




Credit:bamakhit

#Unicode Version# ဖြင့်ဖတ်ပါ ။

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ် အသုတ်မြို့-အမှတ်(၅)ရပ်ကွက်-ဆင်မင်းစံဘုရားအနီး လမ်းကြားကုန်းပေါက်တွင် ၂၀၁၉ ဧပြီ ၀၉ ၂၃၁၅ အချိန်ခန့်တွင် မပိုးအိဝေ(၁၆/၁၉)နှစ်သည် အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်ခံခဲ့ရကြောင်း အသုတ်မြို့မရဲစခန်းမှသိရသည်

ဖြစ်စဉ်မှာမပိုးအိဝေမှ အသုတ်တိုက်နယ်ဆေးရုံ အမျိုးသားဆောင်တွင်လူနာစောင့်ရင်းရှိနေစဉ် မင်းထွန်း(ခ)ကွင်းပေါက်မှ ခိုင်းစရာရှိတယ်ဆိုပြီး ဆိုင်ကယ်ဖြင့်တင်ဆောင်ကာ အမှတ်(၅)ရပ်ကွက်-ဆင်မင်းစံ ဘုရားအနီး ကုန်းပေါက်သို့ခေါ်ဆောင်သွာ၍

မပိုးအိဝေမှာ ဖုန်းဖြင့်ဦးလေးဆီသို့ အဆက်အသွယ်ပြုလုပ်နေစဉ် မင်းထွန်း(ခ)ကွင်းပေါက်မှ ဖုန်းအားလုယူ ဆင်းကဒ်အား ချိုးကာလွင့်ပြစ်ပြီး မပိုးအိဝေအားတွန်းလှဲ၍ အပေါ်မှတက်ခွကာ ထမိန်အားဆွဲလှန်ပြီး အောက်ခံဒူးကျ ဘောင်းဘီတိုအား ဆွဲချွတ်၍ (၅)မီးနှစ်ခန့် သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်း အသုတ်မြိုမ ရဲစခန်းမှသိရသည်

တရားခံ မင်းထွန်း(ခ) ကွင်းပေါက်(၂၅/၁၉)နှစ် (ပ) ၈၃/၂၀၁၉-ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၇၆ ဖြင့် အသုတ်နယ်မြေ ရဲစခန်းမှ အရေးယူဆောင်ရွက်လျက်ရှိကြောင်းသိရသည်

တရာခံ မင်းထွန်း(ခ)ကွင်းပေါက် အိမ်ထောင်ရှိ ကလေးတစ်ယောက်ရှိပြီးသားမယားပြုကျင့်ခံရသူ မပိုးအိဝေ မှာ အိမ်ထောင်မရှိ(အပျို)ဖြစ်ကြောင်းသိရှိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:bamakhit
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top