ဘဝေအာင္ၿမင္ဖုိ႔အတြက္ ခုတုံးေတြ ေလွခါးထစ္ေတြပဲ ၿဖစ္ပါတယ္ ။

ဘယ္လုိနက္ရိႈိင္းတဲ့ ဒုကၡ ေရတြင္းထဲက်ေရာက္ပါေစ အရႈံးမေပးပါနဲ႔ ၊ ဒုကၡေတြကုိ ခါထုတ္ၿပစ္လုိက္ၿပီး ေလွခါးထစ္လုိ အသုံးခ်လုိက္ပါ ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:tameelay
# Unicode Version # ျဖင့္ ဖတ္ပါ #


တနေ့မှာ လယ်သမားတယောက်ရဲ့ မြည်းဟာ ရေတွင်းပျက်ထဲ ပြုတ်ကျပါရော ။ မြည်းက စနားစဖွယ် ငိုကြွေးနေခဲ့ပြီး၊ လယ်သမားကလည်း ဘယ်လိုလုပ်ရမလဲဆိုတာ အကြံထုတ်နေခဲ့တယ် ။

မြည်းဟာ အိုနေပြီ ရေတွင်းဟောင်းကလည်း ဟောင်းနေလို့ မြေဖို့ပြစ်ဖို့လိုနေပြီ ၊ ဒါကြောင့်မြည်းကို ကယ်တင်ဖို့ မထိုက်တန်တော့ဘူးလို့ လယ်သမားက ဆုံးဖြတ်လိုက်တယ် ။

လယ်သမားဟာ အိမ်နီးချင်းတွေကို ဖိတ်ခေါ်ပြီး အကူအညီတောင်းခဲ့တယ် ။ အိမ်နီးချင်းတွေလည်း ဂေါ်ပြားကိုယ်ဆီကိုင်ပြီး ရောက်လာကြတယ် ။ ရေတွင်းကို အမှိုက်တွေ မြေကြီးတွေနဲ့ စတင်ဖို့ကြတယ် ။

ပထမတော့ မြည်းဟာ သူ့ကို ရေတွင်းထဲမှာ မြေကြီးနဲ့ ဖို့သတ်နေတယ်ဆိုတာသိပြီး တုန်လှုပ်ငိုကြွေးတော့တယ် ။ နောက်တော့မြည်းဟာ ငြိမ်သက်သွားတယ် ။

မြေကြီးတွေ အတော်ဖို့ပြီးတော့ လယ်သမားဟာ ရေတွင်းထဲကို ငုံ့ကြည့်လိုက်တယ် ။ လယ်သမားဟာ မြင်လိုက်ရတဲ့ အရာကို အံအားသင့်သွားတယ် ။

မြည်းဟာ သူ့ရဲ့ ကျောပေါ်ကျလာတဲ့ အမှိုက်တွေ မြေကြီးတွေကို ခါချပြီး မြင့်တက်လာတဲ့ မြေသားနဲ့အတူ အပေါ်ကို တဖြည်းဖြည်းရောက်လာတယ် ။

နောက်ဆုံးမှာ မြည်းဟာ သူ့ကိုဖို့တဲ့ မြေကြီးတွေကို အသုံးချရင်း ရေတွင်းထဲက လွတ်မြောက်လာခဲ့တယ် ။

လူ့ဘဝမှာ ဘယ်လို အညစ်အကြေးတွေ မကောင်းမှုတွေ သင့်အပေါ်ကျရောက်ပါစေ ။

ဒါတွေကို ခါချပြီး ဘဝတက်လမ်းအတွက် အသုံးချလိုက်ပါ ။ တကယ်တော့ ဒုက္ခဆိုတာ ဘဝအောင်မြင်ဖို့အတွက် ခုတုံးတွေ လှေခါးထစ်တွေပဲ ဖြစ်ပါတယ် ။

ဘယ်လိုနက်ရှိုင်းတဲ့ ဒုက္ခ ရေတွင်းထဲကျရောက်ပါစေ အရှုံးမပေးပါနဲ့ ၊ ဒုက္ခတွေကို ခါထုတ်ပြစ်လိုက်ပြီး လှေခါးထစ်လို အသုံးချလိုက်ပါ ။

ဖိုးသူတော် (www.phothutaw.com)
Credit:tameelay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top