ဘုရင့္ေနာင္ကားပစၥည္းတန္းမွာ ပြဲစားလုိလုိနဲ႔ လူအုပ္စုနဲ႔ဝုိင္းၿပီး သိန္း ၂၀ ေက်ာ္ဖုိး ကားအတင္းျပင္ခုိင္းတဲ့ လူေတြကုိ သတိထားၾကပါ။

ဘုရင့္ေနာင္ေစ်းထဲမွာ ကားပစၥည္းသြားဝယ္ရင္ ဆိုင္ေတြမွာသာ တိုက္ရိုက္ ဝယ္ၾကပါဗ်ာ… အစ္ကို ဘာလိုခ်င္လဲ ဘာဝယ္ခ်င္လို႔လဲ ကၽြန္ေတာ္ကူရွာေပးရမလား ဆိုၿပီး လာေမးတဲ့ပြဲစားေတြနဲ႔ လံုးဝ မဝယ္၊လံုးဝမပတ္သက္ပါနဲ႔ဗ်ာ…

နယ္ဘက္က တက္လာတဲ့ ကၽြန္ေတာ့္ Customer တစ္ေယာက္ စေနေန႔က ဘုရင့္ေနာင္ေစ်းမွာ တံခါးလက္ကိုင္သြား ရွာရင္း ပြဲစားတစ္ေယာက္က တံခါးမွန္တင္ မွန္ခ် သိပ္မေကာင္းဘူး ျပင္လိုက္ပါလား… တစ္ေထာင္ေလာက္ဘဲက်မယ္ ေျပာလို႔ ျပင္မယ္ဆို လုပ္လိုက္တာ… မွန္ျဖဳတ္ၿပီး ယူသြားကာ သူ႔အဖြဲ႕ေတြ ျပန္ေခၚလာတာ အေယာက္ႏွစ္ဆယ္ေလာက္ ျပန္ပါလာတယ္…

ကားကိုဝိုင္းၿပီး ေလးတစ္ေခ်ာင္းက်ိဳးေနတာကို လဲမွရမယ္… ဟိုဘြတ္လဲရမယ္… ဒီဘြတ္လဲရမယ္ ဆိုၿပီး အတင္းဝိုင္း ျဖဳတ္ပါတယ္တဲ့…  ပိုက္ဆံမပါလို႔ မျပင္ဘူးေျပာလည္း အိမ္လိုက္ယူမယ္ ေျပာပါတယ္  မျပင္ရင္ ဝိုင္းအံုထားၿပီး တစ္ခုခု လုပ္မယ့္ ပံုစံမ်ိဳးနဲ႔ ဝိုင္းထားတာမို႔လို႔ ျပင္လိုက္ရပါတယ္….  ေအာက္ပိုင္းဘြတ္ေတြနဲ႔ ေလးတစ္ေခ်ာင္းလဲတာကို ၁၈ သိန္း ေက်ာ္က်ၿပီး အိမ္အထိအတင္းလိုက္ယူပါတယ္တဲ့ဗ်ာ…

ကားေသာ့သိမ္းထားၿပီး ဖုန္းဆက္တာေတာင္ ေပးမဆက္ပါ…  ဘုရင့္ေနာင္ေစ်းက မိတ္ေဆြေတြကို  ဖုန္းဆက္ ေမးၾကည့္ လိုက္ေတာ့ အဲ့လိုလုပ္စားေနၾကတာ ၾကာပါၿပီတဲ့… ေအာက္ပိုင္းျပင္တာနည္းနည္းေလးကို သိန္း ၂၀ ေက်ာ္ေလာက္က်လို႔ ေစ်းစည္ပင္ရံုးက  ခဏ ခဏရွင္းေပးရၿပီး ရဲစခန္းေရာက္တာလည္း မၾကာခဏျဖစ္ပါတယ္တဲ့ဗ်ာ…

ဒါေပမယ့္လည္း ခုထိမေပ်ာက္ဘဲ လုပ္စားေနၾကတုန္းရိွေနပါေသးတယ္… ဘုရင့္ေနာင္ေစ်းထဲက ဒီလို လူမိုက္ဂိုဏ္း ဆန္ဆန္ လုပ္စားအႏိုင္က်င့္ေနတဲ့ ပြဲစားေတြအေၾကာင္းကို ဘုရင့္ေနာင္ရဲစခန္းမွ တာဝန္ရိွသူမ်ား… နယ္ထိန္း အရာရိွႏွင့္ နယ္ထိန္းမ်ားကို သိေစခ်င္သလို… ဒီလိုေတြမျဖစ္ေအာင္လည္း ႏိွမ္ႏွင္းေပးေစခ်င္ပါတယ္ဗ်ာ…

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ကိုတိုး(အြန္လိုင္းကားဝပ္ေရွာ့)

#Unicode Version# ျဖင့္ဖတ္ပါ ။

ဘုရင့်နောင်ကားပစ္စည်းတန်းမှာ ပွဲစားလိုလိုနဲ့ လူအုပ်စုနဲ့ဝိုင်းပြီး သိန်း ၂၀ ကျော်ဖိုး ကားအတင်းပြင်ခိုင်းတဲ့ လူတွေကို သတိထားကြပါ။

ဘုရင့်နောင်ဈေးထဲမှာ ကားပစ္စည်းသွားဝယ်ရင် ဆိုင်တွေမှာသာ တိုက်ရိုက် ဝယ်ကြပါဗျာ… အစ်ကို ဘာလိုချင်လဲ ဘာဝယ်ချင်လို့လဲ ကျွန်တော်ကူရှာပေးရမလား ဆိုပြီး လာမေးတဲ့ပွဲစားတွေနဲ့ လုံးဝ မဝယ်၊လုံးဝမပတ်သက်ပါနဲ့ဗျာ…

နယ်ဘက်က တက်လာတဲ့ ကျွန်တော့် Customer တစ်ယောက် စနေနေ့က ဘုရင့်နောင်ဈေးမှာ တံခါးလက်ကိုင်သွား ရှာရင်း ပွဲစားတစ်ယောက်က တံခါးမှန်တင် မှန်ချ သိပ်မကောင်းဘူး ပြင်လိုက်ပါလား… တစ်ထောင်လောက်ဘဲကျမယ် ပြောလို့ ပြင်မယ်ဆို လုပ်လိုက်တာ… မှန်ဖြုတ်ပြီး ယူသွားကာ သူ့အဖွဲ့တွေ ပြန်ခေါ်လာတာ အယောက်နှစ်ဆယ်လောက် ပြန်ပါလာတယ်…

ကားကိုဝိုင်းပြီး လေးတစ်ချောင်းကျိုးနေတာကို လဲမှရမယ်… ဟိုဘွတ်လဲရမယ်… ဒီဘွတ်လဲရမယ် ဆိုပြီး အတင်းဝိုင်း ဖြုတ်ပါတယ်တဲ့…  ပိုက်ဆံမပါလို့ မပြင်ဘူးပြောလည်း အိမ်လိုက်ယူမယ် ပြောပါတယ်  မပြင်ရင် ဝိုင်းအုံထားပြီး တစ်ခုခု လုပ်မယ့် ပုံစံမျိုးနဲ့ ဝိုင်းထားတာမို့လို့ ပြင်လိုက်ရပါတယ်….  အောက်ပိုင်းဘွတ်တွေနဲ့ လေးတစ်ချောင်းလဲတာကို ၁၈ သိန်း ကျော်ကျပြီး အိမ်အထိအတင်းလိုက်ယူပါတယ်တဲ့ဗျာ…

ကားသော့သိမ်းထားပြီး ဖုန်းဆက်တာတောင် ပေးမဆက်ပါ…  ဘုရင့်နောင်ဈေးက မိတ်ဆွေတွေကို  ဖုန်းဆက် မေးကြည့် လိုက်တော့ အဲ့လိုလုပ်စားနေကြတာ ကြာပါပြီတဲ့… အောက်ပိုင်းပြင်တာနည်းနည်းလေးကို သိန်း ၂၀ ကျော်လောက်ကျလို့ ဈေးစည်ပင်ရုံးက  ခဏ ခဏရှင်းပေးရပြီး ရဲစခန်းရောက်တာလည်း မကြာခဏဖြစ်ပါတယ်တဲ့ဗျာ…

ဒါပေမယ့်လည်း ခုထိမပျောက်ဘဲ လုပ်စားနေကြတုန်းရှိနေပါသေးတယ်… ဘုရင့်နောင်ဈေးထဲက ဒီလို လူမိုက်ဂိုဏ်း ဆန်ဆန် လုပ်စားအနိုင်ကျင့်နေတဲ့ ပွဲစားတွေအကြောင်းကို ဘုရင့်နောင်ရဲစခန်းမှ တာဝန်ရှိသူများ… နယ်ထိန်း အရာရှိနှင့် နယ်ထိန်းများကို သိစေချင်သလို… ဒီလိုတွေမဖြစ်အောင်လည်း နှိမ်နှင်းပေးစေချင်ပါတယ်ဗျာ…

ဖိုးသူတော် (www.phothutaw.com)
Credit:ကိုတိုး(အွန်လိုင်းကားဝပ်ရှော့)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top