20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×


လူမွာ ငါးပါးသီလ ကေတာ့ ေလွ်ာ့လို႔မရေတာ့ဘူး။
တခ်ိဳ႕က သုရာေမရယေလးေတာ့ ေလွ်ာ့ၿပီး ေလးပါးပဲတည္ပါမယ္ေလ၊ တခ်ိဳ႕ကမုသာဝါဒေလးေလွ်ာ့ပါမယ္ေလ၊ စသည္ျဖင့္ေလွ်ာ့ခ်င္ၾကတယ္။ စဥ္စားၾကည့္ေပါ့။

၁)ပစၥည္းဥစၥာေပါေပမယ့္အသက္တိုရင္ ဘယ့္ႏွယ္ေနမလဲ။ အသက္ရွည္ခ်င္ရင္ ပါဏာတိပါတာလည္းထိန္းရမယ္။

၂)အသက္ေတာ့ရွည္ပါရဲ႕၊ ဆင္းရဲလိုက္တာ ဆိုရင္ေကာျဖစ္ခ်င္ၾကပါ့မလား။

၃)အသက္လည္းရွည္၊ခ်မ္းလည္းခ်မ္းသာေပမယ့္ ရပ္ရြာထဲမေကာင္းသတင္းေက်ာ္ေစာရင္လည္း ေနလို႔ေကာင္းပါ့မလား။ သတင္းေကာင္း နာမည္ေကာင္းခ်င္ရင္ ကာေမသုမိစၧာစာရထိန္းရမယ္။

၄)အထက္ပါ သံုးခ်က္နဲ႔ျပည့္စံုပါတယ္။ ဒါေပမယ့္အစြပ္အစြဲခံရတယ္၊ တရားတေဘာင္အက်ိဳးေပးတယ္ဆိုရင္ေကာ အဆင္ေျပပါ့မလား။အစြပ္အစြဲကင္းခ်င္ရင္ မုသာဝါဒထိန္းရမယ္။

၅)အသက္လည္းရွည္၊ခ်မ္းလည္းခ်မ္းသာ၊ေက်ာ္ေစာၿပီးအစြပ္စြဲလည္းမခံရဘူး။ ဒါေပမယ့္လူက ႐ူးေၾကာင္ေၾကာင္နဲ႔က်ပ္မျပည့္ရင္ေကာ။ က်ပ္မျပည့္သူမျဖစ္ခ်င္ရင္ သုရာေမရယထိန္းရမယ္။ ဒါေၾကာင့္ငါးပါးသီလကေတာ့ေလွ်ာ့လို႔မရေတာ့ဘူး။
(ေစာင့္စည္းမွေကာင္းမည္တရားေတာ္မွေကာက္ႏႈတ္ခ်က္)
ပါေမာကၡခ်ဳပ္မိတ္ဆက္စာအုပ္မွေဖၚျပပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ဓမၼေရခ်မ္းစင္
# Unicode Version # ျဖင့္ ဖတ္ပါ #


လူမှာ ငါးပါးသီလ ကတော့ လျှော့လို့မရတော့ဘူး။
တချို့က သုရာမေရယလေးတော့ လျှော့ပြီး လေးပါးပဲတည်ပါမယ်လေ၊ တချို့ကမုသာဝါဒလေးလျှော့ပါမယ်လေ၊ စသည်ဖြင့်လျှော့ချင်ကြတယ်။ စဉ်စားကြည့်ပေါ့။

၁)ပစ္စည်းဥစ္စာပေါပေမယ့်အသက်တိုရင် ဘယ့်နှယ်နေမလဲ။ အသက်ရှည်ချင်ရင် ပါဏာတိပါတာလည်းထိန်းရမယ်။

၂)အသက်တော့ရှည်ပါရဲ့၊ ဆင်းရဲလိုက်တာ ဆိုရင်ကောဖြစ်ချင်ကြပါ့မလား။

၃)အသက်လည်းရှည်၊ချမ်းလည်းချမ်းသာပေမယ့် ရပ်ရွာထဲမကောင်းသတင်းကျော်စောရင်လည်း နေလို့ကောင်းပါ့မလား။ သတင်းကောင်း နာမည်ကောင်းချင်ရင် ကာမေသုမိစ္ဆာစာရထိန်းရမယ်။

၄)အထက်ပါ သုံးချက်နဲ့ပြည့်စုံပါတယ်။ ဒါပေမယ့်အစွပ်အစွဲခံရတယ်၊ တရားတဘောင်အကျိုးပေးတယ်ဆိုရင်ကော အဆင်ပြေပါ့မလား။အစွပ်အစွဲကင်းချင်ရင် မုသာဝါဒထိန်းရမယ်။

၅)အသက်လည်းရှည်၊ချမ်းလည်းချမ်းသာ၊ကျော်စောပြီးအစွပ်စွဲလည်းမခံရဘူး။ ဒါပေမယ့်လူက ရူးကြောင်ကြောင်နဲ့ကျပ်မပြည့်ရင်ကော။ ကျပ်မပြည့်သူမဖြစ်ချင်ရင် သုရာမေရယထိန်းရမယ်။ ဒါကြောင့်ငါးပါးသီလကတော့လျှော့လို့မရတော့ဘူး။
(စောင့်စည်းမှကောင်းမည်တရားတော်မှကောက်နှုတ်ချက်)
ပါမောက္ခချုပ်မိတ်ဆက်စာအုပ်မှဖေါ်ပြပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:ဓမ္မရေချမ်းစင်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top